လက်ဆောင် လက်ခံခြင်း
Vol. 38 Ch. 732
ရှောင်းယွိရုန်ရဲ့ အပြုအမူများကို ရှဲ့ချောင် နားလည်ပေးနိုင်သည်။
သူမတို့မိသားစုက ဘယ်ဟာကသူမတို့အတွက် ကောင်းလဲဆိုတာကို မသိဘဲ ဟန်ချက်ညီစေဖို့အတွက်နဲ့ တခြားသော အဖိုးတန်ရတနာတွေကို အမှိုက်တစ်ခုပမာ သုံးပစ်လိုက်မှာကို သူက စိုးရိမ်နေခြင်းသာ။
“ဆရာရှောင်းက မင်းကို အစကတည်းက ပြောထားပြီးသားလေ၊ ငါတို့အဖေကသာ အသိပညာရှိပြီး သူမင်းကိုသင်ပေးရမယ်ဆိုရင်
ပေတံကိုပဲ သုံးပြီးသင်ပေးနေရမှာမဟုတ်ဘူးလို့လေ”
ရှဲ့ချောင် သူမရဲ့ ဉာဏ်နည်းလှတဲ့မောင်ကိုကြည့်ကာ ကရုဏာစိတ်လုံးဝမဖြစ်ခဲ့။
ဘယ်သူက သူ့ကို ဆိုးတဲ့ကလေးတစ်ယောက်ဖြစ်ခိုင်းလို့လဲ?
ရှောင်းယွိရုန်ဆိုတာ စံထားလောက်ရသည့် လူကြီးလူကောင်းတစ်ယောက်။ သူဟာ ကဗျာများ စာပေများကိုလေ့လာသူဖြစ်ပြီး အတော်လေး စိတ်ရှည်သည်းခံတတ်သည်။ သို့သော် ရှဲ့ဖင်းဟွိုက်နဲ့ ပတ်သက်လာလျှင်တော့ အင်မတန်ဇီဇာကြောင်နေရခြင်းမှာ…
သူမရဲ့မောင်က ခေါင်းမာတဲ့သူဖြစ်နေကြောင့်ဖြစ်သည်။
သူဟာ အခု ရှောင်းယွိရုန်နှင့် အတူရှိလျှင် စာအုပ်တွေအများကြီးကိုဖတ်ဖို့ ဖိအားပေးခံရသည်။ ဒါပေမဲ့ ဒီစာအုပ်တွေထဲက သူ တကယ်မှတ်မိတာ ဘယ်လောက်ပဲရှိလဲ?
“အစ်မ၊ ကျွန်တော် တကယ်နားမလည်နိုင်ဘူး။ ဘာလို့ စာဖတ်နေရတာလဲ။ ကျွန်တော်တို့လိုတာ လက်သီးပဲလေ! နောက်ပြီး အစ်မလည်း နောင်ကျရင် ကြင်ရာတော်မင်းသမီးဖြစ်လာဦးမယ့်ဟာ။ မင်းကြီး နတ်ရွာစံပြီး ကျွန်တော့် ယောက်ဖနန်းတက်ရင် အစ်မက မိဖုရားခေါင်ကြီးဖြစ်လာာမှလေ! အစ်မသာ ကျွန်တော့်ကိုကာကွယ်ပေးနေရင် ကျွန်တော့်ကို ဘယ်သူက ရန်စရဲမှာလဲ!ဟုတ်တယ်မလား!”
ရှဲ့ဖင်းဟွိုက်ရဲ့ မျက်နှာထက်၌ ရည်မှန်းချက်အပြည့်ဖြင့်။
ထိုစကားကြောင့် ရှဲ့ချောင် တခစ်ခစ်ရယ်
လိုက်ကာ
“ငါက မင်းကို ကာကွယ်ပေးထားရင်၊ မင်းက ဘာလုပ်မလို့လဲ”
“ဟီးဟီး” ရှဲ့ဖင်းဟွိုက်က ဘဝခိုက်နေသည့် ပုံစံဖြင့် ပြုံးကာ “ အဲအချိန်ကျရင် ကျွန်တော့်ရဲ့ မုန့်ဖိုးလည်း နည်းနည်းလောက်တော့ တိုးလာမယ်မလား။ မတိုးလာလည်း ကိစ္စမရှိဘူး။ ကျွန်တော်က အိမ်ရှေ့စံမင်းသားရဲ့ ယောက်ဖလေ၊ အဲ့တော့ ကျွန်တော့်ကို ပိုက်ဆံပေးချင်နေတဲ့သူတွေ အများကြီးရှိမှာပဲ..”
