← Chapters

နင့်ကို ရိုက်ပစ်မယ်

Vol. 38 Ch. 726

နင့်ကို ရိုက်ပစ်မယ်

Vol. 38 Ch. 726

ဒါတင်မက ပေါင်လွင်ရှန်းသည် သမီးတစ်ယောက်မဟုတ်ဘဲ သားတစ်ယောက်ကိုပဲ လိုချင်ခဲ့တာလည်း ဖြစ်သည်။ ဒီအမျိုးသမီးရဲ့ ယောက္ခမမှာ လူကောင်းတစ်ယောက်မဟုတ်တာကြောင့် သူ့ရဲ့ မြေးယောကျာ်းလေးအပေါ်တွင်သာ အလွန် ချစ်မြတ်နိုးပေးခဲ့၏။

သူမရဲ့သားဟာ ငယ်သေးသည့်အတွက် သူ့အဖေရဲ့ လွှမ်းမိုးမှုက အရမ်းမကြီးသေး။

ဒါပေမဲ့ နောက်နှစ် နည်းနည်းလောက်ကြာရင် ဘယ်လိုဖြစ်လာမှာလဲ?

ဒီအမျိုးသမီး အသက်ကြီးလာတဲ့အချိန် သူမရဲ့သားက ဒေါသကြောင့် သေသွားတာ ဒါမှမဟုတ် သူရဲ့ ကြမ်းကြုတ်တဲ့ စရိုက်ကြောင့် သေသွားတာ

မျိုး ဖြစ်လောက်သည်။ သမီးဖြစ်သူကလည်း ငယ်ငယ်လေးကတည်းက ခံစားလာရတာကြောင့် လွယ်လွယ်သေသွားနိုင်…

ရှဲ့ချောင် ပြဿနာရှာဖို့လာခဲ့တာမဟုတ်။

အမျိုးသမီးရဲ့ မျက်လုံးမှာ တစ်ခဏတာ ဗလာဖြစ်သွားခဲ့၏။ သူမလည်း ထိုသို့တွေးမိ၍ပဲလားတော့မသိ သူမမျက်လုံးထဲ၌ ဇဝေဇဝါ ဖြစ်မှုနှင့် ကြောက်ရွံမှုတို့ရှိနေခဲ့သည်။

“ရှင်-ရှင် ကျွန်မတို့အိမ်ရှေ့ကို ရောက်လာတာ စားစရာတောင်းဖို့လား ဒါမှမဟုတ်..”

ထိုအခါမှသာ အမျိုးသမီးက သူမရဲ့ အဝတ်အစားတွေကို သေချာကြည့်မိ၏။

သူမဟာ တာအိုဆရာတစ်ယောက်ဆိုသော်လည်း တာအိုဝတ်စုံရဲ့အသားဟာ နူးညံ့ချောမွေ့နေသည့်အပြင် သူမစီးထားတဲ့ဖိနပ်တွင်လည်း တိမ်ပုံစံများဖြင့် ပုံဖော်ချုပ်လုပ်ထားသည်။ သူမက လိမ်စားမည့်သူမျိုး မဟုတ်လောက်။

သို့သော်လည်း သူမကို စားစရာပေးလိုက်တဲ့အချိန်က ပျော်ရွှင်စွာနှင့် စားခဲ့သည်။

“ရှင် ကျွန်မကို စားစရာပေးခဲ့တာဆိုတော့ ကျွန်မရှင့်အတွက် တစ်ခုခု လုပ်ပေးလို့ရတယ်။” ရှဲ့ချောင် ပြုံးလျက် “ရွေးချယ်စရာ တချို့ရှိတယ် ရှင်ကြိုက်တဲ့ဟာ ရွေးလိုက်”

“ပထမတစ်ခု, ရှင်ကွာရှင်းပြီး ရှင့်ယောကျာ်းကို ဆုံးရှုံးရမယ်။ ကွာရှင်ဖို့ကို ကူညီဖို့ ဒီတာအိုဆရာက ရှင့်အတွက် လူတစ်ယောက်ရှာပေးမယ်

