← Chapters

ရှဲ့ဖင်းကန်း

Vol. 38 Ch. 736

ရှဲ့ဖင်းကန်း

Vol. 38 Ch. 736

ချွင်းအားရဲ့ နောက်ဆုံးစကားက အသံတိမ်ဝင်သွားခဲ့၏။ ၎င်းက သူမရဲ့အတွေးသက်သက်သာ..

“ရက်စက်လွန်းတယ်?”

“သူ ဘာလုပ်နိုင်မှာမလို့လဲ။ ဒီလိုနာကျင်မှုမျိုး ခံစားရဖို့ပဲတန်တယ်။ ငါ မနက်ဖြန် ကျောင်းတော်ကိုသွားရင် ဆရာရှောင်းနဲ့စကားပြောရဦးမယ်။ လက်ဆောင်ကို လက်ခံတဲ့သူက အပြစ်ပေးခံရသင့်သလို ပေးတဲ့သူကိုလည်း….. ဒီအတိုင်းထားလို့မဖြစ်ဘူးလေ, ဟုတ်တယ်မလား”

“ဟုတ်တယ်” ချွင်းအာ ခေါင်းညိတ်လိုက်သည်။

သူမနှင့် သူမအစ်ကိုက ရှဲ့သခင်‌လေးကိုပိုပြီး

တော့ အလျှော့မပေးတတ်။

သက်ညှာမပေးချင်လို့ မဟုတ်ပေမဲ့ ရှဲ့ဖင်းဟွိုက်ကိုက ဆိုးလွန်းနေတာပေ။

လင်းယာ့ရှန်းတောင်မှ ဒီလိုကိစ္စကြီးမျိုးဆိုလျှင် သူ့အပေါ် ညင်ညင်သာသာ ဆက်ဆံပေးနေလိမ့်မည် မဟုတ်။ သူမတို့သာ အရင်က လုသခင်မလိုမျိုးအရာအားလုံးကို လွှတ်ပေးထားလိုက်လျှင် သူကနောင်တစ်ချိန်မှာ ပိုပြီး အထိန်းအကွပ်မဲ့လာပေမည်။

သူ အပြစ်ပေးခံရသင့်သည်။

အထူးသဖြင့် ဒီလိုမျိုး လက်ဆောင်တွေ လက်ခံ

သည့်အခါ။ သူ အရိုးစွဲတဲ့အထိ မှတ်သွားအောင် သူမ လုပ်ရလိမ့်မည်။ မဟုတ်လျှင် အနာပျောက်သွားတာနှင့် နာကျင်မှုခံစားရတာကို မေ့သွားမှာပင်။

“ရှီအာ ဒီနေ့ အိမ်ပြန်မလားဘူးလား”

ရှဲ့ချောင် ချွင်းအာကို မေးလိုက်၏။

“ဟုတ်ကဲ့, ဒီနေ့ ဒုတိယသခင်မလေးက လင်းအိမ်တော်မှာ နေမှာပါ” ချွင်းအာ ခေါင်းညိတ်လိုက်ကာ “သူ(မ)က အရမ်းလိမ္မာတယ်။ ဘယ်ကိုသွားသွား အသိပေးတတ်တယ်။ အရမ်း စိတ်အေးရတာပဲ။ ဒါပေမဲ့.. သခင်မလေး သူ့(မ)ကို ဘာလို့ ရွှေခေါင်းလောင်းလေး ပေးလိုက်ရတာလဲ”

ရှဲ့ချောင် ပေးလေ့ပေးထရှိသည့် လက်ဆောင်

အများစုမှာ ရိုးရှင်းကြ၏။

အဆောင်စာရွက်များနှင့် မက်မွန်သစ်သားဓားတို့မှာ သူမ ပေးနေကြအရာများပင်။ အချိန်ရှိမှသာ တခြားအရာများကို စဉ်းစားပေးတတ်သည်။

သူမ ရှဲ့ချောင်ကိုစတွေ့တဲ့ အချိန်ကတည်းက ထိုရွှေရောင်ခေါင်းလောင်းလေးကို ဝတ်ထားခဲ့သဖြင့် ပေးပစ်လိုက်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့။

“ရှီအာက ဒီတစ်လော မကောင်းတဲ့ကံဆိုးရနေတာလေ” ရှဲ့ချောင် မျက်မှောင်ကြုတ်ကာ သက်ပြင်း ခပ်ဖွဖွ ချလိုက်၏။

ဤ ကံဆိုးကို ဖြေရှင်းလို့မရနိုင်၍ မဟုတ်။

သူမကို အိမ်ထဲမှာခဏလောက် ပိတ်ထားလိုက်လျှင် အပြင်ကို ထွက်လို့ရလိမ့်မည်မဟုတ်။ ဓမ္မတူရိယာများ၊ အစီအရင်များရဲ့ အကူအညီနဲ့သာဆိုလျှင် ပြဿနာကို ဖြေရှင်းနိုင်မှာပင်။ သို့သော် ရှဲ့ရှီက ကြောင်ပေါက်၊ခွေးပေါက်လေးတစ်ကောင် ဟုတ်မနေပေ။ လွတ်လွတ်လပ်လပ်နေတတ်လာပြီဖြစ်၍ သူမကိုသာ အိမ်ထဲမှာ ပိတ်ပြီး အပြင်ထွက်ခွင့်တားမြစ်မည်ဆိုပါက ဆိုးရွားပေလိမ့်မည်။

ကံကောင်းစွာဖြင့် ရွှေရောင်ခေါင်းလောင်းရှိ‌နေလေရာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင်တောင် ကြီးကြီးမားမား ဖြစ်လိမ့်မည်မဟုတ်။

