ဒေါသအထွက်လွန်ပြီးသေခြင်း
Vol. 38 Ch. 733
အိမ်စာချုပ်အား ရှဲ့ဖင်းကန်း မြင်လိုက်ရသည့်အခါ သူတကယ်ကို အံ့ဩလွန်း၍ ပြောစရာစကားပျောက်ဆုံးသွားရသည်။
သူ ယူပြီးကြည့်ကြည့်လိုက်ချိန် ပိုလို့တောင် ထိတ်လန့်သွားရ၏။ တကယ်က်ု မြို့တော်ထဲက ခြံဝန်းအကျယ်ကြီးတစ်ခု ဖြစ်နေခဲ့သည်!
မြေက အင်မတန်ကိုမှ တန်ဖိုးရှိသည်။ ခြံဝန်းသည် အနည်းဆုံး ငွေစတစ်သောင်းလောက်နီးနီးကိုတန်လေသည်!
မောင်နှမနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
သူတို့ရဲ့ မျက်လုံးများထဲ၌ ကူကယ်ရာမဲ့နေသလို ဒေါသဟာလည်း တဖြည်းဖြည်းနှင့် တက်လာလေသည်။
“မောင်လေး,ဆိုတော့ မင်းက ပိုက်ဆံရှာနေတာပေါ့။ ဘယ်သူက မင်းကို ဒီခြံအကျယ်ကြီးကိုပေးခဲ့တာလဲ။ ဘာနဲ့ အလဲအလှယ်လုပ်ခဲ့တာလဲ။ ဘယ်သူကမှ အကြောင်းအရင်းမရှိဘဲနဲ့ င့ါတို့မိသားစုကို ဒီလိုပစ္စည်းမျိုး ပေးမှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား” ရှဲ့ချောင် ရှဲ့ဖင်းဟွိုက်အား ပြုံးပြုံးလေးနှင့်မေးလိုက်၏။
သူမရဲ့ အပြုံးက နွေးဦးလေပြေအလား နွေးထွေးနေကာ ရှဲ့ဖင်းဟွိုက်အား အနည်းငယ် သက်တောင့်သက်သာဖြစ်သွားစေခဲ့၏။
“ကျောင်းက ကျောင်းသားတစ်ယောက်ပေးခဲ့
တာ။ သူတို့မိသားစုက လက်ဖက်ခြောက်လုပ်ငန်း လုပ်တဲ့ပုံပဲ၊ သူ ဘာမှတောင်းဆိုခဲ့တာမျိုး မရှိဘူး။ဒီအတိုင်း မိတ်ဆွေဖြစ်ချင်တယ်လို့ပဲ ပြောခဲ့တာ.. နောက်ပြီး သူတို့်မိသားစုမှာ ငွေအများကြီးရှိတဲ့ဟာ, ဒီလောက်ငွေနည်းနည်းလေးကို ဂရုစိုက်နေမှာမဟုတ်ဘူး”
ငွေနည်းနည်းလေး?
ရှဲ့ချောင် ရုတ်တရက် ဒီမိုက်မဲလှတဲ့မောင်ရဲ့ ခေါင်းကိုဖွင့်ပြီး မြက်ခြောက်များနဲ့ ပြည့်နေသလားလို့သာ ကြည့်လိုက်ချင်တော့သည်။
“မင်းပြောတာ မှန်တယ်, ဒါ ငွေနည်းနည်းလေးပဲ..” ရှဲ့ချောင် ခပ်ဖွဖွပြုံးလျက် “ ဒါပေမဲ့ အပြန်အလှန်မျိုးမရှိရင်က မယဉ်ကျေးရာကျလိမ့်မယ်၊ မင်းက သူ့ဆီကနေ တစ်ခုယူထားမှတော့ မင်းလည်း သူ့ကို ပြန်ပေးသင့်တာလေ,ဟုတ်တယ်
မလား”
“ဒါပေါ့ ကျွန်တော်ပြန်ပေးမှာ ချီကျန်းရဲ့ ညီမလေးက ကြည့်ကောင်းပြီးတော့ ကျွန်တော့အပေါ်လည်း သစ္စာရှိတယ်။ ကျွန်တော် ပြောတောင် ပြောထားပြီးပြီ၊ နောက်တစ်ချိန် သူ့ကို လက်ထပ်မယ်လို့” ရှဲ့ဖင်းဟွိုက်သည် တကယ်ကို ပြုံးရင်းနဲ့ ပြောနေခဲ့၏။
ထိုအပြုံးဟာ နွေဦးလေပြည်တစ်ခုပမာ၊
သူ အဲဒီသခင်မလေးနဲ့ အဆက်အသွယ်မရှိဖူးဘူးဆိုတာ ရှဲ့ချောင် မယုံနိုင်!
