← Chapters

အပိုင်း ၄၄၄

Vol. 30 Ch. 444

အပိုင်း ၄၄၄

Vol. 30 Ch. 444

နှစ်မီတာရှည်တဲ့ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ ပုံရိပ်နှစ်ခုက တစ်ယောက်နဲ့တစ်ယောက် မှီထားကြသည်။

မော့ချူးကို တစ်ဝက်လောက် ဖက်ထားပြီး သူမရဲ့ ခန္ဓာကိုယ်ကနေ ရနေတဲ့ ထူးခြားတဲ့ ရနံ့နဲ့ နွေးထွေးမှုကို ခံစားနေရတော့ နျဥ်ယွိယွမ်ရဲ့ မျက်ခုံးတွေက ပြေလျော့သွားသည်။ မကြာခင်မှာပဲ သူ မျက်လုံးတွေကို မှိတ်လိုက်သည်။ သူ့ရဲ့ ကြေးရောင်လက်ကြီးတွေက မော့ချူးရဲ့ သွယ်လျတဲ့ ခါးပေါ်မှာ ဆက်ရှိနေတုန်းပင်။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းချင်နေသလိုပင်။

နှစ်ရက်က အချိန်အကြာကြီး မအိပ်ခဲ့ရပေမဲ့ မော့ချူးက အခုချိန်မှာ အိပ်ချင်စိတ်မရှိပေ။ သူမ မျက်လုံးဖွင့်ပြီး နျဥ်ယွိယွမ်ရဲ့ အိပ်နေတဲ့ပုံစံကို သေချာကြည့်လိုက်သည်။

ဒီလူရဲ့ မျက်နှာသွင်ပြင်တွေက အမြဲလိုလို သုံးဖက်အမြင်ဆန်ပြီး ခန့်ညားနေသည်။ ဓားနဲ့ ထွင်းထုထားသလိုပဲ။ မဖော်ပြနိုင်တဲ့ တန်ခိုးကြီးပြီး ခိုင်မာတဲ့ အရှိန်အဝါမျိုး သူ့မှာ မွေးရာပါ ရှိသည်။ သူ့ကို ကြည့်ရုံနဲ့ လူတွေက သူ့ကို တိုက်ရိုက် ကြည့်ရဲမှာ မဟုတ်ပေ။

ဒါပေမဲ့ အခုချိန်မှာတော့ သူ မျက်လုံးတွေကို မှိတ်ထားပြီး ရှည်လျားထူထပ်တဲ့ မျက်တောင်တွေနဲ့ မျက်နှာကို ဖုံးထားတော့ အဲ့ဒီကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေက ချက်ချင်း အများကြီး လျော့နည်းသွားသည်။ သူက သူ့ရဲ့ သတိကို လျှော့ချထားတဲ့ ကျားသစ်ကလေးတစ်ကောင်လိုပဲ နူးညံ့သိမ်မွေ့တဲ့ အနေအထားလေး ပေါ်လွင်နေသည်။

“တော်တော်လေး ကြည့်ပြီးပြီလား။” သူက ခပ်ဟဟ ရယ်လိုက်တော့ မော့ချူးရဲ့လက်က လေထဲမှာ ရပ်တန့်သွားသညိ။ သူမက ပြဿနာရှာတော့မလို့ လုပ်နေတာ။ ခေါင်းကိုနည်းနည်း ထပ်မော့လိုက်တဲ့အခါ နျဥ်ယွိယွမ်ရဲ့ နူးညံ့ပြီး စနောက်နေတဲ့ မျက်လုံးတွေကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။ မော့ချူးက ချက်ချင်း သူမလက်ကို “ဖျတ်” ဆိုတဲ့ အသံနဲ့ ပြန်ရုပ်လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။ “အဟမ်း… ရှင် မအိပ်သေးဘူးလား။”