ရှဲ့ချောင် မှင်တက်သွားသည်။ “လူအများကြီး? တစ်ယောက်ယောက်က မင်းကို လက်ဆောင်ပေးနေပြီလား”
“ ဘယ်လိုလုပ်ပြီး လက်ဆောင်လို့ သတ်မှတ်လို့ရ
မှာလဲ…”ရှဲ့ဖင်းဟွိုက်၏ နှုတ်ခမ်းတို့ ကွေးညွှတ်သွားခဲ့ပြီးမှ ရုတ်တရက် စကားပြောတာရပ်သွားသည်။
ရုတ်ချည်းဆိုသလို ရှဲ့ချောင် သူ့ရဲ့ ခြေသလုံးကို ကန်ပစ်လေသည်။
ဒုတ်ခနဲမြည်သံနဲ့အတူ, သူ ဒူးထောက်ကျသွားခဲ့၏။
ရှဲ့ဖင်းဟွိုက်သည် သူ့ရဲ့ ကန်ချက်နည်းပညာကို လေ့ကျင့်နေသည့်တိုင် ယခုအချိန်၌ သူ အာရုံမစိုက်ထားမိခဲ့တဲ့အပြင် ရှဲ့ချောင်ကန်လာလိမ့်မည်ဟု မထင်ထားကြောင့် ပြန်တုံ့ပြန်လိုက်ချိန်မရဘဲ သူ့ဒူးခေါင်းတို့ ယိုင်နဲ့သွားခဲ့ရတာပင်။
“အစ်မ၊ ဘာလုပ်တာလဲ” ရှဲ့ဖင်းဟွိုက်ရဲ့ မျက်နှာ
မှာ နာကြည်းနေသည့် ပုံဖြင့်။
ရှဲ့ဖင်းကန်းနှင့် ယွီရှန်းတို့သည်လည်း ရပ်ကြည့်နေကြ၏။
“ငါ့ကိုပြောစမ်း၊ မင်း တခြားသူတွေဆီကနေ ဘာတွေယူခဲ့တာလဲ” ရှဲ့ချောင်က ဖြည်းဖြည်းချင်းစီပြောလိုက်ပေမဲ့ သူမရဲ့စကားလုံးတစ်လုံးချင်းစီတိုင်းက သူ့ရဲ့ ကျောရိုးတစ်လျှေက် ကြက်သီးထသွားစေခဲ့သည်။
“ဘာမှ မယူဘူး..” ရှဲ့ဖင်းဟွိုက်တစ်ယောက် ခေါင်းငုံ့ထားလျက်။
“မင်းနဲ့ငါက အမေတစ်ယောက်ထဲကနေ မွေးလာတာမဟုတ်သလို ငယ်ငယ်ကတည်းက အတူတူနေခဲ့တာလည်း မဟုတ်ဘူး။ ငါ မင်းကို
ကောင်းကောင်းဆက်ဆံပေးလို့ရတယ်,မင်းရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ထောင်ထဲမှာပဲ အရိုးဆွေးသွားရအောင် လုပ်ပစ်လိုက်လို့လည်း ရတယ်။ တခြားသူတွေ ငါ့ရဲ့ အရှက်နဲ့ဂုဏ်သိက္ခာကို နင်းချေမှာမျိုး ခွင့်မပြုပေးနိုင်ဘူး။ မောင်လေး, မင်းငါ့ကို အမှန်အတိုင်းမပြောဘူးဆိုရင် မြေကြီးမှာကျင်းတူးပြီး မင်းကို မြှုပ်ပစ်ရလိမ့်မယ်နော်, တစ်ခါတည်းနဲ့ အဆုံးသတ်ပစ်လိုက်မယ်” ရှဲ့ချောင် အေးတိအေးစက် ပြောလိုက်လေသည်။ ရှဲ့ဖင်းဟွိုက်ကို ကြည့်နေတဲ့ သူမရဲ့အကြည့်တို့က အေးစက်ကာ ခပ်တန်းတန်းဖြစ်နေခဲ့သည်။
ရှဲ့ဖင်းကန်းသည်လည်း မျက်မှောင်ကြုတ်လျက် “မင်း ဘာလုပ်ခဲ့တာလဲ!”
