← Chapters

ဂိုဏ်းငယ်များကို စည်းရုံးခြင်း

Vol. 6 Ch. 86

ဂိုဏ်းငယ်များကို စည်းရုံးခြင်း

Vol. 6 Ch. 86

ဝူလန်မှာ ရှန်မိုတို့အဖွဲ့အား ဖမ်းဆီးရန် ပြင်လာခဲ့သော်လည်း ရှုံးနိမ့်ပြီး သူသာ ပြန်အဖမ်းခံလိုက်ရသည်။

ထိုသတင်းမှာ ချင်းရွှမ်ဂိုဏ်းရော လက်နက်ကြီးဂိုဏ်းသို့ပါ ကူးစက်ပျံ့နှံ့သွားလေသည်။

လက်နက်ကြီးဂိုဏ်း၌ အခြေအနေမှာ အတော်လေး မှုန်မှိုင်းနေ၏။

ဝူကန်ဖေးသည် ချက်ချင်း စစ်ပွဲဖြစ်ချင်လောက်အောင် ဒေါသထွက်နေသည်။ သို့သော် ကံကောင်းစွာဖြင့် သားဖြစ်သူ၏စကားကို သူ မှတ်မိနေသေးသည်။

စစ်ဖြစ်၍ မရပေ။

တစ်ဖက်တွင်တော့ ချင်းရွှမ်ဂိုဏ်း၌ အောင်ပွဲခံကြသည့် အနေအထားဖြစ်နေ၏။

သတင်းများပျံ့ပြီးနောက် တပည့်များမှာ ထိုအကြောင်းကိုသာ တဖွဖွ ပြောနေကြတော့သည်။

“ကြားပြီးပြီလား။ ခေါင်းဆောင်ငယ်က မိုးကြိုးကျောက် နယ်မြေထဲမှာ လက်နက်ကြီးဂိုဏ်းက ခေါင်းဆောင်ရဲ့သားနဲ့ အတွင်းဂိုဏ်းအကြီးအကဲတွေကို ဖမ်းလိုက်နိုင်တယ်တဲ့”

“ကြားပြီးပြီလေ။ အပေးအယူကိစ္စဆိုလည်း တကယ် အံ့ဩစရာကြီး။ ဝူလန်က သားကောင်ကြီးသုံးဖို့ လုပ်ပေမဲ့ ခေါင်းဆောင်ငယ် ကြိုလက်ဦးမှု ရထားပြီးသားဖြစ်နေတာ။ ဝူလန်တို့ (၂) ယောက် ကြက်သေသေနေရောတဲ့”

“ဆိုးလိုက်တာနော်။ သူတို့ရဲ့ ဂုဏ်ယူလှပါတယ်ဆိုတဲ့ ဝှက်ဖဲကနေ ပြန်ခံလိုက်ရတာ”

အစည်းအဝေးခန်းထဲ၌။

မူယုံးယွဲ့ အကြီးအကဲများအား ခေါ်၍ ထိုကိစ္စအတွက် တိုင်ပင်လေသည်။

အရင်တစ်ခါ အတွင်းဂိုဏ်းအကြီးအကဲတစ်ဦးတည်းကို ဖမ်းမိစဉ်က အရေးမကြီးလှပေ။ ယခုတစ်ခေါက်တွင်မူ လက်နက်ကြီးဂိုဏ်း၏ ဦးနှောက်ဟုဆိုနိုင်သော ဝူလန်ကိုပါ ဖမ်းထားနိုင်သည်။

“မို စာပို့လာတယ်။ ဒီကိစ္စအတွက် ငါတို့နဲ့ ဆွေးနွေးချင်ပါတယ်တဲ့”

“သူ အကြံပေးတာကတော့ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ချင်းရွှမ်ဂိုဏ်း အပြည့်အဝ ဖွံ့ဖြိုးပြီး သူတို့ထက် မသာခင်အထိ လက်နက်ကြီးဂိုဏ်းနဲ့ စစ်ဖြစ်လို့ မရဘူး”

“နောက်ပြီး အကြီးအကဲ (၂) ယောက်ကို လွှတ်ပေးရင်တောင် ဝူလန်ကိုတော့ တတ်နိုင်သလောက် ဆွဲထားရမယ်။ သူ့ကို ကြာကြာ ဖမ်းထားလေ၊ လက်နက်ကြီးဂိုဏ်း မြန်မြန်ပျက်စီးလေပဲ”

“နားလည်ပါပြီ”