“ကိုယ် အိပ်တော့မလို့။” နျဥ်ယွိယွမ်က အလေးအနက်ထားတဲ့ပုံစံနဲ့ ခေါင်းငြိမ့်လိုက်ပြီး ရုတ်တရက် မော့ချူးကို ပိုနီးအောင် ဆွဲယူကာ သူမနားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဒါပေမဲ့ မင်း ကိုယ့်ကို ဒီလောက် အာရုံစိုက်ပြီး ကြည့်နေတော့ ကိုယ် ဘယ်လို အိပ်နိုင်မှာလဲ။”

'မိုက်လိုက်တာ… သောက်ကျိုးနည်း! သူက ဒီစကားတွေကို ဒီလောက် ရှင်းရှင်းလင်းလင်း ပြောမှရမှာလား' မော့ချူးရဲ့ မူလက ဖြူဖွေးတဲ့ မျက်နှာက အခုတော့ နီမြန်းနေပြီပင်။ သူမက နျဥ်ယွိယွမ်ကို မျက်စောင်းထိုးပြီး စောင်အောက်မှာ သူမကိုယ်ကို အကြိမ်အနည်းငယ် လှုပ်ရွလိုက်သည်။ ခေါင်းကို အထဲထိုးထည့်လိုက်ပြီး စောင်အောက်ကနေ တိုးတိုးလေး အသံထွက်လာသည်။ “ကျွန်မ အိပ်တော့မယ်။ အသံမထွက်နဲ့တော့။”

ပိုးအိမ်လို ကိုယ့်ကိုယ်ကို ပတ်ထားတဲ့ မော့ချူးကို ကြည့်ပြီး နျဥ်ယွိယွမ်က အစပိုင်းမှာ နည်းနည်း အံ့အားသင့်သွားသည်။ ပြီးမှ သူ ခပ်ဟဟ ရယ်လိုက်မိသည်။ သူ့လက်ကြီးက စောင်ကို ဆွဲယူပြီး နည်းနည်းလေး အားစိုက်လိုက်တော့ မော့ချူးရဲ့ ခေါင်းက စောင်အောက်ကနေ လွတ်မြောက်လာသည်။

ခေါင်းလှည့်ကြည့်လိုက်တော့ ကောင်မလေးရဲ့ မျက်နှာလေးက နည်းနည်းနီနေသည်။ မူလက ဖြူစွတ်ဥနေတဲ့ အသားအရေက အခုတော့ နီရဲနေပြီ။ နူးညံ့ပြီး ဆွဲဆောင်မှုရှိတဲ့ နှင်းဆီပန်းတစ်ပွင့်က သူ့ရနံ့ကို ထုတ်လွှတ်နေသလိုပဲ၊ သူမရဲ့ဖြူစင်မှုထဲမှာ သိမ်မွေ့တဲ့ ဆွဲဆောင်မှုလေးတွေ ပါနေသည်။ နျဥ်ယွိယွမ်ရဲ့ မျက်လုံးတွေက ရုတ်တရက် မှောင်မိုက်သွားပြီး သူ့အသံက အနည်းငယ် ကြမ်းရှရှဖြစ်သွားသည်။ “ကောင်းပြီ၊ ဒီလိုပဲ အိပ်ကြစို့။”

“အင်း” မော့ချူးက ပြန်ဖြေလိုက်သည်။ သူမ မအိပ်နိုင်ဘူးလို့ အစက ထင်ခဲ့ပေမဲ့ နျဥ်ယွိယွမ်ရဲ့ ကိုယ်ပေါ် မှီလိုက်ပြီး ခဏလေးအတွင်းမှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမယ်လို့ မထင်ခဲ့ချေ။

