← Chapters

ပြိုလဲသွားသော လောကကြီးအပေါ်ထားသည့်အမြင်

Vol. 38 Ch. 723

ပြိုလဲသွားသော လောကကြီးအပေါ်ထားသည့်အမြင်

Vol. 38 Ch. 723

ရှဲ့ချောင်ရဲ့ မြန်ဆန်လှတဲ့ ထွက်ခွာမှုက ယန်ရူကျောင်းအား ကြောင်အန်ပြီး ကျန်‌နေစေခဲ့၏။

သူမ အိပ်ခန်းထဲကို အမြန်ပြန်သွားကာ သူမ အမေနိုးလာဖို့ စောင့်ဆိုင်းနေခဲ့သည်။

သမားတော်သည် သခင်မယန်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပေးခဲ့၏။ သူ အနည်းငယ် အံ့ဩသွားခဲ့ကာ မုတ်ဆိတ်မွေးကို သပ်နေလေသည်။ “သခင်မယန်ရဲ့ သွေးခုန်နှုန်းက သိသိသာသာကြီးကို တည်ငြိမ်သွားပြီ။ သူရဲ့ နှလုံးနဲ့ စိတ်ဝိဉာဉ်ကလည်း အရင်ကလောက်ကြီး အားနည်းမနေတော့ဘူး။ သွေးခုန်နှုန်းကို ကြည့်ရုံနဲ့တင်…အဆင်‌ပြေနေပါပြီ”

သခင်မယန်၏ အခြေအနေမှာ ယခင်က အတော်လေးထူးဆန်းခဲ့၏။ သူမရဲ့ သွေးခုန်နှုန်းသည် ကမောက်ကမဖြစ်နေသလို၊ အသည်းက အပူများဖြင့် ပြည့်နေသည့်အပြင် စိတ်အခြေနေဟာလည်း အဆင်မပြေခဲ့ချေ။

သူမဟာ အခု‌ဆို အတော်လေး ကောင်းလာလေပြီ။

သို့သော်လည်း သခင်မယန်ရဲ့အခြေနေမှာ ထူးခြားတာကြောင့် ပြန်သက်သာလာပြီဟုတော့ တထစ်ချမပြောရဲ။ “သခင်မနိုးလာတဲ့အချိန်ကျရင် ကျွန်တော် တစ်ခေါက်လာကြည့်ပေးပါမယ်”

သမားတော်ရဲ့စကားကို ကြားလိုက်ရ၍ ယန်ရူကျောင်းရဲ့ နှလုံးသားထဲ မျှော်လင့်ချက်မီးစလေး လင်းသွားရသည်။

သူမ ဘယ်နေရာကိုမှမသွားဘဲ အိပ်ရာဘေးတွင်သာ တစ်ညလုံးထိုင်နေခဲ့သည်။

နောက်တစ်နေ့၌ အရုဏ်မတက်ခင် သခင်မယန်နိုးလာခဲ့၏။

သခင်ကြီးယန်သည် ရုံးတော်သို့ မသွားရသေးတာကြောင့် ဇနီးဖြစ်သူကိုတွေ့ရန် စာကြည့်ခန်းထဲကနေ အပြေးရောက်လာလေသည်။

သခင်မယန်၏ မျက်နှာမှာ ဖြူဖျော့နေသလို ခန္ဓာကိုယ်သည်လည်း အားနည်းနေဆဲ။ သူမ မျက်လုံးဖွင့်လာပြီး သူမရှေ့ကလူကို ကြည့်လိုက်၏။ သူမရဲ့ မျက်ခုံးတို့ ပြေလျှော့သွားကာ “ဒီနေ့… အိမ်က ပိုပြီး လန်းဆန်းနေသလိုပဲ”

“လန်းဆန်းတယ်? အ‌မေ နေလို့ကောင်းသွားပြီလား”

ယန်ရူကျောင်း အံ့ဩတကြီး မေးလိုက်သည်။

“အမေလည်း မသိဘူး၊ဒီအတိုင်း ပိုပြီး နေလို့ကောင်းသွားတာ…” သခင်မယန်က ပြောနေရင်းနှင့် ရပ်သွားတာကြောင့် ခင်ပွန်းနှင့် သားသမီးများမှာ စိုးရိမ်သွားကြသည်။ “မကောင်းဆိုးဝါးတွေ မရှိတော့သလိုမျိုး….”

