← Chapters

ကျားဂူထဲဝင်ခြင်း

Vol. 6 Ch. 82

ကျားဂူထဲဝင်ခြင်း

Vol. 6 Ch. 82

မကြာမီ အလင်းတန်း (၃) ခုမှာ မိုးကြိုးကျောက်နယ်မြေထဲ ကျရောက်လာ၏။

မူယုံးယွဲ့ ရှန်မို့အခန်းထဲ တန်းဝင်သွားသည်။

“မိုရယ် ငါ အရမ်းဂုဏ်ယူတာပဲ”

သူ ရှန်မို့ကိုကြည့်ရင်း အလွန်ပျော်ရွှင်နေသည်။

သူ့ကို တပည့်အဖြစ်ရွေးခဲ့သည်မှာ အလွန်မှန်၏။

ရှန်မိုပြုံး၍

“ဆရာမ ဘာဆက်လုပ်ဖို့ တွေးထားလဲ”

မူယုံးယွဲ့ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့်

“ချက်ချင်း လက်နက်တွေ ထုတ်ရမှာပေါ့။ ဒီကျင့်စဉ်နဲ့ဆိုရင် လက်နက်ကြီးဂိုဏ်းထက်ပါ သာသွားပြီ”

“ဒါပေမဲ့ ဖေးရှောင်ဂိုဏ်းနဲ့ လင်းရှီဂိုဏ်းတွေက လက်နက်ကြီးဂိုဏ်းဆီကပဲ ဝယ်နေကျဆိုတော့ ငါတို့ သွားရောင်းဖို့တော့ ခက်လိမ့်မယ်”

ရှန်မို သူ့ကိုကြည့်၍

“ဆရာမ ဒီတောင်အနီးမှာ တခြားဂိုဏ်းတွေ ရှိသေးတာပဲ။ ဒုတိယအဆင့်တောင် မရှိတဲ့ ဂိုဏ်းလေးတွေလေ”

မူယုံးယွဲ့ မျက်လုံးအရောင်များ တောက်သွား၏။

မှန်ပါသည်။

ခြေတည်အဆင့်ကျင့်ကြံသူများ တည်ထောင်ထားသည့် ဂိုဏ်းငယ်လေးများ ရှိသေး၏။

သို့သော် ဂိုဏ်းတစ်ရာစုဝေးပွဲတွင်တော့ မပါခဲ့ကြပေ။

အချို့မှာ ယနေ့စတည်ထောင်၍ မနက်ဖြန် ပိတ်လိုက်ရ၏။

ရှန်မိုမှဆက်၍

“ဆရာမ သူတို့ကို ရောင်းလို့ရတယ်လေ။ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ မပေးနိုင်ရင်တောင် တခြားသတ္ထုတွေလိုမျိုး ပေးချေပေါ့။ များလေ ကောင်းလေပဲလေ”

“နောက်ပြီး ပိုဝေးတဲ့ဂိုဏ်းတွေလည်း တဖြည်းဖြည်း သွားရောင်းရမယ်။ အဲ့ဒါမှ ကွန်ယက်ချဲ့နိုင်ပြီး လက်နက်ကြီးဂိုဏ်းရဲ့ စီးပွါးရေးကို ရမှာ”

“ကောင်းတယ်”

“ငါ အသေးစိတ် ဆက်လုပ်လိုက်မယ်။ မို မင်းက ကျင့်ကြံမှုကိုသာ အာရုံစိုက်။ မင်း အဆင့်တက်မယ့်နေ့ကို မျှော်လင့်နေမယ်”

ရှန်မို ခေါင်းငြိမ့်ပြ၏။

သူ တကယ်လည်း ကိုယ်တိုင်ဝင်ပါရန် စိတ်ကူးမရှိပေ။

…

(၃) ရက်အကြာ။ ညအချိန်။

မိုးကြိုးကျောက်နယ်မြေ အပြင်ဘက်။

လူ (၂) ယောက် တောအုပ်ထဲ ပုန်းနေကြသည်။

တစ်ဦးမှာ အသက်ငယ်ငယ်၊ တည်ငြိမ်သော အမူအရာ ရှိပြီး နောက်တစ်ဦးမှာတော့ အသက်ပိုကြီးပုံ ပေါ်သော်လည်း လူငယ်လေးကို တလေးတစား ဆက်ဆံ၏။

