← Chapters

အပိုင်း ၄၂၃

Vol. 29 Ch. 423

အပိုင်း ၄၂၃

Vol. 29 Ch. 423

ရေတွေက ဗွမ်းခနဲ စင်ထွက်လာခဲ့သည်။

နျဥ်ယွိယွမ် ရေကန်ထဲကို ဆင်းလိုက်ပြီး မော့ချူးမျက်နှာနဲ့ တန်းတန်း နေရာကို ရွေးလိုက်သည်။ တိမ်တွေ၊ မြူတွေကြားထဲမှာ သူ့ရဲ့ ပုံမှန်တင်းမာနေတဲ့ မျက်နှာက အနည်းငယ် ပျော့ပြောင်းသွားပြီး ဖော်ပြလို့မရတဲ့ နူးညံ့မှုတစ်မျိုးကို ဆောင်ယူလာသည်။ သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးတစ်စုံက အတားအဆီးတွေကို ဖောက်ထွင်းပြီး မော့ချူးကို တည့်တည့်ကြည့်နေသလိုပင်။

ရေကန်ဘောင်ပေါ်မှာ ဖြန့်ကားထားတဲ့ သူ့ရဲ့ လက်ဖဝါးကြီးက အနည်းငယ် လှုပ်ရှားသွားသည်။ မော့ချူးရဲ့ ခန္ဓာကိုယ်ပေါ်က နူးညံ့သိမ်မွေ့တဲ့ အထိအတွေ့ကို သူ အခုထိ ခံစားနေရဆဲလိုပင်။ သူ့မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ နျဥ်ယွိယွမ်ရဲ့ လက်ရှိပုံစံက ပျော်ရွှင်နေပုံရသည်။ သေချာကြည့်လိုက်ရင် သူ့မျက်လုံးထဲမှာ ဝိုးတဝါးဖြစ်နေတာမျိုး လုံးဝမရှိဘူး။ ဆန့်ကျင်ဘက်အားဖြင့် သူ့မျက်လုံးအိမ် အနက်ရှိုင်းဆုံးနေရာက မီးလျှံတွေက တိုးတိုးလေး ကခုန်နေကြသည်။

"ဝါး၊ အရမ်းကောင်းတာပဲ!" ကျီမို့လင်နဲ့ တခြားသူတွေက မဆိုင်းမတွ ရေထဲသို့ ဆင်းဝင်လာကြသည်။ ထိုင်လိုက်တာနဲ့ နွေးထွေးတဲ့ရေက သူတို့ခန္ဓာကိုယ်တွေကို လွှမ်းခြုံသွားသည်။ သူတို့တွေ မနေနိုင်ဘဲ ကျေနပ်အားရစွာ သက်ပြင်းချလိုက်ကြပြီး၊ တင်းမာနေတဲ့ ကြွက်သားတွေက သိသိသာသာ ပြေလျော့သွားသည်။

သူတို့အားလုံးဟာ လေ့ကျင့်မှုများစွာကို ဖြတ်သန်းခဲ့တဲ့ ကျွမ်းကျင်သူတွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ အမာရွတ်တွေ အနည်းငယ် ရှိနေကြသည်။ အဖွဲ့ချုပ်နဲ့ မဟူရာ သမုဒ္ဒရာမှာ အမာရွတ်ပျောက်ဆေးတွေ ရှိပေမယ့်၊ အမျိုးသားအများစုက ဒီအမာရွတ်တွေကို သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ရဲ့ သင်္ကေတလို့ ယုံကြည်ကြတာကြောင့် အဲဒီအမာရွတ်တွေကို အထူးတလည် ဖယ်ရှားလေ့မရှိကြပေ။

စုန့်ချင်းစုန့်က နောက်ဆုံးဝင်လာတာကြောင့် လူတိုင်းရဲ့အကြည့်တွေက သူ့ဆီကို ရောက်သွားသည်။ သူ့ကို သေချာမြင်လိုက်ရတဲ့အခါ သူတို့တွေ မျက်မှောင်အနည်းငယ် ကြုံ့မိကြသည်။

