လေပြင်းနှင့် ဓား
Vol. 38 Ch. 739
ကျို့ဝေ့ကျုံး၏ မျက်နှာထက်၌ ခံစားချက်ပေါင်းစုံတို့ အမျိုးစုံကြိုးခုန်လို့နေလျက်။
“ ငါ့ဝမ်းကွဲ ကအမြဲတမ်းလိုလို ကြောက်နေတတ်တာ၊ ညီလေးရှဲ့, မင်းသူ့ကို ခြောက်တော့ မခြောက်မိဘူးမလား”
ရှဲ့ဖင်းကန်း အနည်းငယ် ပဟေဠိဖြစ်သွားသည်။
“အစ်ကို့ရဲ့ ဝမ်းကွဲက ကြောက်တတ်တဲ့ ပုံလည်း မပေါ်ပါဘူး။ ဟုတ်ပါတယ်လေ၊ သူနဲ့ မတွေ့တာ နှစ်တော်တော်ကြာနေပြီပဲဟာ။ အဲ့ကောင်လေးက ကျွန်တော့်ထင် နည်းနည်းအရပ်ပုတယ်ဆိုပေမဲ့
တခြားယောကျာ်းတွေကြားမှာဆိုရင်တော့ အသင့်အတင့်တော့ ရှိတယ်။ သူရဲ့ ပုံက မြွေတစ်ကောင်လိုပဲ နူးနူးညံ့ညံနဲ့ အရိုးမရှိတဲ့သူလိုမျိုး။
ဒါပေမဲ့ အားမာန်ကတော့ အပြည့်ပဲ။ သူတိုက်ခိုက်ပြီဆိုရင် သူ့ကို ဖမ်းမိဖို့က မလွယ်ဘူး”
ကျို့ဝေ့ကျုံး ရင်တုန်သွားရသည်!
“နူးနူးညံ့ညံ့နဲ့ အရိုးမရှိဘူး! မင်း-မင်း သူ့ကို ထိခဲ့သေးတာလား” ကျို့ဝေ့ကျုံး ထိတ်လန့်စွာဖြင့် မေးလိုက်သည်။
ရှဲ့ဖင်းကန်းက “လက်ဝှေ့ထိုးတဲ့အချိန်မှာ ဝင်တိုက်မိတာတွေ ဒဏ်ရာရတွေက ပုံမှန်ပဲလေ။ ယောကျာ်းတစ်ယောက်က ဘာများကြောက်နေစရာလိုလို့လဲ။ နောက်ပြီး သူ့ခန္ဒာကိုယ် အစိတ်အပိုင်း တချို့က ကျွန်တော့်ကြောင့် ပွန်းပဲ့သွားတယ်ဆိုရင်တောင် သူ့ကို အနာလိမ်းဆေးတွေ ပေးတယ်လေ။ အဲ့ဆေးတွေက ကျွန်တော့်ကို အရှင့်သားချီးမြှင့်ထားတဲ့ဟာတွေ။ သွေး
လည်ပတ်မှုကိုကောင်းစေပြီးတော့ ပွန်းပဲ့ဒဏ်ရာတွေကို ဖမ်းရှားပေးတဲ့နေရာမှာ အရမ်းအစွမ်းထက်တာ။ ဘာမှ စိတ်ပူနေစရာမလိုဘူး”
ရှဲ့ဖင်းကန်းက သူ မကြာမကြာအရိုက်ခံနေရတာကိုတော့ ထည့်မပြောခဲ့။
နောက်ပြီး တစ်ခါတလေ သူက ဒဏ်ရာကို ကိုယ်တိုင်ဆေးထည့်ပေးချင်ရင်တောင် ယွီရှန်းက သဘောမတူ။ သူက အလွဲလွဲအချော်ချော် လုပ်မိလျှင် သူမကို နာကျင်စေလိမ့်မည့်ဟုထင်နေလေရာ ညီအစ်ကိုကောင်းတွေဖြစ်နေပေမဲ့ တစ်ယောက်ကို တစ်ယောက် ဆေးလိမ်းပေးတဲ့အထိရင်းနှီးမှုမျိုးတော့ မဟုတ်ခဲ့ချေ။
ကျို့ဝေ့ကျုံး တံတွေးမျိုချကာ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေ၏။
ရှဲ့ဖင်းကန်း! ရှဲ့ဖင်းကန်း! မင်းကတော့!
