← Chapters

ဝမ်းနည်းစရာဘဝကြီး

Vol. 38 Ch. 731

ဝမ်းနည်းစရာဘဝကြီး

Vol. 38 Ch. 731

ယွီရှန်းရဲ့စကားဆုံးသည်နှင့် အခုလေးတင် စာကို လက်ခံရလိုက်တဲ့ ရှဲ့ဖင်းကန်းမှာ မှင်တက်သွားရသည်။

“ ဘယ်သူ?ကျို့ဝေ့ကျုံး?” ရှဲ့ဖင်းကန်းတစ်ယောက် မျက်မှောင်ကြုတ်နေသည်မှာ တစ်ယောက်ယောက်ကို ဝါးစားပစ်တော့မည့်အလား။ ရှဲ့ချောင် ခြေတစ်လှမ်းနောက်ဆုတ်သွားခဲ့၏။

ယွီရှန်းကတော့ လန့်သွားတော့မျိုးမဖြစ်ဘဲ ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ ကျို့ဝေ့ကျုံးက ကျွန်တော့်ဝမ်းကွဲပဲ။ တစ်ခုရှိတာက.. ကျွန်တော်တို့ မတွေ့ဖြစ်တာ နှစ်တော်တော်ကြာနေပြီ။ အရင်တုန်းက သူ့ရဲ့အခြေအနေကို စာထဲကနေတစ်ဆင့်ပဲ သိခဲ့ရတာ၊ ဒါပေမဲ့ အဲ့စာကလည်း လွန်ခဲ့တဲ့တစ်

နှစ်လောက်က ရေးခဲ့တဲ့ဟာ၊ အခုထိ အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်ဖြစ်နေသေးလားဆို‌တာတော့မသေချာဘူး”

အတည်ပြုလို့ရသွားသည်နှင့် ရှဲ့ဖင်းကန်း အလွန်ပျော်သွားတော့သည်။

“ငါတို့နှစ်ယောက်က ဒီလိုမျိုး ရေစက်ပါလာလိမ့်မယ် မထင်ထားဘူး” ရှဲ့ဖင်းကန်း ပျော်ရွှင်စွာ ရယ်လိုက်ရင်း “ငါ ကျို့ဝေ့ကျုံးကို သိရုံတင်မဟုတ်ဘူး။ မင်းသိလား ငါ့တာဝန်အရ အိမ်ရှေ့စံမင်းသားရဲ့နောက်ကိုလိုက်ရတာလေ၊ ကျို့ဝေ့ကျုံးက အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်ခေါင်းဆောင်ပဲ။ ငါသူနဲ့ မကြာမကြာ လျှောက်သွားတတ်တယ်။ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းလိုက်တာများ ဘောင်းဘီတစ်ထည်တည်းတောင် လဲဝတ်လို့ရတဲ့အထိပဲ။ မင်းက သူ့

ရဲ့ ဝမ်းကွဲဆိုမှတော့ ငါ့ရဲ့ ဝမ်းကွဲပဲပေါ့!”

ရှဲ့ဖင်းကန်း တကယ်ကို ပျော်နေသည်။

သူ ဒီအရပ်ပုပုကောင်လေးကို အနိုင်မတိုက်နိုင်လို့ နည်းနည်းမကျေမနပ်ဖြစ်‌မိပေမဲ့ အချိန်တော်တော်များများ အတူတူကုန်ဆုံးပြီးခဲ့တဲ့‌နောက် သူ့ရဲ့ အကျင့်စရိုက်ဟာ အတော်လေး ကောင်းတယ်ဟု တွေးမိသည်။

ကျို့ဝေ့ကျုံးထက်တောင်ပိုပြီး အေးအေးလူလူဖြစ်သေးတယ်!!

ဒါ့အပြင် သူယွီရှန်းကို လုံးဝ မနိုင်တာမျိုးမဟုတ်။

လှုပ်ရှားမှုတွေအရဆိုလျှင် ယွီရှန်းက အနည်းငယ်ကပိုပြီး အားကောင်းသည်။ ဒါတင်မက ယွီရှန်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က အပ်စိုက်ရာအမှတ်တွေနဲ့ အဆစ်နေရာတွေကို သိတဲ့အတွက် သူ လူတစ်ယောက်ကို ရိုက်သည့်အခါ အားတစ်ဝက်လောက်စိုက်ရုံနဲ့ ရလဒ်က နှစ်ဆဖြစ်နေခြင်းပင်။

သို့သော် သူက တကယ့်တိုက်ပွဲအစစ်မျိုး အတွေ့အကြုံတော့မရှိသဖြင့် လူတစ်ယောက်နဲ့တိုက်တဲ့အခါ သူ့ရဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းက အားမကောင်းလှ။ သူမက ဓားတိုများနဲ့ ပိုကျွမ်းကျင်ပြီး လှံရေးက အဆိုးကြီးမဟုတ်ဘူးဆိုပေမဲ့ သူနဲ့ ယှဉ်လို့တော့မရနိုင်ပေ!