အကယ်၍ လူတစ်ယောက်က အောင်နိုင်သူစုန့်မျိုးရိုး ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါကိုပဲ ကြည့်မယ်ဆိုရင် လူတိုင်းက သူ့ကို ကြမ်းတမ်းပြီး ချောမောတဲ့ အမျိုးသားတစ်ယောက်လို့ မြင်ကြမှာပင်။ ဒီအချိန်မှာ သူ့ခန္ဓာကိုယ်ပေါ်က ကန့်လန့်ဖြတ်အမာရွတ်တွေကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့ ကိုယ်အပေါ်ပိုင်း တစ်ဝက်နီးပါးကို လွှမ်းခြုံထားသည်။ တခြားသူတွေက အတော်လေး အတွေ့အကြုံရှိပေမယ့်လည်း သူတို့ရဲ့မျက်ခုံးတွေက ပင့်သွားကြသည်။

"မင်းက..." တခဏတာ တိတ်ဆိတ်သွားပြီးနောက် မော့ယန်က ဦးဆောင်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်သည်။ သူ့အကြည့်က ထိုအမျိုးသားရဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို စိုးရိမ်တကြီး ဝေ့ကြည့်လိုက်သည်။ သူ့ရဲ့ အထင်အမြင်အရ စုန့်ချင်စုန့်က ချောမောပြီး ကျက်သရေရှိသည်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်အနှံ့ အမာရွတ်တွေက သူ့ကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ အထူးသဖြင့် သူ့နှလုံးသားပေါ်က အမာရွတ်။ အကယ်၍ ပိုနက်ခဲ့မယ်ဆိုရင် သူ...

"စိတ်မပူပါနဲ့၊ ငါ အဆင်ပြေပါတယ်" မော့ယန်ရဲ့ စိုးရိမ်တကြီးအကြည့်ကို ကြုံတွေ့ရတဲ့အခါ စုန့်ချင်းစုန့်က ရယ်လိုက်သည်။ အခု အဲဒီအရာတွေကို ပြန်တွေးကြည့်တဲ့အခါ ကန္တာရထဲက ကျောက်တုံးတွေလိုပဲ လေနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ခံစားရသည်။ "အဲဒီတုန်းက ငါ့ရဲ့ ဒြပ်စွမ်းရည် အဆင့်က သိသိသာသာ ကျသွားတာ။ တချို့လူတွေက ငါ့ကို မကြိုက်ကြဘူး၊ ငါ့ကို ပေါ့ပေါ့တန်တန် နင်းချေပစ်ချင်နေကြတာ။"

စုန့်ချင်စုန့်က အေးဆေးတည်ငြိမ်စွာနဲ့ ပြောဆိုခဲ့ပေမယ့် အဲဒီတုန်းက အန္တရာယ်ရှိတဲ့ အခြေအနေကိုတော့ မြင်ယောင်နိုင်သည်။ ဒီအကြောင်းကို တွေးလိုက်တဲ့အခါ မော့ယန်ရဲ့ မျက်နှာက ပိုပြီး မှောင်မိုက်သွားသည်။

တစ်ဖက်မှာတော့ နျဥ်ယွိယွမ်က ဘေးကနေ ကြည့်နေသည်။ သူ့မျက်လုံးတွေက လက်ခနဲ လင်းသွားသည်။ သူ လက်လှမ်းပြီး ခလုတ်ခုံထဲက ဆေးဘူးတစ်ဘူးကို ထုတ်လိုက်သည်။ "အော် ဟုတ်သား။ ဒီဆေးက အမာရွတ်ပျောက်တာ အတော်လေး ကောင်းတယ်။ မင်း စမ်းကြည့်ပါလား။"

သူ့လက်ထဲက ဆေးအများစုကို ကျုံးဝမ်က ဖန်တီးထားတာကြောင့် ဆေးရဲ့ စွမ်းရည်ကိုတော့ သေချာပေါက် အာမခံနိုင်သည်။

"မလိုပါဘူး..."

"အလုပ်ရှုပ်အောင်လုပ်မိလို့ အားနာပါတယ်။"

အသံနှစ်ခု တစ်ပြိုင်နက် ထွက်လာပေမယ့် အဓိပ္ပာယ်က လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။

နျဥ်ယွိယွမ်က မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။ သူ့လက်ထဲက ဆေးထုပ်ကို မော့ယန်လက်ထဲ ထိုးထည့်လိုက်သည်။ "ကဲ၊ ယူထားလိုက်။"

သူ ယောက်ဖကို ကျေနပ်အောင် လုပ်နည်းတစ်ခုကို နောက်ဆုံးတော့ ရှာတွေ့သွားပြီ။

"ကျေးဇူးပဲ။" ဆေးထုပ်ကို လက်ထဲမှာ ကိုင်ထားရင်း မော့ယန်က နျဥ်ယွိယွမ်ကို ပထမဆုံးအကြိမ်အဖြစ် ကောင်းကောင်းဆက်ဆံလိုက်သည်။ ပြီးတော့ သူ့လက်ရှည်ကြီးကို ဆန့်ပြီး အဲဒီဆေးကို အောင်နိုင်သူစုန့်ဆီ ပေးလိုက်သည်။ စိုးရိမ်တကြီးအကြည့်နဲ့ ပြောလိုက်သည်။ "စမ်းကြည့်ပါဦး"

