← Chapters

ကွာရှင်းခြင်း

Vol. 38 Ch. 740

ကွာရှင်းခြင်း

Vol. 38 Ch. 740

ကျောက်ရွှမ်ကျင်းသည် ပြဿနာဖြစ်လာမှာကို ကြောက်နေတတ်သည့် လူစားမျိုး ဘယ်တုန်းကမှ မဟုတ်ခဲ့။ ယခင်နှစ်က အကျင့်ပျက်ချစားသည့် အမှုနှင့် ယှဉ်လျှင် ယခုအမှုက ခြိမ်းခြောက်နိုင်လောက်သည်အထိ မဟုတ်၍ ထိုအမတ်များအတွက် မပြောပလောက်။

လူများက ဝေဖန်တိုင်တန်းကြပြီဆိုလျှင် သူတို့ရဲ့ အမှားမကင်းတာကြောင့်သာ။

သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေက လွဲမှားနေလျှင် ပြင်ကြရမည်။

ကျောက်ရွှမ်ကျင်း၏ မျက်နှာထားမှာ အေးအေးလူလူပင်ဖြစ်နေကာ ဘေးလူတွေရဲ့

ထင်မြင်ချက်တွေကို ဂရုစိုက်နေခြင်းမရှိ။ ရှဲ့ဖင်းကန်းမှာ ပို၍ပင် အထင်ကြီးသွားမိသည်။

အိမ်ရှေ့စံမင်းသား ထီးနန်းအရိုက်အရာကို ဆက်ခံနိုင်‌လာမည့်နေ့ကိုလည်း သူ မျှော်လင့်နေမိသည်။

အိမ်ရှေ့စံမင်းသားကို စပြီးသိရတဲ့အချိန်ကတည်းက သူ့မှာ ကိုယ်ရေးကိုယ်တာခံစားချက်မျိုး ရှိနေတာကို မတွေ့ရ။ တိုင်းပြည်အတွက်သာ အလုပ်ကြိုးစားဖို့ မွေးဖွားလာသည့် ဘုရင်တစ်ပါးလိုပင်။

သူ့ရဲ့ဆုံးဖြတ်ချက်တိုင်းက ရေခဲတောင်က အေးစက်သည့် နွေဦးပမာ။ သန့်ရှင်းအေးမြနေကာ ထိုအေးစိမ့်မှုက လူတစ်ယောက်ရဲ့ နှလုံးသားနားအထိ ရောက်ရှိလာရသည်။

ရှဲ့ဖင်းကန်း သူ့လူများကို ခေါ်ကာ ချက်ချင်း ထွက်သွားခဲ့သည်။

အရင်ဦးဆုံး၊ အုပ်ချုပ်ရေးမှူးရုံးမှ အမျိုးသမီး အရာရှိကို ပေါင်မိသားစုသို့ သွားစေသည်။

အမျိုးသမီးသုရဲ့ မျက်နှာမှာ ဒဏ်ရာရနေဆဲ။ သူမရဲ့ ခင်ပွန်းဖြစ်သူမှာ ဖမ်းခေါ်ခံသွားရတာကြောင့် ယောက္ခမဖြစ်သူဟာ တစ်ညလုံး ငိုနေခဲ့သည်။ သို့ဖြစ်ရာ စိတ်အခြေနေကောင်းမနေဘဲ မျက်တွင်းများပင် ကျနေလေပြီ။

ကလေးနှစ်ယောက်မှာ ငယ်သေးပေမဲ့ အိမ်ထဲက အခြေနေ မူမမှန်နေတာကို သူတို့လည်း ခံစားမိသည်။ သူတို့ခမျာ အေးခဲထားခံရသည့် ကြောင်ပေါက်လေးများအလား တိတ်ဆိတ်နေကြ

ပြီး စကားတစ်ခွန်းမှ မဆိုရဲကြ။

အရာရှိများ ရောက်လာသည်ကို မြင်ရသည့်အခါ အမျိုးသမီးသုမှာ ပို၍ပင် ထိတ်လန့်သွားခဲ့ရသည်။