ယွီရှန်းက ကောင်းကင်ကနေ ပြုတ်ကျလားတာလားတောင် သူထင်မိခဲ့ပေမဲ့ သူတို့ ဒီလိုမျိုး ဆက်စပ်နေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

ယွီရှန်းသည်လည်း အံ့ဩသွားရကာ “ အစ်ကိုရှဲ့ ကျွန်တော်ဝမ်းကွဲ အခု ဘယ်လိုနေလဲ, သူ့မိသားစုကရော”

“သူ အဆင်ပြေတယ်၊ မင်း ဘာမှစိတ်ပူနေစရာ မလိုဘူး။ မနက်ဖြန်ကျရင်ငါစာပို့ပေးမယ်, ဘာကိစ္စမှမရှိဘူးဆိုရင် သူမင်းကိုတွေ့လို့ရအောင် ခေါ်လာလိုက်မယ်၊ မင်တို့နှစ်ယောက်တွေ့ပြီး စကားလေးဘာလေး ပြောလို့ရတာပေါ့”

ယွီရှန်း စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်၏။

တကယ်တော့ သူမက ယောကျာ်းလေးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး တခြားလူတွေကို လှည့်စားနေတာကို သူမဝမ်းကွဲအား မသိစေချင်။ သို့သော်လည်း ရှဲ့မိသားစုက သူမအား အလွန်

တွေးပေးသည့်အတွက် ဝမ်းကွဲအား ရှာမတွေ့သေးချင်ယောင်ဆောင်ဖို့ကလည်း မသင့်တော်ပေ။

ထိုနှစ်ယောက် ပျော်နေကြတာကို မြင်ပြီး ရှဲ့ချောင် ကူကယ်ရာ မဲ့သွားရသည်။

သူမအစ်ကိုကြီးရဲ့ လက်တို့က အထိန်းအကွပ်မရှိ။ သူ့ရဲ့ ရင်းနှီးမှုကို ပြဖို့အတွက် ယွီရှန်းရဲ့ ပုခုံးကို တစ်ချိန်လုံး ပုပ်နေတတ်သည်။

ပြီးတော့ ဒီယွီရှန်းကလည်း မိုက်မဲလှ၏။

သူက အသေးအဖွဲ့ကိစ္စလေးတွေကို ဂရုမစိုက်တတ်။ တစ်ခါတစ်လေ စိတ်လှုပ်ရှားနေသည့်အခါမျိုး၌ ဣန္ဒြေသိက္ခာတွေ ထိန်းမနေဘဲ မျက်နှာ

ပြောင်ပြောင်နှင့် ပြောချတတ်သည်။ ရှဲ့ချောင်သာ သူမရဲ့ အရိုးဖွဲ့စည်းပုံကိုသာ မလေ့လာထားလျှင် ယွီရှန်းရဲ့ စိတ်သဘောထားမျိုးနဲ့ဆို မိန်းကလေးတစ်ယောက်ဖြစ်နေမယ်လို့ ထင်မိမည်မဟုတ်ပေ။

ရှဲ့ဖင်းဟွိုက်ခမျာ ပိုလို့တောင် ခံစားရခက်နေ၏။

ဒါက သူ့ဆရာလေ…

ဆရာက သူ့အစ်ကိုကြီးနဲ့ ဒီလောက်တောင် ဆက်ဆံရေးကောင်းနေတာ၊ နောက််ပိုင်း သူ သူ့အစ်ကိုကြီးနဲ့တိုက်ရင် သူ့ကို ကူရော‌ကူညီပါ့မလား?!

“အစ်မ၊ ကျွန်တော့ဘဝကြီးက ဘာလို့ ဒီလောက်တောင် ဝမ်းနည်းစရာကောင်းရတာလဲ!”

ရှဲ့ဖင်းဟွိုက် ရုတ်တရက် သက်ပြင်းချလေသည်။

ရှဲ့ချောင် ပဟေဠိဖြစ်သွားရသည်။ “ဘာလို့လဲ၊ မကောင်းလို့လား”

“ဒီဆရာက အစ်ကိုကြီးနဲ့ ရင်းနှီးနေတယ်လေ၊ ဟို-ဟိုဆရာရှောင်းကလည်း ဒီတလော စိတ်မှန်တာမဟုတ်ဘူး။ ကျွန်တော့်ကို တစ်နေ့လုံး အနိုင်ကျင့်နေတာ!”

ဒီရက်ပိုင်း သူခဏခဏ အရိုက်ခံနေရသည်။

“သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ, မင်းရဲ့ ဆရာရှောင်း

က ဒီနောက်ပိုင်း စိတ်လှုပ်ရှားနေတာဆိုတော့ စိတ်အခြေ‌အနေ အတက်အကျဖြစ်နေတာက ပုံမှန်ပါပဲ” ရှဲ့ချောင် စိတ်ထဲမလုံမလဲဖြစ်စွာနှင့် ပြုံးလိုက်သည်။

“ဆရာက ကျွန်တော့်ကို အိမ်မှာ လက်ရေးလှနဲ့ ပန်းချီတွေရှိသေးလားပဲမေးနေတာ။ မရှိဘူးပြောပြန်ရင်လည်း အဖေ လူရိုင်းတွေဆီကနေ ခိုးလာတဲ့ ဆိတ်သားရေအဝတ်တို့ ဘာတို့ အဲ့လိုမျိုး ဟာတွေရှိလားမေးပြန်ရော.. အစ်မ, ဆရာရှောင်းရဲ့ ခေါင်းကို မြည်းတစ်‌ကောင်ကန်တာခံလိုက်ရတယ် မထင်ဘူးလား။ ဘာလို့ ဒီလောက်တောင် လူကို အနိုင်ကျင့်တာ တော်နေရတာလဲလို့” ရှဲ့ဖင်းဟွိုက်ခမျာ ဆိုးဆိုးရွားရွားကို ကူကယ်ရာမဲ့နေရရှာသည်။

••••

All Chapters