← Chapters

ကျောက်ခဲလိုအမျိုးသားများ

Vol. 38 Ch. 728

ကျောက်ခဲလိုအမျိုးသားများ

Vol. 38 Ch. 728

ရှဲ့ချောင် ထွက်သွားသည်နှင့် အမျိုးသမီးကြီးသည် ဗလုံးဗထွေး ရေရွတ်ရင်း ကျန်ရစ်နေခဲ့၏။

ဘေးနားမှာ ကုပ်ကုပ်လေးနေနေပြီး စကားလည်း မပြောရဲသေးသည့် ချွေးမဖြစ်သူမှာ အကြောက်လွန်ပြီး မျက်နှာပင် ဖြူဖျော့နေလေပြီ။

ယောက္ခမကြီး ပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ။

သူမယောက်ျားရဲ့ အရင်ဇနီးက ကလေးမွေးရင်းနဲ့ သေသွားရတာဆိုတာကို သိထားသည်။ သို့သော် သူမသိရသလောက် ထိုအမျိုးသမီး သေသွားတုန်းက ကလေးများက သူမဗိုက်ထဲတွင်ရှိနေဆဲ..

ကလေးတွေကို ကာကွယ်ရင်း သေသွားတာ

မဟုတ်ဘူးလား..?

ဘာဖြစ်လို့.. ကလေးတွေက.. သူတို့ဟာသူတို့ သေသွားရတဲ့ ပုံစံမျိုး ဟုတ်မနေတာလဲ?

အမျိုးသမီးမှာ အတွေးများနေလေပြီး သူမ မီးဖွားခဲ့စဉ်က အချိန်ကို ပြန်တွေးကြည့်မိသွားခဲ့၏။

ကလေးမွေးပေးဖို့ ရောက်လာတဲ့သူက ယောကျာ်းရဲ့ အဒေါ်ဖြစ်သူပင်။

ထိုအချိန်က သူမခမျာ စဉ်းတီးတုန်းပေါ်က ဝက်တစ်ကောင်ပမာ ခံစားခဲ့ရသည်။ လက်သည်က သူမ ဗိုက်အား ပြင်းပြင်းထန်ထန်ကို ဖိထားလေရာ သူမကို သေလုနီးပါး ခံစားရစေခဲ့သည်။

ကလေးမွေးရတာ ဘယ်လိုနေလဲဆိုတာ ပြောလိုက်ချင်သော်လည်း….

သို့သော်.. သေချာ ပြန်စဉ်းစားကြည့်မယ်ဆိုလျှင် သူမ ကလေးမွေးပြီးသွားတဲ့နောက် အဒေါ်ဖြစ်သူရဲ့ အမူအရာမှာ သူမကလေးအား သေအောင် လည်ပင်း ညှစ်သတ်ပစ်ချင်နေသည့်အတိုင်း။

ယောက္ခမကို သူတစ်ခုခု ပြောချင်နေခဲ့တဲ့ပုံပင်။

သူမ ဘာပြောလိုက်တာလဲ?

သူမ သေချာ စဉ်းစားရင်းစဉ်းစားရင်းနှင့် နောက်ဆုံးတော့ ပြန်မှတ်မိသွားခဲ့သည်။

သူမ ရဲ့ ယောက္ခမအားပြောလိုက်သည်က

“မိန်းကလေးပဲ ဖြစ်ပြန်ပြီလား”

သို့သော် တစ်ခုခုထပ်ဖြစ်ခဲ့လိမ့်လျှင်မကောင်းတော့ တာ၊ ဒါမှာမဟုတ် နောင်တစ်ချိန်မှာ ကလေးမွေးပေးဖို့ သူမကို ဘယ်သူကမှ ငှားရဲတော့မှာ မဟုတ်ဟု ဆိုခဲ့၏။ အရင်ကလေးနှစ်ယောက်ကလည်း မရှိတောတဲ့အပြင် အခုတစ်ယောက်က ပျိုးထောင်ဖို့အရမ်းကြီး ကုန်ကျလိမ့်မည်မဟုတ်, ဒါ့အပြင် သူမက လက်ထပ်ပြီး သိပ်တောင်မကြာလိုက်ဘဲ ကလေးမွေးနိုင်ခဲ့ရုံတင်မက သူမရဲ့ ခန္ဓာကိုယ်ဟာလည်း ကျန်းမာနေသေးသည်ဖြစ်ရာ မျှော်လင့်ချက်ရှိသေးသည်ဟုလည်း.. ပြောခဲ့သေးသည်။