“သွားကြစို့!” သူ အံကြိတ်ကာ ပြောလိုက်၏။
“ဘယ်သွားမလို့လဲ” ရှဲ့ဖင်းကန်း မှင်တက်သွားသည်။
“ခွင့်ယူပြီး ငါ့ညီဝမ်းကွဲကို တွေ့ဖို့ သွားမှာလေ” ကျို့ဝေ့ကျုံး ဒေါသတကြီး ပြောလိုက်သည်။
ရှဲ့ဖင်းကန်းက တခစ်ခစ်ရယ်လျက် “ဘာတွေ လောနေတာလဲ။ အစ်ကို့ဝမ်းကွဲက ထွက်ပြေးမှာမှမဟုတ်တာ။ ကျွန်တော်ခဏနေ အလုပ်တက်ရဦးမှာ!”
ရှဲ့ဖင်းကန်းတစ်ယောက် ပြောပြောဆိုဆိုနှင့် အိမ်ရှေ့စံမင်းသားအား ဂါရဝါပြုဖို့အတွက် ခြေလှမ်းကျဲကြီးနှင့် ထွက်သွားခဲ့လေသည်။
မွေးကင်းစမိန်းကလေးများအား ရေနှစ်သတ်သည့်အမှုကို အိမ်ရှေ့စံမင်းသားအားတင်ပြခဲ့၏။ အရှင့်သားသာ သဘောတူလျှင် ပေါင်မိသားစုကို ဖမ်းဆီးမည်ဖြစ်သည်။
သူ့ညီမက မှာလိုက်သေးသည်။ သူ ဖမ်းဖို့ သွားတဲ့အချိန်ကျလျှင် လူတစ်ချို့ စီစဉ်ပေးပြီး ပေါင်လွင်ရှန်း၏ ဇနီးအလိုရှိတာကို မေးရလိမ့်မည်။ သူမသာ ကွာရှင်းချင်တယ်ဆိုပါက တစ်ခါတည်းဖြေရှင်းပေးရမည်ပေ။
သို့သော် သူ့အတွေးကတော့ ဒီလိုယောကျာ်းတစ်ယောက်ဆီကနေ အများကြီးခံစားခဲ့ရပြီးမှ
ကွာရှင်းတာလောက်က ဘာများကောင်းနေမှာလဲ? ဒီလိုယောကျာ်းကို ဆုံးရှုံးသွားတာကမှ ပိုပြီးပျော်စရာမကောင်းဘူးလား?
ငွေကြေးနှင့် စည်းစိမ်ဥစ္စာတွေသာရှိလျှင်.. ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ရာက အခက်အခဲမရှိ။ ဆိုးသည့် အချက်တစ်ချက်က.. ယောက္ခမနှင့် လက်သည်အပြင် ပေါင်လွင်ရှန်းပါ အဖမ်းခံရလျှင် တစ်မိသားစုလုံးက ရာဇဝတ်သား ဖြစ်သွားလိမ့်မည်။ သူမတစ်ယောက်တည်း မုဆိုးမအဖြစ် အိမ်မှာ ကျစ်ရစ်ခဲ့ပါက လူတိုင်း သူမ အပေါ် အထင်သေးရှုံ့ချမည်မှာ မြေကြီးလတ်ခတ်မလွဲ။
သူတို့သာ ကွာရှင်းလိုက်မည်ဆိုလျှင် သူမရဲ့ ဂုဏ်သတင်းက ပိုပြီးကောင်းပေမည်။
ဒါက တကယ်တော့ သာမန်အမှုလေးတစ်ခုသာ။
အခုတော့ အုပ်ချုပ်ရေးရုံးကလည်း မှုခင်းစီရင်ရေးဌာနက ဘာကြောင့် ဝင်စွက်ဖက်ချင်နေရတာလဲဆိုတာ သိချင်နေလေပြီ။
