← Chapters

ဂုဏ်သတင်းကို မဖျက်ဆီးနဲ့

Vol. 38 Ch. 722

ဂုဏ်သတင်းကို မဖျက်ဆီးနဲ့

Vol. 38 Ch. 722

တကယ်တော့ အထိန်းတော်ဖန်း ထိုကတ်ကြေးကို မြေကြီးထဲမြုပ်သည်ဖြစ်စေ၊ အိမ်ထဲမှာ သိမ်းထားသည်ဖြစ်စေ ကွာခြားချက် ကြီးကြီးမားမားမရှိ။

သို့သော် ယန်မိသားစု၌ တင်းကျပ်သည့်စည်းမျဉ်းများရှိ၏။ ထိုသို့သော အပြင်ကပစ္စည်းများဟာ လွှင့်ပစ်ရမည်ဖြစ်သည်။ အထိန်းတော်၏ မလိုအပ်သောအပြုအမူများကြောင့်သာ မဟုတ်လျှင် ကတ်ကြေးဟာ ကျန်ခဲ့တယ်ဆိုလျှင်တောင် ဟောင်းနွမ်းပြီး သံချေးတက်နေပြီဖြစ်၍ လွှစ်ပစ်ခံရမှာသာ ဖြစ်သည်။

ထိုသို့ဆိုလျှင် သခင်မယန်လည်း ဒီလောက်ထိ အန္တရာယ်ဖြစ်ခဲ့မှာမဟုတ်။

သူမ ဝန်ခံလိုက်ပြီဖြစ်တာကြောင့် ရှဲ့ချောင် ထပ်ပြီး ဂရုစိုက်မနေတော့။

သူမ အခမ်းအနားတစ်ခုကိုသာ စတင်ပြီး ဝိဉာဉ်တွေအားလုံးကို မောင်းထုတ်ခဲ့သည်။

တခြားသောဝိဉာဉ်များမှာ အတော်လေး အားနည်းကြ၏။အများစုမှာ ပင်ကိုယ်အသိစိတ်တောင်မရှိကြသဖြင့် ဝိဉာဉ်အများကြီးရှိနေသည့်တိုင် လုပ်ရတာလွယ်ကူခဲ့သည်။

“ဆရာမ! နင့်ငါ့အတွက် လက်စားချေပေးမှာဆို…” ကိုယ်ဝန်သည်အမျိုးသမီး၏ ဝိဉာဉ်မှာ ရုတ်တရက် နိုးနိုးကြားကြား‌ဖြစ်လာကာ သူမ နှင်ထုတ်မခံရခင် ရှဲ့ချောင်အား အလောတကြီး ပြောလာခဲ့သည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်, ငါ လုပ်ပေးမယ်”

သူမ ကတိအတိုင်း လုပ်ပေးမည်‌ပင်။

ဝိဉာဉ်ဟာ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

ယန်ရူ‌ကျောင်း ဆရာမမော့ရဲ့ လှုပ်ရှားမှုတို့ကို ကြည့်နေခဲ့၏။ သူမ စိတ်ကူးသက်သက်လားတော့ မသိပေမဲ့ သူမစိတ်ထဲသက်တောင့်သက်သာခံစားလိုက်ရသည်မှာ မိုးရွာအပြီး တိမ်ကင်းစင်သွားသလိုပင်။

“ဆရာမ?” ယန်ရူကျောင်း သံသယဝင်စွာ ကြည့်လိုက်ရင်း “ပြီး- ပြီးသွားပြီလား”

“အင်း” ရှဲ့ချောင်ရဲ့ အသံဟာ ငှက်မွေးတောင်အလား နူးညံ့လို့နေလျက်။

“သခင်မလေးရဲ့ အမေဆီ သွားကြည့်လိုက်။ သမားတော်ကိုလည်း သူ့(မ)ရဲ့အာရုံကြောတည်ငြိမ်စေမယ့်ဟာတစ်ခုခု ပေးဖို့ ပြောလိုက်ဦး၊ နောက်ပြီး…”

ရှဲ့ချောင် ထိုင်ချ၍ ဝါးခြင်းတောင်းလေးထဲ လှန်လှောရှာဖွေကာ အဆောင်စာရွက်တစ်ထပ်ကြီးကို ယူထုတ်လိုက်၏။

“ဒါကို အိတ်တစ်လုံးနဲ့ထုတ်ပြီးတော့ အိပ်ရာရှေ့မှာချိတ်ထားလိုက်။ ခုနစ်ရက်နေရင် ဖြုတ်လို့ရပြီ”

ယန်ရူကျောင်းမှာ ပစ္စည်းကိုကြည့်ရင်း မှင်တက်နေ၏။

သူမ ပျော်ချင်ပေမဲ့…. သူမ အမေက အခုထိ သတိပြန်မဝင်လာသေး။ ကုသလို့ပြီးသွားတာလား၊ မပြီးတာလား မသေချာသဖြင့် အခုထိတော့ မပျော်နိုင်သေး။

သို့သော်လည်း သူမအမေက သက်သာလာတော့မည်ဟု ဆရာမမော့က ပြောတာကြောင့်…

ယန်ရူကျောင်းမှာ စိတ်လှုပ်ရှားနေကာ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

“ငွေစတစ်စ” ရှဲ့ချောင် သူမလက်ကို ကြည့်ရင်း လက်လှမ်းလိုက်၏။

သူမရဲ့ လက်တွေက သွယ်လျပြီးလှသည်။ ယန်ရူ

ကျောင်းတစ်ယောက် ထိုလက်တို့ကို မြင်ပြီး မင်သက်နေခဲ့သည်။ နောက်မှ ရုတ်တရက် သတိပြန်ဝင်လာကာ အိမ်တော်ထိန်းအား အမြန် ပိုက်ဆံသွားယူခိုင်းခဲ့သည်။