ကံကောင်းစွာဖြင့်ရှဲ့ဖင်းဟွိုက်ဟာ တုံး,အ,ပြီး ကျီးစယ်တတ်တဲ့သူတစ်ယောက်ဆိုတာ သူမ သိသည်။ ဒါကြောင့် သူမ အခုချိန်မှာ ဒေါသထွက်မိပေမဲ့ သည်းခံနိုင်နေဆဲပင်။
ရှဲ့ဖင်းဟွိုက်သည် အသက်၁၃နှစ်ရှိပြီဖြစ်သလို ချမ်းသာတဲ့မိသားစုကလည်း ဖြစ်သည်။ သခင်မလေးဟာလည်း အသက် ၁၃ ၁၄ လောက်သာ ရှိသေးပြီး အစေခံများအား သူ့မိသားစုအကြောင်းကို လေ့လာခိုင်းထားခဲ့သည်။
သို့သော် သိက္ခာရှိတဲ့ မိသားစုတစ်စု၌ ဒီလိုအခြေနေမျိုးက ရှားပေသည်။
မိဘများသည် သူတို့သားသမီးများ၏ ကျန်းမာရေးအခြေနေကိုသာ ပိုပြီး အာရုံစိုက်တတ်ကြ၏။ အစောကြီးလက်ထပ်တာက မကောင်းပေ။ ဒါ့အပြင် တစ်ဖက်လူကသာ လူတစ်ကာနှင့် ပတ်အိပ်နေတတ်သည့်သူဆိုပါက အဆင့်အတန်းချင်းတူသည့်မိသားစုက သခင်မလေးတစ်ယောက်ကို လက်ထပ်တာက ဆိုးရွားပေလိမ့်မည်။
ရှဲ့ချောင် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်၍ ထိုင်ချလိုက်သည်။
ယွီရှန်းသည် ရှဲ့သခင်မလေးအား စိုးရိမ်တကြီးကြည့်ရင်း “ရှဲ့သခင်မလေး အဆင်ပြေရဲ့လား”
“ကျွန်မ ဒီအရူးကြောင့် ဒေါသထွက်သွား..” ရှဲ့ချောင် စကားတစ်ဝက်၌ ခဏတွေးကာ ရှဲ့ဖင်းဟွိုက်အား “မင်း သူမနဲ့ မသင့်တော်တာမျိုးလုပ်ခဲ့သေးလား”
“မလုပ်ဘူး!” ရှဲ့ဖင်းဟွိုက် ခေါင်းမော့လာက။ အပြစ်ရှိစိတ် လုံးဝဖြစ်မနေ။
“ ကျွန်တော် မတုံးသေးပါဘူး, ကျွန်တော်သာ အဲ့လိုလုပ်မိခဲ့လို့ကတော့ သူကိုလက်ထပ်ပြီးရင် စိတ်
အေးလက်အေးဖြစ်တော့မှာ မဟုတ်ဘူး၊ ကျွန်တော်က ငယ်သေးတယ်။ ပြည့်တန်ဆာပွဲစားကတောင် အရင်က ပြောဖူးသေးတယ်၊ ကျွန်တော်က ဖွံဖြိုးနေဆဲတဲ့။ ဒီအကြောင်းနောက်မှဆက်ဆွေးနွေးကြတာပေါ့”
ရှဲ့ချောင် အလွန်ဒေါသထွက်နေလေပြီ။
