← Chapters

အပိုင်း ၄၄၇

Vol. 30 Ch. 447

အပိုင်း ၄၄၇

Vol. 30 Ch. 447

“ဒါဆို ချူးလေးရဲ့ ဒီရက် ၂၀ အတွက် ရိက္ခာတွေက… ကျွန်တော့်‌ ဝေစုကနေ ခွဲစရာမလိုတော့ဘူးမလား” နျဥ်ယွိယွမ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကွေးညွှတ်သွားသည်။ 'ဒီစားစရာလေးတွေကို သူ ဂရုမစိုက်ပေမယ့် ရှချန်းကို ထပ်ပြီး ဒေါသထွက်အောင် လုပ်နိုင်မယ်ဆိုရင် သူ ဘာလို့ မလုပ်ရမှာလဲ။'

မျှော်လင့်ထားသည့်အတိုင်းပင်! နျဥ်ယွိယွမ်ဤသို့ပြောလိုက်သည်နှင့် ရှချန်းသည် ခုနကမှ လျော့သွားသည့် သူ၏ လက်သီးများကို ပြန်ဆုပ်လိုက်သည်။ “ဟုတ်တယ်၊ မလိုအပ်ပါဘူး… ပစ္စည်းတွေကတော့ မော့ချူး အတွက် ကျွန်တော်တို့ ပြင်ဆင်ပေးပါ့မယ်။ စိတ်မပူပါနဲ့!”

“ဒါဆို ကောင်းပြီ။” နျဥ်ယွိယွမ်ရဲ့ မျက်နှာက အပြုံး ပိုပြီး တောက်ပလာပြီး ရှချန်းရဲ့ မျက်နှာက ပိုပြီး မကြည့်ရက်စရာ ကောင်းလာခဲ့သည်။ သူ့ရဲ့ မကောင်းဆိုးဝါးလို မျက်လုံးနှစ်လုံးက နျဉ်ယွိယွမ်ကို စိုက်ကြည့်နေသည်။ 'နျဥ်ယွိယွမ်၊ မင်းစောင့်နေ၊ ဒီမစ်ရှင်မှာ၊ မင်း ဘယ်တော့မှ ပြန်မလာတာ သေချာအောင် ငါလုပ်ပစ်မယ်! '

နောက်တစ်နေ့၌။

အဖွဲ့တွေအားလုံး ခြောက်နာရီမှာ ထွက်ခွာခဲ့ကြသည်။

နျဥ်ယွိယွမ်က ဘယ်လိုနည်းနဲ့မှန်းမသိ ၇၀% လောက် သစ်လွင်နေတဲ့ ပြုပြင်ထားတဲ့ off-road ကား တစ်စီး ဖန်တီးခဲ့သည်။ သူ့ရဲ့ ကာကွယ်ရေးစနစ်က ထိပ်တန်းအဆင့်ဖြစ်ပြီး အမျိုးသား အများအပြားကို တံတွေးမျိုချပြီး ကြည့်စေခဲ့သည်။

တစ်ခါက ကားတွေနဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ထာဝရရှာဖွေမှုတွေလို့ တစ်ယောက်က ပြောခဲ့ဖူးသည်။ ဘေးကနေ ကြည့်နေတဲ့ မော့ချူးလည်း ဒီစကားကို သဘောတူခဲ့သည်။

“ကောင်းကောင်း အိပ်ပျော်ခဲ့လား” နျဥ်ယွိယွမ်က ရှေ့ကို လျှောက်လာပြီး ညင်သာတဲ့ အမူအရာနဲ့ မော့ချူး ရဲ့ ခေါင်းကို ရင်းနှီးကျွမ်းဝင်စွာ ပွတ်သပ်ပေးလိုက်သည်။

“ဟုတ်” မော့ချူးက ခေါင်းငြိမ့်ပြီး ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။

သူတို့နှစ်ဦး၏ ရိုးရှင်းသော စကားလုံးများနှင့် လုပ်ရပ်များသည် နွေးထွေးငြိမ်သက်သော လေထုကို ဖော်ပြနေသည်။ လူတိုင်းက ဒါကို မြင်တော့ အံ့အားသင့်သွားကြပြီး မနာလိုစိတ်လေးတွေလည်း နည်းနည်း ပေါ်လွင်နေခဲ့သည်။

ဘဝနဲ့ သေခြင်းတရားကို ခန့်မှန်းလို့မရတဲ့ ဒီခေတ်မှာ တစ်နေ့နေ့ ဇွန်ဘီကိုက်ခံရမလား၊ ဒါမှမဟုတ် ရုတ်တရက် ဖျားပြီး သေဆုံးသွားမလား ဘယ်သူသိမှာလဲ။ လေထုတစ်ခုလုံးက တင်းမာထုံထိုင်းတဲ့ ခံစားချက်တွေနဲ့ ပြည့်နေသလိုပင်။ အဲဒီနောက်၊ ဒီလေထုအောက်မှာတော့ လူတိုင်းက အစွန်းရောက် ပျော်ရွှင်မှုရှာဖွေသူတွေ ဖြစ်သွားကြပုံရသည်။ သူတို့က အမျိုးသမီးတွေနဲ့ ကစားတယ်၊ စားနပ်ရိက္ခာတွေ လုယက်တယ်၊ လူသတ်တယ်… ဘာစည်းကမ်းမှမရှိ၊ ဘာကန့်သတ်ချက်မှမရှိဘူး။