ကလေးနှစ်ယောက်ကလည်း ရှင့်နောက်ကို လိုက်လိမ့်မယ်၊ ပြီးတော့ ကျွန်မရှင့်ကို အလုပ်တစ်ခုပေးမယ်၊ ဘယ်သူမှ ရှင့်ကို‌နှောင်ယှက်မှာမဟုတ်ဘူး, ရှင့် ယောကျာ်းရော ယောကျာ်းဘက်က အမျိုးတွေရော”

“ဒုတိယတစ်ခုက, ရှင် မုဆိုးမတစ်ယောက် ဖြစ်လာပြီး ရှင့်ယောကျာ်းမိသားစုရဲ့ လုပ်ငန်းကို အမွေရမယ်၊ ကျွန်မလည်း ရှင့်ကို အလုပ်တစ်ခုပေးမယ်, ရှင် နောက်ငါးနှစ်လောက်ထိ အနိုင်ကျင့်မခံရဘူးလို့ အာမခံနိုင်ပေးနိုင်တယ်။ အဲ့ငါးနှစ်ပြီးရင် ဖြစ်လာမယ့်ဟာကတော့ ရှင့်အပေါ် မူတည်သွားပြီ”

“တတိယတစ်ခု ရှင် ကွာရှင်ပြီး နောက်အိမ်ထောင်ပြုလို့ရမယ်၊ ကလေးတွေကို မလိုချင်ဘူးဆိုရင်လည်း.. သူတို့ကို တာအိုဘုရားကျောင်းဆီ ပို့လိုက်လို့ရတယ်”

ယွီရွှီဘုရားကျောင်းက လူတွေထပ်လိုသေးသလားဆိုတာတော့ သူမလည်း မသိ။

ရှဲ့ချောင်က ပြောပြီးသွားသည်နှင့် အမျိုးသမီးအား ပြုံးပြလိုက်သည်။

အမျိုးသမီးက သူမအား ထိတ်လန့်စွာဖြင့် ကြည့်လျက် “ရှင်-ရှင်”

ဒီ တာအိုဆရာက ဘာကိုဆိုလိုချင်တာလဲ?

“ကျွန်မယောကျာ်း ဘာဖြစ်လို့လဲ”

အပြင်မှာ တစ်ခုခု ဖြစ်သွားလို့လား?

“သူ အခုကတော့ အဆင်ပြေနေတုန်းပဲ၊ ဒါပေမဲ့ ဒီအညတရဆရာက ရှင့်ရဲ့ ယောကျာ်းကို သဘောတွေ့နေတယ်ဆိုတာ လာပြောပြတာ၊ သူ့ရဲ့ အသက်ကို ယူမလို့” ရှဲ့ချောင်က ခပ်တည်တည်နှင့် ပြောလိုက်သည်။

ဒီတစ်ခါတော့ သူမ လူယုတ်မာတစ်ယောက်လုပ်ဖို့ ရောက်လာတာပင်။

ထိုမကောင်းဆိုးဝိဉာဉ်ကို စောင့်ရှောက်ပေးပြီး‌နောက် သူမ သူ့အတွက်လုပ်ပေးစရာများရှိသည်။ သူ့ကို သတ်ပေးရမှာဖြစ်ပြီး သူ့ဘဝနှင့် ပြန်ပေးဆပ်ခိုင်းရလိမ့်မည်။

အသက်သုံးချောင်း နာကြည်းချက်တွေကများလွန်းသည်။

တွေးကြည့်လျှင် သူ့အသက်နှင့် ပေးကိုပေးဆပ်

ခိုင်းရပေမည်။

သူမရဲ့ နည်းအရဆိုလျှင် ထိုယောကျာ်းက ချက်ချင်းလက်ငင်ကြီး သေသွားလိမ့်မည်တော့မဟုတ်ပေမဲ့ တစ်ချိန်ချိန်မှာတော့ ဖြစ်လာမှာပင်။

