← Chapters

လူသိရှင်ကြားကြေညာလိုက်

Vol. 38 Ch. 729

လူသိရှင်ကြားကြေညာလိုက်

Vol. 38 Ch. 729

လူတွေကလည်း တာဝန်အတိုင်းမလုပ်၊ အရာရှိများကလည်း စုံစမ်းစေဆေးခြင်းမပြုလျှင်ပြဿနာက ဒီအတိုင်း ပြီးသွားတတ်သည်။

ရှဲ့ချောင် ရွှေယွဲ့တာအိုဘုရားကျောင်းတွင်ရှိစဉ်က

လူများ ဘုရားရှင်အား အမွှေးတိုင်ထွန်းပြီး ကန်တော့ဖို့လာကြတဲ့အခါ သူတို့ဆုတောင်းကြသည်က သားယောကျာ်းလေးတစ်ယောက် ထွန်းကားဖို့ပင်။

သူမတွေ့ခဲ့သည့် မိန်းကလေးဝိဉာဉ်များမှာ ပိုပြီးတောင် ကြောက်စရာကောင်းသေးသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းရဲ့ ကံကြမ္မာက ဆိုးရွားလှသလို တန်ဖိုးထားခြင်းမခံခဲ့ရ။

သို့သော်လည်း ချင်းယွမ်မင်းဆက်က အဆိုးကြီးတော့မဟုတ်လှ။ ဥပမာဆိုရင်လျှင် မြို့တော်၌ အမျိုးသမီးများဟာ လူကြားထဲ မျက်နှာထုတ်ပြခွင့်ရှိသည်။ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လုပ်နေသည့် အမျိုးသမီးများတောင် ရှိသေးသည်။ စာသင်ကျောင်းကိုလည်း သွားလို့ရသည်။ ယခင်မင်းဆက်နှင့် ယှဉ်လိုက်လျှင် ကွာခြားချက်က မိုးနဲ့မြေအလား။

“အစ်ကိုကြီး တကယ်လို့ သူတို့က ကလေးမလေးတစ်ယောက်ကို ရေနှစ်သတ်တဲ့အတွက် ကြိမ်ဒဏ်အချက် ၇၀ ပေးခံရမယ်ဆိုရင် နှစ်ယောက်ဆိုရင်က ၁၄၀ ဖြစ်မှာ ဟုတ်တယ်မလား” ရှဲ့ချောင်က အပြစ်ဒဏ်တိုးပေးဖို့ရာ အပူကပ်နေဆဲ။

ရှဲ့ဖင်းကန်းမှာ ခဏလောက်ကြောင်သွားပြီးမှ လက်ခုပ်ထတီးလေသည်။ “ဒါလည်း ဟုတ်တာပဲ၊ တခြားဟာတွေထားဦး သူ ကြိမ်ဒဏ် ၁၄၀ အရိုက်

ခံလို့ရှိရင် အသက်တောင်ရှူနိုင်တော့မှာမဟုတ်ဘူးဆိုတာ အာမခံရဲတယ်”

“ဒါဆို အစ်ကိုကြီး သူ့ကို အပြစ်ဒဏ်ပေးမှာဆိုတော့ မှုခင်းစီရင်ရေးရုံးမှာတင် သတ်လိုက်ပြီး လွှင့်ပစ်လိုက်လို့မရဘူး၊ အကြောင်းမသိတဲ့သူတွေက အစ်ကိုကြီး မသင်္ကာစရာတစ်ခုခုလုပ်တယ်ထင်နေဦးမယ်။ ညီမလေး အမြင်ကတော့ သူ့ကို ဈေးအဝင်ဝထိဆွဲလာပြီး သူတို့ရဲ့ အပြစ်ကို လူသိရှင်ကြားကြေညာ၊ ပြီးမှ လူပုံအလယ် ကွပ်မျက်လိုက် အဲ့လိုဆိုရင်ရော” ရှဲ့ချောင်ရဲ့ မျက်နှာဟာ ခခယယလုပ်နေသည့် ပုံစံဖြင့်။

