← Chapters

ရန်ဖြစ်နေတာလား, ဆက်ဖြစ်ကြ

Vol. 38 Ch. 734

ရန်ဖြစ်နေတာလား, ဆက်ဖြစ်ကြ

Vol. 38 Ch. 734

ရှဲ့ဖင်းကန်းရဲ့စကားကြောင့် ရှဲ့ဖင်းဟွိုက်ခမျာ ဆွံ့အသွားရသည်။

ရှဲ့ချောင်က.. ဒေါသအထွက်လွန်ပြီး သေတော့မှာလား?

“မဖြစ်နိုင်တာ.. အစ်ကိုကြီး လိမ်နေတာမလား။အစ်မက အခုလေးတင်ကောင်းနေတဲ့ဟာ.. ချောင်းလေးပဲ နည်းနည်းဆိုးတာလေ” ရှဲ့ဖင်းဟွိုက် တွေဝေစွာနှင့် မေးလိုက်သည်။

ထို့‌နောက် သူ ယွီရှန်းကိုကြည့်၏။

သူ့အစ်ကိုကြီးပြောတာကို မယုံကြည်ပေ။ သူ့ဆ

ရာ့ရဲ့စကားကိုသာ နားထောင်မည်‌။

ယွီရှန်းလည်း ရှဲ့ဖင်းဟွိုက်၏ အသနားခံနေသည့် အကြည့်ကြောင့် ခဏစဉ်းစားကာ ရှဲ့သခင်မလေးရဲ့ အသက်ရှူနှုန်းကို စစ်ဆေးကြည့်ကာ သူမရဲ့ မျက်နှာကို ကြည့်လိုက်သည်။

သူမလည်း နည်းနည်းတော့ ပျာယာခတ်သွားရကာ

“ငါ-ငါလည်း လူနာတစ်ယောက်ကို ဘယ်လိုကုပေးရမလဲ မသိဘူး, ရှဲ့သခင်မလေးရဲ့ အသက်ရှူနှုန်းက တကယ်ကို အားနည်းနေတာ… ပြီးတော့ သူ့မျက်နှာကလည်း ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေတယ်.. လက်တွေကလည်း အေးစက်နေတယ်.. ရှဲ့သခင်မလေး ဘာဖြစ်တာလဲ!”

ရှဲ့ဖင်းဟွိုက်သည် ထိုစကားကြောင့် သူမပေါ်ကို ခုန်အုပ်ကာ “အစ်မ, ထပါဦး အစ်မ!”

“ ဘာ ဒေါသထွက်စရာလိုလို့လဲ! အိမ်လေးတစ်အိမ်နဲ့ ပုရစ်လေးပဲ မဟုတ်လား, ကျွန်တော် သူတို့ကို ပြန်ပေးလိုက်မယ်, ကျွန်တော် တကယ်မလိုချင်တော့ဘူး!”

သူ့ကို အလကားပေးခဲ့တဲ့ လက်ဆောင်ပဲကို လက်ခံလို့မရဘူးလား?

အခုချိန်ထိ သူ ပုရစ်တွေနဲ့ကစားခဲ့ရသေးတာတောင် မဟုတ်ဘူး!

“အိမ်တော်ထိန်းကို လာခိုင်းလိုက်၊ ဈာပနအတွက် ပြင်ကြတာပေါ့” ရှဲ့ဖင်းကန်းရဲ့ မျက်နှာမှာ အေးစက်နေလျက်။ ထို့နောက် အစေခံများအား ခေါ်

ကာ ရှဲ့ချောင်အား အိမ်ထဲကို ခေါ်သွားခိုင်းခဲ့သည်။

ဈာပနဆိုပေမဲ့ ရှဲ့ချောင် အတွက်တော့မဟုတ်။

“ ဘာကိုဈာပနလဲ! အစ်ကိုကြီး! သမားတော်မြန်မြန်ပင့်လိုက်လေ၊ ကျွန်တော့အစ်မက အခုထိ အသက်ရှင်သေးတယ် မသေသေးဘူး!”

