← Chapters

မင်းရင်ဆိုင်ရမယ့်သူက နဂါးမျိုးနွယ်ကအဋ္ဌမမင်းသားပဲ

Vol. 16 Ch. 214

မင်းရင်ဆိုင်ရမယ့်သူက နဂါးမျိုးနွယ်ကအဋ္ဌမမင်းသားပဲ

Vol. 16 Ch. 214

အခန်း (၂၁၄) မင်းရင်ဆိုင်ရမယ့်သူက နဂါးမျိုးနွယ်ကအဋ္ဌမမင်းသားပဲ

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးထဲတွင် အဋ္ဌမမင်းသား မတ်တတ်ရပ်နေ၏။

သူက ပတ်ဝန်းကျင်မှလူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

နှစ်ဦးနှစ်ဘက် အခြေအနေတင်းမာနေကြသည်ဖြစ်ရာ သူသာ အမှားလုပ်မိပါက ပြင်းထန်သည့်တိုက်ပွဲတစ်ခုဆီသို့ ချက်ချင်းပင် ဦးတည်ပေလိမ့်မည်။

ထို့ကြောင့် သူ့အနေဖြင့် အဖြစ်အပျက်များအားလုံးကို သေသေချာချာ ရှင်းပြရန် လိုအပ်သည်။

မဟုတ်ပါက သူ့အနေဖြင့် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ထဲမှ အသက်ရှင်လျှက် ပြန်ထွက်ရန်မှာ ပုံပြင်ပမာ ဖြစ်သွားပေလိမ့်မည်။

"ဒီနေ့ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော် ရှင်းပြပါ့မယ်… ၊ ဒီမနက်ပဲ ဦးလေးလုန်ရဲ့က တောင်ခြေသေရည်ဆိုင်က အကောင်းစားသေရည် အရမ်းကောင်တယ်လို့ပြောပြီး ကျွန်တော့်ကို သေရည်ဆိုင် ခေါ်သွားပါတယ်…"

ထိုစကားဖြင့် အစပြုရင်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းလင်းပြရန် လုန်မန် အတော်လေး အချိန်ယူခဲ့ရသည်။

မော့ကျန်းသုန့်ကို ပြောပြသည့်စကားများအတိုင်းပင် ထပ်မံပြောပြခဲ့ခြင်း ဖြစ်ပြီး သေရည်ဆိုင်တွင် ပြဿနာတက်သည်ကိုပါ အဆစ်ထည့်ပြောလိုက်သည်။

လုန်ရဲ့က သေရည်သောက်ပြီးသည်နှင့် သေရည်အိုးကို ပေါက်ခွဲပစ်လိုက်ပြီး သေရည်ဆိုင်ပိုင်ရှင်နှင့် ပြဿနာတက်ခဲ့သည်။

ထို့နောက် သေရည်ဆိုင်မှ ဖီရှိုးသတ္တဝါထွက်ပေါ်လာပြီး လုန်ရဲ့နှင့် တိုက်ခိုက်ကြသည်။ သူကတော့ ထို (၂)ယောက်၏ တိုက်ပွဲကို ဝင်ဆွဲရလောက်အောင် တန်ခိုးစွမ်းအာမြင့်မားသူ မဟုတ်ခဲ့ပေ။

ထို့ကြောင့် တိုက်ပွဲကြားတွင် မယောင်မလည်ဖြင့် နောက်ဆုံး နတ်မိစ္ဆာများရှိရာနေရာသို့ ပြုတ်ကျသွားခဲ့သည်။ ဤသည်က လုံးဝမျှော်လင့်မထားသည့် တိုက်ဆိုင်မှုပင်။

ထို့နောက် လုန်မန်က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ရင်း ပြောသည်။

"နောက်ဆုံးတော့ တောင်သခင် 'မော့' က ကျွန်တော့်ကို ကယ်တင်ခဲ့တာပါ ၊ ဒါက အဖြစ်အပျက်အားလုံးပါပဲ"