“ အမျိုးသမီးသု၊ ရှင် ဘာဆက်လုပ်ဖို့စိတ်ကူးရှိလဲဆိုတာကို မေးချင်လို့ ရောက်လာတာ။ တကယ်လို့ ရှင် ကွာရှင်း ချင်တယ်ဆိုရင်လည်း ကျွန်မရှင့်အတွက် ပြောပေးပြီးတော့ စာရွက်စာ‌တမ်းတွေ လုပ်ပေးလို့ရတယ်။ ဘာမှ စိတ်မပူနဲ့,၊ ရှင့်ရဲ့ ယောက္ခမရော၊ ရှင့်ယောကျာ်း ပေါင်လွင်ရှန်းရော နှစ်ယောက်စလုံး အပြစ်ရှိတယ်။ ကလေးတွေကို ရှင်ကိုယ်တိုင်ပဲစောင့်ရှောက်ပေးရမှာ”

အမျိုးသမီး အရာရှိသည် အစောကတည်းက သတင်းရထားပြီးဖြစ်ရာ စီစဉ်ထားသည့်အတိုင်း ပြောပြလိုက်ခြင်းဖြစ်သည်။

သုအမျိုးသမီး အနည်းငယ် အံ့အားသင့်သွားခဲ့၏။

“သူတို့ကို ခေါ်ထားရမယ်? ကျွန်မ သူတို့ကို ခေါ်သွားလို့ရတာလား”

“ရှင်က ကလေးတွေရဲ့ အမေပဲဟာ ခေါ်သွားလို့ရတာပေါ့” အမျိုးသမီးအရာရှိကာ ပြုံးပြရင်းဆိုလိုက်၏။

ယောက္ခမဖြစ်သူ အမျိုးသမီးကြီးပေါင်လျို့သည် အခုထိဖမ်းဆီးခြင်းမခံရသေး။ ထိုစကားကို ကြားလိုက်ရသည့် အခါ အံတကြိတ်ကြိတ် လက်သည်းတရမ်းရမ်းဖြစ်သွားခဲ့ကာ “ဟက်! အသည်းနှလုံးမရှိတဲ့ ပြည့တန်ဆာမ၊ နင်က အပြင်မှာနောက်တစ်ယောက်ရနေတာတောင် ငါ့မြေးတွေကို ခေါ်သွားချင်တယ်သေးတယ်ပေါ့,

အိပ်မက်မက်နေလိုက်!’

သုအမျိုးသမီးတစ်ယောက် ခေါင်းကို ငုံထားလေသည်။

အူပ်ချုပ်ရေးမှူးရုံးမှ အရာရှိက ပေါင်အမျိုးသမီးကြီးအား ဖမ်းလိုက်၏။ “ ခင်ဗျားက တရားစွဲခံထားရတာ၊ အနိမ့်ဆုံး ပြစ်ဒဏ်က ထောင်ထဲမှာ တစ်နှစ်ခွဲလောက်နေရမှာ။ ခင်ဗျားရဲ့ မြေးတွေကို ချွေးမနဲ့ အတူ မထားတော့ သူ့လို ဒီလောက် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ကလေးကို အိမ်ထဲမှာနေပြီး သေခိုင်းမလို့လား?”

“ဘာကိုတရားစွဲတာလဲ။ ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ အရင်တုန်းက အမျိုးသမီးဝမ် သေသွားရတယ်ဆိုတာကလည်း ကလေးမမွေးနိုင်လို့ မီးတွင်းထဲမှာသေသွားတာ!”

