← Chapters

ဒုက္ခခံရဖို့ မွေးဖွားလာသော

Vol. 38 Ch. 725

ဒုက္ခခံရဖို့ မွေးဖွားလာသော

Vol. 38 Ch. 725

နန်းတွင်းစိစစ်ရေးမှူးယန်တစ်ယောက် ချွေးသုတ်လိုက်သည်။

သို့သော်၊ ထိုကိစ္စက အဆုံးမသတ်သွားသေး။

ညီလာခံထဲကနေ ထွက်လာပြီးတဲ့နောက်၊ အိမ်ရှေ့စံမင်းသားဘက်မှ အမတ်များက သူ့ကို ဆွဲခေါ်သွားကြ၏။တစ်စုံတစ်ဦးချင်းစီ၏ မျက်နှာများမှာ ကျေနပ်နေသည့် ပုံတို့ဖြင့်။ အပြုံးတို့က နွေးထွေးနေသည်။ သူတောင် မငြင်းရသေး အမတ်ကြီးမုန့်၏ အန္တာရာယ်ပြုတော့မည့်အရိပ်အယောင်တို့ပါနေသည့် အကြည့်တို့ကို တွေ့လိုက်ရရာ ရင်တုန်ပမ်းတုန်ဖြစ်သွားရသည်။

မင်းကြီးပြောလိုက်တဲ့စကားတွေက သူ့ကို အိမ်ရှေ့

စံမင်းသားရဲ့ လူလို့ထင်သွားအောင် လုပ်လိုက်သလိုပဲ!

သူသာ အိမ်ရှေ့စံမင်းသားအကြောင်း မကောင်းပြောမိခဲ့လျှင် မင်းကြီးရဲ့ ပြစ်ဒဏ်က ယခင်ကထက်ကို ပိုပြီး ပြင်းထန်တော့ပေမည်။

နန်းတွင်းစိစစ်ရေးမှူးယန်၏ မျက်နှာထက်၌ ပူပင်ကြောင့်ကြမှုတို့ဖြင့် ပြည့်နေလျက်။

သူ သက်ပြင်းတဖွဖွ ချနေမိသည့်တိုင် ကံကောင်းစွာဖြင့် အိမ်ပြန်ရောက်သည့်အချိန် သူ့မိန်းမရဲ့ အခြေနေက တည်ငြိမ်နေလေပြီ။ တစ်နေ့လုံး စိတ်ဖောက်ပြန်တာမျိုး ဖြစ်မသွားခဲ့။ သူမရဲ့ စိတ်အခြေအနေ ကောင်းနေရုံသာမက သမီးအငယ်ဆုံးနဲ့ပင် ကစားနေခဲ့လေသည်။

ဇနီးဖြစ်သူရဲ့ ပျော်မြူးနေတဲ့ သွင်ပြင်ကြောင့် နန်းတွင်းစိစစ်ရေးမှူးယန်၏ ရင်ထဲမှ မွန်းကျပ်မှုတို့က ရုတ်ချည်း ပျောက်ကွယ်သွားရသည်။

ရှဲ့ချောင်လည်း နေ့လည်ခင်းက အချိန်ဖြုန်းမနေခဲ့။ မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ နောက်ဆုံး‌ဆန္ဒအား ဖြည့်ဆည်းပေးဖို့အတွက် သွားခဲ့သည်။

ထိုမကောင်းဆိုးဝါးဝိဉာဉ်၏ ယောကျာ်းဘက်မှဆွေမျိုးများရဲ့ မျိုးရိုးနာမည်မှာ ပေါင် ဖြစ်သည်။ သူတို့မှာ မြေကွက်ငယ်တစ်ခု ပိုင်ဆိုင်ထားပေမဲ့ ပေါင်လွင်ရှန်းသည် ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်။ သူ့ရဲ့အပေါင်းအသင်းများက ဆိုးသွမ်းလှသည်။ သူဟာ အလုပ်လုပ်ပေမဲ့ မိသားစုအပေါ် ဂရုမစိုက်။ အကျင့်သီလ စောင့်စည်းခြင်းမရှိသူလည်း ဖြစ်သည်။ သူ့မိန်းမ မီးဖွားရင်းသေသွားပြီး မကြာ နောက်အိမ်ထောင်ထပ်ပြုခဲ့သည်။