ဤသည်က နဂါးမျိုးနွယ်များ၏ အဓိပ္ပါယ်မရှိ သောက်ပြဿနာရှာမှုများကြောင့် မလိုလားအပ်ဘဲ ဖြစ်လာရသည့် ပြဿနာ ဖြစ်သည်။

မြောင်ယွဲ့ ၊ လျိုကျင်းနှင့် မော့ကျန်းသုန့်တို့က မည်သည့်စကားမှ မဆိုဘဲ လုန်လီကို လှမ်းကြည့်လိုက်ကြ၏။ တစ်ဖက်လူမှ မည်သို့ဖြေရှင်းမည်ကို စောင့်ဆိုင်းနေကြသည့် သဘောပင်။

ခွန်လွန်တောင်မှ တောင်သခင် (၃)ပါးကိုကြည့်ရင်း လုန်လီ၏ မျက်ဝန်းထောင့်စွန်းလေးများ လှုပ်ခတ်သွား၏။ နောက်ဆုံးတော့ မည်သို့မှတ်မတတ်နိုင်တော့ဘဲ မာနကိုခဝါချကာ တောင်းပန်စကားဆိုရတော့သည်။

"ကျုပ်တို့ စိတ်လိုက်မာန်ပါ လုပ်မိသွားတာ တောင်းပန်ပါတယ်"

မြောင်ယွဲ့က တည်ငြိမ်စွာဖြင့်...

"ရန်ငြိုးဖွဲ့ပြီး ပြန်ပြေလည်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ ၊ ဒါပေမဲ့ ကျွန်မကတော့ အခုမှ ပထမဆုံးအကြိမ် ဒီလိုအဖြစ်မျိုး တွေ့ကြုံဖူးတာဆိုတော့ အတော်လေး ထူးဆန်းတာပဲ"

လုန်လီ၏ မျက်နှာအမူအရာ မျိုးစုံ ပြောင်းလဲသွားပြီးမှ...

"နောက်မှ တောင်းပန်တဲ့အနေနဲ့ရော ကျေးဇူးတင်တဲ့အနေနဲ့ပါ ကျုပ် လက်ဆောင်ပို့လိုက်ပါ့မယ်"

ထိုစကားကိုကြားသည့်အခါ မြောင်ယွဲ့က ရယ်မောလိုက်၏။

"ဒီလိုဆိုမှတော့ ခွန်လွန်တောင်က နဂါးမျိုးနွယ်တွေကို အနိုင်မကျင့်ပါဘူးလေ ၊ စိန်ခေါ်ပွဲကို ရက်နည်းနည်းနောက်ဆုတ်ပေးပါ့မယ် ၊ ရှင်တို့ဘက်ကလူကို နေပြန်ကောင်းစေပါဦးလေ"

မြောင်ယွဲ့၏စကားက ဆူးချွန်နှင့်ထိုးသလိုဖြစ်လေရာ လုန်လီနှင့် လုန်စီးစီးတို့မှာ အရုပ်ဆိုးစွာပင် မျက်နှာများ ပျက်ယွင်းသွားကြ၏။

သို့ပေသိ သူတို့ မြောင်ယွဲ့၏စကားကို မချေပနိုင်ခဲ့ကြပေ။ ဒဏ်ရာပရပွနှင့် လုန်မန်၏ပုံစံက အရာအားလုံးကို အနှောက်အယှက် ဖြစ်စေခဲ့သည် မဟုတ်ပါလား။

လုန်စီးစီးက မြောင်ယွဲ့ကို စိုက်ကြည့်လိုက်ရင်း...

"အခု ခွန်လွန်တောင်က ရန်သူတွေနဲ့ တိုက်ခိုက်နေတာပဲ ၊ အဲဒီတိုက်ပွဲ ဘယ်လောက်ကြာလဲမှ မသိနိုင်တာ ၊ ဘယ်လိုလုပ် စိန်ခေါ်ပွဲကို တိုက်ပွဲအဆုံးထိ စောင့်နေနိုင်မလဲ"

"ဘန်း..."