စုန့်ချင်စုန့်က သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို အမြဲတမ်း ဂရုမစိုက်ခဲ့ပေ။ ဒါပေမယ့် မော့ယန်ရဲ့ ဇွဲမလျှော့တဲ့ အကြည့်ကို မြင်လိုက်ရတဲ့အခါ သူ့နှလုံးသားက အနည်းငယ် တုန်ယင်သွားသည်။ နောက်ဆုံးတော့ သူဘာမှ မပြောတော့ဘဲ အဲဒီဆေးကို တိတ်တိတ်လေး သိမ်းလိုက်သည်။

မော့ချူးက ဒီမြင်ကွင်းကို တစ်ဖက်ခန်းကနေ ပြုံးပြီး ကြည့်နေသည်။ 'အင်း... ကိစ္စတွေက တကယ်စိတ်ဝင်စားဖို့ကောင်းလာပြီ!'

သူမ မျက်လုံးကို အနည်းငယ် မှိတ်ပြီး သမ်းလိုက်သည်။ သူမ ထိုင်နေတဲ့နေရာမှာ ကန့်လန့်ကာတစ်ခု ရှိသည်။ အဲဒီထဲမှာ လဲလျောင်းနေရင်တောင် အိပ်ပျော်သွားရင် ပြုတ်ကျမှာကို စိတ်ပူစရာမလိုပေ။ ကျန်နေသေးတဲ့ ဝိုင်တွေကို တစ်ကျိုက်တည်း မော့လိုက်ပြီး ဖန်ခွက်ကို ချလိုက်သည်။ မျက်နှာလေး အနည်းငယ် နီမြန်းနေတဲ့ မော့ချူးက အဲဒီလိုပဲ အိပ်ပျော်သွားတော့သည်။

ဒီအိပ်စက်ခြင်းက နှစ်နာရီတိတိ ကြာမြင့်ခဲ့သည်။

သူမ နိုးလာတဲ့အခါ နူးညံ့တဲ့ အိပ်ရာပေါ်မှာ ပက်လက်လဲနေပြီး ခန္ဓာကိုယ်ပေါ်မှာ စောင်ပါးလေး တစ်ထည် ခြုံထားတာကို တွေ့လိုက်ရသည်။

"မော့ချူး၊ နိုးပြီလား။" ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဘေးနားက ဝန်ထမ်းက ချက်ချင်း မျက်လုံးတွေတောက်ပလာပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ သူ့ကို စိုက်ကြည့်လိုက်သည်။ မော့ချူးနဲ့အတူ ဓာတ်ပုံရိုက်ခွင့်ရတာအပြင် ကံကောင်းမှု ကြယ်ပွင့်လေး အိပ်နေတဲ့ ပုံစံကို သူ့မျက်စိနဲ့ကိုယ်တိုင် မြင်လိုက်ရသည်။ အဲဒီပုံစံလေးက အရမ်းချစ်စရာကောင်းလွန်းလို့ သူ့နှလုံးသားကို အရည်ပျော်စေမတတ်ပင်။ 'ဒီနေ့က သူ့အတွက် တကယ်ကံကောင်းတဲ့နေ့ပဲ!'

"ဟုတ်။" မော့ချူးက ခေါင်းညိတ်လိုက်သည်။ သူမရဲ့ အိပ်ချင်မူးတူး ပုံစံလေးက ချစ်စဖွယ်ရာ ပိုပြီးဖြစ်သွားစေတာကြောင့် ဘေးနားက ဝန်ထမ်းက ပိုပြီး စိတ်လှုပ်ရှားသွားသည်။ သူမက အနည်းငယ် ပိုနီးလာပြီး "အော် ဟုတ်သား၊ အနှိပ်ခံချင်လား။"

သူမရဲ့ လက်ရာက သက်တံ့ရေပူစမ်းတစ်ခုလုံးမှာ ထိပ်တန်းလို့ သတ်မှတ်လို့ရသည်။ 'မဟုတ်ရင် ဘာလို့ ဒီအခွင့်အရေးက သူမဆီကို ရောက်လာရမှာလဲ။'