လက်နက်ကြီးဂိုဏ်းခေါင်းဆောင်၏ သား ဝူလန်နှင့် အတွင်းဂိုဏ်းအကြီးအကဲ ရှီဖေးတို့ ဖြစ်၏။

ရှီဖေးမှ ခပ်တိုးတိုးဖြင့်

“သခင်လေး လွန်ခဲ့တဲ့ (၅) နှစ်က သစ္စာဖောက် ယူသွားတဲ့ ကျင့်စဉ် ဒီထဲမှာ ရှိတာ သေချာလား”

“အခုဆိုရင် နယ်မြေတစ်ဝိုက်ကို အကာအကွယ်တွေ ချထားပြီ။ ဝင်ရတာ ပိုခက်တယ်”

ဝူလန် ခေါင်းငြိမ့်ပြ၍

“အရင်က မှတ်တမ်းတွေကြည့်ပြီးပြီ။ ဒီနားမှာ အဖမ်းခံရလို့ နယ်မြေထဲ ရှာကြပေမဲ့ မတွေ့ခဲ့ရဘူး”

“ဒါဆိုရင်…”

ရှီဖေး ခေါင်းကုတ်ကာ စွံ့အနေသည်။

“အဲ့တုန်းက မိုးကြိုးမီးတောက်ဂိုဏ်းဘက်ကလည်း ပါတယ်လေ။ သူတို့ ဒီထဲက လိုဏ်ဂူတွေနဲ့ ရင်းနှီးမှာ သေချာတယ်။ အစက မတွေ့ရပေမဲ့ ဒီတစ်ခါ အဆုံးဘက်နားမှာ တွေ့လာတယ်”

သူ သတ္ထုစာရွက်လွတ်ကို ထုတ်ပြသည်။

ရှီဖေး အံ့ဩလျက်

“ဒါက…”

“ကျောက်မျက်ကျင့်စဉ်ကို သတ္ထုနဲ့ လုပ်ထားတာလေ။ အကြီးအကဲလည်း သိတယ်မလား”

“သိတာပေါ့။ ဧကန္တ…အဲ့ထဲကပေါ့နော်။ ဒါနဲ့ ဘာလို့ အလွတ်ကြီး ဖြစ်နေတာလဲ”

“အပိုစာရွက်လေ။ ဘယ်ပါမလဲ”

သူ စိတ်မရှည်စွာ ပြန်ရှင်းလိုက်သည်။

“ဪ သိပြီ”

ရှီဖေး ရယ်ကျဲကျဲ ဖြေ၏။

ဝူလန်မှ ဆက်ကာ

“ဒါကိုကိုင်ပြီး စိတ်ဝိညာဉ်စွမ်းအင် သွင်းလိုက်။ အဲ့ဒါဆို တခြားစာမျက်နှာတွေပါ ရှာတွေ့လိမ့်မယ်”

သူ သက်ပြင်းချ၍

“ဒါက ဟိုးအနောက်ဘက်ထဲမှာ ရှိတာ။ ဘယ်သူမှ တွေ့မှာ မဟုတ်ဘူး။ အရင်တည်းက ရှာတွေ့ခဲ့ရင် အခုချိန် တော်တော်အောင်မြင်နေပြီ”

ရှီဖေး စိတ်လှုပ်ရှားစွာဖြင့်

“ဒါပေမဲ့ ကျွန်တော်မှ အကာအကွယ်ကို မချိုးဖောက်နိုင်တာ”

ဝူလန်ပြုံးလျက်

“ပိုက်ဆံက အဓိကပဲ။ သူတို့ အကာအကွယ်အတွက် စိတ်ဝိညာဉ်ကျောက်တုံး လဲတာ ညတိုင်း သန်းခေါင်အချိန်ပဲ”

“ပြီးရင် အရှေ့တောင်ဘက်မှာလည်း အကာအကွယ် နည်းနည်းလွတ်နေတာ ရှိတယ်။ တစ်ခုခုမှားရင် အဲ့က ပြေးရုံပဲ”