နျဥ်ယွိယွမ်ကတော့ တော်တော်လေး သနားစရာကောင်းသည်။ သူက အစကတော့ တော်တော်လေး အိပ်ချင်နေတာပင်။ ဒါပေမဲ့ သူ့ရင်ခွင်ထဲက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်မလေးက မျက်လုံးမှိတ်ပြီး သူ့ရင်ခွင်ထဲကို တိုးဝင်လာတာ မြင်လိုက်ရသည်။ နူးညံ့တဲ့ လက်နှစ်ဖက်က သူ့ကော်လံကို တင်းတင်းဆွဲထားပြီး တစ်ခါတစ်လေ ပါးစပ်က တဖျစ်ဖျစ်လုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ နျဥ်ယွိယွမ်က သူ့နှလုံးသား နူးညံ့လာတာကို မခံစားဘဲ မနေနိုင်ခဲ့ချေ။ သူ့တစ်ကိုယ်လုံးက ပင်ပန်းနွမ်းနယ်မှုတွေက ချက်ချင်း ပျောက်ကွယ်သွားသလိုပဲ။ သူက ဒီအတိုင်းပဲ သူမကို စိုက်ကြည့်နေချင်သည်။ ဆက်ကြည့်နေတာကိုတောင် လွန်တယ်လို့ မခံစားရပေ။

ရုတ်တရက် နျဥ်ယွိယွမ်ရဲ့ ခန္ဓာကိုယ်က နည်းနည်း တောင့်တင်းသွားသည်။ သူ မယုံနိုင်စွာ ခေါင်းငုံ့ပြီး သူ့ရင်ဘတ်ကို မှီနေတဲ့ မော့ချူးကို စိုက်ကြည့်လိုက်သည်။ 'ဒီကောင်မလေးက တကယ်ကို…'

"အရမ်းမွှေးတာပဲ…” တိုးတိုးလေး အသံထွက်လာတယ်။ မော့ချူးက မျက်လုံးမှိတ်ပြီး သူမပါးစပ်ကို အားကုန် ဟစိဟစိလုပ်နေသည်။ ဒီနေ့ ပဲမုန့် အရသာ မရှိဘူးလို့ ခံစားရလို့ သူမ ထပ်စုပ်ကြည့်လိုက်သည်။

“အွမ်…” နျဥ်ယွိယွမ်က တိုးတိုးလေး ညည်းသံပြုလိုက်သည်။ သူ့နှလုံးသား တုန်ယင်သွားပြီး သူ့တစ်ကိုယ်လုံး ပူနွေးလာတာကို ခံစားရသည်။ မော့ချူးရဲ့ ကိုယ်ပေါ်တင်ထားတဲ့ သူ့လက်ကြီးကလည်း တင်းတင်းကျစ်ကျစ် ဆုပ်ထားလိုက်သည်။ သူ့မျက်လုံးတွေက ပင်လယ်လို လှိုင်းထန်နေပြီ!

မော့ချူးကတော့ ဘာမှမသိသေးပေ။ သူမက နောက်ထပ် အကြိမ်အနည်းငယ် ထပ်လျက်လိုက်တော့ နျဥ်ယွိယွမ်ရဲ့ လက်သီးက “ကြွပ်” ဆိုတဲ့ အသံထွက်လာသည်။ သူမကို ကြည့်နေတဲ့ အကြည့်က ပူပြင်းတဲ့ နေရောင်ခြည်လိုပဲ ပူလောင်လွန်းသည်။

“မကောင်းဘူး…” မော့ချူးက သူမကိုယ်ကို လှည့်လိုက်တော့ သူမအသံက ပိုပြီး ရှင်းလင်းလာသည်။ “ပဲမုန့်တွေ မလိုချင်ဘူး။ တခြားတစ်ခု ပြောင်းပေး။”

နျဥ်ယွိယွမ်ရဲ့ မျက်နှာက ရုတ်တရက် တောင့်ခဲသွားရသည်။ သူက မော့ချူးကို ဒေါသနဲ့ စိတ်ဆန္ဒ ပြင်းပြတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်သည်။ 'သောက်ကျိုးနည်း ဒီကောင်မလေးက… သူ့ကို ပဲမုန့်လို့ သဘောထားပြီး လျက်လိုက်တာလား။'

