← Chapters

ဟန်ဆောင်မှု

Vol. 6 Ch. 83

ဟန်ဆောင်မှု

Vol. 6 Ch. 83

ဘုံး ဘုံး ဘုံး!

မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ (၅) ဦးမှာ ချက်ချင်း တိုက်ပွဲစတင်လေသည်။

ရှီဖေးမှာ တစ်ပြိုင်တည်းဖြင့် ပြိုင်ဘက် (၄) ယောက်အား ကိုင်တွယ်နိုင်စွမ်းမရှိမှန်း သိသာသည်။

သိုင်းကွက် (၅) ခုမျှဖြင့် အကြီးအကဲလီတို့ထံတွင် ဖမ်းမိသွားတော့၏။

ရှန်မိုမှာ တိိုက်ပွဲစတင်တည်းက အပြင်သို့ ထွက်သွားပြီး ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ မြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများ၏ တိုက်ပွဲဖြစ်၍ အကြီးအကဲလီ ကာကွယ်ပေးလျှင်ပင် အနည်းငယ်တော့ ထိခိုက်နိုင်သေး၏။

ထို့ကြောင့် ရန်သူအား အခွင့်အရေး စိုးစဉ်းမျှ ပေး၍ မဖြစ်ပေ။

တိုက်ပွဲမှ အလင်းရောင်စွမ်းအင်များ ထွက်၍ ရတနာနယ်မြေတစ်ခုလုံး လင်းထိန်နေသည်။

အလုပ်သမားများ၊ တပည့်များနှင့် အကြီးအကဲများလည်း အနားယူနေရာမှ အမြန်ထွက်ကြည့်ရာ ရှန်မို့အခန်းမှ ဖြစ်နေသည်။

ရတနာနယ်မြေ အပြင်ဘက်။

ဝူလန်တစ်ယောက် ရှီဖေး၏ စူးစူးဝါးဝါး အော်ဟစ်သံကို ကြား၍ လန့်သွားသည်။

ထို့နောက် တိုက်ခိုက်သံများ ဆက်ကြားရသောအခါ ဝူလန် လုံးဝ သဘောပေါက်သွားလေ၏။

ထောင်ချောက်ပဲ။

“သွားပြီ… လျှိုယွမ်ဖုန် သတင်းပေးတာက အမှားကြီးလား။ သူ တကယ် သစ္စာစောင့်သိတာ ချင်းရွှမ်ဂိုဏ်းကိုလား”

ဝူလန် အတော်လေး မျက်နှာပျက်နေ၏။

သို့သော် သူ ကြာကြာ ဆက်နေ၍ မဖြစ်ပါ။ ချက်ချင်း အဖေဖြစ်သူ ဝူကန်ဖေးအား တင်ပြရမည်။

“ခေါင်းဆောင်ငယ် သူ့ကို ဖမ်းပြီးပါပြီ”

အကြီးအကဲလီမှ ပျော်ရွှင်စွာ လှမ်းအော်လိုက်သည်။

ထိုအခါမှ ရှန်မို ခေါင်းငြိမ့်ပြ၍ အထဲပြန်ဝင်လာသည်။

ရှီဖေးမှာတော့ ဒဏ်ရာများ ဗရပွဖြင့် အားလျော့စွာ တောင်းပန်နေသည်။

ချင်းရွှမ်ဂိုဏ်းအကြီးအကဲများ၏ ရက်စက်မှုကြောင့် ရှီဖေး ခေါင်းပင် မထောင်နိုင်တော့ချေ။

“ခေါင်းဆောင်ငယ် သူ့ကိုဘာဆက်လုပ်လိုက်ရမလဲ”

အကြီးအကဲတစ်ဦးမှ မေးလိုက်သည်။

“သူ့ကိုလား။ အပိုင်းပိုင်း ခုတ်ပစ်ရမှာပေါ့။ ငါ့တူလေးက သူ့လက်ထဲ သေသွားရတာ”

