သူမအပေါ် ကောင်းပေးတယ်
Vol. 38 Ch. 730
ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်ရဲ့ အကြံကို သဘောမတူချင်သော်လညး သူမ စိတ်လှုပ်ရှားနေတာကို မြင်၍ “ ငါ အိမ်ရှေ့စံမင်းသားကို ပြောတော့ ပြောကြည့်လိုက်မယ်၊ သူသဘောတူတယ်ဆို လုပ်မယ်”
“ကျွန်တော်လည်း ခင်ဗျားတို့ပြောနေတာ ခုနလေးတင် ကြားပြီးသွားပြီ၊ ရှဲ့သခင်မလေးရဲ့ အကြံကိုသဘောတူတယ်.. သူ့ကိုသာ လူပုံအလယ်မှာ အပြစ်ပေးလိုက်ရင်… အနည်းဆုံးတော့ လူတွေကို ခြိမ်းခြောက်နိုင်ပြီး ကလေးတွေရဲ့အသက်ကို ကယ်တင်လို့ရနိုင်သေးတယ်..”
“ဒါပေမဲ့… “ ယွီရှန်းက ခဏစဉ်းစားလိုက်ကာ
“တကယ်လို့ မိဘတွေကသာ ကလေးတွေကို မမွေးချင်ဘူးဆိုရင် သူတို့ အသက်ရှင်နေ
ရင်တောင်၊ အနာဂတ်မှာ ကောင်းကောင်းနေရမှာ မဟုတ်ဘူး။ မွေးကင်းစ မိန်းကလေးတွေကို ရေနှစ်သတ်တာက ပြစ်မှုတစ်ခုဆိုပေမဲ့ ကလေးတွေကို ရိုက်နှက်ပြီး ညှင်းပန်းနှိပ်စက်တာကလည်း … မဟုတ်သေးဘူးလေ”
ရှဲ့ချောင်ရဲ့ အကြည့်တို့က ပိုပြီး လေးနက်လာခဲ့၏။
ခြိမ်းခြောက်ခြင်းက သေးငယ်တဲ့ ခြေလှမ်းတစ်လှမ်းသာ ဖြစ်၏။
လောကကြီးထဲ၌ အရင်ကနဲ့ယှဉ်ရင် ကလေးတွေကို ရေနှစ်သတ်တဲ့ လူများနည်းလာပြီဆိုပေမဲ့.. ဒုက္ခခံစားနေရတဲ့ မိန်းကလေးများရှိနေဆဲပင်…
ထိုကိစ္စက တစ်ရက်နှစ်ရက်အတွင်း ပြောင်းလဲပစ်လို့ရနိုင်မည့်အရာမဟုတ်။
ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်။ ဒီပြဿနာက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေကာ မသက်မသာ ခံစားရစေသည်။
“ကျန်တဲ့ကိစ္စကို နောက်မှပဲ ဆက်ပြီးပြောကြတာပေါ့၊ အရင်ဆုံး အိမ်ရှေ့စံမင်းသား ဘာလုပ်ချင်လဲဆိုတာ ကြည့်လိုက်ဦးမယ်” ရှဲ့ဖင်းကန်းသည်လည်း ခေါင်းကိုက်နေလေပြီ။
ရှဲ့ချောင်ပြောတာကို ယွီရှန်းကပါ သဘောတူနေလိမ့်မယ်လို့ မထင်ထားခဲ့။
ရှဲ့ချောင် ထိုမလိုအပ်တဲ့အတွေးတွေကို စိတ်ထဲမှာသာ သိမ်းထားခဲ့သည်။ သူမက ချမ်းသာတဲ့
မိသားစုက သခင်မလေးတစ်ယောက်ဖြစ်နေသလို ခရီးသွားနေတဲ့ တာအိုဆရာတစ်ယောက်လည်း ဖြစ်နေတာကြောင့် ကြီးကြီးမားမား ဘာမှလုပ်၍မရ။ သူမရှေ့က အခြေနေကို ကြည့်နေရုံသာတတ်နိုင်သည်။
လေထုအခြေနေက ထိုင်မှိုင်းနေသည်။
