အားနည်းသော ခန္ဓာကိုယ်
Vol. 38 Ch. 737
ရှဲ့ဖင်းဟွိုက်သည် အားသကုန်အော်ဟစ်လို့နေ၏။
၁၅ မိနစ်ကြာအော်ဟစ်နေသည့်တိုင် သူ့ကိုအာရုံစိုက်မိတဲ့သူ တစ်ယောက်မှ ရှိမလာခဲ့။
ထိုစဉ် “သနားဖို့ကောင်းလိုက်တဲ့ ပထမသခင်မလေး” ဆိုတဲ့စကားလုံးက သူ့နားထဲကို ရိုက်ခတ်သွားကာ တစ်ကိုယ်လုံး ထုံတက်သွားရသည်။
သူ့အစ်မ ဘာဖြစ်သွားလို့လဲ?!
တကယ်ကြီးသေသွားတာလား?! မဖြစ်နိုင်တာ!
ဒါမှမဟုတ် အစ်မကမကြာခင်သေရတော့မှာမလို့
စေ့စပ်ထားတာကို ဖျက်သိမ်းချင်နေတာ၊ အဲ့တာကို အစ်ကိုကြီးက သဘောမတူပဲနဲ့ အစ်မကို မြေမြုပ်ပစ် လိုက်ဝာာများလား?
ရှဲ့ဖင်းဟွိုက်သည် ရှဲ့ဖင်းကန်းအပေါ် ယုံကြည်ချင်စိတ် တစ်စက်ကလေးတောင်မရှိ။ လောကကြီးထဲမှာ အဆိုးဆုံးလူတစ်ယောက်လို့တောင်ထင်မိသည်။
သူ့ရဲ့အသံတို့ ကွဲအက်လာသည့်တိုင် ပြန်ဖြေတဲ့သူတစ်ယောက်မှ ရှိမလာခဲ့။
ရှဲ့ဖင်းဟွိုက် ပျာယာခတ်နေလေပြီ။ သူ တကယ်ကို ထိတ်ထိတ်ပျာပျာ ဖြစ်နေလေပြီ။
အရင်တုန်းကလည်း သူ့အစ်ကိုကြီးက သူ့ကို ကြာ
ပွတ်နဲ့ရိုက်တာ၊ ပါးရိုက်တာ၊ ကန်တာတို့လုပ်ခဲ့ပေမဲ့ ဒီတစ်ခါကတော့ အဆိုးဆုံးပင်။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခြောက်သွားပြီဖြစ်တဲ့ သွေးစက်တို့ကို ခံစားမိနေသည်။ သွေးစိမ်းညှီနံ့က သေးငယ်သည့် ခေါင်းတလားထဲ၌ ပို၍ စူးရှနေခဲ့သည်။
ဒါ ခေါင်းတလားတစ်ခု.
သူ့အစ်ကိုကြီးက သူသေသွားပြီလို့ထင်နေတာ!
နောက်ပြီး …
သူ့အစ်မကရော.
ဘာဖြစ်သွားတာလဲ?
“အစ်ကိုကြီး! ကျွန်တော်မှားမှန်းသိပါပြီ! ကျွန်တော့်ကို မြန်မြန် အပြင်ထုတ်ပေးပါ၊ ကျွန်တော်မသေသေးဘူး။ အစ်မ, ဘယ်မှာလဲ”
ရှဲ့ဖင်းဟွိုက် ပါးစပ်ဖွင့်ကာ နောက်တစ်ခေါက်ထပ်အော်ပြန်သည်။
သူ ကြောက်နေမိသည်။
မြို့တော်ထဲကို သူ့အစ်မ ပထမဆုံးရောက်လာတဲ့နေ့က, သူမရဲ့ ကျန်းမာရေးချို့တဲ့နေတယ်ဆိုတာကို သူသိခဲ့တယ်…
သူမက သူ့ကို တိုးတက်စေချင်တဲ့အတွက် ပုရစ်တွေနဲ့ကစားတာကို ခွင့်မပြုခဲ့ဘဲ ဆရာရှောင်းနဲ့ ဆရာယွီဆီကနေ သင်ယူခိုင်းခဲ့သည်။ ဒါတွေအားလုံးက သူ့ကောင်းဖို့အတွက်ကြီးပဲဆိုတာကို သူသိသည်!