နောက်အိမ်ထောင်ပြုခဲ့တာ ခြောက်နှစ် ခုနစ်နှစ်လောက်ပင် ရှိနေလေပြီ။ သူတို့ လက်ထပ်ပြီးစ ကတည်းက ကလေးရခဲ့သည်။ သုံးနှစ်အတွင်း ကလေးနှစ်ယောက် ရခဲ့၏။ သားတစ်ယောက်၊ သမီးတစ်ယောက် ကလေးများမှာ ငယ်ပေသေးသည်။

ရှဲ့ချောင် အိမ်ထဲကို လျှောက်သွားရင်း အိမ်ထဲရှိ လူများအား စေ့စေ့စပ်စပ် မေးမြန်းခဲ့၏။

ပြောစရာတောင်မလို ပေါင်လွင်ရှန်းဟာ ပြောင်းလဲသွားခြင်း လုံးဝမရှိခဲ့။ လက်ထက်ပြီးနောက်ပိုင်း သားတစ်ယောက်ရလာခဲ့သည့်တိုင် သူ့ဇနီးနဲ့ကလေးတွေကို ဆိုးရွာစွာ ဆက်ဆံနေဆဲပင်။

သူ့ဇနီးအား ရိုက်နှက်တာ ဆူပူကြိမ်းမောင်းတာ

မျိုး လုပ်တတ်၏။ သူ့သမီးဟာ ဒီနှစ်ဆိုလျှင် လေးနှစ်ရှိပြီဖြစ်ကာ ချက်ပြုတ် အဝတ်လျှော်လုပ်နိုင်သည့် အလုပ်ကြိုးစားတဲ့ ကလေးမတစ်ယောက်ဟု ဆိုကြသည်။

ရှဲ့ချောင် အိမ်တံခါးဝ၌ ငုတ်တုတ်ထိုင်နေခဲ့သည်။

သိပ်ပြီးမကြာ အမျိုးသမီးတစ်ယောက်‌ထွက်လာပြီး ရေတစ်ဇုံလုံ လာသွန်၏။ ရှဲ့ချောင်ကို မြင်လိုက်ရ၍ သူမ ကြောင်အန်းသွားသည်။

ချက်ချင်းဆိုသလို အမျိုးသမီးသည် အိမ်ထဲကို ဝင်သွား၍ ဘီစကစ်တစ်ချပ် ယူထုတ်ကာ ရှဲ့ချောင် လက်ထဲထည့်ပေးလိုက်သည်။

“ငါတို့်မိသားစုက ဆင်းရဲတော့ နင့်ကို ပေးစရာပိုက်ဆံမရှိဘူး၊ ဒါလေးကိုပဲ ရေနဲ့စားပြီး ဗိုက်ဖြည့်လိုက်နော်”

ထိုအမျိုးသမီးက ပေါင်လွင်ရှန်း၏ ဒုတိယဇနီးဖြစ်လောက်သည်။

ရှဲ့ချောင်လည်း ဘီစကစ်ကို မယူလိုက်နိုင်ခင်အထိ မှက်တက်နေမိ၏။

ထို့‌နောက် သူမ အဝတ်အစားကို ပြန်ကြည့်လိုက်သည်။

အဆင်ပြေနေတာပဲမဟုတ်လား, သူတောင်းစားတစ်ယောက်နဲ့လည်း မတူပါဘူး….

ဘီစကစ်အား တစ်ကိုက်ကိုက်လိုက်ပြီးနောက် သူမက ခေါင်းလေးစောင်း၍ ထိုအမျိုးသမီးအား မေးလိုက်၏။ “ဘာလို့ အရမ်းစိုးရိမ်နေတဲ့ပုံပေါ်နေ

ရတာလဲ”

အမျိုးသမီးရဲ့ ဆံပင်က ဖိုသီဖတ်သီဖြစ်နေကာ မျက်နှာဟာလည်း ညစ်ပေနေလျက်။ မျက်ခုံးကြားမှာလည်း အရေးကြောင်းများနှင့်။ သူမရဲ့အသားအရေက ကြမ်းတမ်းပြီးမဲနေကာ လက်တို့၌ အသားမာဖြင့် ပြည့်နေသည်။ ပူပြင်းသည့်နေ့တစ်နေ့ဖြစ်နေသည့်တိုင် သူမလက်က အက်ကွဲရာများက မပျောက်ကင်းသေးပေ။