လုန်စီးစီး၏စကားသံအဆုံးသတ်သွားချိန် မြေပြင်ထက်သို့ လေးလံသည့်အရာဝတ္ထုတစ်ခု ပြုတ်ကျလာသံ ကြားလိုက်ရ၏။

ခန်းမဆောင်အပြင်ဘက်မှ ဝံပုလွေခေါင်းကြီးတစ်ခု ပျံသန်းဝင်ရောက်လာပြီး ကြမ်းပြင်ထက် ပြုတ်ကျသွားကာ လိမ့်သွားသည်ကို တွေ့လိုက်ကြရသည်။

ထိုဝံပုလွေခေါင်းကြီးမှ ပြင်းထန်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်နေဆဲပင်။

"တိုက်ပွဲပြီးသွားပြီ"

ကျိုးကျုန်းထျန်းက ခန်းမဆောင်ထဲဝင်လာရင်း ပြောလိုက်၏။

"လာတိုက်တဲ့ကောင်တွေက မိုးကောင်းကင်ဝံပုလွေမျိုးနွယ်တွေပဲ"

နဂါးမျိုးနွယ်များမှာ မိုးကောင်းကင်ဝံပုလွေဦးခေါင်းကြီးကိုကြည့်ပြီး ထိတ်လန့်သွားကြ၏။

တိုက်ပွဲကလည်းလျှင်မြန်စွာ ပြီးဆုံးသွားလေရာ မိုးကောင်းကင်ဝံပုလွေကြီးက စွမ်းအားနိမ့်ပါးနေသည်လားဟုပင် သံသယဝင်မိကြသည်။

လျိုကျင်းက နဂါးမျိုးနွယ်များကို လှမ်းကြည့်လိုက်ရင်း...

"ကြည့်ရတာတော့ တိုက်ပွဲနဲ့ပတ်သက်ပြီးလည်း ကျုပ်တို့ဘက်က ဘာပြဿနာမှ မရှိဘူးဗျ … နော် ၊ ဒါပေမဲ့ ခင်ဗျားတို့ဘက်ကို ငဲ့ပြီး နောက်တစ်လနေမှ စိန်ခေါ်ပွဲ လုပ်ကြတာပေါ့"

ထိုစကားကြားသည့်အခါ နဂါးမျိုးနွယ်များမှာလည်း ပြောစရာစကား မရှိကြတော့ပေ။

***

နောက်တစ်နေ့နံနက်…

"ဘုန်း…"

ကျန်းလန်က သွေးရူးသွေးတန်းဖြစ်နေသည့် သစ်သားမျောက်ဝံကြီးကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

ထိုဓားချက်က ယနေ့တိုက်ပွဲ၏ အဆုံးသတ်တိုက်ပွဲ ဖြစ်၏။

တန်ခိုးစွမ်းအားအမြင့်မားဆုံး မိုးကောင်းကင်ဝံပုလွေခေါင်းဆောင် သတ်ဖြတ်ခံလိုက်ရပြီးနောက် မိုးကောင်းကင်ဝံပုလွေများက ပြန်လည်ဆုတ်ခွာသွားကြလေသည်။

ခေါင်းဆောင်ကင်းမဲ့သည်နှင့် တပ်ပျက်သည်မှာ ဘဘာဝပင် ဖြစ်လေရာ မည်သည့်နည်းနှင့်မှ တန်ပြန်တိုက်စစ်ဆင်ရန် မဖြစ်နိုင်တော့ပေ။

ဝံပုလွေတစ်ကောင်စပြီး ထွက်ပြေးသွားသည်နှင့် ရှုံးနိမ့်သည်ကို သိရှိသွားပြီး အခြားဝံပုလွေကြီးများလည်း ထွက်ပြေးသွားကြ၏။

"ကိုးကောင်မြောက်ကွ…"

ကျန်းလန်က သူ သတ်ဖြတ်ခဲ့သည့်အရေအတွက်ကို ရေတွက်ထားသော်လည်း အခြားသူများကို သက်သေပြရန် အသုံးပြုမည် မဟုတ်ပေ။

