အံ့ဩစရာ
Vol. 38 Ch. 735
ယွီရှန်းသည် ရှဲ့ဖင်းကန်းတစ်ယောက် မတော်တဆ သူ့ရဲ့တိုက်ချက်တွေက လက်လွန်သွားမှာကို စိုးရိမ်နေခဲ့သည်။ အဲ့ဒီလိုဆိုရင် အားလုံး အလွဲလွဲအချော်ချော် ဖြစ်ကုန်လိမ့်မည်ပေ…
သို့သော် ရှဲ့ဖင်းကန်းသည် သူ့ညီအား သင်ခန်းစာပေးတဲ့နေရာမှာ အတွေ့အကြုံရှိတဲ့သူတစ်ယောက်ပင်။
သိပ်မကြာလိုက် ရှဲ့ဖင်းဟွိုက် သူ့လက်ထဲကဓားနှင့် ခုခံနေတာ ရပ်သွားခဲ့၏။ သူရဲ့ မျက်နှာက တင်းမာနေကာ အဝတ်တို့ဟာလည်း စုတ်ပြဲနေလျက်။ သူဟာ သွေးလူသားတစ်ယောက်လို ဓားကိုကိုင်ပြီး ရပ်နေလေသည်။
“ ရှဲ့ဖင်းကန်း! မကောင်းတဲ့ကောင်!”
ကျိန်ဆဲပြီးသည်နှင့် ဗုတ်ခနဲ လဲကျသွားတော့သည်။
ရှဲ့ဖင်းကန်းက ခနဲ့တဲ့တဲ့နှင့် “ခေါင်းတလားကို မြန်မြန်လေး ဒီအရူးကောင်ရဲ့ အခန်းထဲကို ထည့်ခိုင်းလိုက်။ ငါ့အတွက်တော့ အဖြူရောင်အင်္ကျီနဲ့ အဖြူရောင်မီးအိမ်ကို ပြင်ထားကြ။ အစေခံတွေကိုလည်း ခေါ်လိုက်ဦး။သူတို့ ဆန္ဒရှိတယ်ဆိုရင် ခြံဝန်းထဲမှာ နှစ်ညလောက် ငိုလို့ရတယ်။ ဒီလအတွက် လစာကိုလည်း နှစ်ဆတိုးပေးမယ်!”
အိမ်တော်ထိန်းသည် သူပြောသည့်အတိုင်းလုပ်ကာ စီစဉ်ခိုင်းလိုက်သည်။
“အစ်ကိုရှဲ့, ဘာလုပ်ချင်…”
ဘာလုပ်ချင်နေတာလဲဟ?
“ဒီကလေးကအမြဲတမ်း အမှတ်မရှိဘူး၊ ငါတို့ သူ့ကို သေချာ မခြောက်ဘူးဆိုရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ခေါင်းတလားကို ယူလာပြီးရင် သူ့ကိုအတင်းထည့်မယ်၊ သံနဲ့မရိုက်ဘူးဆိုရင် ကိစ္စမရှိဘူး, သူ သေမှာမဟုတ်ဘူး” ရှဲ့ဖင်းကန်းက တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်၏။
“ရှဲ့သခင်မလေးကရော… “ ယွီရှန်း အမြန်မေးလိုက်ပြန်သည်။
ရှဲ့ဖင်းဟွိုက်သည် သင်ခန်းစာပေးခံရသင့်သည်ဟု သူမလည်း တွေးမိသည်။
အစ်ကိုရှဲ့သာ သူဘာလုပ်နေလည်း ဆိုတာသူသိရင် သူ့ညီကို တကယ် သတ်ပစ်လိမ့်မည်တော့မဟုတ်။ သူတို့က မိသားစုဖြစ်ကြသည်ကို။
“ညီမလေးက တစ်နေကုန် အပြင်သွားနေတာဆိုတော့ ပင်ပန်းသွားတာဖြစ်မယ်၊ သူ အိပ်ချင်သွားတာနေမှာ”
“သူရဲ့ ခန္ဓာကိုယ်ကရော အဆင်ပြေရဲ့လား၊ ခုနတုန်းက သူ့မျက်နှာ တော်တော်လေးဖြူဖျော့နေသလားလို့ မသိရင် သူ… “ ယွီရှန်းရဲ့ နှလုံးသားထဲ ကြောက်စိတ်ဝင်နေမိဆဲ။
