မနာလိုစိတ်နှင့် ခင်မင်မှု
Vol. 38 Ch. 721
ယန်ရူကျောင်းသည် အိမ်တော်ထိန်းတစ်ယောက်အား လာခိုင်းပြီး မြေကြီးတူးခိုင်းခဲ့သည်။
ရှဲ့ချောင် စိတ်ရှည်ရှည်နှင့် စောင့်နေ၏။ မျှော်လင့်ထားသလိုပင် တစ်အောင့်အကြာ၌ အဝတ်အပိုင်းအစတစ်ခုကို လာပို့ပေးလာခဲ့သည်။ အဝတ်သည် တစ်ခုခုကို ထုတ်ပိုးထားပုံရသဖြင့် သူမ ဖွင့်ကြည့်လိုက်ရာ သံချေးတက်နေသော ကတ်ကြေးတစ်လက် အမှန်တကယ်ရှိနေလေသည်။
ယန်ရူကျောင်း အလွန်ထိတ်လန့်သွားသည်။
“ဘာလို့ ဒီကတ်ကြေးက ဒီမှာရှိနေရတာလဲ”
အိမ်ထဲက ပစ္စည်းတစ်ခုခုကို ပျက်ဆီးသွားလို့ လွှင့်ပစ်ထားတယ်ဆိုရင်တော့ ခြံဝန်းထဲမှာ မြှုပ်ထားတာတော့ မဖြစ်သင့်ဘူးမဟုတ်လား။
နောက်ပြီး ဒါက ချွန်ထက်တဲ့ လက်နက်ကြီးလေ!
“ဒီကတ်ကြေးက အိပ်ခန်းဘက်ကို ညွှန်ပြနေတာ၊
တစ်ယောက်ယောက်က သခင်မလေးရဲ့ အမေကို မကျေနပ်လို့ ကျိန်စာအနေနဲ့ မြှုပ်ထားတာ ဖြစ်လောက်တယ်”
၎င်းက လူတစ်ယောက်ရဲ့ မွေးနေ့ကို ရေးထားသည့် စုန်းအရုပ်တစ်ရုပ်ကို မြှုပ်ထားသလိုပင်။
ယန်ရူကျောင်း၏ မျက်နှာမှာ ပိုပြီး တည်သွားခဲ့
သည်။ အိမ်တော်ထိန်းအား ပင်မခြံဝန်းထဲက အစေခံတွေအားလုံးကို ချက်ချင်းခေါ်ခိုင်းလိုက်သည်။
တစ်ခဏအတွင်း အစေခံများရောက်လာကာ အတန်းသုံးတန်းစီနေကြသည်။ ကလေးထိန်းများ၊ သန့်ရှင်းရေးလုပ်သည့် အမျိူးသမီးအိုများလည်း ပါကြကာ အားလုံး ခေါင်းငုံ့နေကြသည်။
“အဲဒါသူပဲ…” မကောင်းဆိုးဝါးဝိဉာဉ်သည် ရှေ့ဆုံးတန်းကအစေခံတစ်ယောက်အား လက်ညှိုးထိုးပြကာပြောလိုက်၏။
ရှဲ့ချောင် ကြည့်လိုက်၏။ သူ့အဝတ်အစားများမှာ သစ်နေဆဲဖြစ်တာကြောင့် ကိုယ်ပိုင်ကလေးထိန်းဖြစ်လောက်သည်။ ထူးဆန်းလှ၏။
ထိုစဉ် ကလေးထိန်းများသည်လည်း မြေကြီးပေါ်က ပစ္စည်းကို မြင်လိုက်ကြ၍ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသော်လည်း ခံစားချက်ကို အတတ်နိုင်ဆုံးထိန်းချုပ်ထားပြီး ပုံမှန်အတိုင်း ဟန်မပျက်နေနေကြသည်။