သူ မျက်လုံးတွေကို မှိတ်လိုက်သည်။ ခဏအကြာမှာ နျဥ်ယွိယွမ် မျက်လုံးတွေ ပြန်ဖွင့်လိုက်တဲ့အခါ သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးတွေက အများကြီး ပိုပြီး ကြည်လင်လာခဲ့သည်။ သူက ခေါင်းငုံ့ပြီး မော့ချူးရဲ့ နှုတ်ခမ်းတွေကို ညင်သာစွာ ကိုက်လိုက်သည်။ နျဥ်ယွိယွမ်ရဲ့ အသံက ချောကလက်ရဲ့ ချောမွေ့တဲ့ အထိအတွေ့လို နူးညံ့နေသည်။ “လူကို ကုတ်တတ်တဲ့ သတ္တဝါလေးပါလား။”

သူပြောရင်း နျဥ်ယွိယွမ်က ဖြည်းဖြည်းချင်း ထရပ်ပြီး စောင်ကို ဂရုတစိုက် သပ်ရပ်အောင် လုပ်ပြီးမှ လှည့်ထွက်သွားလိုက်သည်။ သူက ရေချိုးခန်းထဲမှာ နောက်ထပ် မိနစ် ၄၀ ကနေ ၅၀ လောက်ကြာအောင် နေပြီးမှ ပြန်ထွက်လာသည်။ ပြီးနောက် မော့ချူးကို ဖက်ပြီး ဆက်အိပ်လိုက်သည်။

သူတို့ နေ့တစ်ဝက်ကျော်လောက် အိပ်လိုက်သည်။

မော့ချူး မျက်လုံးဖွင့်လိုက်တော့ အပြင်ဘက်က နည်းနည်း မှောင်မှိုင်းနေပြီ။

နျဥ်ယွိယွမ်က အိပ်နေတုန်းပင်။ မော့ချူးက ဂရုတစိုက် ထပြီး အခန်းကို ပတ်ကြည့်လိုက်သည်။ ပြီးတော့ ပျော်ရွှင်အံ့သြနေတဲ့ မျက်နှာနဲ့ မီးဖိုချောင်ကို ပြေးသွားသည်။ မီးဖိုချောင်က ကောင်းကောင်း တပ်ဆင်ထားပြီး တောက်ပနေသည်။ ဒါက နျဥ်ယွိယွမ်ရဲ့ လက်ရာပဲဆိုတာ သိပ်စဉ်းစားစရာ မလိုပေ။ မဟုတ်ရင် ဘယ်သူက ဒီပစ္စည်းတွေကို တကူးတက သယ်လာမှာလဲ။

သူမ ကိတ်မုန့်စားပြီးသွားပေမဲ့ နေ့လည်ခင်းတစ်ခုလုံး အိပ်လိုက်တော့ ဗိုက်ထဲက အစားအစာတွေက အကုန်နီးပါး ချေဖျက်ပြီးသားဖြစ်နေသည်။ မော့ချူးက ခလုတ်ခုံ ကို ကြည့်ပြီး နောက်ဆုံးတော့ ပါဝင်ပစ္စည်းအချို့ကို ရွေးချယ်လိုက်သည်။ သူမလက်ထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေ မလုံလောက်ပေမဲ့ သူမက ခုနကမှ စားသောက်ခန်းလေးမှာ နည်းနည်း လဲလှယ်ခဲ့တာ၊ အခုတော့ အသုံးဝင်နေပြီ။

သူမက ဝက်သားလွှာတစ်ဖဲ့ကို လှီးဖြတ်ပြီး နူးညံ့တဲ့ အမဲသားတစ်ဖဲ့ကို ယူလိုက်သည်။

မော့ချူးက အရင်ဆုံး ဝက်သားလွှာနဲ့ အမဲသားကို သပ်သပ်စီ လှီးလိုက်သည်။ ဟင်းချက်ဝိုင် နည်းနည်း၊ ဆားနဲ့ ပြောင်းကော်မှုန့် အနည်းငယ် ထည့်စိမ်ထားပြီး ၁၀ မိနစ်ကြာ နှပ်ထားလိုက်သည်။