ကောင်မလေးရဲ့ မျှော်လင့်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီးနောက် မော့ချူး နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့၊ အရမ်းသက်သောင့်သက်သာ ဖြစ်စေမှာပါ။" ကောင်မလေးက သူမရဲ့ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ပြန်ဖြေလိုက်သည်။ သူမ အစောကတည်းက ပြင်ဆင်ထားတဲ့ ကိရိယာတွေကို ထုတ်ပြီး အမြန်ပြင်ဆင်လိုက်သည်။ "ကျောပေးပြီး မှောက်လိုက်လို့ရမလား။"

မော့ချူးက သူ့ညွှန်ကြားချက်အတိုင်း နာခံစွာ လိုက်နာခဲ့သည်။

ကောင်မလေးက သူမအဝတ်အစားတွေကို နောက်ကျောဘက်ကနေ ဖြေလိုက်တော့ အပြစ်အနာအဆာမရှိတဲ့ ဖြူစွတ်နေတဲ့ ကျောပြင်ကျယ် ပေါ်လာခဲ့သည်။ "မင်းရဲ့ အသားအရေက တကယ်ကောင်းတာပဲ။"

ကောင်မလေးက ရိုးရိုးသားသား ချီးကျူးလိုက်သည်။ သူမက လူအတော်များများကို နှိပ်နယ်ပေးဖူးတာကြောင့် လူအများစုရဲ့ အသားအရေအခြေအနေကို လက်ဖဝါးပေါ်က ဇယားလို သိနေပြီဖြစ်သည်။ ပြောရမယ်ဆိုရင် ဒီဘက်မှာ မော့ချူးက ထူးချွန်တဲ့သူလို့ သတ်မှတ်လို့ရသည်။ သူမအသားအရေက နှင်းလိုဖြူပြီး နွေးထွေးသည်။ "ဒီခံစားချက်က သူမလို မိန်းမတစ်ယောက်တောင် အားကျရတဲ့ ခံစားချက်ပဲ!'

ထပ်မတွေးတော့ဘဲ ကောင်မလေးက အဆီမွှေးလိမ်းပြီး သူ့လက်နွေးနွေးတွေကို မော့ချူးရဲ့ ခန္ဓာကိုယ်ပေါ် တင်လိုက်ပြီး သင့်တင့်တဲ့ အားနဲ့ နှိပ်နယ်ပေးလိုက်သည်။

"အင်းးးး..." မော့ချူးက ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူမလက်တွေနဲ့ နှိပ်နယ်လိုက်ပြီးနောက် သူမခန္ဓာကိုယ်တစ်ခုလုံး အတော်လေး လန်းဆန်းသွားသလို ခံစားရသည်။ ဒါပေမယ့် ဒီအချိန်မှာ တစ်ခုခု မှားယွင်းနေတယ်ဆိုတာ ရုတ်တရက် သတိပြုမိသွားသည်။ 'အဲ? ဘာလို့ အရင်က ရေကူးဝတ်စုံကို ပြောင်းဝတ်ထားတာလဲ။'

"အိုး..." သူ တွေးနေတုန်းမှာပဲ သူ့ကျောပေါ်က အားက ရုတ်တရက် တိုးလာတာကြောင့် မော့ချူးက တအီအီ ညည်းညူလိုက်သည်။

"အားများသွားလား။ ပိုညင်သာအောင် လုပ်ပေးမယ်။" ရင်းနှီးတဲ့ အမျိုးသားအသံက ရုတ်တရက် ထွက်ပေါ်လာပြီး မော့ချူးရဲ့ ကျောပြင်ဗလာပေါ်က နွေးထွေးတဲ့ လေနွေးငွေ့တွေက ကြက်သီးမွှေးညင်းထစေသည်။ နျဥ်ယွိယွမ်က ဒါကို သဘာဝအတိုင်း သတိထားမိလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွေက ကော့တက်သွားသည်။

'ဘယ်လောက်တောင် အထိမခံတဲ့ ကောင်မလေးလဲ!'