ယခင်ကဆိုလျှင် သူမ မျက်လုံးထဲ၌ တစ်ခုခု ထူးဆန်းနေသလိုမျိုး ခံစားခဲ့ရသည်။

အနား၌ ကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးတွေရှိပြီး သူမကို စိုက်ကြည့်နေကြသလိုမျိုးကြက်သီးထစေခဲ့သည်!”

သို့သော် အခုကတော့ ဘာတစ်ခုမှ မမြင်ရတော့သလိုပင်။ ဘာမှ ရှိမနေတော့။ အပြင်ဘက်တွင် နေမထွက်လာသေးသည့်တိုင် တောက်ပသည့်လရောင်ကရှိနေဆဲ။ ပြတင်းပေါက်ကို ဖြတ်ကာတောက်ပနေသည့် အလင်းရောင်က အခန်းကို ထွန်းလင်းစေနေသည်။

“အမေ အဆင်ပြေရဲ့လား” ယန်ရူကျောင်း မျက်ရည်ကျလာခဲ့သည်။ “အမေ အခု နေလို့ထိုင်လို့ပိုကောင်းနေပြီမလား။ အမေခန္ဓာကိုယ် ပြန်သက်လာတော့မယ်လို့ ဆရာမကပြောသွားတယ်။ ဒီမှာကြည့်ကြည့်၊ ဒါ ဆရာမမော့ပေးသွားတဲ့ အဆောင်စာရွက်တွေ။ အိပ်ရာဘေးမှာ နေ့တိုင်းချိတ်ထားလိုက်ရင် အမေ သေချာပေါက် အန္တာရာယ်ကင်းမှာ”

သခင်မယန်သည် အဆောင်စာရွက်အား ကြည့်၍ လက်ထဲတွင် ဆုပ်ကိုင်ထားမိသည်။

“အမေ သက်သာသွားပြီ…” သူမရဲ့ ဝိဉာဉ် ပြန်ရောက်လာသလိုမျိုးပင်။

သခင်မယန်၏ မျက်လုံးများသည် ပိုပြီး ကြည်လင်လာခဲ့သည်။ အရင်တုန်းကလို တစ်ချိန်လုံး တွေတွေကြီးဖြစ်နေတာမျိုး၊ ပုံမှန်မဟုတ်ဘဲ စိတ်ဆိုးမာန်ဆိုးဖြစ်တတ်တာမျိူး၊ ငေးတိငေမော နေနေတတ်တာမျိုး မဖြစ်တော့ချေ။

အခုဆိုလျှင် သူမရဲ့ မျက်လုံးတွေဟာ တောက်ပနေခဲ့သည်။ မိသားစုဝင်တစ်‌ယောက်အနေနဲ့ နန်းတွင်းစိစစ်ရေးမှူးယန်သည် ၎င်းအား ရှင်းရှင်းလင်းလင်းကြီးကို မြင်ခဲ့ရသည်။

သူ အင်မတန်ကို တုန်လှုပ်သွားရသည်။

ဆရာမမော့က… မကောင်းဆိုးဝါးနဲ့ နတ်ဆိုးတွေကို တကယ်ကြီး… မျိုးဖြုတ်ပစ်နိုင်တဲ့ အရည်အချင်းရှိနေတာလား?

သခင်ကြီးယန်ရဲ့ လောကကြီးကို မြင်သည့်အမြင်တို့ ပြောင်းလဲသွားရသည်။

သူရဲ့ စိတ်အခြေနေက ပရမ်းပတာ ဖြစ်နေပေမဲ့ သူ့မိန်းမရဲ့ အခြေနေက ကောင်းနေပြီဖြစ်သည်။ သူ အပျော်လွန်နေပေမဲ့ သူ့သမီးနဲ့ မျက်နှာချင်းဆိုင်ဖို့ကိုလည်း နည်းနည်းတော့ ရှက်နေခဲ့သည်။

သူ့ဇနီးက တကယ်ကြီး သက်သာသွားတာဆိုရင် သူ မနေ့က ဘာလုပ်ခဲ့မိတာလဲ?

