နောက်တစ်ခါကျမှ ဆွေးနွေးကြတာပေါ့
Vol. 38 Ch. 724
ယခင်ကဆိုလျှင် နန်းတွင်းစိစစ်ရေးမှူးယန်သည်လည်း ထင်မြင်ချက်တချို့ကို ပြန်ပြောနေလောက်လေပြီ။
ပြီးတော့ ညီလာခံမှာလည်း အခြားမှူးမတ်များနှင့် အတူပေါင်းပြီး အိမ်ရှေ့စံမင်းသားကို အနာဂတ်ကြင်ရာတော် မင်းသမီးလောင်းကို သေချာထိန်းချုပ်နိုင်ဖို့အရေး တိုင်တန်းပြောဆိုနေမှာပင်။
သို့သော် အခုတော့ ….
နန်းတွင်းစိစစ်ရေးမှူးယန် တစ်ယောက် သေချာ စဉ်းစားကြည့်နေမိသည်။
“အရှင်မင်းကြီးက အိမ်ရှေ့စံကို မျက်နှာသာပေးတယ်ဆိုပေမဲ့ မိဖုရားခေါင်ကြီးနဲ့ တော်ဝင်ကိုယ်လုပ်တော်မုန့်လည်း နန်းတော်ထဲမှာ ရှိနေတာပဲလေ၊ သူတို့နှစ်ယောက်က တခြားသခင်မလေးတွေကို လက်ဆောင်တွေပေးပေမဲ့ သုန့်သခင်မလေးတစ်ယောက်တည်းကိုပဲ မပေးတာဆိုတော့….သုန့်သခင်မလေးက တစ်ခုခု အမှားလုပ်မိတာ မဖြစ်နိုင်ဘူးလား”
မိဖုရားခေါင်ကြီးက တရားမျှတကာ ဘက်မလိုက်တတ်သူဖြစ်သည်။ တော်ဝင်ကိုယ်လုပ်တော်မုန့်၏ အကူအညီပေးမှုနှင့်အတူ အနောက်ဆောင်ကို စီမံခဲ့ရာတွင် လွန်ခဲ့တဲ့ နှစ်များအတွင်း အကျိုးအကြောင်းမသင့်တဲ့ကိစ္စမျိုး တစ်ခုမှမရှိခဲ့ပေ။
သခင်မလေးများစွာက စားသောက်ပွဲသို့ တက်ရောက်ရန် နန်းတော်ထဲသို့ ဝင်လာခဲ့ကြ
သော်လည်း သုန့်သခင်မလေးတို့အုပ်စုကပဲ လစ်လျူရှုခံခဲ့ရသည်။ သုန့်သခင်မလေး အမှားမလုပ်မိဘူးဆိုတာ သူ မယုံပေ။
သူ ထိုသို့ပြောလိုက်တဲ့အတွက် မျက်နှာချင်းဆိုင်မှာရှိနေကြတဲ့ အမတ်တို့ တောင့်တင်းကုန်ကြသည်။
သူ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်ကြရင်း
“သုန့်သခင်မလေး အမှားလုပ်မိတယ်ဆိုရင်တောင်၊ မိဖုရားခေါင်ကြီးက အပြစ်မပေးပုံထောက်ရင်၊ ပြဿနာက အရေးမကြီးလို့နေမှာပေါ့။ ဒါပေမဲ့ စတုတ္ထမင်းသားကို ဖိနှိပိဖို့အတွက်နဲ့ မင်းကြီးက ဘာအပြစ်မှမရှိတဲ့ သုန့်သခင်ကြီးကို ပြစ်တင်ဆုံးမတာလေ၊ ယုတ္တိမရှိဘူးမဟုတ်လား”
“ဒါတော့မှန်တယ်” နန်းတွင်းစိစစ်ရေးမှူးယန်
ခေါင်းညိတ်လိုက်၏။
“ကျုပ်တို့ သုန့်သခင်ကြီးကိုယ်စား အသနားခံပေးသင့်လား” တစ်ဖက်လူက မေးလာပြန်သည်။
သခင်ကြီးယန် ချီတုံချတုံ ဖြစ်သွားရသည်။
သူသာ သုန့်သခင်ကြီးကိုယ်စား အသနားခံပေးလိုက်ရင် ရှဲ့မိသားစုကိုသက်သက်စော်ကားရာ ကျမသွားဘူးလား?
အဲဒီ ရှဲ့သခင်မလေးက သူ့ကို ကျေးဇူးတင်လက်ဆောင်တောင် ပို့ပေးခဲ့လို့ အခုမှ သူ့ဇနီးရဲ့ ကျန်းမာရေးက တိုးတက်လာရုံရှိသေး၊ ရှဲ့မိသားစုကို ချက်ချင်း နင်းခြေလိုက်ရင် ကျေးဇူးမသိတတ်ရာကျသွားလိမ့်မယ်။
“ဒါ- ဒါက ကိစ္စသေးသေးလေးပဲဟာ၊ ကျုပ်တို့ ဒီအတိုင်းထားလိုက်သင့်တာ၊ နောက်တစ်ခေါက် နောက်တစ်ခေါက်မှပေါ့” နန်းတွင်းစိစစ်ရေးမှူးယန်က စဉ်းစားကြည့်မိပြီးနောက် ရှက်ရွံ့စွာနှင့် ပြုံးပြလိုက်လေသည်။
အမတ်များအားလုံး အံ့ဩလွန်း၍ ပြောစရာစကား ပျောက်ဆုံးကုန်ကြသည်။
အရင်တုန်းကဆို နန်းတွင်းစိစစ်ရေးမှူးယန်က တခြားသူတွေထက်တောင် ပိုပြီးအားထုတ်ခဲ့တာလေ!