ရှဲ့ချောင်စကားဆုံးတာနှင့် အမျိုးသမီးမှာ ကြောက်လန့်သွားတော့သည်။

သူမတို့ စကားပြောနေစဉ် အိမ်ထဲကနေ တစ်ယောက်ယောက်က အပြင်ကို လှမ်းအော်လာခဲ့၏။

“နင် သေချင်နေတာလား? အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်ဘူးလား။ နင့် ယောကျာ်းက ခဏနေ ပြန်လာတော့မယ်ဟာကို မြန်မြန်သွားပြီး ချက်ပြုတ်စမ်း! ငါ့သားကို အငတ်ထားလို့ကတော့ နင့်ကို ရိုက်ပစ်မယ်!”

ထိုသို့ပြောလိုက်သည်နှင့် အမျိုးသမီးရဲ့ မျက်နှာထက်၌ နာကျင်မှုတို့ ပေါ်လာလေသည်။

ထိုသူက သူမရဲ့ ယောက္ခမပင်။ ယောက္ခမဖြစ်သူရဲ့ စကားတွေကို လစ်လျူရှုထား၍မရ။ မဟုတ်လျှင် သူမကို ကွာရှင်းခိုင်းပေလိမ့်မည်။

သူမသာ အိမ်ကနေ နှင်ထုတ်ခံလိုက်ရမည်ဆိုလျှင် သူမ သမီးကို ဂရုစိုက်မည့်သူ ဘယ်သူမှရှိမှာမဟုတ်။ သူမသားဟာလည်း တခြားတစ်ယောက်ကို အမေခေါ်နေရလိမ့်မည်။

သူမရဲ့ ယောက္ခမှာ ပေါင်လွင်ရှန်း ဘယ်လိုလူစားမျိုးလည်း ကောင်းကောင်းသိရက်နဲ့ သူတို့ကို လက်ထပ်ခိုင်းခဲ့သည်။ သူမရဲ့ ဘဝကို ဂရုမစိုက်ဘူးဆိုတာ သိသာနေသည်။

သူမရဲ့ ဘဝက တကယ်ကို ကြမ်းတမ်းတယ်! ကြမ်းတမ်းလွန်းတယ်!

“တာအိုဆရာ, ရှင် ကျွန်မကို လှည့်စားနေတယ်ဆိုတာ သိပါတယ်.. ဒါပေမဲ့ ကျွန်မ တကယ် ရွေးလို့ရမယ်ဆိုရင်တော့ ပထမတစ်ခုကို ရွေးချင်တယ်။ ကျွန်မ သူတို့နဲ့ အဝေးဆုံးမှာ နေချင်တယ်။သူ့မိသားစုရဲ့ စည်းစိမ်တွေကို ကျွန်မ မမက်မောဘူး, သူနဲ့ ဘာမှ မပတ်သက်ချင်ရုံပဲ…” အမျိုးသမီးဟာ သူမရဲ့ မျက်လုံးတွေကို ပွတ်လိုက်ပြီးနောက် လက်တို့ကို အင်္ကျီနဲ့ ခပ်မြန်မြန် ပွတ်လိုက်၏။ ထို့‌နောက် ရှဲ့ချောင်လက်ထဲကနေ ရေခွက်ကို ယူကာ သူမရဲ့ ယောက္ခမအား လှမ်းပြောလိုက်သည်။ “အမေ, ဒီမှာ တာအိုဆရာ တစ်ယောက် ဖြတ်သွားတာနဲ့ ရေတစ်ခွက်တိုက်နေတာ…”

“တာအိုဆရာ?! နင်ဘာလို့ အရိုင်းအစိုင်းကောင်

တစ်ယောက်နဲ့ ပတ်သက်နေတာလဲ၊ နင့်ယောကျာ်းပြန်လာမှ နင့်ကို သတ်ခိုင်းဦးမယ်” အိမ်ထဲမှ အသံက ပေါ်လာခဲ့ပြန်သည်။

••••

All Chapters