သနားစရာ ဝမ်းကွဲ
Vol. 38 Ch. 738
ရှဲ့ဖင်းကန်းက ပြောပြီးသည်နှင့် စိတ်လှုပ်ရှားစွာဖြင့် စာကို ကျို့ဝေ့ကျုံးထံပေးလိုက်သည်။
ကျို့ဝေ့ကျုံး ဇဝေဇဝါ ဖြစ်သွားသည်။
ဝမ်းကွဲ? ဘယ်က ဝမ်းကွဲလဲ? သူက ဘာလို့ ရှဲ့အိမ်တော်မှာ နေနေရတာလဲ? သူ့အဒေါ်ရဲ့ မိသားစုက ဝမ်းကွဲများလား။ အဲ့လိုလည်း မဟုတ်သေးဘူး။ အဲ့လိုဆိုရင်, ရှဲ့ဖင်းကန်းက ဘာလို့ စာကို ပို့ပေးမှာလဲ?
ကျို့ဝေ့ကျုံး ပဟေဠိဖြစ်နေကာ စိတ်ရှုပ်ရှုပ်နှင့် စာကို ဖွင့်ကြည့်လိုက်၏။
သို့သော် စာကို ဖွင့်ပြီး ဖတ်ကြည့်လိုက်သည်နှင့် ဆွံ့အသွားရလေသည်။
ဒီပေါ်မှာ ရေးထားတာ ဘာတွေလဲ?
တွေ့ကရာ ဝမ်းကွဲမဟုတ်ဘဲ သူ့ဝမ်းကွဲ ယွီရှန်းတဲ့လား။ သူက တကယ်ကြီး ရှဲ့အိမ်တော်မှာ နေနေတာလား?
စာထဲ၌ သုန့်အန်းရှိ ယွီမိသားစုက ဝမ်းကွဲဖြစ်သူကို လူတစ်ယောက်နှင့် ပေးစားဖို့လုပ်နေ၍ သူမက သဘောမတူပဲ ထွက်ပြေးလာခဲ့တာ ဟူ၍ ရေးထားသည်။ ဒါ… မှန်နေတာပဲ.
သို့သော်.. သူမရဲ့ လုံခြုံမှုအတွက် သူမကိုယ်သူမ
ယောကျာ်းလေးတစ်ယောက်အဖြစ် ရုပ်ဖျက်ထားရသည်။ နောက်တော့ ကျို့အိမ်တော်ကို လာခဲ့ပေမဲ့ အလွန်ကို စုတ်ချာနေအောင် ဝတ်ဆင်ထားမှုကြောင့် ပင်မ တံခါးဝကနေတောင် ဝင်ခွင့်မရခဲ့!
ကံကောင်းထောက်မ၍ သူမ ပညာရှိတစ်ယောက်နဲ့ ဆုံခဲ့ပြီး ထိုပညာရှိ၏ လမ်းညွှန်မှုဖြင့် ရှဲ့အိမ်တော်သို့ ဝင်ကာ ကိုယ်ခံပညာသင်ကြားသူတစ်ယောက် ဖြစ်လာခဲ့၏…
ဒါတင်မက သူ့ရဲ့ဝမ်းကွဲက သူမ ကျို့အိမ်တော်ကိုသွားပြီး အချိန်တစ်ခုလောက်ထိ ပုန်းနေလို့ အဆင်ပြေနိုင်မလားဆိုတာလည်း မေးထားသေးသည်။ ဒါ့အပြင် ယွီမိသားစုကနေ ကျိုးမိသားစုဆီ စာတစ်စောင်စောင်များပို့ထားသေးလား, သူမကို လက်ထပ်ဖို့အတွက် အိမ်ပြန်ပို့မှာလားဆိုတာကိုပါ…
အကယ်၍ ကျို့မိသားစုကသာ သူမကို ကာကွယ်ပေးလျှင် သူမလိမ်လိမ်မာမာနှင့် မွန်မြတ်သည့် သခင်မလေးတစ်ယောက်အဖြစ်နေထိုင်မည်ဖြစ်ကာ ကျို့အိမ်တော်ကို အရှက်မစေရဘူးဟုလည်း ဆိုထားသည်။
စာတစ်စောင်လုံး၌ သူ့ဝမ်းကွဲရဲ့ ကူကယ်ရာမဲ့နေရောက်သည့် အဖြစ်ကို ရှင်းရှင်းလင်းလင်းကြီး ဖော်ပြထားသည်။
ကျို့ဝေ့ကျုံး ရုတ်တရက် မှတ်မိသွား၏။
ဟိုတလောတုန်းက မိသားစုထဲက အကြီးအကဲတွေက တကယ်ကြီး သူ့ဝမ်းကွဲအကြောင်းကို မေးခဲ့သေးတာပဲ..