ဒီအချိန်မှာ သူမက ဆောင်းဝါးမျှစ်နဲ့ မှိုတွေကို ဆေးကြောပြီး ပါးပါးလှီးပြီး ငရုတ်နီတွေကို ရေစိမ်ကာ နုပ်နုပ်စဉ်းလိုက်သည်။ တရုတ်နံနံပင်ကို ပါးပါးလှီး၊ ရေမြက်ပင်ကို အပိုင်းပိုင်း လှီးပြီး နောက်မှ အသုံးပြုဖို့ ဘေးမှာ ထားလိုက်သည်။

ပြီးတော့ ပန်းကန်လုံးသေးသေးလေးတစ်လုံး ထုတ်ပြီး သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ခွဲ၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်လိုက်သည်။ ပြောင်းကော်မှုန့် တစ်ဝက် ထည့်ပြီး နောက်ဆုံးတော့ အရည်ရအောင် ရေနည်းနည်း ထည့်လိုက်သည်။

သူမ ပြင်ဆင်မှုတွေ ပြီးခါနီးပြီး မီးစတင်တော့မယ့်အချိန်မှာ နျဥ်ယွိယွမ်ရဲ့ အသံက သူမနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက နည်းနည်း ဆူပူတဲ့လေသံနဲ့ ပြောလိုက်သည်။ “ဘာလို့ ဖိနပ်မစီးဘဲ ထွက်သွားတာလဲ။”

မော့ချူး အောက်ကို ငုံ့ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်က ခြေဗလာတွေက တစ်ဖက်နဲ့တစ်ဖက် ပွတ်တိုက်နေတာကို မြင်လိုက်ပြီး နည်းနည်း ရှက်သွားသည်။ “အင်း၊ ဒီရက်တွေမှာ အေးတာ မဟုတ်တော့ ဖိနပ်စီးတာ မစီးတာ အရေးမကြီးပါဘူး။”

“အဲ့ဒါတော့ မဖြစ်ဘူး!” နျဥ်ယွိယွမ်က ဖိနပ်တစ်ရံကို ကိုင်ပြီး ရှေ့ကို အနည်းငယ် တိုးလိုက်သည်။ “ဒါတွေက ကိုယ့်ဖိနပ်တွေ။ မင်း အရင်စီးထားလိုက်။ နှစ်ရက်နေရင် ကိုယ်တို့ အပြင်ထွက်ပြီး ပစ္စည်းသွားဝယ်ကြမယ်။”

သူပြောရင်း ငုတ်တုတ်ထိုင်လိုက်ပြီး သူ့လက်ကြီးကို ဆန့်ထုတ်လိုက်သည်။ မော့ချူးရဲ့ ခြေထောက်သေးသေးလေးတွေကို သူ့ပေါင်ပေါ် တင်လိုက်သည်။

“အဲ့ဒါ… မလိုပါဘူး။” ဒီလုပ်ရပ်ကြောင့် မော့ချူးက အံ့အားသင့်သွားပြီး သူမ နည်းနည်း နောက်ဆုတ်လိုက်သည်။ “ကျွန်မ၊ ကျွန်မ ကိုယ့်ဘာသာ လုပ်ပါ့မယ်။”

နျဥ်ယွိယွမ်ရဲ့ လက်ကြီးက မော့ချူးရဲ့ သွယ်လျဖြူဖွေးတဲ့ ခြေကျင်းဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမကို ထွက်မသွားအောင် တားဆီးထားသည်။

"သေချာရပ်” နျဥ်ယွိယွမ်က ခေါင်းမော့ပြီး မော့ချူးကို စိုက်ကြည့်လိုက်သည်။ သူမက ချက်ချင်း တုံ့ပြန်ဖို့ မရဲတော့ဘဲ နျဥ်ယွိယွမ်ရဲ့ လုပ်ရပ်တွေကိုပဲ ကြည့်နေရသည်။

