← Chapters

အဂ္ဂိရက်ပညာရှင်ကြီး၏ တတိယနေရာ

Vol. 6 Ch. 90

အဂ္ဂိရက်ပညာရှင်ကြီး၏ တတိယနေရာ

Vol. 6 Ch. 90

ချင်းကန်တောင်၏ လူသူရှင်းသော ချိုင့်ဝှမ်းတွင် ရှန်မို တစ်ယောက်တည်း မတ်တပ်ရပ်ကာ မျက်လုံးမှိတ်လျက် ချိန်းထားသူများကို စောင့်နေသည်။

ပုံစံမှာ တစ်ယောက်တည်းဟု ထင်ရသော်လည်း အမှန်တော့ မလှမ်းမကမ်း၌ လိုဏ်ဂူတစ်ခု ရှိ၏။

ကျောက်စပါးကြီးမြွေကြီးမှာ ထိုလိုဏ်ဂူမှတစ်ဆင့် ချင်းကန်တောင်ထဲဝင်၍ အစာရှာလေ့ရှိသည်။

ရှန်မိုမှ အချက်ပြလိုက်သည်နှင့် ချက်ချင်းထွက်လာမည်ဖြစ်၍ လုံခြုံရေးအတွက် စိတ်ချရပါသည်။

မိုဟုဟုန်မှာ သူ့အပေါ် မကောင်းသည့်အကြံ ရှိပုံ တစ်ခါမှမပြခဲ့သော်လည်း ရှန်မို သူ့ကို မယုံနိုင်ပေ။

ဒုတိယအစီအစဉ်တော့ အမြဲထားရမည်။

မကြာမီ မွှေးပျံ့သောလေညင်း တိုက်ခတ်လာပြီး ဆွဲဆောင်မှုရှိသည့် လူတစ်ယောက် ရောက်လာသည်။

လူနှင့်အတူ ငွေခေါင်းလောင်းကဲ့သို့ ရယ်သံလွင်လွင်လေးပါ ကြားရ၏။

“ရှင် ကျွန်မကို တကယ်ယုံတာပဲ။ တစ်ယောက်တည်း လာတယ်နော်”

မိုယုဟုန် ရယ်မော၍ ချစ်စရာကောင်းစွာ ပြောသည်။

ရှန်မို သူ့ကိုလှမ်းကြည့်လိုက်သောအခါ မိုယုဟုန်သည် တမင် အနားသို့ ကပ်လာသည်ကို တွေ့ရ၏။

ထို့နောက် နူးညံ့သွယ်လျသော လက်ချောင်းလေးများသည် ရှန်မို့ပုခုံးပေါ် ဆော့ကစားရင်း နီထွေးသော နှုတ်ခမ်းလွှာများမှာ အလွန်နီးလာသည်။

သို့သော် ရှန်မို စိတ်ကိုထိန်း၍ မျက်မှောင်ကြုတ်ကာ

“ပြောစရာရှိရင် ပြောလေ။ အားနာနေစရာ မလိုပါဘူး”

မိုယုဟုန် လက်ကိုပြန်ရုတ်၍ စူပုတ်ကာ

“နှလုံးသားမဲ့လိုက်တာ”

ရှန်မိုမှာတော့ တည်ငြိမ်စွာပင်။

မိုယုဟုန် နှာခေါင်းရှုံ့၍ ခပ်ချွဲချွဲဖြင့်

“ဟုတ်ပါပြီ ဟုတ်ပါပြီ… ပြောပါမယ်”

“မိုးမုန်တိုင်းဂိုဏ်းက ဖေးရှောင်ဂိုဏ်းကို နှောင့်ယှက်တာမျိုး ဖြစ်စေချင်တယ်မလား။ အဲ့ဒါ လွယ်လွယ်လေးပါ။ ကျွန်မဆီက အမိန့်ရတာနဲ့ သူတို့ ချက်ချင်း လှုပ်ရှားလိမ့်မယ်”

“တန်ဖိုးကရော”

မိုယုဟုန် ပြုံး၍ တိုက်ရိုက်မဖြေဘဲ

“အဆိပ်နွယ်ဂိုဏ်းက သတင်းပေးပြောတာတော့ အရင်လက ဖေးရှောင်ဂိုဏ်း ဆူးတောထဲမှာ တဲတစ်ခု တွေ့တယ်တဲ့”

“အဲ့ဒါကို သတင်းပေးကျင့်ကြံသူတွေကို အကုန်သတ်ပြီး အကြီးအကဲတွေကိုလည်း နှုတ်ပိတ်ထားတယ်တဲ့”

“ဖေးရှောင်ဘက်က အဂ္ဂိရက်ပညာရှင်ကြီးရဲ့ တတိယတဲကို တွေ့နေပြီထင်တယ်”