သူတို့ရဲ့စကားအရ သူ့ရဲ့ဝမ်းကွဲဟာ လူကြီးသူမ
တွေကို အရိုအသေရှိပုံမပေါ်။ သူမ မိဘတွေ ကွယ်လွန်သွားပြီးကတည်းက, သူမဟာ ရည်မှန်းချက်ကြီးလာခဲ့၏…
စာဖတ်ပြီးသွားတဲ့နောက် ကျို့ဝေ့ကျုံး အနည်းနဲ့အများတော့ သဘောပေါက်သွားခဲ့သည်။
သူတို့မိသားစုက စာကိုလက်ခံရထားပြီးဖြစ်လောက်၏။
ဒါကြောင့် သူ့ကို သူဝမ်းကွဲ ဘယ်ရောက်နေလဲဆိုတဲ့အကြောင်းကို မေးနေကြတာ!
သူသာ ပြောပြလိုက်လျှင် မိသားစုကနေ သူ့ဝမ်းကွဲကို လူလွတ်ပြီး ခေါ်ခိုင်းကာ သုန့်အန်းကို ပြန်ပို့လိုက်မည်ပင်။
ကျို့ဝေ့ကျုံး တစ်ယောက် ဒွိဟဖြစ်နေလေ၏။
၎င်းမှာ … ရှဲ့ဖင်းကန်းကြောင့်ပင်။
“ညီလေးရှဲ့၊ ငါ့ရဲ့..ဝမ်းကွဲ.. ညီလေး၊ မင်းတို့အိမ်မှာနေနေတာ အဆင်မပြေတာမျိုးရှိလား” ကျို့ဝေ့ကျုံးမှာ ရှဲ့ဖင်းကန်းနှင့်ပတ်သက်လာလျှင် ရတက်မအေးနိုင်။
သူ ခုနတုန်းက ပြောသွားတာကိုပဲကြည့်!
သူ့ဝမ်းကွဲနဲ့ အတူတူအိပ် အတူတူစားချင်နေတာတဲ့လေ!
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?!