“ငါ့ညီမလေးရဲ့ ခန္ဓာကိုယ်က ကျန်းမာတာ မဟုတ်ဘူး။ တစ်နေ့နေ့တော့ ဖြစ်လာမှာ ဆိုပေမဲ့ ဒီနေ့တော့ မဟုတ်သေးဘူး။ ဒီတလော
သူ့(မ)ခန္ဓာကိုယ် အခြေနေကောင်းနေတယ်။ ကောင်းကောင်းအိပ် ကောင်းကောင်းစားနေတာ။ သူ(မ) ခုနတုန်းကလည်း ဒေါသထွက်သွားတယ်ဆိုပေမဲ့ မောဟိုက်နေတာမျိုး ချောင်းဆိုးနေတာမျိုး မတွေ့မိဘူး။ သူ(မ) ဟန်ဆောင်နေတာပဲနေမှာ။ တကယ်လို့ ဟန်ဆောင်နေတာ မဟုတ်ခဲ့ဘူးဆိုရင်တောင် သူ့(မ)ခြံဝန်းထဲ ပြန်ရောက်ရင် အစေခံ ချွင်းအာက သူ့(မ)ကို ဆေးတိုက်လိမ့်မယ်” ရှဲ့ဖင်းကန်း ရှင်းပြလိုက်၏။
ရှဲ့ချောင်ရဲ့ ဆေးတွေက လွဲပြီး တခြားဟာတွေက အသုံးဝင်လိမ့်မည်မဟုတ်။
ဒီတော့မှသာ ယွီရှန်းတစ်ယောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချမိတော့သည်။
ထို့နောက်.. အိမ်တော်ထိန်းက သူ့လူတွေကို ဦးဆောင်ပြီး ဒုတိယသခင်လေးအား… ခြံထဲကနေ
တရွတ်တိုက်ဆွဲထုတ်သွားတာကို မြင်လိုက်ရသည်။
ရက်စက်လိုက်ကြတာ!!
သို့သော်.. ဒီမောင်နှမနှစ်ယောက်က တကယ်ကို ဖြောင့်မတ်ကြသည်။ သူတို့ရဲ့ သွေးသားတော်စပ်တဲ့မောင်က အမှားလုပ်မိတဲ့အချိန်မှာတောင် တင်းတင်းကျပ်ကျပ် ရှိကြ၏။
ရှဲ့သခင်မလေးကလည်း ကြင်ရာတော်မင်းသမီးဖြစ်လာဦးမှာ အံ့ဩစရာပဲ!
ရှဲ့ချောင်သည် လေ့ကျင့်ရေးကွင်းထဲကနေ ထွက်လာပြီးတဲ့နောက် မျက်လုံးဖွင့်လာကာ သူမဟာသူမ လမ်းလျှောက်သွားခဲ့သည်။
ရှဲ့ဖင်းဟွိုက်လုပ်ခဲ့တဲ့ ကိစ္စက အရေးကြီးတဲ့ကိစ္စမဟုတ်ပေမဲ့ ပြဿနာမရှိတာမျိုးလည်း မဟုတ်ပေ။
တစ်ယောက်ယောက်က လက်ဆောင်ပေးခဲ့တယ်ဆိုလျှင်တောင် ရှဲ့ဖင်းဟွိုက်က ငယ်သေးသည်။ သူ့မိသားဝင်အနေနှင့် လက်ဆောက်ကို ပြန်ပို့မလား မပို့ဘူးလားဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ သို့သော်လည်း … သူကိုယ်တိုင်က လက်ထပ်ဖို့ကို သဘောတူခဲ့ပြီးဖြစ်၍ ဖြေရှင်းရ ခက်သွားလေပြီ။
ဒီလိုကတိမျိုးက ကြီးလေးလွန်းသည့်အတွက် သူသာ ကတိမတည်ခဲ့ဘဲ၊ နောင်တစ်ချိန်မှာ တခြားဟာ တစ်ခုခုလုပ်ခဲ့လျှင် စိတ်အပြောင်းအလဲ လွယ်တဲ့သူလိုမျိုး ဖြစ်သွားမည်မဟုတ်လား?