ရှဲ့ချောင် ပြုံး၍ စကားလမ်းးကြောင်းလွှဲလိုက်သည်။
“ဆရာ အိမ်တော်နဲ့အသားကျလာပြီလား, ဆွေမျိုးတွေကိုရော ရှာတွေ့ပြီလား, ကျွန်မတို့အကူအညီလိုသေးလား”
ရှဲ့ဖင်းကန်းကလည်း ချက်ချင်း ခေါင်းညိတ်၏။
“ဒီကိစ္စကို တကယ်မေ့နေတာ၊ ဆရာရှာနေတဲ့
ဝမ်းကွဲက ဘယ်သူလဲ။ လူရှာပေးရတာက ကျုပ်အတွက် အလွယ်လေးရယ်”
“နောက်- နောက်မှပြောကြတာပေါ့” ယွီရှန်း တုံ့ဆိုင်းနေခဲ့သည်။
သူမရဲ့ ဝမ်းကွဲဆီကို ယောကျာ်းလေးတစ်ယောက်လိုဝတ်ထားပြီး သွားတွေ့လို့မဖြစ်ဘူးလေ။
“ဒါပေမဲ့ ဆရာ့ရဲ့ ဝမ်းကွဲကလည်း ဘာမှကောင်းမနေဘူး။ သူက ဆင်းရဲသားတွေကို အထင်သေးပြီး ချမ်းသာတဲ့သူတွေကိုပဲ ဝပ်သွားခယနေတာ။ ဆရာတို့မိသားစု အခြေနေကျလာတာကို မြင်တာနဲ့ သူ့မိသားစုကို အသိအမှတ်မပြုတော့ဘူးမလား။” ရှဲ့ဖင်းကန်း ဒေါသထွက်နေပြီး “ကျုပ်တို့က ညီအစ်ကိုတွေပဲဟာ ကိစ္စတစ်ခုခုရှိရင် ကျုပ်ကိုသာပြော။ ကျုပ် ဆရာ့အတွက် အဲဒီကျေးဇူးမသိတတ်တဲ့ ခွေးကောင်ကို သင်ခန်းစာပေးပေး
မယ်! အခုကစပြီး ရှဲ့အိမ်တော်မှာနေသွားလို့ရတယ်, ကျုပ်ရဲ့ မလိမ္မာတဲ့ညီလေးက ဆရာ့ရဲ့ တပည့်ဖြစ်နေပြီဆိုတော့ ဆရာ အသက်ကြီးသွားတဲ့အထိ အလုပ်အကျွေးပြုရမှာ သူ့တာဝန်ပဲ”
ရှဲ့ဖင်းကန်းရဲ့ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် ရှဲ့ချောင်မှာ နားကိုပွတ်မိရသည်အထိ။
ရှဲ့ဖင်းကန်းရဲ့ စိတ်ရင်းအမှန်ကို မြင်ရသည့်အခါ ယွီရှန်း ခံစားသွားရသည်။
သူ့ကိုဘယ်နှခါတောင် အမှန်အတိုင်းမပြောဘဲ ဖုံးကွယ်ထားခဲ့လဲဆိုတာကို တွေးမိသည့်အခါ သူမ ရှက်ရွံ့သွားရ၏။
ဒီရက်ပိုင်းထဲ သူမဟာ ရှဲ့အိမ်တော်ရဲ့ ထူးခြားဧည့်သည်တစ်ယောက်လို ဆက်ဆံခံခဲ့ရသည်။
အကောင်းဆုံးသော စားစရာ၊ အဝတ်အစား၊ ဘာမဆို အကုန်ရခဲ့သည်။ ရှဲ့ဖင်းကန်းကလည်း သူမအပေါ်ကောင်းပေးခဲ့ကာ သူမ ပျင်းနေမှာကိုစိုးရိမ်ပြီး တစ်ခါတလေ သူမနဲ့အတူ ကိုယ်ခံပညာတောင် လေ့ကျင့်ပေးခဲ့၏။
“အစ်ကိုရှဲ့.. တကယ်တော့ ကျွန်တော့်ရဲ့ ဝမ်းကွဲကို ရှာတွေ့ထားပြီးပြီ, အခု ကျွန်တော်က ဆင်းရဲနေတာဆိုတော့ သူသိသွားရင် စိတ်ပူနေမှာစိုးလို့၊ အဲဒါကြောင့် ပိုက်ဆံနည်းနည်းလောက်စုပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီးတော့မှပဲ သူနဲ့တွေ့မလို့!”