အခြားအကြီးအကဲတစ်ဦးမှ ဒေါသတကြီး ပြောလေ၏။

“ဟုတ်တယ် ဒီရှီဖေးက ကျွန်တော်တို့ဂိုဏ်းတပည့်တွေ အများကြီးကို သတ်ခဲ့တာ”

အခြားတစ်ဦးမှလည်း စိတ်ဆိုးမာန်ဆိုး ပြောသည်။

ရှန်မို လက်ယမ်းပြလိုက်၏။

အကြီးအကဲများမှာ သတ်ဖြတ်လိုစိတ် ပြင်းထန်လွန်းနေသည်။

နေရာတိုင်း ကြမ်းတမ်းခြင်းမှာတော့ မကောင်းပေ။

မသေခင် ပေးဆပ်စရာများ ပေးသွားရဦးမည်။

“သူ့ကို ကြိုးတုပ်ပြီး တောင်တန်းဂိတ်ကို ပို့လိုက်။ ပြီးရင် လက်နက်ကြီးဂိုဏ်းကို ပြန်လာရွေးဖို့လည်း စာပို့လိုက်ပါ”

ရှန်မို တည်ငြိမ်စွာ ပြော၏။

“ဟုတ်ကဲ့ပါ”

အကြီးအကဲလီလည်း ခေါင်းငြိမ့်ပြလိုက်သည်။

မြုတေဖွဲ့စည်းခြင်းတစ်ဦးကို အလွယ်တကူ စွန့်လွှတ်ခြင်းမှာ မိုက်မဲရာကျပါသည်။

တစ်ဖက်မှ ပြန်ရွေးမရွေးကို စောင့်ကြည့်ချင်၏။

ရွေးလျှင် တန်ဖိုးကြီးအရာများ ရနိုင်ပြီး မရွေးခဲ့လျှင်လည်း ထိုအခါမှ သတ်လိုက်နိုင်သည်။

အခြားအကြီးအကဲများလည်း ရှန်မို့အစီအစဉ်ကို သဘောပေါက်ကာ လက်ခံလိုက်ကြသည်။

သူတို့၏ နာကျည်းမုန်းတီးမှုကြောင့် တစ်ခဏတာ စိတ်လွတ်သွားခဲ့သည်။

ရှန်မို့အကြံမှာ အသင့်တော်ဆုံးဖြစ်၏။

ထို့နောက် ရှန်မိုမှ အပြင်ထွက်၍ ရှင်းပြလေသည်။

“လက်နက်ကြီးဂိုဏ်းက အကြီးအကဲတစ်ယောက် နယ်မြေထဲ ခိုးဝင်တာကို အရှင်မိသွားပါပြီ။ အားလုံးပဲ အေးဆေးပြန်နားကြပါ”

အလုပ်သမားများ အလွန် ထိတ်လန့်သွားကြသည်။

သူတို့အမြင်တွင် မြုတေဖွဲ့စည်းခြင်းအဆင့်မှာ အင်မော်တယ်ကဲ့သို့ ခံစားရလေသည်။ သူတို့အကြိုက်ကိုလိုက်၍ ဂရုတစိုက် နေရသည်ဟု သိထား၏။

သို့သော် ယနေ့တော့ အရှင်ဖမ်းမိထားသည်ဟု ဆိုလေသည်။

ချင်းရွှမ်ဂိုဏ်းမှ တပည့်များမှာတော့ ပို၍ ထိတ်လန့်နေကြ၏။

ငါတို့ချင်းရွှမ်ဂိုဏ်းက တကယ် မိုက်တာပဲ။

အကြီးအကဲလီမှာ ပြုံးရွှင်လျက်

“ခေါင်းဆောင်ငယ်က အရမ်း ဉာဏ်ကောင်းတာပဲ။ သူတို့ရဲ့ အလစ်တိုက်ခိုက်မှုကို သိနေတာပဲ”

လွန်ခဲ့သော (၂) ရက်တည်းက ရှန်မို အကြီးအကဲများအား သူ့ကို စောင့်ရှောက်ပေးရန် အထူးတောင်းဆိုထားခဲ့သည်။