အမျိုးသမီးကြီးလျိုက အော်ပြောလေသည်။

သူမရဲ့ စိတ်ထုဲ၌ ထိုကလေးတွေကို လူသားလို့တောင် ဘယ်တုန်းကမှ မသတ်မှတ်ထားခဲ့

ညစဉ်ညတိုင်း အိပ်မက်ဆိုးများ မက်နေရသည့်တိုင် သူမ နှလုံးသားထဲကအတွေးက အပြောင်းမလဲမရှိသေး။

အမျိုးသမီးဝမ်က သူမဗိုက်ကို ဖွင့်ခံရတဲ့အချိန်မှာ အသက်ရှင်‌နေသေးတယ်ဆိုပေမဲ့ မီးတွင်းထဲက ကိုယ်ဝန်ဆောင်သည်အားလုံး ထိုအတိုင်းချည်းပင်။

သူတို့အနေနဲ့ မရဏတံခါးဝနားကို ဖြတ်သန်းနေကြရသည်။

ကလေးမွေးရတာ ခက်ခဲနေတယ်ဆိုရင် ကလေးကို ကယ်မလား အမေကို ကယ်မလားဆိုတာက ရွေးချယ်ရမှာပဲ မဟုတ်လား?!

ထိုအချိန်၊ ထိုအခြေနေ၌ ကလေးတွေကို မကယ်ခဲ့ဘူးဆိုလျှင်တောင် အမျိုးသမီးဝမ်က သေရမှာပဲ!

အဲဒါ သူမအမှားမဟုတ်ဘူး!

“အမျိုးသမီးကြီးပေါင်လျို့၊ ကျုပ်တို့ အမျိုးသမီးဝမ်ရဲ့ ဗိုက်ခွဲခံရတဲ့အမှုရဲ့ ဟိုးအောက်ဆုံးအထိ သွားမယ်ဆိုရင် ခင်ဗျား ခေါင်းနဲ့ကိုယ် ဝမ်းစားကွဲလောက်တယ်။” အုပ်ချုပ်ရေးရုံးမှာ အမှုထမ်းတစ်ယောက်က ခနဲ့လိုက်ကာ “ခင်‌ဗျားရဲ့ သား၊ ဝမ်းဆွဲသည်တို့နဲ့ ပေါင်းပြီး‌ ခင်ဗျားမြေးတွေကို သတ်ဖို့ကြံခဲ့တာ ဟုတ်တယ်မလား"

သူက ပြောရင်းနှင့် အမျိုးသမီးကြီးပေါင်လျို့ ထွက်မပြေးသွားအောင် ကြိုးဖြင့် ချည်ထားလိုက်သည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ အမျိုးသမီးသုတစ်ယောက် ဘာတွေ ဖြစ်နေလဲဆိုတာ သဘောမပေါက်ဘဲနေမလား?

သူမ ချက်ချင်း ခေါင်းညိတ်ကာ ထွက်သွားချင်နေခဲ့သည်။

အုပ်ချုပ်ရေးရုံးမှ အရာရှိသည် စာရွက်စာတမ်းများကို ပြင်ဆင်လာခဲ့ကာ ထိုစာရွက်များပေါ်၌ ပေါင်လွင်ရှန်း၏ လက်ဗွေရာလည်း ရှိနေသည်။

အမျိုးသမီးသုသည် စာမတတ်တာကြောင့်

အရာရှိကနေ၍ သူမအား စာတစ်လုံးချင်းစီဖတ်ပြခဲ့ရာ နားထောင်အပြီး၌ သူမ ထိတ်လန့်သွားခဲ့လေသည်။

ကွာရှင်းစာချုပ်များအပြင် ပိုင်ဆိုင်မှုခွဲဝေသည့် စာရွက်စာတမ်များလည်း ပါသေးသည်။ သူမတွင် ကလေးနှစ်ယောက်ရှိသဖြင့် သူတို့ကို ပျိုး‌ထောင်ဖို့က ခက်ခဲမည်ဖြစ်တာကြောင့် သူမကို မြေဧကနှစ်ဆယ်နှင့် ငွေစနှစ်ဆယ်ကို ပေးသည်ဟုလည်း အရာရှိက ဆိုသေးသည်။

ပေါင်မိသားစုရဲ့ စုစုပေါင်း မြေဧက ၄၀ လောက်ရှိသည်။ အစက သူမထင်ထားသည်မှာ သူမရဲ့ ပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းပြီး ထွက်သွားရုံလောက်ဟု။ ပိုင်ဆိုင်မှုစည်းစိမ်တို့ကိုပါ ရလာလိမ့်မည်ဟု ထင်မထားခဲ့ချေ!

•••••

All Chapters