ဒါပေမဲ့ သူရဲ့ ခန္ဓာကိုယ်ကိုက အားနည်းနေတာ, သူ လုပ်လို့ရတာ ဘာမှမရှိဘူး!
သူ မှားသွားခဲ့တယ်!
သူ့အစ်မ ဒီလို ဒေါသထွက်မယ်မှန်းသိရင် အဲဒီ အနုပ်စုတ်ကုပ်စုပ် အိမ်လေးလောက်ကို လက်မခံခဲ့ဘူး!
ဘယ်လိုပဲဖြစ်ဖြစ် သူ နားတော့မလည်နိုင်။ ဒါက အိမ်လေးတစ်လုံးသာဖြစ်ပြီး သူလည်း နေချင်ခဲ့
တာမဟုတ်။ သူ ဒီအတိုင်းပြန်ပေးလိုက်လို့ရတာပဲမဟုတ်လား?
ရှဲ့ဖင်းဟွိုက်၏ မျက်လုံးတို့မှာ နီရဲလို့နေလျက်။ ယခုလို မှောင်မိုက်နေတဲ့နေရာကျဉ်းလေး၌၊ သူ့ရဲ့နှလုံးသားမှာ ဗြောင်းဆန်လို့နေ၏။ တွေးကြည့်လေလေ ပိုပြီးဆိုးလာလေပင်။
အခုမှ အစပိုင်းသာရှိသေးသည်။
ရှဲ့ဖင်းကန်းသည် သူ့စကားအတိုင်း လုပ်ခဲ့၏။ နောက်တစ်နေ့နံနက်၌ ခြံဝန်းထဲကအခြေနေကိုကိုကြည့်ပြီးနောက်
ခေါင်းတလားလက်လှည့်ကာ ဟန်ဆောင်ပန်ဆောင်နှင့် သက်ပြင်းပါချ၍ “ညီမလေး၊ မင်း သေသွားရတာ ဆိုးလိုက်တာ။ ကြင်ရာတော်မင်းသမီးတစ်ပါးဖြစ်လာရတဲ့အထိ ကံကောင်းနေ
တဲ့ဟာကို အဲဒီလိုအမှိုက်ကောင်တစ်ကောင်ကြောင့်နဲ့ ဒေါသထွက်ပြီး သေသွားရတယ်လို့! သူက မင်းကို သေစေမှတော့ ငါလည်း သူ့ကို အရှင်မထားခဲ့ဘူး။ မင်းတို့နှစ်ယောက် ငရဲကို သွားတဲ့လမ်းခရီးမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ မျှော်လင့်ပါတယ်”
ထို့နောက် သူ အေးအေးလူလူ ထွက်သွားခဲ့သည်။
သူ့ရဲ့ ညီမက ထက်မြက်တယ်!
အရင်တုန်းကဆိုလျှင် သူ့မောင်လေးကို ရိုက်ရုံသာ ရိုက်ခဲ့သည်။ သို့သော် ဒီကလေးက သူ့ရဲ့ညီ ဖြစ်နေလေရာ အရိုက်ခံရတာလောက်ကို ဘယ်လိုလုပ်ကြောက်နေမည်နည်း။ သူ့ရဲ့ အရေပြားက ကြမ်းတမ်းကာ အသားကထူသည်။
အရိုက်ခံရလျှင်တောင် ဘာမှ အသုံးမဝင်ပေ။
အခုတော့ မတူချေ။ ဒီလိုနည်းနဲ့ ခြောက်လိုက်တာက အနည်းဆုံးတော့ ဒီကလေးကို တချို့အရာတွေနဲ့ ပတ်သက်ပြီး သဘောပေါက်သွားအောင်တော့ လုပ်ရလိမ့်မည်ပေ။
မကြားဝံ့မနာသာဖြစ်သွားရသည့်အတွက်ကတော့…
သူ့ညီမရဲ့ ခန္ဓာကိုယ်က အခုလိုအခြေအနေတောင် ရောက်နှင့်နေပြီ။ သူမရဲ့ သေဆုံးမှုအတွက် သူက ကြိုပြီး ငိုတဲ့သဘောမျိုး လုပ်လိုက်ခြင်းသာ။ ထွေထွေထူးထူးမဟုတ်။ နောက်ပြီး လူတိုင်းက တစ်နေ့ သေရမှာချည်းပင်။
ခေါင်းတလားထဲတွင်တော့ ရှဲ့ဖင်းဟွိုက်တစ်ယောက် ပြောစရာစကားပျောက်ဆုံးနေလေပြီ။
အစ်ကိုကြီး ပြောသွားတာ အမှန်ပဲလား?