အစကတော့ အကြီးအကဲများ နားမလည်ကြသော်လည်း စိတ်ရှည်စွာ စောင့်ဆိုင်းရင်း ယခုလို ဖမ်းမိခဲ့ရ၏။

ထိုလူမှာ သာမာန်လူလည်း မဟုတ်ပေ။

လက်နက်ကြီးဂိုဏ်းမှ မြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲပင်။

ရှန်မို ပြုံး၍သာ ငြိမ်နေ၏။

“ကျင့်ကြံမှုပဲ အာရုံစိုက်ပါ ခေါင်းဆောင်ငယ်။ ကျွန်မ ဆက်ရှင်းလိုက်ပါ့မယ်”

အကြီးအကဲလီ ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွားတော့သည်။

…

လက်နက်ကြီးဂိုဏ်း။

ဝူလန်တစ်ယောက် ဂိုဏ်းထဲသို့ ဒရောသောပါး ပြေးလာပြီး သူ့အဖေကို ရှာကာ အခြေအနေအား တင်ပြလိုက်သည်။

ဝူကန်ဖေး သတင်းကိုကြားသည်နှင့် အလွန် ဒေါသထွက်သွား၏။

ရှီဖေးမှာ သာမာန် အကြီးအကဲမဟုတ်။ နှစ်ပေါင်းများစွာ အတူရှိခဲ့သော သူ့လူယုံ ဖြစ်သည်။

ကယ်မှဖြစ်မည်။

ဝူကန်ဖေး ဒေါသတကြီးဖြင့်

“ဒီမျိုးမစစ်ကောင်တွေကတော့။ ငါတို့ဆီမှာ အင်အားစုပြီး အခုချက်ချင်း မိုးကြိုးကျောက်နယ်မြေကို သွားတိုက်ခိုက်ဖို့ပြင်”

ဝူလန် အမြန် တားလိုက်၏။

“အဖေ ကျွန်တော် ဘာပြောထားလဲ မေ့သွားပြီလား”

ဝူကန်ဖေး ငြိမ်သွားပြီး

“မမေ့ပါဘူး”

“ဒါဆို ကျွန်တော် ဘာပြောထားလဲ ပြောပါဦး”

ဝူလန် တင်းတင်းကြပ်ကြပ် ထပ်မေးသည်။

ဝူကန်ဖေး ခေါင်းကုတ်ရင်း

“အခုအချိန်က စစ်ဖြစ်ရမယ့်အချိန် မဟုတ်ဘူး”

“အဖေရယ် စိတ်ကိုထိန်းစမ်းပါဦး။ ကျွန်တော် ခဏခဏ ပြောတယ်လေ။ အခုချိန် ချင်းရွှမ်ဂိုဏ်းနဲ့ စစ်ဖြစ်ရင် ပတ်ဝန်းကျင်ဂိုဏ်းတွေ ဘယ်သူမှ ဝင်ကူညီမှာ မဟုတ်ဘူး။ ဒီအတိုင်း ပျော်နေမှာ”

“အဲ့လိုနဲ့ အားနည်းလာတဲ့အခါ အရင်ဆုံး ဖျက်ဆီးပြီး ကျင့်စဉ်တွေပါ ခိုးလိမ့်မယ်”

ဝူကန်ဖေး တဖြည်းဖြည်း ပြန်ငြိမ်လာ၏။

“ဒါဆို ဘယ်လိုလုပ်ကြမလဲ”

ဝူကန်ဖေး ပြန်ထိုင်လိုက်ရင်း မေးသည်။

သူအမြဲတမ်း ဉာဏ်ပညာထက် လက်သီးကိုသာ အားကိုးလေ့ ရှိ၏။

သားဖြစ်သူမှာတော့ စဉ်းစားချင့်ချိန်နိုင်သောကြောင့် ဆုံးဖြတ်ချက်ကို သားနှင့်သာ တိုင်ပင်လေသည်။