“မင်းက မိန်းကလေးတစ်ယောက်လေ၊ ဒီလိုမျိုး အမှုတွေမှာ ပါဝင်ဖို့ မသင့်တော်ဘူး” ရှဲ့ဖင်းကန်းရဲ့ မျက်နှာမှာ၊ ခက်ထန်နေကာ “ဒါပေမဲ့ မင်းပြောတာလည်း အဓိပ္ပာယ်တော့ရှိတယ်၊ မနက်ဖြန်ကျမှ အိမ်ရှေ့စံမင်းသားကို မေးလိုက်မယ်။ ကြိမ်ဒဏ် အချက် ၁၄၀ဆိုတာ နည်းတာမဟုတ်

ဘူး၊ ဒီကိစ္စအတွက်ကြောင့်နဲ့ အိမ်ရှေ့စံကို ထပ်ပြီး တိုင်တန်းနေမှာ စိုးတယ်…”

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

"မှုခင်းစီရင်ရေးရုံးက တုတ်တွေက ဘယ်လိုမျိုးလဲ.."

ရှဲ့ချောင် ဇွဲကောင်းနေဆဲ။

“ သာမန်တုတ်တွေလိုပဲလေ၊ ဘာဖြစ်လို့လဲ”

ရှဲ့ဖင်းကန်းက မျက်ခုံးပင့်လိုက်သည်။

“အဲ-အဲဒါက ဥ‌ပဒေမှာ မပြဌာန်းထားဘူးလေ၊ သစ်သားတုတ်တို့၊ ဝါးတုတ်တို့ သုံးတာ မဟုတ်ဘူးလား” ရှဲ့ချောင်က နှာခေါင်းကုတ်ကာ အသံ

တိုးတိုးနှင့် မေးလိုက်သည်။

“မင်း ဘာပြောနေတယ်ဆိုတာကိုရော သိရဲ့လား။

အဲဒီ မိသားစုက တော်တော်လေးဆိုးပြီးတော့ သေဖို့ထိုက်တန်တယ်ဆိုတာကို သိတယ်၊ ဒါပေမဲ့ သူတို့ကိုသာ သေအောင်ရိုက်လိုက်ရင်? … ငါ အရာရှိဆက်လုပ်လို့ရမှာတောင် မဟုတ်တော့ဘူး အိမ်ရှေ့စံမင်းသားတောင် အမှုပတ်သွားနိုင်တယ်…”

ရှဲ့ချောင် ရယ်လိုက်ကာ “အရာရှိတစ်ယောက်လုပ်ရတဲ့ ရယ်ရွယ်ချက်က တရားမျှတာမှုကို ရှာပေးဖို့ပဲ မဟုတ်လား, အစ်ကိုကြီးက မှုခင်းစီရင်ရေးဌာနက အရာရှိတစ်ယောက်လေ၊ အခုက လူသတ်မှုကို စစ်ဆေးနေတာ၊ ဒီကိစ္စကြောင့်နဲ့ ရာထူးက ဖယ်ခံလိုက်ရတယ်ဆိုရင်တော့ အစ်ကိုကြီးရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးကို ညီမလေး ထောက်ပံ့ပေးနိုင်ပါတယ်”

အိမ်ရှေ့စံမင်းသားကတော့…

သူတို့ ထိုသို့လုပ်လိုက်လျှင် အိမ်ရှေ့စံကိုပါ အမှုပတ်မည်ဆိုတာ ရှဲ့ချောင်သိသည်။

သို့သော် ဒီနေ့ သူမ အပြင်သွားတုန်းက လူတစ်ယောက်ရဲ့ ဘီစကစ်ကိုစားခဲ့မိသည်။ ထိုအမျိုးသမီး အရိုက်ခံရပြီး ရလာတဲ့ဒဏ်ရာ မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ သွေးသံတရဲရဲ ဗိုက်ကို စဉ်းစားမိလျှင်…

လူတစ်ယောက်က သူတို့သဘောရှိတိုင်း တခြားလူကို သတ်ပစ်လို့ရရောလား? လောကကြီးထဲကို ကြိုးစားပမ်းစားနဲ့ရောက်လာရတဲ့ကလေးတွေက အသက်တောင် မရှူရသေးဘူး သတ်ပစ်ခံရမှာလား?