“ဒါပေါ့ အဆင်ပြေမှပြေ၊ ကျွန်တော်တခြားသူတွေကိုသာ မမျှမတဆက်ဆံမိချင် ဆက်ဆံမယ်၊ အစ်ကို့ရဲ့ ဝမ်းကွဲကိုတော့ အဲ့လိုမဟုတ်ဘူး”
“ဒါဆို.. သူ တစ်နေ့တစ်နေ့ ဘာတွေလုပ်လဲဆိုတာ ပြောပြပါလား” ကျို့ဝေ့ကျုံး ပူပင်သောကရောက်စွာဖြင့်မေးလိုက်၏။
“သူ တစ်ခါတစ်လေ ဈေးဝယ်ထွက်တတ်ပြီးတော့ သူ့မိသားစုဝင်ကို ရှာဖို့သွားတယ်လို့တော့ ပြောတာပဲ။ ပုံမှန်ဆိုရင်တော့ အိမ်မှာပဲနေပြီး အရုဏ်မတက်ခင် ကိုယ်ခံပညာ လေ့ကျင့်တာမျိုး လုပ်တတ်တယ်။ အဲဒါမျိုးက ကျွန်တော့်အကြိုက်ပဲဆိုတော့၊ သူနဲ့အတူတူ လေ့ကျင့်တယ်။ သူက မနက်ခင်းဆို ကိုယ်ခံပညာ လေ့ကျင့်ပြီးတော့ နေ့လည်ခင်းပိုင်းမှာ ကျွန်တော့်ညီလေးကို သင်ပေးတာ။ ကျွန်တော့်တို့ သူ့ကို စားစရာနဲ့ နေစရာအပါ လ
တိုင်း ငွေစဆယ်စပေးထားတယ်”
ကျို့ဝေ့ကျုံးမှာ ပါးစပ်အဟောင်းသားဖြင့်။ ရှဲ့ဖင်းကန်းကိုကြည့်ရင်း သူ့ခံစားချက်ကို ဘယ်လိုဖော်ပြရမည်မှန်း မသိတော့။
မနက်ခင်း အရုဏ်မတက်ခင်ကြီးထပြီး ဒီလိုဝက်ဝံလိုကောင်နဲ့ တိုက်ရတယ်တဲ့လား?
သူ့ရဲ့ သနားစရာ ဝမ်းကွဲကို သေအောင်လုပ်နေတာပဲ!
သူတို့အချင်းချင်း မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာကြာနေသည့်တိုင် ဘာပဲဖြစ်ဖြစ် သူမက မိန်းကလေးတစ်ယောက်သာ။ သူမရဲ့ခန္ဓာကိုယ်က နူးညံ့အားနည်းသည်။ ကိုယ်ခံပညာတချို့ တတ်မြောက်ထားတယ်ဆိုပေမဲ့ ရှဲ့ဖင်းကန်းရဲ့
လက်သီးချက်တွေကို ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ။
တစ်လလျှင် ငွေစဆယ်စဆိုတာက နည်းတဲ့ပမာဏတော့မဟုတ်ပေမဲ့ သူ့ဝမ်းကွဲအတွက်ကတော့ အင်မတန် သိမ်နုပ်ပေသည်။
သူမရဲ့မိဘတွေအသက်ရှိစဉ်က၊ လစဉ် အသုံးစရိတ်ဟာ ထို့ထက်တောင် ပိုများသေးသည်။
အခုတော့ ဒီလောက်ငွေနည်းနည်းလေးရဖို့အတွက်နှင့် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရ၏။ သူမမှာ အဝတ်အစားနှင့် အလှပြင်ပစ္စည်းများ ဝယ်ဖို့ ပိုက်ဆံတောင်ကျန်ရဲ့လားမသိ။
သို့သော် စာထဲတွင်တော့ သူ့ရဲ့ဝမ်းကွဲက ရှဲ့မိသားစုကို ချီးကျူးထားသည်။
ရှဲ့သခင်မလေးက ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ပြီးရှဲ့ဖင်းကန်းက ဖြောင့်မတ်တဲ့သူတစ်ဟု ဆိုတား၏။ ရှဲ့ဖင်းဟွိုက်သည်လည်း ကိုယ်ခံပညာ သင်ကြားမှုကိုဆက်ခံနိုင်မည့်သူဟုတောင် ပြောထားသေးသည်။
ဟူး, ဒီ မိုက်မဲတဲ့ ဝမ်းကွဲကတော့
ရှဲ့ဖင်းကန်းသည် မှုခင်းစီရင်ရေးဌာန၌ ရာဇဝတ်သားများကို ဘယ်လိုဘယ်ပုံ စစ်မေးလည်း သူမသိမှမဟုတ်။ သူမသာ သိရင် ဒီလိုမျိုးစကားတွေ ပြောထွက်လာမှာမဟုတ်ပေ!
••••