မော့ချူးရဲ့ ခြေကျင်းဝတ်ကို ကိုင်ပြီး သူမရဲ့ ခြေထောက်တစ်ချောင်းလုံးကို သူ့လက်ဖဝါးထဲ ထည့်လိုက်တဲ့အခါ နျဥ်ယွိယွမ်က ဒီကောင်မလေးရဲ့ ခြေထောက်တွေက အလွန်လှပပြီး စွဲမက်ဖွယ်ကောင်းတယ်ဆိုတာကို ဒီအချိန်မှ သဘောပေါက်သွားသည်။

ဖြူဖွေးပြီး အချိုးအစားကျကာ သူမ ခြေသည်းတွေကလည်း အပြစ်အနာဆာမရှိပေ။ နည်းနည်း ပန်းရောင်ဖျော့ဖျော့လေးတောင် ထွက်နေသည်။ ခြေဖဝါးလေးက သေးငယ်လှပပြီး သူ့လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်လို့ရသည်။

“ဟင်း၊ ရှင် ဆက်စီးပေးဦးမှာလား မစီးတော့ဘူးလား!” နျဥ်ယွိယွမ်ရဲ့ ဒီလို ကြည့်ခံရတော့ မော့ချူးက ထူးထူးခြားခြား သူမခြေထောက်တစ်ခုလုံး ထုံကျင်နေသလို ခံစားလိြက်ရသည်။ သူမက သူ့လက်ကို အမြန် ကန်ထုတ်လိုက်ပြီး နည်းနည်း ဒေါသထွက်တဲ့လေသံနဲ့ ပြောလိုက်သည်။ “ဒီလူရဲ့ အကြည့်က ထူးဆန်းလွန်းတယ်။”

နျဥ်ယွိယွမ်က ဘာမှ ထပ်မပြောတော့ပေ။ သူက သူ့လက်ကို ဆန့်ထုတ်ပြီး ဖိနပ်ကို သူ့ခြေထောက်ပေါ် စီးပေးလိုက်သည်။ သူ့လုပ်ရပ်တွေက ဖြည်းဖြည်းမှန်မှန်နဲ့ သူ့မျက်နှာပေါ်က အမူအရာက ရိုးသားဖြောင့်မတ်နေသည်။ မော့ချူးရဲ့ ထောင့်တစ်နေရာမှာ ရပ်နေရင်း သူ့ရဲ့ ထင်ရှားတဲ့ မျက်နှာသွင်ပြင်တွေကို တစ်ချက်ကြည့်လိုက်တာနဲ့ မြင်လိုက်ရသည်။

“ဟုတ်ပြီ။” မော့ချူးကို ဖိနပ်စီးပေးပြီးနောက် နျဥ်ယွိယွမ်က ဖြည်းဖြည်းချင်း ထရပ်ပြီး သူမနောက်ကို တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။ “ဘာချက်လဲ။”

ဒီအကြောင်းပြောတော့ မော့ချူးက ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ သူမ မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေပြီး တောက်ပသက်ဝင်နေသည်။ “ကျွန်မ တရုတ်နံနံ အမဲသား ကြော်မလို့။ အမဲသားက နူးညံ့ပြီး တရုတ်နံနံက ကြွပ်ရွမွှေးကြိုင်တယ်။ ဒီနှစ်ခု ပေါင်းစပ်လိုက်ရင် အရသာက လုံးဝ ပြီးပြည့်စုံတာပဲ! ဒီ ငါးအရသာ ဝက်သားနွှာက ချဉ်၊ ချို၊ မွှေးတဲ့ အရသာရှိတယ်။ အနံ့လေး ရှူလိုက်တာနဲ့ လူတွေ သရည်ကျတယ်။”

“ကောင်းပြီ။” နျဥ်ယွိယွမ်က ခေါင်းငြိမ့်ပြီး လက်ဆေးလိုက်သည်။ “ဒါဆို ကိုယ် ပန်းကန်တွေကို အရင်ထုတ်လိုက်မယ်။”

“ကောင်းပြီ။” မော့ချူးက ခေါင်းငြိမ့်လိုက်သည်။

All Chapters