သူ့ လက်ဖဝါးကြီးရဲ့ အားက အရင်ကထက် အနည်းငယ် လျော့ကျသွားသည်။ ပျော်ရွှင်မှုအရတော့ သက်တောင့်သက်သာရှိတယ်လို့ သတ်မှတ်နိုင်သည်။ ဒါပေမယ့် နျဥ်ယွိယွမ်က ဘေးနားမှာ ရပ်ပြီး သူမကို နှိပ်နယ်ပေးနေတာကို တွေးလိုက်တဲ့အခါ... မော့ချူးက သူ့ခန္ဓာကိုယ်တစ်ခုလုံး မူမမှန်သလို ခံစားရပြီး ပုန်းနေချင်စိတ် ပေါ်လာသည်။ နျဥ်ယွိယွမ်ရဲ့ နှိပ်နယ်ခြင်းကို ခံရတဲ့ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက မီးလောင်နေသလို ပူလောင်နေသည်။

မော့ချူးက ပါးစပ်ဖွင့်ပြီး "ရှင် ရှင် ဘာလို့ ဒီရောက်နေတာလဲ။"

"ကိုယ် မင်းကို နှိပ်ပေးနေတာလေ။" နျဥ်ယွိယွမ်က ချက်ကျလက်ကျ ပြန်ဖြေလိုက်သည်။ သူ့လက်ဖဝါးကြီးနဲ့ သူမအရေပြားရဲ့ နေရာတိုင်းကို နှိပ်နယ်ပေးနေသည်။ သူ့အကြည့်က အင်မတန် အာရုံစိုက်နေပြီး အရေးကြီးတဲ့ အလုပ်တစ်ခုကို လုပ်နေသလိုပင်။

"အမ်..." တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ ဝိုးတဝါးအငွေ့အသက်လေးတစ်ခု ရှိနေသည်။ မော့ချူးက လည်ချောင်းရှင်းလိုက်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည်ပြောစရာ တစ်ခုခု ရှာလိုက်သည်။ "ကျွန်မ ခုနက ရေပူစိမ်နေတာ မဟုတ်ဘူးလား။ ဘာလို့..."

သူ့စကားမဆုံးခင်မှာ မော့ချူးက သူမကိုယ်သူမ အကြိမ်အနည်းငယ် ပြန်ထုရမလားလို့ ဆန္ဒရှိသွားသည်။ ဘာလို့ဒီလောက်တောင် မေးနေရတာလဲ။

ဟုတ်ပါပြီ! ဒီစကားကို ကြားလိုက်ရတဲ့အခါ နျဥ်ယွိယွမ်ရဲ့ မျက်လုံးထဲက အပြုံးတွေက ပိုပြီး နက်ရှိုင်းလာသည်။ သူ ရယ်တောင် ရယ်လိုက်သေးသည်။ "မင်း ဘယ်လိုထင်လဲ။ ကိုယ်ပဲ ပြန်သယ်လာတာပေါ့။"

အရင်က ရေကူးဝတ်စုံက ဘယ်ရောက်သွားပြီလဲ။ မော့ချူးက တကယ်ပဲ မေးချင်ပေမယ့် နောက်ဆုံးမှာတော့ တိတ်တိတ်လေး ခေါင်းငုံ့လိုက်သည်။

တစ်ဖက်မှာတော့ နျဥ်ယွိယွမ်က သူ့အတွေးတွေကို ဖတ်လိုက်သလိုပဲ။ မျက်ခုံးပင့်လိုက်ပြီး သူ့အသံထဲက ဝိုးတဝါးအငွေ့အသက်တွေက ပိုပြီး ပြင်းထန်လာသည်။

"မင်း အဝတ်အစားလဲပေးတာ ကိုယ်ပဲ။"

ဘာ!?

ဒီစကားကို ကြားလိုက်တဲ့အခါ မော့ချူးက ရေနွေးငွေ့ဖြင့်ပေါင်းထားတဲ့ ကဏန်းလို နီမြန်းသွားသည်။ သူမခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းနီရဲသွားပြီး သူ့ရဲ့နူးညံ့တဲ့ မျက်နှာလေးက ပိုပူလာသည်။ နျဥ်ယွိယွမ်က ကလေးမလေးရဲ့ တုံ့ပြန်မှု ဒီလောက်ကြီးမယ်လို့ မထင်ထားခဲ့ပေ။

သူ အံ့အားသင့်သွားပြီး သူ့လက်လှုပ်ရှားမှုတွေလည်း အနည်းငယ် ရပ်တန့်သွားသည်။ သူ့လေသံထဲက ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ဘူး။ "ဘယ်လိုတောင် အူတူတူ ကောင်မလေးလဲ။ မော့ယန်ရှိနေတာ ကိုယ် ဘယ်လိုလုပ် မင်းကိုအဝတ်လဲပေးမလဲ။"

သူမ ဘေးနားမှာ ဝန်ထမ်းနှစ်ယောက် ရှိနေတာ မဟုတ်ဘူးလား။

All Chapters