ရှဲ့ချောင် မသက်မသာဖြစ်မိသည်။ အလွန်ကိုမှ စိတ်ထဲ မသက်မသာဖြစ်မိ၏။

သူမလည်း အမျိုးသမီးတစ်ယောက်ဖြစ်နေပြီး ခံစားခဲ့ရတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။

အမျိုးသမီးတစ်ယောက်အနေနဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို လိုက်နာဖို့လိုတာ သူမလက်ခံနိုင်သည်။ အမျိုးသမီးတစ်ယောက်က အသက်အရွယ်တစ်ခုရောက်လျှင် ခင်ပွန်းတစ်ယောက်ရှာပြီး ကလေး‌တွေကို ပြုစုပျိုးထောင်ရမည်။ ဒါပေမဲ့ အားလုံးကို လက်ခံပေးနေတယ်လို့တော့ မဆိုလို။

ထိုအခိုက်အတန့်၌ ကြင်ရာတော်မင်းသမီးတစ်ယောက်ဖြစ်လာရတာက..

အရမ်းကြီးဆိုးလှတာတော့မဟုတ်ဟု ရှဲ့ချောင်ရုတ်တရက်တွေးမိသွားသည်။

အနည်းဆုံးတော့ ရာထူးအမြင့်တစ်နေရာမှာ ရှိနေတဲ့အခါ သူမအလိုရှိတိုင်း ခင်ပွန်းဖြစ်သူကို ဩဇာလွမ်းမိုးတာလိုမျိုး အစဥ်အလာကို ဆန့်ကျင်နေသည့်ဟာမျိုး လုပ်လို့ရသည်။

ရှဲ့ချောင်ရဲ့အကြည့်တို့က လောင်မြိုက်နေကာ အနည်းငယ် စိတ်အားထက်သန်သည့်ပုံပင်။

“အစ်ကိုကြီး ညီမလေးတို့မိသားစုက အခုမှ အာဏာရထားတာ.. ဘာမှစိတ်ပူမနေနဲ့ လုပ်သာလုပ်။ အရှင်မင်းကြီးက အစ်ကိုကြီးကို ဒီတစ်ခါတော့ လွှတ်ပေးမှာ။ သူက အခုထိ ညီမလေးတို့ကို ဘယ်လိုဆုလာဘ်မျိုး ချီးမြှင့်ရင်ကောင်းမလဲ တွေးပူနေတာလေ” ရှဲ့ချောင်က ရှဲ့ဖင်းကန်းအား

စပ်ဖြဲဖြဲလုပ်ပြလေသည်။

ရှဲ့ဖင်းကန်းတစ်ယောက် ကူကယ်ရာမဲ့သွားရသည်။

သူလည်း ပေါင်မိသားစုဝင်တွေကို သတ်ပစ်လိုက်ချင်သည်။

သူ တိတ်တဆိတ် ဖြေရှင်းလိုက်ချင်၏။

မှုခင်းစီရင်ရေးဌာနထဲ လူတွေဝင်လာတတ်ပေမဲ့ ပြန်ထွက်မသွားတတ်က ပုံမှန်ပင်။

သို့သော်… ရှဲ့ချောင်က လူသိရှင်ကြားလုပ်ချင်နေလေသည်။

၎င်းက မတူညီတဲ့ဇာတ်လမ်းဖြစ်လေပြီ။

•••••

All Chapters