ရှဲ့ချောင် ယန်ရူကျောင်းကို ဖုံးကွယ်မနေဘဲ ထိုအစေခံအား ထုတ်ပြောလိုက်သည်။
“ရှင်လုပ်တာလား အထိန်းတော်ဖန်း။ ရှင် ဒီမိသားစုထဲကို ကျွန်မအမေနဲ့အတူ ရောက်လာတာမဟုတ်ဘူးလား။ ကျွန်မ အမေ ရှင့်ကို ကောင်းကောင်းမဆက်ဆံလို့လား။ ဘာလို့ အမေကို ထိခိုက်အောင် ဒီလိုပစ္စည်းမျိုးကို မြုပ်ထားရတာလဲ”ယန်ရူကျောင်း ဒေါသထွက်နေသည်။
သူမရဲ့ အသံက အခန်းထဲမှာရှိနေတဲ့ သခင်ကြီးယန်ကိုပါ လန့်သွားစေသည်။
သူ့သမီးနဲ့ ထိုစုန်းမက မြေကြီးထဲကနေ တကယ်ကြီး ပစ္စည်းတစ်ခု တူးထုတ်လို့ရလိုက်တာကို ပြတင်းပေါက်ကနေတဆင့် မြင်လိုက်ရသည်။
သူ လန့်လည်း လန့်သွားသလို မယုံမကြည်နိုင်လည်း ဖြစ်လို့နေ၏။
အထိန်းတော်ဖန်း ဝန်မခံခဲ့ပေ။
သို့သော်၊ သူမအမေနှင့် ပတ်သက်နေတဲ့ကိစ္စဖြစ်လေရာ ယန်ရူကျောင်းက “ရှင်ဝန်ခံလည်း ရတယ်၊ ဝန်မခံချင်လည်း ရတယ် ကိစ္စမရှိဘူး။ ဒါပေမဲ့ ရှင်လုပ်တာလို့ ဆရာမမော့က ပြောထားပြီးပြီမလို့ ရှင့်တာဝန်ကင်းမယ်မထင်နဲ့။ ရှင် သေသေချာချာ မရှင်းပြနိုင်တာ ရှင့်စိတ်ထဲမှာ ကျွန်မအမေနဲ့ ပတ်သက်ပြီး နာကြည်းချက်တွေရှိနေလို့ သူ့(မ)ကို သတ်ချင်နေတယ်လို့ ဆိုလိုနေ
တာပဲ! ကျွန်မရှင့်ရဲ့ တစ်မိသားစုလုံးကို ရောင်းစားပစ်မယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် အထိန်းတော်ဖန်းတစ်ယောက် ချက်ချင်း ဒူးထောက်ချလိုက်လေသည်။
သူ(မ)မှာ သားနဲ့သမီး ရှိနေသေးတယ်!
“အသက်ချမ်းသာပေးပါ၊ သခင်မလေး!” အထိန်းတော်ဖန်းမှာ တုန်ယင်နေလျက်။ “ဒီ ကျွန်အိုကြီးက.. မျက်စိကန်းသွားခဲ့တာ! အဲ့တုန်းက ကျွန်မ စိတ်ဆိုးဆိုးနဲ့ မြှုပ်ထားလိုက်တာ၊ နောက်တော့ အဲ့ဒါကို မေ့-မေ့သွားခဲ့တယ်…”
ထိုစကားများက အမှန်ပင်!
သူမ နောက်ပိုင်းမှာ ဒီအသေးအမွှားကိစ္စလေးကို မေ့သွားခဲ့၏။
“စိတ်ဆိုးလို့? ကျွန်မအမေ ရှင့်ကို ကောင်းကောင်းဆက်ဆံတာပဲ မဟုတ်လား၊ ဘာများ စိတ်ဆိုးစရာ ရှိလို့လဲ” ယန်ရူကျောင်း ဘဝင်မကျဖြစ်သွားရသည်။
သူမ အမေဘာများ လုပ်မိလို့လဲ။ ဒီလိုမျိုး အကောက်ကြံခံရတာ!