သူ့အစ်မက တကယ်ပဲ…
“အစ်မ! အစ်မ! ကျွန်တော်အစ်မကို စိတ်ပျက်စေမိခဲ့တယ်.. ကျွန်တော်မှားသွားတယ်၊ ကျွန်တော် မှားမှန်း သိပါပြီ။ အစ်မ. မသေပါနဲ့” ရှဲ့ဖင်းဟွိုက် တအီအီနှင့် ငိုကြွေးလေသည်။
ခေါင်းတလားထဲကနေ ငိုညည်းနေသလို အပြင်ဘက်ကလည်း ငိုနေကြဆဲ။ အတွင်းတစ်လှည့် အပြင်တစ်လှည့်နှင့် မသိလျှင်ညသီချင်းဆိုနေကြသည့်အတိုင်း။
ယွီရှန်းလည်း ရောက်လာခဲ့ရာ သူမ ထိတ်လန့်သွားရသလို အထင်လည်းကြီးသွားရသည်။
သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်လျှင် သူမရဲ့မွေးရပ် သုန့်အန်းမှာ ရှိခဲ့ချိန်က၊ သူ့ဦးလေးတွေအပေါ် အရမ်းကြီး ရိုင်းပျခဲ့မိတာမဟုတ်လား။ သူသာ အစ်ကိုရှဲ့လိုဆိုရင်.. အနိုင်ကျင့်ခံရပြီး ထွက်ပြေးလာရမှာ မဟုတ်ဘူး!
အစ်ကိုရှဲ့က ထူးဆန်းပေမဲ့ ထက်မြက်တဲ့သူတစ်ယောက်ပဲ!
ရှဲ့ဖင်းကန်းသည် မှုခင်းစီရင်ရေးဌာနသို့ သွားခဲ့၏။ ခဏလောက် စောင့်ပြီးတဲ့နောက်၊ ကျို့ဝေ့ကျုံးသည် အိမ်ရှေ့စံမင်းသားနှင့်အတူ ရောက်လာခဲ့သည်။
သူက ကျို့ဝေ့ကျုံးကို အမြန်ဆွဲခေါ်၍ စာကို ထုတ်ပေးလိုက်ကာ “အစ်ကိုကျို့၊ ကျွန်တော်တို့က တကယ်ကို ရေစက်ပါတာ။ အစ်ကိုသိလား။ အစ်ကို့ရဲ့ ဝမ်းကွဲက အခု ကျွန်တော့်အိမ်မှာနေနေတာ။ ကျွန်တော် သူ့ကို သေချာ စောင့်ရှောက်ပေးထားတယ်။ ကျွန်တော့်တို့ကစတွေ့ကတည်းက မိတ်ဆွေဟောင်းတွေလိုပဲ။ အတူတူအိပ် အတူတူစားဖို့တောင် မျှော်လင့်တယ်။ အခုဆို သွေးရင်း ညီအစ်ကိုတွေလိုတောင် ဖြစ်နေပြီ။ အာ.. ဒါ သူပေးလိုက်တဲ့စာ..မြန်မြန်ဖတ်ကြည်လိုက်၊ ကျွန်တော်တို့ ဒီနေ့ခွင့်ယူပြီး သူ့ကို သွားတွေ့ကြတာပေါ့”
••••