ထိုအကြောင်းကို တွေးမိလေလေ သူမခန္ဓာကိုယ် အေးစိမ့်လာရလေပင်။

…

ရှဲ့ချောင် ပြန်ရောက်သည်နှင့် သူမရဲ့အစ်ကိုကြီးကို သွားရှာခဲ့သည်။

ရှဲ့ဖင်းကန်းသည် ယွီရှန်းအား တစ်ယောက်ထဲ ဆွဲခေါ်လာခဲ့ပြန်ကာ အဲဒီ လက်သီးထိုးခြင်းနည်းကို သင်ပေးဖို့ ပြောနေလေသည်။ သူက အသက်ကြီးနေသည့်တိုင် ရှဲ့ဖင်းဟွိုက်နဲ့ပြိုင်ပြီး ဆရာနဲ့ ရန်ဖြစ်နေဆဲ။ ရှဲ့ဖင်းဟွိုက်မှာ ဒေါသထွက်ပြီး ဘေးနားမှာ ခြေဆောင့်လို့နေသည်။

“အစ်မ ဆရာက ကျွန်တော့်ကို သင်ပေးဖို့လာတာလေ! သူကလည်း ဆရာ့ဆီကနေ သင်နေရင် ကျွန်တော်ဘယ်အချိန်မှ သူ့ကို အနိုင်ပိုင်းလို့ရတော့မှာလဲ”

ရှဲ့ဖင်းဟွိုက်တစ်ယောက် ဒေါသအထွက်လွန်ပြီး သေတော့မည့်အတိုင်းပင်။

သူ့အစ်ကိုကြီးကို လှည့်စားဖို့ ဆရာကို လုပ်ခိုင်းစေချင်ခဲ့ပေမဲ့ ဆရာက လက်တွေ့ကျတဲ့သူတစ်ယောက်ဖြစ်နေခဲ့သည်။

သူ့အစ်ကိုကြီးက သင်ယူဖို့ စိတ်အားထက်သန်နေတာကို မြင်တာနှင့် သူမ သိသမျှကို အကုန်သင်ပေးတော့သည်!

ရှဲ့ဖင်းကန်းလည်း ရှဲ့ချောင်လာနေတာကို မြင်၍ သူမဆီ လျှောက်သွားခဲ့၏။

“အထိန်းတော်တွေ ဒီနေ့ ညီမလေးကို ရှာမရဖြစ်နေတာ၊ ဆရာမမော့နဲ့အတူ ရှိနေပြန်တာလား”

“ဟုတ်တယ်၊ ဆရာမော့က အစ်ကိုကြီးဆီ အကူညီ

တောင်းခိုင်းလိုက်လို့”

ရှဲ့ချောင် အခြေနေတစ်ခုလုံးကို ရှင်းပြလိုက်သည်။

“ဆရာမမော့က အရှင့်သားအတွက် အလုပ်လုပ်ပေးနေတာ၊ သူက ယန်မိသားစုကိုတောင် ကူညီပေးလိုက်သေးတယ်”

ရှဲ့ဖင်းကန်းက မော့ချူးရှန်းအား အရင်ဆုံးချီးကျူးလိုက်ကာ “ညီမလေး ပြောတဲ့ အဲဒီ ပေါင်လွင်ရှန်းဆိုတဲ့ တစ်ယောက်က တော်တော်ဆိုးတာပဲ၊ အစ်ကိုကြီး သူ့လိုလူတွေ အများကြီး တွေ့ဖူးတယ်။ တစ်ခါလောက် မကောင်းတာလုပ်ဖူးသွားပြီဆိုတာနဲ့ နှစ်ခါလုပ်နိုင်လာလိမ့်မယ်။ မနက်ဖြန် အုပ်ချုပ်ရေးမှူးရုံးဆီသွားပြီး သူ့ကို မှုခင်းစီရင်ရေးဌာနဆီ လွှဲလိုက်မယ်။ သူ့ကို ကောင်းကောင်းလေးဆုံးမပေးပြီးတော့ သူလုပ်ခဲ့သမျှဟာအားလုံး ဝန်ခံလာစေရမယ်လို့ အာမခံတယ်!”