ရှဲ့ဖင်းဟွိုက်သည် ဒူးထောက်နေရင်းနှင့် ခြေနှစ်လမ်း နောက်ဆုတ်သွားခဲ့ကာ “ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ဘူး! လူတစ်ယောက်က ကျွန်တော်
နဲ့ မိတ်ဆွေဖြစ်ချင်ပြီး ကျွန်တော့်ကိုသူရဲ့ ခေါင်းဆောင်အနေနဲ့ အသိအမှတ်ပြုချင်နေတာ။ သူက ကျွန်တော့်ကို ငွေစတချို့ပေးတာနဲ့ ကျွန်တော်လည်း ပုရစ်နည်းနည်းလောက် ဝယ်လိုက်တာ.. ဒါပေမဲ့ ကစားဖို့အချိန်တောင်မရှိဘူး။ ကျွန်တော့်မှာ စာလုပ်ရတာရယ်, ကိုယ်ခံပညာ လေ့ကျင့်နေရတာရယ်နဲ့။ ဘယ်က အချိန်ရှာပြီး…"
ထိုစကားကိုကြားသည်နှင့် ရှဲ့ဖင်းကန်းသည် ရှဲ့ဖင်းဟွိုက်ရဲ့ ရင်ဘတ်အား ဆောင့်ကန်ပစ်လိုက်လေသည်။
ဒါက ပထမဆုံးအကြိမ် အရိုက်ခံရတာမဟုတ်တာကြောင့် သူ အသားကျနေလေပြီ။
“မင်း-မင်းက လာဘ်ထိုးတဲ့ငွေကို လက်ခံဖို့ သင်ထားတယ်ပေါ့? မင်း ဘယ်လက်နဲ့ အဲ့ဟာတွေကို ယူခဲ့တာလဲ?! ငါ့ကို ပြစမ်း, ဖြတ်ပစ်မယ်!!”
ရှဲ့ဖင်းကန်း အလွန်ဒေါသထွက်နေ၏။
ရှဲ့ချောင်က သူမရဲ့လေသံကို ပြောင်း၍ “ပုရစ်တွေ ဝယ်လိုက်တာ? ဘာလို့ ငါ မမြင်မိတာလဲ။ မင်းရဲ့ လှုပ်ရှားမှုတိုင်းက ကျောင်းမှာဆိုရင် ဆရာရှောင်း ၊အိမ်မှာဆိုရင်လည်း ဆရာယွီ မျက်စိအောက်မှာပဲရှိနေတာ။.. ပုရစ်တွေကို ဘယ်နားမှာ ဖွက်ထားတာလဲ”
ရှဲ့ဖင်းကန်းလည်း ပြန်တုံ့ပြန်လာသည်။
ရှဲ့ဖင်းဟွိုက်ရဲ့ ပါးစပ်ထောင့်တို့ ခြောက်နေလေပြီ!
သူသာ အစောကတည်းက သိခဲ့ရင် ဘာတစ်ခုမှ မပြောခဲ့ဘူး!
သူ အိမ်ပိုင်ဆိုင်မှုစာချုပ်အား သနားစရာကောင်းစွာနှင့် ထုတ်လိုက်ကာ “ဒါ-ဒါ လက်ဆောင်ပါ၊ ဒါပေမဲ့ ကျွန်တော်ရောက်တောင်မရောက်ဖူးသေးဘူး… ကျွန်တော့်မှာ တကယ် အချိန်မရှိတာနဲ့..”
•••••