အားကောင်းသော မိတ်ဖက်
Vol. 6 Ch. 89
ထိုသို့ကြားသောအခါ ဝူကန်ဖေး အသက်ကယ်ဆေး ရသွားသကဲ့သို့ လန်းသွားသည်။
ဟုတ်တယ်။
ဖေးရှောင်နဲ့ လင်းရှီဂိုဏ်းက ဒီအတိုင်း ငြိမ်နေကြမှာ မဟုတ်ဘူး။
နတ်ရေစင်ဂိုဏ်းနှင့် ချင်းရွှမ်ဂိုဏ်းတို့မှာ ဆက်ဆံရေးမကောင်း၍ လက်နက်ကြီးဂိုဏ်းကိုသာ ကူညီကြလိမ့်မည်။
“ဒါပေမဲ့ လွယ်လွယ်တော့ လာကူညီမှာ မဟုတ်ဘူး။ တော်တော်လေး ပေးမှဖြစ်မယ်”
သက်လတ်ပိုင်း အကြီးအကဲမှ ပြော၏။
အခြားအကြီးအကဲများမှ
“ကျွန်တော်တို့ဂိုဏ်းမှာ ပိုက်ဆံတွေ ရှိသားပဲ။ လိုရင် ပေးလိုက်ရုံပေါ့။ များများသာပေးရင် မကူညီဘဲ နေမလား”
ဝူကန်ဖေး လှမ်းကျိန်ဆဲသည်။
“ဂိုဏ်းရတနာတိုက်ထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျန်လဲရော သိရဲ့လား။ စီးပွါးရေးတွေလည်း ချင်းရွှမ်ဂိုဏ်းက လုသွားပြီ။ ဘယ်ကပိုက်ဆံ ရှိဦးမှာလဲ”
အကြီးအကဲများ ရှက်ရွံ့ကာ ငြိမ်သွားကြ၏။
ရတနာများ လျော့နည်းနေသည်ကိုပင် သတိမထားမိကြပေ။
“မင်းတို့ပဲ ဂိုဏ်းက အမြတ်တွေကို လတိုင်း ယူနေကြတာ။ အခု ပြန်ထောက်ပံ့ဖို့ လုပ်ကြဦး”
ဝူကန်ဖေးမှ
“လူတိုင်း ထိပ်တန်း သိမ်မွေ့နက်နဲခြင်းရတနာ (၁) မျိုးစီ ပေးရမယ်”
“မရှိရင် သွားရှာကြ။ ငါပေးတုန်းက အများကြီးပဲ။ အခု အနည်းဆုံး (၁) ခုတော့ ပြန်ယူလာပေးကြ”
အကြီးအကဲများ အချင်းချင်းကြည့်၍ နေရခက်နေကြသည်။
“ဟုတ်ကဲ့ပါ အခုပဲ ရှာလိုက်ပါ့မယ်”
ထို့နောက် အကြီးအကဲများ အကြံကိုယ်စီနှင့် ပြန်သွားကြလေသည်။
…
မိုးကြိုးကျောက်နယ်မြေ။
နောက်တစ်နေ့။
ရှန်မိုတစ်ယောက် ဝူလန်ကံကြမ္မာကိုကြည့်ရန် ရောက်လာသည်။
“ဟင် ပြောင်းသွားပြီပဲ”
[လတ်တလောအခွင့်အရေး:: တစ်လအကြာတွင် လက်နက်ကြီးဂိုဏ်းမှ သူတို့အကြီးအကဲများကို ဖေးရှောင်နှင့် လင်းရှီဂိုဏ်းများထံ ရတနာများဖြင့် ပို့မည်။ ထိုဂိုဏ်းများမှ ဝူလန်လွတ်မြောက်ရေးအတွက် ချင်းရွှမ်အား ကူညီ ဖိအားပေးမည်]
ရှန်မို ခေါင်းယမ်းမိသည်။
ထိုစဉ် ဝူလန်မှ
“ရှန်မို ချင်းရွှမ်ဂိုဏ်းက ကပ်ဆိုက်တော့မှာကို မသိဘူးလား”
“ငါ့ကို လက်နက်ကြီးဂိုဏ်းဆီ ပြန်ပို့ပေးရင် နည်းလမ်း ပြောပြမယ်”
ရှန်မို ရယ်မောလျက်