…

ရှန်မိုသည် ဝူလန်တို့၏ အပေးအယူကိစ္စ၌ ကိုယ်တိုင်တော့ ဝင်မပါချေ။

အနည်းငယ် အကြံပေးလျှင် လုံလောက်ပြီး ဝူလန်နှင့် ပတ်သက်သော အခွင့်အရေးများကိုသာ စိတ်ဝင်စားပါသည်။

သူ နေ့တိုင်း လျှို့ဝှက်အကျဉ်းထောငိသို့သွား၍ ဝူလန်အား စစ်ဆေး၏။

ဤသို့ဖြင့် သူ့အခွင့်အရေးများစွာကို လုယူနိုင်ခဲ့ပါသည်။

ထို့အပြင် တစ်ခါတစ်ရံ ရှောင်ဖန်ထံမှလည်း ရတတ်၏။

ရှန်မိုတစ်ယောက် ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနေလေသည်။

ဝူလန်နှင့် ရှောင်ဖန်တို့လို ကံကောင်းသူများ အနားတွင်ရှိနေ၍ သူ့အတွက် အချိန်များ ပိုနေ၏။

မူယုံးယွဲ့ သူ့အကြံကို နားလည်ပါသည်။

စစ်မဖြစ်ရ၊ အတတ်နိုင်ဆုံး အချိန်ဆွဲရန်။

လဝက်ခန့်အကြာတွင် ဝူလန့်ထံသို့ ရှန်မို ထွက်လာခဲ့ပြန်သည်။

“ဟင် အခွင့်အရေးအသစ်လား”

[လတ်တလောအခွင့်အရေး: တစ်လအကြာတွင် ဝူကန်ဖေး လျှိုယွမ်ဖုန်ထံမှ သတင်းရကာ အနီးအနား ဂိုဏ်းငယ်များကို မြှောက်ပေး၍ မိုးကြိုးကျောက်နယ်မြေအား တိုက်ခိုက်မည်။ နယ်မြေ၏ အကာအကွယ်ကို ရွှေကြာပန်းစေ့ဖြင့် ဖျက်ဆီးကာ ဝူလန်အား အခက်အခဲကြားမှ ကယ်တင်မည်]

ရှန်မို လန့်သွားသည်။

လက်နက်ကြီးဂိုဏ်းမှလည်း လှုပ်ရှားမှုများ ရှိနိုင်သည်။

“ခေါင်းဆောင်ငယ်… အကြီးအကဲလီ ရောက်လာပါတယ်”

အသံတစ်ခုထွက်လာ၍ ရှန်မို အတွေးစများ ပြတ်သွား၏။

ကျန်းဝေ့ဟူမှ လှမ်းခေါ်ခြင်းဖြစ်သည်။ သူ့ဒဏ်ရာများ သက်သာလာသော်လည်း ပြတ်သွားသော လက်မှာတော့ ပြန်မဖွံ့ဖြိုးနိုင်တော့၍ သာမာန်ကိစ္စများသာ ဆောင်ရွက်နိုင်တော့၏။

ရှန်မို ခေါင်းငြိမ့်ပြ၍ ဝင်ပေါက်ကို လှမ်းကြည့်လိုက်သောအခါ အသက်ကြီးသော်လည်း တက်ကြွမှုအပြည့်ဖြင့် အကြီးအကဲလီကို တွေ့ရ၏။

သူ ပြုံးရွှင်စွာ ဝင်လာပြီး

“ခေါင်းဆောင်ငယ် သတင်းကောင်းပဲ။ ကျွန်မတို့ရဲ့ ကျောက်မျက် စိတ်ဝိညာဉ်လက်နက်တွေက အရမ်း နာမည်ကြီးနေတယ်။ ဂိုဏ်းငယ်လေးတွေကလည်း လက်နက်ကြီးဂိုဏ်းကို ပယ်ပြီး ကျွန်မတို့ဆီက ဝယ်နေပြီ”

“မနေ့တစ်ရက်တည်းတင် ဂိုဏ်းငယ် (၅) ခုက လာမှာထားတယ်။ စုစုပေါင်း အဝါအဆင့် ကျောက်မျက် စိတ်ဝိညာဉ်လက်နက် (၅၀၀) လောက် ရှိတယ်”

ရှန်မို ခေါင်းငြိမ့်ပြ၍

“(၅၀၀) တောင်လား။ တစ်လတည်းနဲ့ မှီပါ့မလားတောင် မသိဘူး”