သူ့အစ်ကိုကြီးက ပြောရင်ပြောတဲ့အတိုင်း လုပ်တဲ့သူဆိုတာ ရှဲ့ဖင်းဟွိုက်သိသည်။ သူသာ ဈာပနအတွက် ပြင်ဆင်ခိုင်းလိုက်ပြီဆိုလျှင် အစ်မရဲ့အသက်ကို ဂရုစိုက်မနေဘဲ. သူမကို ခေါင်းတလားထဲ ထည့်ပစ်တော့မှာပင်!

“ဘာကိုကယ်နေစရာလိုလဲ? သူသာ အသက်ရှင်နေသေးရင်လည်း မင်းကြောင့်နဲ့ ဒေါသထွက်ပြီး သေ

မှာပဲကို၊ နောက်ပြီး သူ(မ) စေ့စပ်ပွဲကို ဖျက်ဖို့ သွားပြောရင်လည်း ငါတို့အသက်ဆုံးမှာ။ ငါတို့ ဒီညပဲ သူ့(မ)ကို သေခိုင်းလိုက်ကြတာပေါ့။သူ(မ)သေသွားရင် စေ့စပ်ပွဲကသူ့အလိုလို ပျက်သွားမှာဆိုတော့ ပြဿနာထပ်ဖြစ်လာမှာ ငါတို့ စိတ်ပူနေစရာမလိုတော့ဘူး”

မဟုတ်သေးဘူး‌လေ! ဒီလိုလုပ်လို့ မဖြစ်ဘူး!

“ရှဲ့ဖင်းကန်း! မင်း ဘာတွေပြောနေတာလဲ? သူက ငါ့အစ်မ!” ရှဲ့ဖင်းဟွိုက်က ဒေါသတထောင်းထောင်းထပြီး ခုန်ကာ ရှဲ့ဖင်းကန်းအား လက်ညွှန်းထိုးပြီး ကျိန်ဆဲလေသည်။

ရှဲ့ဖင်းကန်းက တခစ်ခစ်ရယ်ကာ ယွီရှန်းဘက်လှည့်၍ ပြုံးရွှင်စွာနှင့် “ကြည့်စမ်းပါဦး,ငါ့ကို အော်နေတဲ့ ဒီအမှိုက်ကို! ငါ့ကို နိုင်အောင်တောင် မတိုက်နိုင်မှတော့ ဘာများ အသုံးဝင်တာရှိလဲ”

“နေစမ်းပါဦး, မင်းရဲ့အစ်မက အစကတည်းက အသက်ရှည်ရှည်နေရမှာ မဟုတ်တဲ့ဟာ ဒီနေ့သေသေ, မနက်ဖြန်မှသေသေ ဘာများကွာသွားမှာမလို့လဲ”

ရှဲ့ဖင်းကန်းက တည်ငြိမ်စွာနှင့် ဆက်၍ “ကောင်းပြီလေ, မင်းလည်း အသင့်ပြင်သင့်ပြီ။ ခဏနေရင် မင်းရဲ့ စိတ်ရင်းကို ပြဖို့ မင်းအစ်မရဲ့ ခေါင်းတလားရှေ့မှာ ပိုပြီးငိုပြပေါ့”

ယွီရှန်း မျက်မှောင်ကြုတ်သွားသည်။

စဉ်းစားကြည့်လိုက်တဲ့အခါ ရှဲ့ဖင်းကန်းက သူ့ရဲ့ညီကို သင်ခန်းစာပေးနေတာ ဖြစ်လောက်သည်။

သို့သော် ဒီနည်းလမ်းက.. နည်းနည်း ထူးဆန်းနေကာ တစ်ခါမှ ဒီလိုနည်းလမ်းမျိုးကို မမြင်ဖူးခဲ့ချေ။

ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က သူရဲ့ညီကို သင်ခန်းစာပေးနေတဲ့အချိန်မှာ သူမအနေနဲ့ ဝင်ပြီးစွက်ဖက်ဖို့က မသင့်တော်တာကြောင့် ဘေးကနေသာ ခေါင်းတညိတ်ညိတ် လုပ်နေခဲ့၏။

သူမ ရှဲ့သခင်မလေးအတွက်တော့ စိုးရိမ်မိနေဆဲ။

ဒီသခင်မလေးရဲ့ ခန္ဓာကိုယ်က တကယ်အားနည်းတဲ့ပုံပဲ။ သူတို့တကယ်ကြီး သမားတော် မခေါ်ပေးကြတော့ဘူးလား?

ရှဲ့ဖင်းကန်း၏ ရန်စမှုကြောင့် ရှဲ့ဖင်းဟွိုက်သည် ဘေးနားတွင်ရှိနေသည့် ဓားတစ်လက်ကိုကောက်ကိုင်ကာ သူ့အား ခုတ်ယမ်းတော့သည်။

ရှဲ့ဖင်းကန်းသည်လည်း သူ့ကို လွယ်လွယ် အလျှော့မပေးခဲ့။

သိပ်မကြာလိုက် ညီအစ်ကိုနှစ်ယောက် စပြီးတိုက်ကြတော့သည်။

သူတို့နှစ်ယောက် တိုက်နေကြသည်ဆိုတာထက် ရှဲ့ဖင်းကန်းက ရှဲ့ဖင်းဟွိုက်ကို သိသိသာသာ နှိပ်စက်နေသည်လို့ပြောတာပိုပြီး မှန်ပေလိမ့်မည်။

သူ့ရဲ့ တိုက်ချက်တွေက ရက်စက်နေတာမျိုးမဟုတ်ပေမဲ့ ဓားခုတ်ရာတိုင်းက ရှဲ့ဖင်းဟွိုက်ရဲ့ အရေပြားပေါ် ကျရောက်သွားသည်။ သူရဲ့အရေပြား စုတ်နေပြီးဖြစ်ကာ အသားစတချို့တောင် ပြတ်နေလေပြီ။ မကြာလိုက်တဲ့ အချိန်အတွင်း၌ ရှဲ့ဖင်းဟွိုက်ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာ

များဖြင့် ပြည့်သွားခဲ့သည်။ ထိတ်လန့်စရာ မြင်ကွင်းပင်!

ရှဲ့နျိုရှန်း အိမ်ပြန်ရောက်လာချိန် သူလည်း ထိုမြင်ကွင်းအား မြင်လိုက်ရသည်။

သူက မျက်ခုံးပင့်လျက် “ဪ မင်းတို့တွေ ရန်ဖြစ်နေကြတာလား? ဆက်ဖြစ်ကြလေ၊ ငါ သွား‌နားလိုက်ဦးမယ်”

သူတို့ကို တားခြင်းမရှိဘဲ မျက်စိတစ်မှိတ်အတွင်းတွင် ထွက်သွားခဲ့လေသည်။

ယွီရှန်းသည် အစက သူတို့နှစ်ယောက် အပျော်သဘောအနေနဲ့သာ တိုက်နေခဲ့တာဟု ထင်ခဲ့၏။

သို့သော် အခုထိဆက် တိုက်နေကြဆဲဖြစ်ကာ သွေးထွက်သံယိုပင် ဖြစ်နေလေပြီ။

ဒါပေမဲ့ ရှဲ့ဖင်းကန်း သူ့ညီကို သတ်လိုစိတ် လုံးဝ မရှိတာကိုလည်း သူမ မြင်နေရသည်။ မဟုတ်လျှင် အစောကြီးကတည်းက သူ့ညီ အသက်ပျောက်နေလောက်သွားပြီဖြစ်သည်။

••••

All Chapters