ရှဲ့ဖင်းကန်းသည်လည်း ဆရာမမော့ကို စိတ်ပူတာကြောင့် အခုလို တခြားသူရဲ့ကိစ္စမှာ ဝင်ပါနေရတာပင်။ သူ့ညီမရဲ့ အကြံပြုချက်သက်သက်သာဆိုလျှင် အိမ်ရှေ့စံမင်းသားကို တင်ပြပေးမှာတောင် မဟုတ်။
ရှဲ့ဖင်းကန်းက ပျော်ပျော်ရွှင်ရွှင် ထွက်သွားခဲ့ပေမဲ့ ကျို့ဝေ့ကျုံးရဲ့ နှလုံးသားကတော့ ပုရွက်ဆိတ်အကောင်တစ်ထောင်လောက် ဝိုင်းပြီးအကိုက်ခံနေရသည့်အလား။ သောကကြောင့် လောင်မြိုက်နေလေပြီ။
သူသာ ရှဲ့အိမ်တော်ကို နှစ်နာရီလောက် နောက်ကျပြီးမှ ရောက်သွားမိလျှင် သူ့ရဲ့ဝမ်းကွဲက
နောက်ထပ်နှစ်နာရီ ပိုပြီး ခံစားရတော့မည့်အလား။
သူ လုံးဝ အဆင်ပြေမနေပေ။
သူ အပြင်ဘက်တွင်သာ မျက်နှာထားတင်းတင်းဖြင့် ရပ်နေကာ ဘယ်သူ့ကိုမှ အထဲပေးဝင်ခွင့်မပြုခဲ့။
သိပ်မကြာလိုက် ရှဲ့ဖင်းကန်း အိမ်ရှေ့စံမင်းသားအား အခြေအနေကို ရှင်းပြပြီးသွားခဲ့သည်။
ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်သွားကာ
“ ဘိုးတော်မင်းကြီး အနိုင်ရပြီးတဲ့အချိန်တုန်းက, ပထမဆုံးထုတ်ပြန်ခဲ့တဲ့ အမိန့်တော်တွေထဲမှာ ကလေးသတ်မှုအကြောင်း ကို အဓိကထားထား
တဲ့ အမိန့်တော်ပါခဲ့တယ်။ ကံမကောင်းချင်တော့ အမိန့်တော်က ပြောရလောက်အောင် တင်းတင်းကျပ်ကျပ်မရှိတာနဲ့ ဒီလောကကြီးထဲမှာ အပြစ်မဲ့တဲ့မွေးကင်းစကလေး မိန်းကလေးတွေ အသတ်ခံနေရတာက အများကြီးရှိနေတုန်းပဲ။ ဒါပေမဲ့ မြို့တော်မှာတော့ အဲ့လိုအမှုမျိုး နည်းလောက်မယ်ထင်ထားတာ, ဒီလို ရဲတင်းတဲ့သူမျိုး ရှိနေလိမ့်မယ်မထင်ထားဘူး”
“ချောင်အာပြောတာမှန်တယ်။ အမြွှာနှစ်ယောက် သေသွားရတာဆိုတော့ ပြစ်ဒဏ်က နှစ်ဆဖြစ်သင့်တယ်။ မင်းရဲ့ လူတွေခေါ်ပြီး သူတို့ကို သွားဖမ်း။ မနက်ဖြန် မွန်းတည့်မတိုင်ခင် သူတို့ကို ကွပ်မျက်ပစ်!”
ရှဲ့ဖင်းကန်းမှာ အိမ်ရှေ့စံမင်းသား၏စကားတို့ကြောင့် ခဏတာ မှင်တက်သွားရသည်။ “ဒါပေမဲ့ ကျွန်တော့်တို့ သူ့ကို ကြိမ်ဒဏ် ၁၄၀ ရိုက်လိုက်ရင်
သူသေသွားမှာ။ အဲ့အခါကျရင် တခြားသူတွေဆီကနေ အရှင့်သားဝေဖန်ပြောဆိုခံရမယ်မဟုတ်လား”
“စကားလေး တစ်ခွန်းနှစ်ခွန်းလောက်ပဲဟာ လေပြင်းနဲ့ ဓားလိုမျိုး ကိုယ်တော့်ကို သတ်နိုင်မယ်ထင်နေတာလား”
•••••