“လက်နက်ကြီးဂိုဏ်းက ပြင်ပအကူအညီ ယူနေရချိန်မှာ ငါတို့ချင်းရွှမ်က ဒါလေးတောင် မခုခံနိုင်ဘူးလို့ ပြောချင်တာလား”
ဝူလန် မျက်ခုံးပင့်လိုက်၏။
ရှန်မို ချက်ချင်း ရိပ်မိသွားမည်ဟု မထင်ထားချေ။
ဝူလန်မှ
“ဟုတ်တယ်။ ဖေးရှောင်ဂိုဏ်းက လက်နက်ကြီးဂိုဏ်း အားနည်းနေတာကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး”
“သာမာန် ဒုတိယအဆင့်ဂိုဏ်းလေးက ဖေးရှောင်လို ထိပ်တန်းဂိုဏ်းကို ဘယ်လိုခုခံမှာလဲ”
ရှန်မို တည်ငြိမ်စွာဖြင့်
“ချင်းရွှမ်ဂိုဏ်းတစ်ခုတည်းဆိုရင်တော့ ဘယ်ခုခံနိုင်မလဲ… ဒါပေမဲ့ ဒီနေ့ ချင်းရွှမ်က အရင်လို မဟုတ်တော့ဘူးလေ”
သူ ပြုံး၍ပြောကာ ပြန်လာခဲ့သည်။
ဝူလန်မှာ အချုပ်ခန်းထဲ၌ ဒေါသထွက်ရင်း ကျန်ခဲ့လေ၏။
တစ်ဖက်တွင် ကျောက်မျက်ကျင့်စဉ် ရှိနေမှန်း မသိသေးချေ။
ရှန်မို အခန်းထဲ ပြန်ရောက်ပြီးနောက် အစောင့်တပည့်အား ခေါ်၍
“အကြီးအကဲလီကို ခေါ်ခဲ့ပေးပါ”
“ဟုတ်ကဲ့ပါ”
မကြာမီ အကြီးအကဲလီ ရောက်လာ၏။
“ခေါင်းဆောင်ငယ် ဘာလို့ခေါ်လိုက်တာလဲ မသိဘူး”
သူ စမေးလိုက်သည်။
ရှန်မိုမှ လက်နက်ကြီးဂိုဏ်းအပေါ် ဆက်တိုက် အနိုင်ယူနိုင်ခဲ့သောကြောင့် သူ့အမြင်တွင် အတော် လေးစားစရာဖြစ်ပါသည်။
ထို့ကြောင့် ရှန်မို လှမ်းခေါ်သည့်အခါတိုင်း တွေဝေမေးမြန်းမှုမရှိ ရောက်လာတတ်ခြင်း ဖြစ်၏။
ရှန်မိုမှ
“ကျွန်တော်တို့လက်နက်တွေကို တခြားဝေးဝေးက ဂိုဏ်းတွေကိုပါ ရောင်းရမှာမလား”
အကြီးအကဲလီ ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်။ အဲ့ဒါ အခုပဲ ပြောတော့မလို့။ ကျွန်မတို့ မိုးမုန်တိုင်းဂိုဏ်းနဲ့ ဆက်သွားထားပါပြီ”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။
သူ ရွှမ်ကျန်းဒေသ၏ အခြေအနေကို နားလည်ပါသည်။
မိုးမုန်တိုင်းဂိုဏ်းအကြောင်းလည်း သိ၏။
မိုးမုန်တိုင်းဂိုဏ်းမှာလည်း ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်ပြီး ဖေးရှောင်၏ မြောက်ဘက်တွင် တည်ရှိကာ ချင်းရွှမ်နှင့် မိုင် (၃၀၀) ခန့် ကွာဝေးသည်။
မိုးမုန်တိုင်းဂိုဏ်းနှင့် ဖေးရှောင်တို့ကြား နယ်နိမိတ်နေရာမှာ အရင်းအမြစ် အကြွယ်ဝဆုံးဖြစ်၍ အပြန်အလှန် မကျေနပ်ချက်များ ရှိ၏။