တိုက်ပွဲအဆုံးသတ်သွားချိန်တွင် ကျန်းလန် သူ့နောက်မှ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"တပည့်တွေအားလုံး ရေခဲပုစဉ်းရင်ကွဲတောအုပ်က ပြန်ဆုတ်ကြမယ်ဟေ့ ၊ မင်းတို့ သတ်ဖြတ်ခဲ့တဲ့အရေအတွက်နဲ့အညီ ခွန်လွန်တောင်ပြန်ရောက်တာနဲ့ ရင်းမြစ်ပစ္စည်းတွေ ဆုလာဘ်အဖြစ်ရလိမ့်မယ် ၊ ဝေစုလာခွဲယူနိုင်တယ်"

ထိုစကားကိုကြားသည့်အခါ ကျန်းလန် အံ့အားသင့်သွားသည်။ ထိုကိစ္စများကို အစက သူ မသိရှိခဲ့ပေ။

သို့ဆိုလျှင် သူသည်လည်း တိုက်ပွဲအောင်မြင်မှုအတွက် ရင်းမြစ်ပစ္စည်းများ ဝေစုရရှိပေဦးမည်။

"ငါလည်း သွားယူရမယ်"

ကျန်းလန်တွေးလိုက်သည်။

ခဏအကြာတွင်တော့ ဝေစုအဖြစ် ကျန်းလန် ဆေးပုလင်းတစ်လုံး ရလာခဲ့၏။ ဘယ်နှစ်ကောင်သတ်ခဲ့သည်ဟု ပြောလိုက်ရုံမျှဖြင် ဝေစုရခဲ့ပြီး သတ်ဖြတ်ခဲ့သည့်အကြောင်းသက်သေပြရန် မလိုအပ်ခဲ့ပေ။

ထင်ရှားသူများကတော့ အများက အာရုံစိုက်ကြပြီး မည်မျှသတ်ဖြတ်ခဲ့ကြောင်း သတင်းပျံ့နှံ့သွားကြသည်။ သို့ရာတွင် ကျန်းလန်ကတော့ ထိုအကြောင်းများကို အရေးမစိုက်ပေ။

သူရရှိခဲ့သည့် ဆေးလုံးများကလည်း မူလဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် ဖြစ်လေရာ သူ့အတွက် အသုံးမဝင်ပေ။

ထိုဆေးလုံးများကို အမှုန့်ကြိတ်ပြီး ရေသဖန်းပင်လေးနှင့် သားရဲဥလေးကိုလောင်းပေးမည့် ဝိညာဉ်ဆေးရည်အတွင်းသို့ ထည့်ပေးရမည်ဖြစ်၏။

***

"ဆရာ…"

ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ဆရာဖြစ်သူကို သွားတွေ့လိုက်သည်။

မော့ကျန်းသုန့်က…

"ကဲ… တိုက်ပွဲအခြေအနေဘယ်လိုလဲ"

မနေ့ညက ကျန်းလန် အပြင်ထွက်သွားသည်ကို မော့ကျန်းသုန့် သိရှိလေသည်။ အပြင်ထွက်ရသည့်အကြောင်းရင်းက တိုက်ပွဲဆင်နွှဲရန်တစ်ခုသာ ရှိသည်။

"မူလဝိညာဉ်အလယ်ဆင့် သစ်သားမျောက်ဝံ (၅)ကောင် ၊ မူလဝိညာဉ်နောက်ဆုံးအဆင့် သစ်သားမျောက်ဝံ (၃)ကောင် ၊ မူလဝိညာဉ်အဆင့် အောင်မြင်ထားတဲ့ မိုးကောင်းကင်ဝံပုလွေတစ်ကောင် သုတ်သင်နိုင်ခဲ့ပါတယ် ဆရာ"

ကျန်းလန်က မနေ့ညက တိုက်ပွဲရလဒ်ကို ပြောပြလိုက်သည်။

သူ သတ်ဖြတ်ခဲ့သည့်အရေအတွက်က ဆရာဖြစ်သူ လက်ခံနိုင်ခြေရှိမည်ဟု မျှော်လင့်ရသည်။

မော့ကျန်းသုန့်က ရယ်မောလိုက်ရင်း…

"နဝမတောင်ထွတ်က တပည့်အားလုံးပေါင်းပြီး အဲဒီသတ္တဝါတွေကို သတ်လိုက်တာပေါ့"