ရှန်မို ရင်ခုန်သွား၏။

အဂ္ဂိရက်ပညာရှင်ကြီး၏ နေရာမှာ (၃) ခုရှိပြီး တစ်ခုကို နတ်ဓားဂိုဏ်းမှတွေ့ကာ တစ်ခုကို ရှန်မို ရထားပြီးလေပြီ။

တတိယပစ္စည်းကိုသာ ရှာမတွေ့ဘဲ ရှိကြ၏။

ယခု ဖေးရှောင်ဂိုဏ်းမှ သတင်းပေးအားလုံးကို သတ်လိုက်ခြင်းမှာ ပစ္စည်းသည် အလွန်အဖိုးတန်၍ ဖြစ်ရမည်။

သတင်းအနည်းငယ်မျှ အထွက်မခံချေ။

ရှန်မို မျက်မှောင်ကြုတ်၍

“အဲ့ပစ္စည်းရအောင် ကူစေချင်တာလား… အဲ့တာ မိုးမုန်တိုင်းဂိုဏ်းကို ပြောလေ”

“နောက်ပြီး တစ်လလောက်ရှိနေပြီဆိုတော့ ရတနာကို သူတို့ပဲ ယူသွားပြီးလောက်ပြီမလား”

ဆူးတောမှာ ဖေးရှောင်ဂိုဏ်းနှင့် မိုးမုန်တိုင်းဂိုဏ်းကြားတွင်ရှိပြီး အရင်းအမြစ် အလွန်ကြွယ်ဝ၏။

ချင်းရွှမ်ဂိုဏ်းနှင့်တော့ အတော်လေး လှမ်းလေသည်။

မိုယုဟုန်ပြုံး၍ ခေါင်းယမ်းကာ

“အဲ့ဒီရတနာက အဖိုးတန်သလောက် အန္တရာယ်လည်း အရမ်းများတယ်။ ဖေးရှောင်ဘက်က အကာအကွယ်တွေ ဖယ်ရင်း အနားတောင် ကပ်နိုင်ဦးမှာ မဟုတ်ဘူး”

“ချင်းရွှမ်ဂိုဏ်းကို ရွေးရတဲ့အကြောင်းအရင်းက ချင်းရွှမ်မှာ အခု ကျောက်မျက်ကျင့်စဉ်ရှိပြီး လက်နက်တွေ အများကြီး ထုတ်နိုင်တယ်လေ။ ထိပ်တန်းဂိုဏ်းဖြစ်လာဖို့ အခြေခံ ရနေပြီ”

“အခု မိုးမုန်တိုင်းဂိုဏ်းနဲ့ မိတ်ဖွဲ့လိုက်တာက ဖေးရှောင်ကိုပါနိုင်ပြီး ရတနာလည်း ရနိုင်တယ်”

“ကျွန်မက ဒီနေ့ အပေးအယူကိစ္စ ပြောဖို့ လာတာ”

“မိုးမုန်တိုင်းဂိုဏ်းက ဖေးရှောင်ကို ဝင်တိုက်ရင်း ချင်းရွှမ်နဲ့ လက်နက်ကြီးဂိုဏ်းတို့ တိုက်ပွဲမှာ ဘယ်သူမှ ဝင်မပါနိုင်အောင် ထိန်းပေးလိမ့်မယ်”

“အဲ့အတွက် ချင်းရွှမ်ဂိုဏ်း ထိပ်တန်းအဆင့်ထဲ ရောက်လာရင် ဖေးရှောင်ဂိုဏ်းကို ပြန်ရှင်းပေးရမယ်။ အဂ္ဂိရက်ပညာရှင်ကြီးရဲ့ ရတနာတွေကတော့ ဦးသူယူပေါ့”

မိုယုဟုန် ပြုံး၍ ပြော၏။

ရှန်မို မျက်ခုံးလေး ပင့်ပြသည်။

အပေးအယူမှာ ရိုးရှင်းပြီး မငြင်းနိုင်သောကိစ္စ ဖြစ်၏။

ထို့အပြင် ရတနာကိုလည်း ဦးသူယူဟု ဆိုသောကြောင့် အားကောင်းသော အခြေအနေ ဖြစ်နေရမည်။

အင်အားမရှိလျှင် ကံကြမ္မာလည်း မကူနိုင်ပေ။

သို့သော် ရှန်မိုမှာ (၅) ရောင်ခြယ် ကြာပန်းကိုလည်း ရနိုင်၍ မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်တော့ပေမည်။

ရတနာများ မည်သူရသွားမည်မှာ စိတ်လှုပ်ရှားစရာပင်။

ရှန်မို ပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။

“ကောင်းပြီလေ။ ကျွန်တော် သဘောတူပါတယ်”

မိုယုဟုန် သူ ချက်ချင်း သဘောလိုက်သည်အား အံ့ဩသွား၏။

“ရှင့်ခေါင်းဆောင်ရော။ သူ့ကို မပြောရဘူးလား”

ရှန်မို ခေါင်းယမ်းပြ၍

“ကျွန်တော့်ခေါင်းဆောင်က ကျွန်တော် ဦးဆောင်မှုနောက် လိုက်တာလေ”