“ ဘဝအတွက် ဘယ်လိုလုပ်ပြီး စိတ်မပူဘဲနေနိုင်မှာလဲ။ ရှင့်လို တာအိုဆရာတစ်ယောက်တောင်မှာ တစ်နေ့ထမင်းသုံးနပ်အတွက် ပူပန်နေရတာပဲမဟုတ်လား” အမျိုးသမီးက ဖျစ်ညှစ်ကာ ပြုံးပြလာသည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်၊ ဒါပေမဲ့… တစ်နေ့သုံးနပ်စားနိုင်ဖို့အရေး သွားလာနေရ‌တာတောင် ခက်ခဲနေတာ၊ ရှင် ဘယ်လိုများ ဒီလို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို သည်းခံနေနိုင်တာလဲ”

ရှဲ့ချောင် ထိုသို့ပြောလိုက်တာကြောင့် အမျိုးသမီးသည် လက်ကိုပြန်ရုတ်သွားကာ သူမလက်မောင်းပေါ်ကတစ်နေရာအား မသိစိတ်ကနေထိလိုက်မိ၏။

သူမ ရှဲ့ချောင်အား ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည့် ပုံစံဖြင့် ကြည့်ရင်း “ငါ မတော်တဆ ဝင်တိုက်မိသွားလို့…”

“ရှင့်ရဲ့ သားက ဒီနှစ်မှ သုံးနှစ်ပဲ ရှိသေးတာမလား” ရှဲ့ချောင်က ဘီစကစ်နောက်တစ်ကိုက်ထပ်ကိုက်ပြီး မျိုချလိုက်၏။သူမ လည်ချောင်းနည်းနည်းနာနေတာကြောင့် ရေတစ်ငုံပါထပ်သောက်

ပြန်သည်။ စားပြီးသွားတဲ့နောက်တကယ်ကို နေသာထိုင်သာ ရှိသွားခဲ့သည်။ “အဖေတစ်ယောက်ရဲ့ သားအပေါ်လွှမ်းမိုးမှုက အရမ်းသိသာတယ်။ သူတို့က တစ်လမ်းတည်းပဲလျှောက်ကြမှာ။ ရှင်ဘယ်လိုလုပ်မှာလဲ”

ရှဲ့ချောင် ထိုအမျိုးသမီးရဲ့ မျက်နှာကို ကြည့်ပြီး ကံကြမ္မာက ဆိုးရွားတယ်ဟု ထင်မိသည်။

ဒုက္ခခံရဖို့ မွေးဖွားလာတာမျိုး။

သူမရဲ့ နားရွက်တို့က ပါး၍ ဘဝက ကြမ်းတမ်းသည့်အပြင် ဘာစိတ်လှုပ်ရှားစရာမှလဲမရှိ။ကျဆင်းမှုချည်းသာ။

ထိုပုံစံမျိူးအရဆိုလျှင် အမျိုးသမီး၌ မျိုးဆက်တစ်ယောက်မှရှိလိမ့်မည်မဟုတ်။ ၎င်းက ဆင်းရဲ

တဲ့ဘဝတစ်ခုရဲ့ ကံကြမ္မာပင်။

သူမရဲ့မျက်နှာကိုကြည့်ရုံနဲ့တင် လက်ရှိအခြေနေကနေ ကျန်တဲ့ဘဝတစ်လျှောက် ဘယ်လိုပုံမျိုးဖြစ်မလဲဆိုတာ ရှဲ့ချောင် ကောက်ချက်ချနိုင်နေလေပြီ။

သူမရဲ့ ခင်ပွန်းက ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့သူတစ်ယောက်။ သူ့သားကလည်း ကြည့်နေသလို သူ့သမီးကလည်း အလားတူပင်။

အနာဂတ်မှာ ဘယ်လိုဖြစ်လာမှာလဲ?

သူမရဲ့ သမီးက သေချာပေါက် အားနည်းလာလိမ့်မည်။ သူမရဲ့သားကလည်း ထိုသို့ဖြစ်ရင်ဖြစ်၊ သို့မဟုတ်လျှင် သူ့အဖေလိုမျိုး ဆတ်ဆတ်ထိမခံဘဲ ပေါက်ကွဲတတ်လာလိမ့်မည်ပေ။

•••••

All Chapters