"……………"

ဆရာဖြစ်သူက စ နောက် နေလေရာ ကျန်းလန် မည်သည့်စကားမှ မပြောတော့ပေ။

မော့ကျန်းသုန့်က ကျန်းလန်၏ ခန္ဓာကိုယ်ကို တစ်ချက်အကဲခတ်လိုက်၏။ တပည့်ငယ်သည် ဒဏ်ရာရထားဟန် မတွေ့ရပေ။

"မင်း ဒဏ်ရာရမလာဘူးလား"

သူ့တပည့်က တိုက်ခိုက်ရာတွင် အလွန်သတိရှိဟန်တူသည်။ ဒဏ်ရာတစ်ချက်ပင် မရခဲ့ပေ။

ကျန်းလန်က ရှင်းပြလိုက်သည်။

"ရန်သူက ကျွန်တော့်ကို မတိုက်ခိုက်နိုင်ခင် ကျွန်တော်က အရင်ဦးအောင် ရှင်းပစ်လိုက်တယ်လေ"

သူက တောအုပ်အစွန်အဖျားတွင် ပုန်းရှောင်နေသောကြောင့် ဒဏ်ရာရခြင်းမရှိဟု ဆရာဖြစ်သူထင်သွားမည်ကို စိုးရိမ်မိသည်။

သို့သော် မော့ကျန်းသုန့်ကတော့ စိတ်ထဲမထားဟန်ဖြင့် ပြုံးနေခဲ့၏။

သူ့တပည့်ကတော့ ဘေးအန္တရယ်ကိုလည်း ရှောင်တတ်တိမ်းတတ်သူပင်။ ကိုယ်ပိုင်အမြင်ရှိပြီး အတိုင်းအတာကို နားလည်သူလည်း ဖြစ်သည်။

သူက တပည့်ဖြစ်သူကို ပြင်ပလောကသို့ စေလွှတ်လိုသည်မှာ တိုက်ပွဲအတွေ့အကြုံရရှိန်အပြင် ပြင်ပလောကမှ အသိပညာများကိုပါ ရရှိစေရန် ဖြစ်သည်။

"နဂါးများနွယ်တွေလည်း ရောက်လာကြပြီ ၊ နောက်လမှာ စိန်ခေါ်ပွဲပြုလုပ်ဖို့ ဆုံးဖြတ်ထားကြတယ် ၊ စုစုပေါင်း စိန်ခေါ်ပွဲ (၉)ပွဲ ပြုလုပ်လိမ့်မယ် ၊ တောင်ထွတ်တစ်ခုကို တစ်ယောက် စိန်ခေါ်မယ်"

မော့ကျန်းသုန့်က အလေးအနက်ထား ပြောကြားလာသည်။

ကျန်းလန်က…

"ကျွန်တော်က ဘယ်သူနဲ့ ယှဉ်ပြိုင်ရမှာလဲ"

ပြိုင်ဘက်က မည်သူမည်ဝါဖြစ်သည်ကို သိရလျှင် အနည်းငယ် စိတ်အေးနိုင်မည် ဖြစ်၏။ ထို့ပြင် နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုမည်ဆိုလျှင် သူ့အနေဖြင့် ရှုံးနိမ့်စရာအကြောင်းမရှိပေ။

အခြားသူများ အာရုံစိုက်ခြင်းကို ခံရမည်ဆိုသော်လည်း တန်သည်ဟုယူဆကာ သူ ကျေကျေနပ်နပ်ကြီး ရင်ဆိုင်မည် ဖြစ်သည်။

အမှန်တော့ ဤစိန်ခေါ်ပွဲက ဆရာဖြစ်သူအတွက် အရေးပပြီး မလိုအပ်သည့် ပြသနာများကိုလည်း လျှော့ချပေးနိုင်ပေလိမ့်မည်။

သူ့ကို အခြားသူများ အာရုံစိုက်လာမည်ဆိုလျှင်လည်း နှစ်ပေါင်း (၅၀)ခန့် ဂူအောင်းလိုက်လျှင် အဆင်ပြေသွားမည် ဖြစ်သည်။

မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အကြမ်းဖျင်းတော့ အတည်ပြုပြီးပြီ"

သူက ဆက်ပြောလိုက်၏။

"မင်းရင်ဆိုင်ရမယ့်သူက နဂါးမျိုးနွယ်က အဋ္ဌမမင်းသား 'လုန်မန်' ပဲ ၊ သူက မွေးရာပါ အင်မော်တယ်တစ်ပါးပဲ ၊ သူ့အသက်က နှစ်ပေါင်း (၁၀၀)တောင် မပြည့်သေးပေမယ့် ကျင့်ကြံခြင်းအဆင့်ကတော့ လူသားအင်မော်တယ်အဆင့် အောင်မြင်သွားခဲ့ပြီ"

"……………"

ကျန်းလန် ဆွံ့အသွား၏။

သူနဲ့ ပြိုင်ရမှာ ဒီကောင်လား။

သူက အဋ္ဌမမင်းသားနှင့် အရင်တစ်ခေါက်ကလည်းတွေ့ဆုံဖူးပြီး မနေ့ကပင် ဆုံခဲ့ကြသေးသည်။ ထိုလူငယ်က တန်ခိုးစွမ်းအားမြင့်မားသည်ကတော့ မှန်ပေ၏။

လုန်မန်က ကျင့်ကြံခြင်းအဆင့် လျှော့ချပြီး ယှဉ်ပြိုင်မည်ဆိုလျှင်တောင်မှ အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။ ကွာခြားလွန်းသည့် ကျင့်ကြံခြင်းအဆင့်က ပေါင်းစပ်နိုင်စရာ အကြောင်းမရှိပေ။

သို့ဆိုလျှင် နဂါးများက ခွန်လွန်တောင်ကို တမင်သက်သက်အနိုင်ကျင့်ရန် ရောက်ရှိလာလေခြင်းလားဟု ကျန်းလန် သိချင်စိတ်ဖြစ်မိသည်။

နဂါးမျိုးနွယ်များ၏ မန္တန်ပညာ ၊ လျှို့ဝှက်တန်ခိုးစွမ်းအားများနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့က အခြားသောကျင့်ကြံသူများနှင့်ယှဉ်လျှင် အလွန်တရာ မြင့်မား၏။

ကျင့်ကြံခြင်းအဆင့် တူညီသူအချင်းချင်း ရင်ဆိုင်မည်ဆိုလျှင်ပင် အနိုင်ရရန် အတော်လေး ကြိုးစားရမည် ဖြစ်သည်။

ဤသည်က အားနည်းသူကို အနိုင်ကျင့်ခြင်းလား။

အင်း… သို့ပေမဲ့ တစ်ဖက်လူက သူ့ထက်များစွာအသက်ငယ်လွန်းသည်။

"………………"

အဋ္ဌမမင်းသား မွေးဖွားသည်မှာ နှစ်ပေါင်း (၁၀၀)ပင် မပြည့်သေးပေ။

နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့်ဖြစ်သည့် ကျန်းလန်ကလည်း ကျင့်ကြံခြင်းသက်တမ်း နှစ်ပေါင်း (၂၆၀)ခန့်သာ ရှိသေးသည်။

အသက်အရွယ်ချင်း နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် တစ်ဖက်လူက ပိုပြီးအားနည်းသည်ဟုပင် ဆိုနိုင်သည်။ ထို့ကြောင့်လည်း ခွန်လွန်တောင်က ထိုအချက်ကို မငြင်းဆန်နိုင်ခဲ့ခြင်း ဖြစ်ဟန်တူ၏။

ကျန်းလန်က…

"တပည့် အကောင်းဆုံး ကြိုးစားပါ့မယ်"

အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်လေရာ ကျန်းလန်အနေဖြင့် အကောင်းဆုံးကြိုးစားရန်မှလွဲပြီး အခြားရွေးခြယ်စရာ မရှိပေ။