လက်နက်များမှာ အနည်းငယ်ပြုလုပ်ရုံဖြင့် အလွန်ခက်ခဲပင်ပန်းပါသည်။ ကြားထဲတွင် ပျက်စီးသွားသည်များလည်း ရှိတတ်၏။

အကြီးအကဲလီ အားရပါးရ ရယ်မော၍

“ဟုတ်တယ် ဟုတ်တယ်။ လက်နက်ထုတ်တဲ့ဆီက အကြီးအကဲ (၂) ယောက်လည်း အဲ့ဒါပဲ ညည်းနေတာ”

“ခေါင်းဆောင်ကတော့ လတ်တလော (၃) ခုပဲ လက်ခံပြီး နောက်ပိုင်း ကျွမ်းကျင်တဲ့ အကြီးအကဲတွေ၊ တပည့်တွေ များလာမှ ထပ်လက်ခံဖို့ ပြောပါတယ်”

ရှန်မို စိတ်ဝင်စားသွားပြီး

“မှာထားတဲ့ ဂိုဏ်းငယ်လေးတွေဆိုတာ ဘယ်ကလဲ”

အကြီးအကဲလီမှ အသေးစိတ်အချက်အလက်များ လှမ်းပေးလိုက်သည်။

“ဘယ်ဂိုဏ်း (၃) ခုက အမှာတွေကို လက်ခံမလဲဆိုတာ ခေါင်းဆောင် ဆုံးဖြတ်ပြီးပြီလား”

အကြီးအကဲလီ ခေါင်းငြိမ့်ပြ၍

“အင်း… အခုထိတော့ စဉ်းစားနေတုန်းပါပဲ။ ဂိုဏ်းငယ်ဆိုပေမဲ့ မြုတေဖွဲ့စည်းခြင်းအဆင့်တွေ (၄)၊ (၅) ယောက်တော့ ရှိကြတယ်”

ရှန်မို ဂိုဏ်း (၃) ခုကို ရွေးပြ၍

“ဒီ (၃) ခု”

“ခေါင်းဆောင်ငယ် ရွေးရတဲ့အကြောင်းအရင်း ရှိတာလား”

“သူတို့က လက်နက်ကြီးဂိုဏ်းနဲ့ မတည့်ဘူးလေ။ အရင်က လက်နက်ကြီးဂိုဏ်းကနေ ဝယ်ဖို့လုပ်တုန်းက ဈေးတွေ တအားတင်ပြီး ရောင်းလိုက်လို့”

“ကျွန်တော်တို့သာ အဆင်ပြေပြေ ရောင်းနိုင်ရင် နောက်ပိုင်း လက်နက်ကြီးဂိုဏ်းနဲ့ စစ်ဖြစ်တဲ့အခါ ကျွန်တော်တို့ဘက်ပဲ ပါမှာသေချာတယ်”

အကြီးအကဲလီ ချက်ချင်း သဘောတူ၏။

“ကောင်းတယ်။ အခုပဲ ခေါင်းဆောင်ကို တင်ပြလိုက်ဦးမယ်”

ရှန်မို ရွေးလိုက်သော ဂိုဏ်းများမှာ ဂိုဏ်းငယ်ထဲတွင် အင်အားအကြီးဆုံး ဖြစ်၏။

ယခင်က ဝူကန်ဖေးသဘောကို မတတ်သာဘဲ လိုက်ကြရသော်လည်း ယခုတော့ ချင်းရွှမ်၌လည်း လက်နက်များ ရနေလေပြီ။

ဤသို့ဖြင့် ချင်းရွှမ်မှာ တဖြည်းဖြည်း အင်အားကြီးလာမည်ဖြစ်၏

တစ်လအချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။

ရှီဖေးနှင့်အပါအဝင် အကြီးအကဲ (၂) ဦးကို တန်ဖိုးကြီးကြီးပေး၍ လဲပြီးပြီဖြစ်သော်လည်း လန်ဝူကိုတော့ မိုးကြိုးကျောက်နယ်မြေထဲ ဖမ်းထားဆဲ ဖြစ်၏။

လက်နက်ကြီးဂိုဏ်းမှ မည်သည့်အပေးအယူ ကမ်းလှမ်းပါစေ ဆက်တိုက် ငြင်းနေလေသည်။

တစ်လအကြာမှ ချင်းရွှမ်ဂိုဏ်းသည် ဝူလန်အား ပြန်လွှတ်ရန် စိတ်ကူးမရှိမှန်း သဘောပေါက်သွားကြတော့၏။

All Chapters