“အဲဒီ လက်သည်နဲ့ ယောက္ခမကတော့…” ရှဲ့ဖင်းကန်း ခဏ စဉ်းစားလိုက်၍

“ဟူး, လက်သည်ရဲ့ အခြေနေကတော့ တစ်မျိုးပဲ။ ကလေးကို ဆက်ထားမလား၊ မထားဘူးလားဆိုတာက အကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေတာ။ ခက်တော့ခက်တယ်။ ကလေးတွေကလည်း… သူတို့ကို သတ်တဲ့သူက အငယ်မျိုးဆက်ရဲ့ ဆွေမျိုးဖြစ်နေတာဆိုတော့။ အများဆုံးလုပ်နိုင်တာဆိုလို့ ကြိမ်ဒဏ် အချက် ၇၀ နဲ့ နှစ်နှစ်လောက်ထောင်ထဲထည့်ထားနိုင်တာပဲ ရှိမှာ”

ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်

“ ပိုပြီး ပြင်းထန်တဲ့ အပြစ်မျိုး ပေးလို့မရဘူးလား”

“စာအုပ်ထားမှာ ရေးထားတာက ယောက်ျားတွေက ကျောက်ခဲတွေ ဖြစ်ပြီး မိန်းမတွေကကျ အုတ်ပြားတွေတဲ့။ မွေးကင်းစ မိန်းကလေးတွေကို ရေနစ်‌သတ်ပစ်လိုက်တဲ့ သာမန်လူတန်းစားတွေ, အထူးသဖြင့် ဆင်းရဲတဲ့သူတွေ ဘယ်လောက်တောင်မှလဲ။ ဒါက ပုံမှန်လိုဖြစ်နေတာ။ အရင်မင်းဆက်တုန်းကတောင်မှ ဒီကိစ္စအတွက် ဥပဒေသတ်မှတ်ပေးထားတာမျိုး မရှိခဲ့ဘူး။ ဒီ မင်းဆက်မှသာ အဲဒီအတွက် ဥပဒေကို ထည့်သွင်းပေးခဲ့တာ”

သူက မှုခင်းစီရင်ရေးဌာနတွင် လုပ်နေတာဖြစ်၍ ထိုအကြောင်းကို ကြားဖူးသည်။ ဒီလို ဥပဒေမျိုး ထုတ်ပြန်ခဲ့တုန်းကဆိုလျှင် လူတိုင်းနီးပါး ဇဝေဇ‌ဝါဖြစ်ပြီး ထိတ်လန့်ကုန်ကြသည်။

ဤ ဥပဒေမတိုင်ခင်ကဆိုလျှင် မိန်းကလေးတစ်ယောက်သာ ဝေးလံခေါင်းဖျားပြီး မပြေလည်သည့် အိမ်များတွင် မွေးလာခဲ့လျှင် သူရဲ့ပုံပန်းသွ

င်ပြင်နှင့် စိတ်က ဘယ်လိုအခြေနေပဲဖြစ်နေပါစေ သူမရဲ့ မိဘတွေသာ သူ့ကို အသက်ရှင်စေဖို့ သဘောမတူဘူးဆိုပါက ဝမ်းဆွဲသည် သည် ရေတစ်ဇုံလုံခပ်၍ ကလေးအား အသည်းအသန်ရုန်းကန်ငိုယိုကာ ရေမွန်းပြီးသေသွားသည့်တိုင် ရေထဲတွင်ဖိထားပေလိမ့်မည်။

အခုဆိုလျှင် ချင်းယွမ်မင်းဆက်သည် ဆိုးရွားလှသော ဓလေ့ပေါင်းများစွာကို ဖယ်ရှားပစ်လိုက်ပြီဖြစ်၏။ အမျိုးသမီးများရဲ့အသက်က ပေါင်းပင်တစ်ပင်လိုတန်ဖိုးမရှိတော့တာမျိုး မဟုတ်တော့ပေမဲ့ အကြင်နာမဲ့စွာ သတ်ပစ်တဲ့သူများက ရှိနေဆဲပင်။

•••••

All Chapters