ဝူလန် တစ်ခုခုပြောရန် ပြင်လိုက်စဉ် အပြင်ဘက်မှ အသံတစ်ခု ထွက်လာ၏။

“ခေါင်းဆောင် ချင်းရွှမ်ဂိုဏ်းက စာရောက်လာပါတယ်”

“ဝင်ခိုင်းလိုက်”

အလွတ်တန်း ကျင့်ကြံသူတစ်ဦးဝင်လာပြီး စာကိုပေး၍ ချက်ချင်း ပြန်ထွက်သွား၏။

“ဘာပြောထားလဲ။ ပိုက်ဆံတောင်းတာလား”

ဝူကန်ဖေး အံကြိတ်ကာ မေးသည်။

ဝူလန် ခေါင်းငြိမ့်ပြ၍

“ချင်းရွှမ်ဂိုဏ်းက ပြောတယ်။ အကြီးအကဲရှီကို ပြန်ရွေးချင်ရင် အနည်းဆုံး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) ထောင် ယူပြီး အနောက်ပိုင်း သံဖြူနယ်မြေလာခဲ့ပါတဲ့”

ဝူကန်ဖေး ဒေါသပြန်ထွက်လာသည်။

“ဒီမကောင်းဆိုးဝါးတွေကတော့… အခုချက်ချင်း ချင်းရွှမ်ဂိုဏ်းကို သွားမယ်”

ဝူလန် သူ့အဖေကျောကိုပုတ်ကာ

“စိတ်အေးအေးထားပါ အဖေရယ်… ဒေါသကမှ တကယ့် မကောင်းဆိုးဝါးပဲ”

“အဲ့ဒါဆိုလည်း အစီအစဉ်ပြောပြ”

“ကျွန်တော်တို့ အကြီးအကဲရှီကို ကယ်မလို ဟန်ဆောင်မယ်။ ဒါပေမဲ့ အဓိကပန်းတိုင်က ရှန်မို့ကို ဖမ်းဖို့ပဲ”

“ဘယ်လို ဖမ်းမှာလဲ။ သူက အခု ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်နေပြီလေ။ သေချာပေါက် အထူးအကာအကွယ်တွေ ရှိမှာပဲ”

ဝူလန် ခပ်တိုးတိုးဖြင့်

“အစီအစဉ်က ဒီလို။ ဒီလို ဒီလို လုပ်မယ်။ နောက်ဆုံး ဒီလို ဖြစ်မယ်။ ဘယ်လိုလဲ”

ဝူကန်ဖေး ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ပြီးနောက်

“အဖေ မင်းကို ယုံပါတယ်။ အဲ့အတိုင်း လုပ်ကြတာပေါ့”

“ကောင်းပါပြီ။ အခုပဲ ချင်းရွှမ်ကို စာပို့ခိုင်းလိုက်မယ်။ ကယ်မယ်လို့ ပြောထားတော့ လုံခြုံရေး လျော့မှာပဲ”

(၂) ရက်အကြာတွင်။

အကြိမ်ကြိမ် ဆွေးနွေးကြပြီးနောက် သဘောတူညီချက် ရလာသည်။

လက်နက်ကြီးဂိုဏ်းမှ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) ထောင်နှင့် သံဖြူသတ္ထု ပေါင် (၃) ထောင် ပေးမည်ဖြစ်၏။

နေရာမှာတော့ မိုးကြိုးကျောက်နယ်မြေအနီးရှိ တောင်ထိပ်နေရာကို ရွေးထားသည်။

အကြီးအကဲလီ ပျော်ရွှင်စွာဖြင့် ရှန်မိုအား စာရွက် ပေးလိုက်သည်။

သို့သော် ရှန်မို မျက်မှောင်ကြုတ်မိ၏။

တစ်ဖက်မှ သဘောတူသည်မှာ လွယ်ကူလွန်းနေသည်။

ထို့နောက် သူ့စနစ်ကံကြမ္မာကို ပြန်ကြည့်လိုက်ပြီး အလှည့်အပြောင်းဟူသည့် စကားလုံးကို တွေ့သောအခါ ပို၍မျက်နှာပျက်သွားသည်။

All Chapters