“ကောင်းပါပြီ။ ဒါဆိုရင် မိုးမုန်တိုင်းဂိုဏ်းနဲ့ တန်းပြီး ပူးပေါင်းလို့ ရပြီနော်။ ကျွန်မတို့ အဆိပ်နွယ်ဂိုဏ်းဘက်က ဝင်မပါတော့ဘူးနော်”

မိုယုဟုန် ပြုံး၍ နှုတ်ဆက်ပြီးနောက် ထွက်သွားလေသည်။

ရှန်မို သူ့အဆောင်သို့ ကျေနပ်စွာ ပြန်လာခဲ့၏။

…

အချိန်များ လျင်မြန်စွာ ကုန်ဆုံး၍ တစ်လအကြာတွင်။

ရှန်မို့အရှေ့၌ မြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲ (၂) ဦး ဒူးထောက်လျက် စိုးရိမ်စွာ ရှိနေကြသည်။

လက်နက်ကြီးဂိုဏ်းမှ အတွင်းဂိုဏ်းတပည့်များ ဖြစ်လေ၏။

အမှန်တော့ ထိုသူတို့မှာ ဖေးရှောင်နှင့် လင်းရှီထံ အကူအညီတောင်းရန် ထွက်လာခဲ့ခြင်း ဖြစ်သော်လည်း ရှန်မို ကြိုသိနေသောကြောင့် အလစ်တိုက်ခိုက်၍ အလွယ်တကူ ဖမ်းလာခဲ့သည်။

“မင်းတို့ဆီမှာ ပါသမျှ အကုန်ပေး”

အကြီးအကဲလီမှ ခပ်ပြတ်ပြတ် ပြောလိုက်၏။

အကြီးအကဲများ တုန်ရီလျက်

“ဟုတ် ဟုတ် ဒီမှာပါ။ ဝူကန်ဖေးက ထိပ်ဆန်းအဆင့် ရတနာတွေနဲ့ သွားခိုင်းပေမဲ့ အရမ်းရှားလို့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၅၀၀) ပဲ ပါ,ပါတယ်”

“ဝူကန်ဖေးပေးလိုက်တဲ့ ရတနာ (၂) ခုတော့ ဒီမှာပါ”

အကြီးအကဲလီ ပစ္စည်းများ ယူပြီးနောက် ရှန်မိုအား လှမ်းပေးလိုက်သည်။

ဝူကန်ဖေးပေးလိုက်သည်မှာ သိုလှောင်လက်စွပ် (၂) ကွင်းဖြစ်ပြီး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၂) ထောင်ပါ၏။

ထို့အပြင် (၅) ရောင်ခြယ်ကြာပန်းကဲ့သို့ အခြား ရှားပါးရတနာများလည်း ပါဝင်သည်။

“ကြာပန်းမှာ အစေ့ (၅) ခု ကျန်သေးတာပဲ။ အသုံးဝင်တယ်”

ရှန်မို ပျော်မြူးသွားသည်။

“ဝူကန်ဖေး အများကြီး ရင်းထားတာပဲ။ ဒါပေမဲ့ အခု အကုန်လုံး ငါ့အပိုင် ဖြစ်သွားပြီ”

“ကျွန်တော်တို့ကိုရော ဘာဆက်လုပ်မှာလဲဟင် ခေါင်းဆောင်ငယ်”

အကြီးအကဲတစ်ဦးမှ ထိတ်လန့်စွာ မေးသည်။

ရှန်မို ချက်ချင်းမဖြေဘဲ တိတ်ဆိတ်နေသောကြောင့် အကြီးအကဲများ ပိုစိတ်လှုပ်ရှားလာ၏။

“အမှန်တော့ ဝူကန်ဖေးဘက်က အကုန်စခဲ့တာပဲလေ။ သူ့ကို ကြည့်ရစရာတော့ မရှိဘူး”

“ခေါင်းဆောင်ငယ်သာ လက်ခံရင် ကျွန်တော်တို့ သူလျှိုလုပ်ပေးပါ့မယ်”

အကြီးအကဲလီ အထင်သေးစွာ လှမ်းကြည့်သည်။

ယခုလက်နက်ကြီးဂိုဏ်းမှာ အားနည်းလာ၍ အတော်များများ ယိမ်းယိုင်နေကြလေပြီ။

ရှန်မို ပြုံး၍

“အဲ့ဒါကို ကျွန်တော်က ဘယ်လိုယုံရမှာလဲ”

အကြီးအကဲ (၂) ဦး အချင်းချင်းကြည့်၍ အံကြိတ်ကာ

“ကျွန်တော်တို့မြေး (၂) ယောက်ကို ပို့ထားပါ့မယ်။ အဲ့တာဆို စိတ်ချပြီမလား”

ရှန်မို ခေါင်းငြိမ့်ပြ၍

“ကောင်းပါပြီ”

All Chapters