ရှီဖေး လေးစားစွာကြည့်၍

“သခင်လေးက ထက်မြက်လိုက်တာ။ ကျွန်တော်တို့ ဒီကျင့်စဉ် ရလာရင် ဂိုဏ်းအတွက် အောင်မြင်ပြီ”

“အဲ့အခါ သခင်လေးက ခေါင်းဆောင်ငယ်ဖြစ်ပြီး ကျွန်တော်လည်း ရာထူးတက်ပြီ”

ထိုစကားကိုကြားသောအခါ တည်ငြိမ်တတ်သော ဝူလန်ပင် ရင်တဒိန်းဒိန်း ခုန်လာသည်။

ခေါင်းဆောင်၏သားဖြစ်နေသော်လည်း အရည်အချင်းအားဖြင့် နိမ့်နေပါသေးသည်။ ထို့ကြောင့် ပုံမှန်နည်းဖြင့် ပြောင်းလဲရန်မဖြစ်နိုင်ပါ။

အကြီးအကဲတိုင်း တွေးထားသော ခေါင်းဆောင်ငယ်များ ရှိကြ၏။

ဝူလန်မှ ရုတ်တရက်

“ဒါနဲ့ ချင်းရွှမ်က ခေါင်းဆောင်ငယ် ရှန်မိုလည်း ရတနာနယ်မြေထဲ ရှိနေတယ် ကြားတယ်”

ရှီဖေး မျက်ခုံးပင့်လျက်

“ဂိုဏ်းတစ်ရာစုဝေးပွဲမှာ ပထမရသွားတဲ့ ရှန်မိုလား”

“ဟုတ်တယ် သူပဲ။ သူ့ကို ဖမ်းတာဖြစ်ဖြစ်၊ သတ်နိုင်တာဖြစ်ဖြစ် ကျွန်တော်တို့အတွက် အောင်မြင်မှုပဲ”

ဝူလန် ပြုံး၍ ပြောလိုက်သည်။

ရှီဖေးမှာတော့ ပို၍ စိတ်လှုပ်ရှားလာ၏။

“ကောင်းပြီ။ သူ့ကိုသတ်ပြီး ကျောက်မျက်ကျင့်စဉ် ရအောင်ယူမယ်”

သူ့ကိုသူ တတိယအကြီးအကဲအဖြစ် မြင်ယောင်ထားလေပြီ။

မကြာမီ သန်းခေါင်အချိန် ရောက်လာ၏။

အလင်းရောင်များ ဖျတ်ခနဲမှိန်သွားချိန်တွင် ရှီဖေး အမြန်ပြေးသွားသည်။

ဝူလန် လမ်းကြောင်းပြောထား၍ တော်သေး၏။

“နေပါဦး သတ္ထုစာရွက်ကနေ အာရုံခံမိတာ ဘာလို့ ရှန်မို့အခန်းလဲ”

သသ ခဏငြိမ်ကာ စဉ်းစားနေ၏။

ထို့နောက် နှာခေါင်းရှုံ့လျက်

“အတော်ပဲပေါ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တာပဲ”

ရှီဖေး ရှန်မို့အခန်းနား ကပ်လာပြီး ခပ်ဖြည်းဖြည်း တွန်ရဖွင့်လိုက်၏။

ထိုအခါ အိပ်ရာပေါ်၌ ကျင့်ကြံနေသော ရှန်မို့ကို တွေ့ရလေသည်။

ထို့နောက် ရက်စက်စွာပြုံး၍ ရှန်မိုလည်ပင်းတွင် ဓားထောက်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရှန်မိုမှာ ကြိုသိနေသကဲ့သို့ မျက်လုံးပွင့်လာပြီး ပြုံးပြ၏။

အရပ် (၄) မျက်နှာမှ လူ (၄) ယောက်လည်း ရုတ်တရက် ပေါ်လာသည်။

အကြီးအကဲလီနှင့် အခြားအကြီးအကဲ (၃) ဦး ဖြစ်၏။

သူ ထောင်ချောက်ဆင်ခံရလေပြီ။

ထို့နောက် အာခေါင်ခြစ်သံဖြင့် အော်လိုက်တော့သည်။

“ထောင်ချောက်ဆင်ခံရပြီ”

All Chapters