ရှဲ့ချောင် တကယ်ကို ပင်ပန်းနေပြီဖြစ်၍ တစ်ခဏအတွင်းမှာတင် အိပ်ပျော်သွားတော့သည်။

ထိုစဉ် ရှဲ့ဖင်းကန်းရဲ့ ခြံဝန်းထဲမှာတော့ ဆူဆူညံညံ ပျားပန်းခပ်နေကြ၏။

ရှဲ့ဖင်းကန်းသည် အလွန် ပြတ်သားတဲ့သူတစ်ယောက်ပင်။ သူဟာ အိမ်ထဲကို ခေါင်းတလားတစ်လုံး သယ်လာကာ သူ့ညီကို ထိုအခေါင်းထဲထည့်၍ အသက်ရှူလို့ရရုံလာသာ နေရာအလွတ်ထားထားပေးခဲ့၏။

ခေါင်းတလား၏ရှေ့၌ ဆုတောင်းပစ္စည်းများကိုလည်း ပြင်ဆင်ထားသေးသည်။ အစေခံတစ်စုက

ခေါင်းတလားရှေ့မျာ ငိုယိုနေကြလျက်။ သူတို့က တစ်ချိန်လုံး လူစုချင်း လဲနေကြကာ ရပ်နားခြင်းမရှိ တစ်နေကုန် ငိုနေကြလေသည်။

သူတို့သာ အမှန်တရားကို မသိလျှင် ရှဲ့မိသားစုကလူတစ်ယောက်ယောက် သေသွားတာဟု တကယ်ထင်သွားနိုင်သည်။

ရှဲ့ဖင်းဟွိုက်သည် ညလယ်ခေါင်၌ နိုးလာခဲ့၏။ သူ့ရဲ့ ခန္ဓာကိုယ်မှာ အင်မတန် နာကျင်နေဆဲ။ သူဒဏ်ရာကို ထိကြည့်ဖို့ လုပ်လိုက်တဲ့အချိန် သူဘယ်နေရာကို ရောက်နေမှန်းမသိခဲ့ချေ။

ဘေးပတ်ပတ်လည်းက အမှောင်အတိဖြစ်နေကာ ကျဉ်းမြောင်းနေ၏။ သေတ္တာတစ်လုံးထဲမှာ ရောက်နေသလိုမျိုး..

“ဟင့် ဟင့် ဟင့်”

“ဟင့် ဟင့် ဟင့်”

အပြင်ဘက်ကနေ ထူးထူးဆန်းဆန်းအသံတစ်ခုကြားနေရ၏။ ဘယ်သူဆီကမှန်းတော့ သူမသိ။

ရှဲ့ဖင်းဟွိုက် ပြင်းပြင်းထန်ထန်ထုကြည့်သည်။

သို့သော် သူ့ကို အာရုံစိုက်နေတဲ့သူတစ်ယောက်မှမရှိ။ ဆက်ပြီးသာ ငိုနေကြသည်။ သူ ကြိုးစားပမ်းစား တွန်းကြည့်လိုက်ပေမဲ့ သူ လုံးဝမလှုပ်ရှားနိုင်ဘူးဆိုတာကို သဘောပေါက်သွားခဲ့သည်။

ဘာတွေဖြစ်နေတာလဲ?!

ရှဲ့ဖင်းဟွိုက်တစ်ယောက် စိတ်ပူသွား၏။

ဒီငိုသံတွေက… မဟုတ်မှလွဲရော သူ့အစ်မ တကယ်ကြီး သေသွားတာလား?!

“ငါ့ကို အပြင်ပေးထွက်၊ မြန်မြန်ထွက်ခိုင်း, မဟုတ်ရင် မင်းတို့ကို ငါကိုက်ပစ်မယ်!”

ရှဲ့ဖင်းဟွိုက် အတတ်နိုင်ဆုံး အော်ဟစ်နေသည်။

ခေါင်းတလားထဲမှထွက်လာသည့်အသံက မွန်းကျပ်စရာ ကောင်းလှ၏။ အစေခံများမှာလည်း ကူကယ်ရာမဲ့နေရှာသည်။ ခေါင်းတလားထဲကလူက ဘယ်လောက်ပဲ အော်နေပါစေ၊ လုံးဝ ပြန်တုံ့ပြန်ခြင်း မပြုဖို့ ပထမသခင်မလေးက မှာထားသည်။ တစ်ယောက်‌ယောက်ကသာ အထဲက ဒုတိယသခင်လေးကို ပြန်ပြီးစကားပြောမိခဲ့လျှင်

သူတို့အတွက် ဆုလာလ်ရ‌တော့မည်မဟုတ်ပေ

နောက်ပြီး…

“ဟင့်.. ပထမသခင်မလေး.”

“ဒုတိယသခင်လေး.. ဟင့်.. ဘာလို့ အကုန်ထွက်သွားကြတာလဲ..” အစေခံများမှာ သတ္တိမွေးပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေကြသည်

ပထမသခင်လေးသည် ကံဆိုးမှုမျိုးကို လုံးဝ မကြောက်။ သူတို့အနေနဲ့ ပထမသခင်မလေးအတွက်လည်း ငိုကြွေးရမည်ဟု ပြောထားခဲ့သည်။

အထဲမှာ ရှိနေသည့် ရှဲ့ဖင်းဟွိုက်တစ်ယောက် ကြက်သေသေသွားလေသည်။

အကုန် သေကုန်တယ်? လူတိုင်း သေကုန်တာလား?

သူရော?! သူ့အစ်မရော?!

မဟုတ်တာ! သူ အသက်ရှိနေသေးတယ်လေ! သူ့အစ်မလည်း သေချာပေါက် အသက်ရှင်ဦးမှာ!

“ရှဲ့ဖင်းကန်း, ခွေးကောင်၊ ထွက်ခဲ့စမ်း!”

••••

All Chapters