“ဒါတွေက ဒီအစေခံအိုကြီးရဲ့… သေးသိမ်တဲ့ စိတ်ကြောင့်ပါ” အထိန်းတော်ဖန်းဟာ ငိုယိုနေပြီး ထပ်တလဲလဲ ကန်တော့တောင်းပန်နေသည်။ “အဲ့နှစ်တုန်းက ဒီအစေခံအိုကြီးနဲ့ အထိန်းတော်လျန်က သခင်မကို အတူတူ စောင့်ရှောက်ခဲ့ကြတယ်။ အရင်ကဆို သခင်မက ကျွန်မနဲ့ ပိုပြီး ရင်းနှီးခဲ့ပေ
မဲ့ နောက်ပိုင်း အဲ့အထိန်းတော်လျန်က သခင်မကို ခယနေတော့ သခင်မကို သူ့ကို ပိုသဘောကျသွားရော။ သခင်မ ကလေးမမွေးခင်ရော မွေးပြီးတော့ရော သူ(မ)ရတဲ့ဆုလာဘ်က ကျွန်မရတဲ့ဟာထက် နှစ်ဆတောင်မှလေ။ နောက်ကွယ်မှာဆိုရင်လည်း ဒီအစေခံအိုကြီးရဲ့ အတင်းကို ပြောပါသေးတယ။အဲ့တုန်းက ကျွန်မလည်း အရမ်းဒေါသထွက်သွားခဲ့တာနဲ့… သခင်မလေး၊ ကျွန်မအသက်ကိုချမ်းသာပေးပါ၊ ဒါတွေအကုန်ကျွန်မ အပြစ်ပါ၊ ကျွန်မမိသားစုနဲ့ ဘာမှမဆိုင်ပါဘူး”
အိမ်တော်မှာရှိတဲ့ အရာအားလုံးက စာအုပ်ထဲတွင် ရေးမှတ်ထား၏။
ကတ်ကြေးအပိုတစ်လက်ရှိနေတာကြောင့် ဘယ်ကပစ္စည်းလဲဆိုတာ အထိန်းတော်ဖန်း အလွယ်လေး မှန်းဆလိုက်နိုင်သည်။
ယေဘုယျကျကျပြောရမည်ဆိုလျှင် သူမ ထိုကတ်ကြေးအား လွှင့်ပစ်တာ ဒါမှမဟုတ် စာရင်းမှတ်ထားတာမျိုး လုပ်လိုက်သင့်သည်။ သို့သော် ထိုအချိန်က မကျေမနပ်ဖြစ်နေခဲ့တဲ့အတွက် ဘယ်သူမှမရှိတဲ့အချိန် မြေကြီးထဲ မြုပ်ပစ်လိုက်၏။ ကတ်ကြေးရဲ့ ထိပ်ပိုင်းက သူမဒေါသတွေကို ပုံချဖို့အတွက် အိမ်ဘက်ကို ဦးတည်ထားထားခဲ့သည်။
နောက်ပိုင်း သခင်မယန်တစ်ယောက် နေမကောင်းဖြစ်လာတဲ့အချိန်၊ ဘယ်အထိန်းတော်ကို မဆို သူမရဲ့ သဘောထားက တစ်ထပ်တည်းပင်။ အိမ်၌ ပရမ်းပတာဖြစ်နေခဲ့ရာ သူမ ထိုအကြောင်းကို လုံးဝ မေ့ပျောက်သွားခဲ့သည်။
ယန်ရူကျောင်းမှာ အလွန် ဒေါသထွက်နေတာကြောင့် မသက်မသာ ခံစားနေရသည်။ လူတစ်ယောက်ရဲ့ မနာလိုစိတ်က ဒီလောက်ထိ ကြောက်ဖို့ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့။
အဲဒီ ဆုလာဘ်လေးအတွက်ကြောင့်နဲ့ သူမအမေရဲ့အချိန်အကြာကြီး ခင်မင်ပေးခဲ့တာတွေကို မေ့ပျောက်ပစ်လိုက်တယ်ပေါ့?
•••••