“မင်းက အခုလည်း ကြည့်ကောင်းနေတာပဲလေ၊ နောက်ပြီး ယောကျာ်းတစ်ယောက်ပဲဟာ၊ မိန်းမတွေလို ပြင်ဆင် ဝတ်စားနေစရာမှမလိုဘဲ။ ဘာလို့ သိမ်သိမ်မွေ့မွေ့ဖြစ်ချင်နေတာလဲ”
ရှဲ့ ဖင်းကန်းက သူမရဲ့စကားတွေကို သဘောမတူ
တဲ့အနေနဲ့ လက်ခါပြလိုက်ရင်း “ငါသာ မင်းရဲ့ ဝမ်းကွဲဆိုလို့ကတော့ မင်းကိုတွေ့ရတာနဲ့တင် ပျော်နေလောက်ပြီ။ တခြားဘာကို ဂရုစိုက်နေစရာလိုလဲ”
ထိုစကားက အဓိပ္ပာယ်ရှိတယ်လို့ ယွီရှန်းထင်လိုက်မိသည်။
သူမ ခဏစဉ်းစားလိုက်၍ “ဒါဆိုလည်း ရှက်မနေတော့ဘူး.. အစ်ကိုရှဲ့. အရင်ဆုံး ကျွန်တော့်ရဲ့ဝမ်းကွဲဆီ စာတစ်စောင် ယူသွားပေးလို့ရမလား”
“ဒါပေါ့၊ ပေးသာပေးလိုက်” ရှဲ့ဖင်းကန်းက အလွန်သဘောထားကြီးနေလေသည်။
ယွီရှန်း ပျော်သွားသည်။ သူမ အခန်းထဲ အမြန်ပြန်သွား၍ စာရွက်နှင့် မှင်ကိုပြင်ကာ စာတစ်ထပ်
ကြီး ရေးတော့သည်။
စာထဲ၌ ဒီကာလတစ်လျှောက် ဖြစ်ပျက်ခဲ့သည်များကို အဓိက ရေးထား၏။ သူမက အခုဆို ယောကျာ်းလေးတစ်ယောက်အဖြစ်ရှိနေပြီး ရှဲ့အိမ်တော်မှာ သက်တောင့်သက်သာ နေနေရကြောင်းကိုလည်း ပြောထားသေးသည်။ ဒါတင်မက ကျို့မိသားစုရဲ့ အခြေအနေကိုပါ မေးလိုက်သေး၏။
၎င်းတို့က အကြမ်းဖျင်း အချက်များပင်
“ အစ်ကိုရှဲ့၊ ကျွန်တော့်ရဲ့ ဝမ်းကွဲက မျိုးရိုးမြင့်ကဆိုတော့ တွေ့လို့တော့ရလောက်တယ်.. နောက်ပြီး အစ်ကိုရှဲ့ အိမ်ရှေ့စံမင်းသားအကြောင်း ခဏခဏ ပြောနေတာကြားနေရတာဆိုတော့.. ပိုပြီးလွယ်မှာပါ” ယွီရှန်းက တခစ်ခစ် ရယ်လိုက်ရင်း
“ကျွန်တော့် ဝမ်းကွဲနာမည်က ကျို့ဝေ့ကျုံး၊ အိမ်ရှေ့စံမင်းသားရဲ့ အစောင့်တွေထဲက တစ်ယောက်ဖြစ်လောက်တယ်, သူ့ကိုရှာပြီးတော့…”
•••••