ကျောက်မျက်လက်နက်ထုတ်လုပ်ရေးမှာ အရင်က လက်နက်ကြီးဂိုဏ်းသာ ရှိခဲ့သည်။
ထို့ကြောင့် မိုးမုန်တိုင်းဂိုဏ်း၌ လက်နက်နောက်ခံကောင်း မရထားပေ။
ဤသို့ဖြင့် ဖေးရှောင်ဂိုဏ်း၏ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရ၏။
ယခုတော့ နောက်ထပ်အရင်းအမြစ်တစ်ခု ပေါ်လာလေပြီ။
“လုပ်ငန်းစဉ်က သေချာလျှို့ဝှက်ထားရဲ့လား”
အကြီးအကဲလီ ခေါင်းငြိမ့်ပြ၍
“စိတ်မပူပါနဲ့။ ကျွန်မတို့ အရောင်းအဝယ်က ဖေးရှောင်ဆီ မရောက်ပါဘူး။ အလုပ်ရုံပျက်တစ်ခုထဲမှာ ပြောဆိုနေကျမို့လို့ ဘယ်သူမှ ကြိုမသိထားဘူး”
ရှန်မို ကျေနပ်စွာ ခေါင်းငြိမ့်ပြ၏။
ချင်းရွှမ်ဂိုဏ်းစီးပွါးရေး ကောင်းမွန်ရန် အင်အားကြီး မဟာမိတ်များ လိုအပ်ပါသည်။
မိုးမုန်တိုင်းဂိုဏ်းသည် ဖေးရှောင်ဂိုဏ်းနှင့် ရန်ဘက်ဖြစ်၍ ရှန်မိုတို့အတွက် အကောင်းဆုံး မိတ်ဆွေဖြစ်လိမ့်မည်။
ရှန်မို စားပွဲကို တစ်ချက်ပုတ်၍
“နားလည်ပါပြီ။ လက်နက်ကြီးဂိုဏ်းက နောက်ဆုံး ထွက်သက်ပဲကျန်တော့တယ်။ ရတနာတွေ အတင်းရှာပြီး ပြင်ပအကူအညီ ယူနေရပြီလေ။ ဒါပေမဲ့ ဖေးရှောင်ကိုတော့ တိုက်ရိုက် ခုခံလို့မရဘူး”
“အကြီးအကဲလီ မိုးမုန်တိုင်းဂိုဏ်းကို ပြောထားပေးပါဦး။ အချိန်ကျရင် ဖေးရှောင်ကို နှောင့်ယှက်ပြီး လက်နက်ကြီးဂိုဏ်းကို မကူညီနိုင်အောင် လုပ်ပေးပါလို့”
အကြီးအကဲလီ ခေါင်းငြိမ့်ပြ၍
“နောက်ဆုံး အရောင်းအဝယ်မှာတော့ ဆက်သွယ်ရေးကျောက်မျက် ပေးသွားပါတယ်။ အခုပဲ ဆက်သွယ်ထားလိုက်ပါမယ်”
“ကောင်းပါပြီ။ လုပ်လိုက်တော့နော်”
မကြာမီ အကြီးအကဲလီ ပြန်ရောက်လာကာ
“ခေါင်းဆောင်ငယ် မိုးမုန်တိုင်းဂိုဏ်းဘက်က သဘောတော့ တူပါတယ်။ ဒါပေမဲ့ တောင်းဆိုတာ တစ်ခုရှိတယ်… အဲ့ဒါ ခေါင်းဆောင်ငယ်ကို တွေ့ချင်ပါတယ်တဲ့”
ရှန်မို အံ့ဩသွား၏။
“ကျွန်တော့်ကိုလား”
“ဟုတ်ပါတယ်…”
အကြီးအကဲလီမှ
“အဲ့ဒါ အဆိပ်နွယ်ဂိုဏ်းသခင်မလေးက တောင်းဆိုတာပါတဲ့”
ရှန်မို ချက်ချင်း မိန်းကလေး၏အလှအပကို ပြန်တွေးမိသွားသည်။
ထို့နောက် ရယ်မော၍
“ကောင်းပါပြီ။ အချိန်နဲ့နေရာ ပြောလိုက်လေ။ သူတို့ အဆင်ပြေရင် တွေ့ကြတာပေါ့”