သခင်ကြီးယန်ရဲ့ မျက်နှာဟာ ဝေခွဲရခက်နေခဲ့ပေမဲ့ မနက်အစောပိုင်း ညီလာခံလည်း ရှိနေသေးတာကြောင့် တွေဝေစွာနဲ့ပင် ဝေါယာဉ်ထဲ ဝင်သွားခဲ့သည်။ နန်းတော်တံခါးဝကို ရောက်သည်နှင့် သူ့နဲ့ရင်းနှီးသည့် အမတ်များ ရောက်လာကြကာ ထုံးစမ်းအတိုင်း အတင်းပြောကြလေသည်။

“သခင်ကြီးယန်၊ မနေ့က ခင်ဗျားရဲ့ နားရက်ဆိုတော့ ဒီမှာမရှိလိုက်ဘူးမလား။ မနေ့က မင်းကြီး သခင်ကြီးသုန့်ကို ပြင်းပြင်းထန်ထန် အပြစ်တင်ဆုံးမလိုက်တာများ… ဟူး…စတုတ္ထမင်းသားအပေါ် ရက်စက်ရာကျပါတယ်…”

သခင်ကြီးသုန့်သည် စတုတ္ထမင်းသား၏ အနာဂတ် ယောက္ခထီးလောင်းဖြစ်သဖြင့် မိသားစုဟု ယူဆလို့ရနေပြီဆိုတာ သခင်ကြီးသုန့်သိသည်။

“ဒီတစ်ခါရော ဘာဖြစ်ပြန်လို့လဲ” သခင်ကြီးယန်

က မေးလိုက်၏။

“ ဘာဖြစ်တာလဲဆိုတော့….ရှဲ့သခင်မလေးကြောင့် ဖြစ်လောက်တယ်။ ဟိုတစ်နေ့က နန်းတွင်းစားသောက်ပွဲတုန်းကလို့တော့ ကြားတာပဲ။ နန်းတော်ထဲမှာ ဘာဖြစ်သွားလဲတော့ ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ နန်းတော်ထဲဝင်တဲ့သူတွေအကုန် ဆုချီးမြှင့်ခံခဲ့ရတယ်။အဲ့ထဲမှာ ရှဲ့သခင်မလေးကို ချီးမြှင့်တဲ့ဆုက အများဆုံးပဲ။ ဒါပေမဲ့ သုန့်သခင်မလေးနဲ့ရင်းနှီးတဲ့ သခင်မလေးတွေကတော့ အပြစ်ပေးခံလိုက်ရတယ်လေ။ ကျုပ်ကြားသလောက်ဆိုရင် သုန့်သခင်မလေးက ရှဲ့သခင်မလေးကို ဆန့်ကျင်မိလို့ ပြဿနာတက်သွားရတာတဲ့”

နန်း‌တော်ထဲမှာ လူအရိုးသတင်းက အမှန်တကယ်ကို တုန်လှုပ်စရာကောင်းသည့်သတင်းပင်။ ဒါကြောင့် ထိုသတင်းက ပျံ့သွား၍မဖြစ်၊ အထူးသဖြင့် လုပ်ခဲ့တဲ့သူက ကိုယ်လုပ်တော်

ဟောင်းဖြစ်နေတာကြောင့်လည်း ပါသည်။ ၎င်းက တော်ဝင်မိသားစုအား အရှက်ရစေလိမ့်မည်။

သို့သော် ရှဲ့ချောင်အပေါ်ပဲ ပုံချလိုက်တာမျိုးကို မလုပ်ခဲ့ကြ။ သုန့်ရှီးယွင်ကို ဆုလာဘ်လည်း မပေးသလို ပြစ်ဒဏ်လည်း မပေးခဲ့ရုံသာ။ ဒါပေမဲ့ လူတချို့ကတော့ မလိုမုန်းထားစိတ်နှင့် ခန့်မှန်းချက်များ လုပ်ခဲ့ကြသည်။

ဒီလိုအရာမျိုးကတော့ တစ်ချိန်က အိမ်ရှေ့စံမင်းသားအတွက် ဖြစ်နေကျကိစ္စမျိုးပင်။

သို့သော် ရှဲ့ချောင်က ကြင်ရာတော်မင်းသမီးဖြစ်လာပြီဖြစ်၍ သူမကို အပြစ်ပုံချကြတော့သည်။

•••••

All Chapters