“ဒါပေမဲ့.. သူက အခုချိန်ကစပြီး ကျွန်တော့်အပိုင်ဖြစ်လာပြီလို့ သဘောတူခဲ့ပြီးသား” ရှဲ့ဖင်းဟွိုက်သည် ပြတ်သားနေဆဲဖြစ်ကာ
“ ကျွန်တော်က ကိုယ့်စကားကိုတည်တဲ့သူတစ်ယောက်”
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
“နောက်သုံးနှစ်လောက်နေရင် မင်းတစ်ယောက်ယောက်နဲ့ လက်ထက်လို့ရပြီ၊ မင်း သူ့ကို ယူလို့ရတယ်။ ဒါပေမဲ့.. မင်းက အခု လက်ဆောင်တွေ လက်ခံတတ်နေတာဆိုတော့ နောင်ကျရင် ဒီထက်ပိုပြီးလိုချင်လာမှာ စိုးတယ်။ဒီလိုဆိုမှတော့ အစ်ကိုကြီး! မင်းကြီး စီစဉ်ပေးထားတဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ကြတာပေါ့! ညီမလေးရဲ့ ဂုဏ်သိက္ခာကို အဆုံးရှုံးမခံနိုင်ဘူး, ဒါက အမိန့်ဝောာ်ကို မနာခံရုံလေးပဲမလား။ အဆိုးဆုံးမှာ တစ်မိသားစုလုံး ခေါင်းပြတ်ရုံပေါ့, မောင်လေး, မင်း နောက် ၁၈ နှစ်လောက်နေရင် လူကောင်းတစ်ယောက်ဖြစ်လာမှာပါ”
ရှဲ့ချောင် ထိုသို့ပြောပြီးသည်နှင့် သူမရင်ဘတ်ကို ဆုပ်ကိုင်လိုက်ရင်း သူမရဲ့ ခန္ဓာကိုယ်က ပျော့ခွေ့သွားကာ သတိလစ်သွားတော့သည်။
ယွီရှန်း သူမကို ဖမ်းလိုက်နေပေမဲ့ ဇဝေဇဝါဖြစ်နေ၏။
သခင်မလေးက ဘာဖြစ်သွားတာလဲ?
ခုနကလေးတင် အကောင်းကြီးရှိသေးတယ်မဟုတ်လား?
“အစ်မ!” ရှဲ့ဖင်းဟွိုက် ထိတ်လန့်သွားကာ အမြန်ပြေးသွား၏။ “အစ်မဘာဖြစ်တာလဲ?!”
ရှဲ့ဖင်းကန်း သူမရဲ့ နှာခေါင်းနား ထိကြည့်ပြီး တည်တင်းနေတဲ့ မျက်နှာဖြင့် “မင်း အစ်မရဲ့ ကျန်းမာရေးကကောင်းတာမဟုတ်ဘူး။ သူ့ရဲ့နေ့ရက်တွေက လက်ချိုးရေနေရတာ။ အဖေနဲ့ ငါတောင် သူ့စကားနားထောင်ပြီး ဒေါသထွက်အောင် မလုပ်ရဲတာ မင်းမမြင်ဘူးလား, အခုတော့…
“ငါတို့ အားထုတ်ခဲ့ရတာတွေက အလကားဖြစ်ကုန်ပြီ..မင်းရဲ့အစ်မက အသက်မျှင်းမျှင်းလေးပဲ ရှုတော့တယ်. မင်းကြောင့်နဲ့ ဒေါသအထွက်လွန်ပြီး သေတော့မယ်ထင်တယ်!”
••••