သူမ ခွင့်ပြုလိုက်ပြန်လျှင်လည်း အိမ်မှာ
နောက်ထပ်ပြဿနာတွေရှိလာမှာကို စိုးရိမ်ရပြန်သည်။
ခြံဝန်းထဲ ပြန်ရောက်သည်နှင့် ချွင်းအာက စိုးရိမ်တကြီးဖြင့် “သခင်မလေး ပင်ပန်းသွားပြီ, ဒေါသထွက်လာရပြန်ပြီမလား။ ဆေးသောက်လိုက်တာ ပိုကောင်းတယ်ဟုတ်?”
ချွင်းအာ စိတ်ထဲတော်တော်လေး အဆင်ပြေမနေပေ။
သခင်ကြီးက ရိုးရိုးရှင်းရှင်းနဲ့ ပထမသခင်လေးက ကြမ်းကြုတ်တဲ့သူ။ ဒုတိယသခင်လေးကလည် မိုက်မဲပြီး အသုံးမကျတဲ့သူတစ်ယောက်, အရူးတစ်ယောက်လိုပဲ!
သခင်မလေးကို ကောင်းကောင်းအနားယူခိုင်းပြီး
နေ့တိုင်း စိတ်ချမ်းသာအောင် ထားပေးလို့မရကြဘူးလား?
တိရစ္ဆာန်တစ်အုပ်ကြနေတာပဲ! စဉ်းစားဆင်ခြင်နိုင်စွမ်းကို မရှိဘူး!
သူမရဲ့ မျက်နှာသေးသေးလေးက မကျေမနပ်ဖြစ်နေလေ၏။
“ဘာကို စိတ်ဆိုးစရာလိုလို့လဲ။ သူ့ရဲ့ အသက်အရွယ်ဆိုရင် စိတ်လက်မာန်ပါနဲ့ အမှားလုပ်မိတတ်တာပဲ။ ဒီအတိုင်း ရိုက်ပြီး မှတ်သွားအောင် ဆုံးမလိုက်ရုံပေါ့။ နောက်နှစ်နည်းနည်းလောက်နေရင် ရင့်ကျက်လာမှာပါ” ရှဲ့ချောင်က တည်ငြိမ်နေလျက်။
“သခင်မလေးက သတင်းမှ မကြားသေးတာ။ အခု
လေးတင် လူတစ်ယောက် အပြေးလာပြီး ပြောသွားတယ်။ ပထမသခင်လေးက တစ်ယောက်ယောက်ကို ခုတ်ပစ်နေပြီတဲ့။ အဲ့တစ်ယောက်ရဲ့ တစ်ကိုယ်လုံး ဒဏ်ရာကြီး အခု၂၀ ကျော်ရှိနေပြီ။ ကံကောင်းလို့ ဓားတိုကိုပဲ သုံးပြီး ဓားရှည် မသုံးခဲ့လို့ပေါ့။ မဟုတ်ရင် အခုလောက်ဆို ဒုတိယသခင်လေး အပေါက်ပေါက်တွေနဲ့ ဖြစ်နေမှာ။ သူ့ဒေါသကို ဖြေဖျောက်တဲ့နည်းက..”
••••