***

ကျန်းလန် နဝမတောင်ထွတ်အစွန်းမှ ထွက်ခွာလာခဲ့သည်။

မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားဖြင့် နဂါးမျိုးနွယ် အဋ္ဌမမင်းသားကို အနိုင်ယူရန်အတွက် ပြင်ဆင်ချိန် (၁)လ ရှိလေသည်။

သူက မူလဝိညာဉ်အဆင့် အောင်မြင်ထားသည်ကို ဆရာဖြစ်သူက သိရှိမည် ဖြစ်သည်။ သို့သော် အခြားတပည့်များအမြင်တွင်တော့ သူက မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ဖြစ်လေ၏။

သို့ပေသိ ဆရာဖြစ်သူက သူ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ဘာမှ မပြောသည့်အတွက် တိတ်တဆိတ် သဘောတူသည်မှာ ထင်ရှားသည်။

ထို့ကြောင့် စိန်ခေါ်ပွဲကိုရင်ဆိုင်သည့်အခါ နဂါးမင်းသားသည်လည်း မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားကို အသုံးပြုတိုက်ခိုက်ပေလိမ့်မည်။

သူနေထိုင်ရာ ခြံဝန်းအတွင်းသို့ ပြန်ရောက်လာသည်နှင့် ကျန်းလန်က တိုက်ပွဲအောင်မြင်ခြင်း ဆုလာဘ်အဖြစ်ရရှိလာသည့် ဆေးလုံးအချို့ ကြိတ်ခြေလိုက်သည်။

နဂါးသုတ်သင်ဓားသိုင်းကို ပြန်လည်လေ့ကျင့်ရန် သူ စီစဉ်ထား၏။ ထိုဓားသိုင်းကို သူ မလေ့ကျင့်သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

နဂါးသုတ်သင်ဓားသိုင်းသည်သာ စိန်ခေါ်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့် တစ်ခုတည်းသော ဓားသိုင်းပညာ ဖြစ်၏။

ကျန်းလန်အနေဖြင့် နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုပြီး တကယ့်နဂါးအစစ်ကို တစ်ခါမှ ရင်မဆိုင်ဘူးပေ။ ထို့ကြောင့် အဖြေကိုသိရှိရန်မှာတော့ နောက်လတွင်ပြုလုပ်မည့် စိန်ခေါ်ပွဲကိုသာ စောင့်ကြည့်ရမည်ပင်။

သူ့ဘေးနားတွင် နဂါးမယ်လေးတစ်ယောက် အစဉ်အမြဲ ရှိနေခဲပါသော်လည်း သူမနှင့်တော့ နဂါးသုတ်သင်ဓားသိုင်းကို စမ်းသပ်မကြည့်ဝံ့ခဲ့ပါပေ။

ဆေးလုံးများကို အမှုန့်ကြိတ်ပြီးနောက် ဝိညာဉ်ဆေးရည်များနှင့် ရောမွှေလိုက်သည်။ ထို့နောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးထက်သို့ လောင်းချပေးလိုက်၏။

သားရဲဥလေးများ တစ်ခုခု ပြောင်းလဲလာလေမည်လားဟု ကျန်းလန် မျှော်လင့်လိုက်မိသေးသည်။

သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် ကျန်းလန် ခွန်လွန်တောင်စာကြည့်တိုက်သို့သွားရောက်ရန် စဉ်းစားလိုက်၏။

အင်မော်တယ်ဖြစ်ပြီးနောက်ပိုင်း ကြုံတွေ့ရင်ဆိုင်ရမည့် ကျင့်ကြံခြင်းအဆင့်များအားလုံးကို သူ သိရှိနားလည်ချင်သည်။

သို့မှသာ ဆရာဖြစ်သူက မည်သည့်အဆင့်တွင် ရှိသည်ကို အကြမ်းဖျင်းခန့်မှန်းနိုင်မည် ဖြစ်သလို ဆရာဖြစ်သူကို ကျော်တက်နိုင်ရန် အချိန်မည်မျှကြာအောင် ကျင့်ကြံရမည်ကိုလည်း ခန့်မှန်းတွက်ချက်နိုင်မည် ဖြစ်၏။

All Chapters