သူမ ဆရာမမော့အား ငွေစတစ်စတည်းတော့ မပေးလိုက်ချင်။ ဘယ်လောက်ပေးလျှင် သင့်တော်မလဲဆိုတာမသိသလို မင်းသားနင်ပေ့နှင့် လီမိသားစုရဲ့ အခြေနေကိုလည်း သူမ မသိ။ဒါကြောင့် အိမ်တော်ထိန်းအား ငွေစတစ်ရာ ယူလာခိုင်းလိုက်သည်။ သို့သော် သူမ ဘာမှမပြောရသေးခင် ရှဲ့ချောင်က “ဒီအညတရဆရာက ငွေစတစ်စပဲ ယူမယ်လို့ သဘောတူထားတာ။ သခင်မလေးယန် ငါ့ရဲ့ ဂုဏ်သတင်းကို မဖျက်ဆီးလိုက်ပါနဲ့”

ယန်ရူကျောင်းသည် ယုန်တစ်ကောင်ပမာ လိမ်လိမ်မာမာနှင့် ခေါင်းညိတ်လိုက်သည်။

ဆရာမက… ပိုက်ဆံတောင်းတာတောင်မှ တကယ်ကို သိက္ခာရှိတာပဲ။

နန်းတွင်းစိစစ်ရေးမှူးယန်သည် အခန်းထဲမှာ ရှိနေချိန်ဖြစ်၍ ရှဲ့ချောင်လည်း ငွေပေးချေမှုအား အောင်အောင်မြင်မြင် လက်ခံနိုင်ခဲ့သည်။ ငွေစတစ်စကို လက်ခံပြီးသည်နှင့် “ ဘာမှ ထွေထွေထူးထူးမရှိတော့ဘူးဆိုတော့ ပြန်လိုက်တော့မယ်”

“ဆရာမ…” ယန်ရူကျောင်းမှာ တစ်ခုခုလိုနေသလို ခံစားနေရဆဲ။

“တကယ်လို့ အကြောင်းတစ်ခုခုရှိတယ်ဆိုရင် ငါ့ကို ကြမ္မာဉယျာဉ်မှာ လာရှာလို့ရတယ်၊ အကြောင်းရင်း အတူတူပဲဆိုရင်တော့ ငွေထပ်မတောင်းဘူး။ တခြားကိစ္စဆိုရင်တော့ နည်းနည်း

လေး ဈေးပိုကြီးလိမ့်မယ်”

ရှဲ့ချောင်ဟာ ပြောစရာရှိတာပြောပြီးသည်နှင့် သူမရဲ့ ဝါးခြင်းတောင်းကို ကိုင်လျက် ပူပင်ကြောင့်ကြမဲ့စွာ ပြန်သွားခဲ့တော့သည်။

သူမ ငွေပိုတောင်းရခြင်းက အကြောင်းရှိ၏။

လူသားတွေရဲ့ အလိုဆန္ဒများမှာ အဆုံးအစမရှိတတ်ချေ။

ဥပမာပြရလျှင် လီမိသားစု။ သူမ လီမိသားစုအား ဘိုးဘွားအုတ်ဂူပြဿနာနှင့် ပတ်သက်ပြီး ကူညီဖြေရှင်းပေးခဲ့သည်။ သူမတောင်းခံသည်ငွေက များနေ‌တာကြောင့်သာ မဟုတ်လျှင် အဲဒီ သခင်ကြီးလီက သူမကို သူတို့ရဲ့အိမ်တော်ဆီဖိတ်ပြီး သူတို့မျိုးဆက်တွေ အဆင်ပြေပြေရှိစေရန် အစီအ

ရင်တစ်ခုလုပ်ခိုင်းနေလောက်လေပြီ။

အစီအရင် မလုပ်ပေးလို့မရတာမဟုတ်ဘဲ ရှဲ့ချောင်အနေနဲ့ ဒီလိုကံတရားမျိုးမှာ အရမ်းကြီး ပါဝင်မပတ်သက်ချင်ရုံသာ။

တခြားသူအား ဒုက္ခပေးဖို့ဖြစ်စေကူညီပေးဖို့ဖြစ်စေ လိုအပ်နေတာသာ မဟုတ်လျှင် သူမ အစီအရင်ကို လုပ်ပေးလိမ့်မည်မဟုတ်။

ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်က ထုတ်ပြ၍မရသလို, ထိုလျှို့ဝှက်ချက်ကို သိသွားတဲ့သူဟာလည်း ကောင်းကင်ဘုံကို ဖီဆန်၍ မရ ဟူသောဆိုရိုးအတိုင်းပင်။

သူမသာ အကြောင်းရင်းမရှိဘဲ အလွန်ပါဝင်ပတ်သက်မိပါက သူမရဲ့အဆုံးသတ် ကောင်းမှာ

မဟုတ်ပေ။

ဒါကြောင့် သူမဟာ လိမ်လိမ်မာမာနဲ့ပဲ ကောင်းတဲ့ကံတွေကိုသာ စုဆောင်းသည်။ ပိုက်ဆံသာရပြီး ဝိဉာဉ်တွေကို အကူအညီမဖြစ်မယ့်ဟာမျိုးကို သူမ တတ်နိုင်သလောက်ရှောင်ရှားသည်။

•••••

All Chapters