မင်းကြီးက တစ်ခုခု မသင့်တော်တာ လုပ်လိုက်မိပြီဆိုတာနဲ့ ဘဝနဲ့ရင်းပြီးကို ကန့်ကွက်တော့တာ!
ဒီနေ့မှ အနောက်ကနေ နေထွက်လာတာလား?!
ဒါမှမဟုတ်.. သခင်ကြီးယန် စိတ်ပြောင်းသွားတာလား။ အိမ်ရှေ့စံမင်းသားက သိပ်မဆိုးဘူးထင်ပြီး မင်းကြီးနဲ့ အတိုက်အခံထပ်မလုပ်ချင်တော့တာလား။ ဒါမှမဟုတ်…
မင်းကြီးက သခင်ကြီးယန်ကို သီးသန့်ဆက်သွယ်ထားခဲ့လို ရန်လိုတတ်တဲ့ သခင်ကြီးယန်က အခုမှ ချီတုံချတုံ ဖြစ်နေတာလား?!
အမတ်အချို့မှာ ပဟေဠိဖြစ်ကုန်ကြသည်။
ထိုအချိန် အမတ်ထဲမှ တစ်ယောက်ကနေ၍
“ကျုပ်ကြားတာ… မနေ့က သခင်ကြီးယန် စုန်းမမော့ကို ဖိတ်ခဲ့တယ်ဆို”
ထိုစကားနဲ့တင် ဘာဖြစ်လဲဆိုတာ လူတိုင်း ချက်ချင်းသဘောပေါက်သွားခဲ့ကြသည်။
သခင်ကြီးယန်လည်း နင်ပေ့မင်းသားလို့ပဲ။ သူ အခု နင်ပေ့မင်းသားရဲ့ ဘက်တော်သားဖြစ်သွားပြီ!
သူတို့ဘာလို့ ဒီလိုတွေးမိတာလဲ။
သေချာစဉ်းစားကြည့်လျှင် စုန်းမမော့ဆိုတာ အိမ်ရှေ့စံမင်းသားရဲ့ ညာလက်ရုံး။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ မရိုးရှင်းလှ။ စုန်းမမော့နဲ့ အဆက်အဆံ လုပ်ဖူးတဲ့သူတွေအကုန် အိမ်ရှေ့စံမင်းသားဘက်ပါကုန်တာ၊ သခင်ကြီးယန်ကရော ချွင်းချက်ဖြစ်မတဲ့လား?!
ထိုသို့ကောက်ချက်ချလိုက်မိသည်နှင့် လူတိုင်းက သခင်ကြီးအား မတူသလို မတန်သလို ကြည့်ကြတော့သည်။
သူတို့သည် တစ်လှေတည်းစီးနေကြတဲ့သူများ မဟုတ်ကြတော့ချေ။
ထို့နေ့က နန်းတွင်းညီလာခံ၌ မျှော်လင့်ထားတဲ့အတိုင်း အမတ်တစ်ယောက်က အိမ်ရှေ့စံမင်းသားအကြောင်း ပြောလာ၏။ မင်းကြီးကတော့ ကျင့်သားရနေပြီဖြစ်ရာ ထုံးစံအတိုင်း သူ့ကို အပြစ်တင်လေသည်။
သို့သော် သူဝေ့ဝဲကြည့်လိုက်တဲ့အချိန် သူ့ကို ရမယ်ရှာဖို့ရပ်နေကြတဲ့ လူစုကြားတဲ့ ရင်းနှီးနေတဲ့ တစ်စုံတစ်ယောက် ပျောက်နေတာကို ရုတ်တရက် သတိထားမိလိုက်သည်။
(N/ချွေးမလေးလုပ်ပေးနေတာနဲ့ဘျင်ကြီးစပရိုက်
တွေဖြစ်ကုန်ပြီ)
အံ့ဩစရာပဲ! အမတ်ယန်က သူတို့ကြားထဲမှာရှိမနေဘူး!
“မင်းတို့ နန်းတွင်းစိစစ်ရေးမှူးယန်ဆီကနေ သင်ယူသင့်တယ်။ ဒီလို ဘာမှမဟုတ်တဲ့ကိစ္စလေးက အထွတ်တက်တိုင်တန်းနေစရာကောင်းလို့လား။ အရှေ့ပိုင်းဒေသက မိုးခေါင်တဲ့ ပြဿနာကို ဖြေရှင်းပြီးသွားကြပြီလား။ တောင်ဘက်ပိုင်းက ရေကြီးတာကိုရော ကိုင်တွယ်မယ့် နည်းလမ်းစဉ်းစားပြီးပြီလား။ အရှေ့နန်းဆောင်ကိုပဲ တစ်နေကုန်ပစ်မှတ်ထားနေကြတာ၊ မင်းတို့မှာ လုပ်စရာ မရှိကြဘူးလား!?” မင်းကြီးက စက်ဆုပ်စွာဖြင့် ကြည့်လိုက်လေသည်။
နန်းတွင်းစိစစ်ရေးမှူးယန်သည်လည်း ဒီလိုမျိုး အပြောခံရလိမ့်မည်ဟု မထင်ထားခဲ့။
ထိုအမတ်များရဲ့ နက်ရှိုင်းလှတဲ့မလိုမုန်းထားစိတ်ကိုခံစားမိလိုက်ရာ သူ ကျောချမ်းသွားရ၏။
သူ… ဒီတစ်ခါလေးပဲ အိမ်ရှေ့စံကို အလွတ်ပေးလိုက်မိတာပါ.. နောက်ပြီး တကယ်လည်း ဘာမှမဟုတ်တဲ့ကိစ္စပဲကို…
•••••