ဒါပေမဲ့ မော့ချူး နဲ့ နျဥ်ယွိယွမ်ရဲ့ နွေးထွေးမှုကို ကြည့်ရင်း သူတို့ရင်ထဲ ရုတ်တရက် တုန်ယင်သွားသည်။ 'သူတို့… တစ်ခုခု မှားနေတာလား။ သူတို့ တစ်ခုခုကို ထပ်ပြီး လွဲချော်ခဲ့တာလား။'

“ထွက်ခွာကြစို့!” ရှချန်းက ရှေ့ဆုံးမှာ ရပ်ပြီး ရုတ်တရက် ပြောလိုက်ကာ လူတိုင်းရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်သည်။

နျဥ်ယွိယွမ်က မော့ချူးကို ကားထဲ ဆွဲသွင်းပြီး SUV ကို အရင်စတင်လိုက်သည်။ သူတို့နောက်က ကားတွေလည်း တစ်စီးပြီးတစ်စီး စတင်ပြီး သူတို့နောက်က လိုက်ပါလာသည်။

နျဥ်ယွိယွမ်ရဲ့ ကားမောင်းတဲ့ စွမ်းရည်က အရမ်းကောင်းသည်။ မော့ချူးက အထဲမှာ ထိုင်နေပြီး ဘယ်လိုလှုပ်ခါမှုမှ မခံစားရပေ။

သူမက ခေါင်းကို အနည်းငယ် လှည့်ပြီး နျဥ်ယွိယွမ်ကို စိုက်ကြည့်လိုက်သည်။ ဒီအချိန်မှာ နေက လှပစွာ ထွက်ပေါ်နေပြီဖြစ်ပြီး ရွှေအိုရောင်နေရောင်ခြည်က သူ့ရဲ့ လေးနက်ရှိတဲ့ မျက်နှာကို ထိမှန်နေသည်။ သူက ခန့်ညားပြီး တည်ကြည်ကာ နတ်ဘုရားတစ်ပါးလိုပင်။

“ကိုယ် ကြည့်ကောင်းလား” နျဥ်ယွိယွမ်ရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး သူ့လေသံထဲမှာ သတိမထားမိတဲ့ စနောက်မှု အရိပ်အယောင်လေး ပါနေသည်။

“ဟုတ်…” မော့ချူး က လန့်‌မိသွားလျက်မှ ပြန်သတိမဝင်ဘဲ ရိုးသားတဲ့ စကားလုံးတွေကို ရုတ်တရက် ထုတ်ပြောလိုက်သည်။ နျဥ်ယွိယွမ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက မထိန်းနိုင်ဘဲ ကွေးညွှတ်သွားပြီး သူ့မျက်နှာပေါ်က အပြုံးက ပိုပြီး နက်ရှိုင်းလာသည်။

ကံကောင်းတာက ကားထဲမှာ သူတို့နှစ်ယောက်တည်း ရှိနေတာဖြစ်သည်။ တခြားလူတွေ ရှိမယ်ဆိုရင်တော့ သူတို့နှစ်ယောက်ကြောင့် ငိုရလိမ့်မည်။

“ မဟုတ်‌သေးပါဘူး!” မော့ချူးက ရုတ်တရက် မော့ကြည့်လိုက်သည်။ “ရှင် ဒီကား ဘယ်လိုမောင်းရမှန်း ဘယ်လိုသိတာလဲ။”

“အရမ်းရိုးရှင်းပါတယ်။” နျဥ်ယွိယွမ်က ခေါင်းလှည့်ပြီး စတီယာရင်ကို နှစ်ချက်ပုတ်လိုက်သည်။ “မောင်းနှင်ခြင်းယာဉ်ထက် အဆင့်နည်းနည်းပဲ ပိုတယ်။”

နျဥ်ယွိယွမ်၏ ပေါ့ပေါ့ပါးပါး စကားများကို ကြားရသောအခါ မော့ချူးသည် ကားမောင်းရင်း ကျောက်တုံးတိုင်ကို တိုက်မိသော သူမရဲ့ဝမ်းနည်းစရာ အဖြစ်အပျက်ကို မတွေးဘဲ မနေနိုင်တော့ဘဲ သူမစိတ်ထဲတွင် ဝေဝါးသွားခဲ့သည်။ ထိုနောက်ပိုင်းတွင်တော့ သူမ တိတ်ဆိတ် နေခဲ့သည်။

“ဘာဖြစ်တာလဲ” ချူးလေးရဲ့ တိတ်ဆိတ်နေတဲ့ ပုံစံကို ကြည့်ရင်း နျဥ်ယွိယွမ်က ခေါင်းလှည့်ပြီး မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး။” မော့ချူးက ခေါင်းကို အနည်းငယ်ခါပြီး စိတ်ဝင်တစားနဲ့ ပြုပြင်ထားတဲ့ off-road ကား ကို ကြည့်လိုက်သည်။ ဒါပေမဲ့ သူမရဲ့ ကားအကြောင်း နားလည်မှု နည်းပါးမှုကြောင့် ဒီကားက ဘာလို့ ဒီလောက် ကောင်းနေရတာလဲဆိုတာကို သူမ တကယ် နားမလည်ခဲ့ပေ။ ဒါက လူအများကြီးကို လာပြီး ကန်ချင်အောင် လုပ်နေတသလိုပဲ။ နောက်ဆုံးတော့ နျဥ်ယွိယွမ်ရဲ့ အေးစက်တဲ့ အကြည့်ကြောင့် အားလုံး ကြောက်ပြီး ပြေးကုန်ကြသည်။

“ဪ ဟုတ်သားပဲ၊ ဘာလို့ ဒီလိုကားမျိုး ယူဖို့ စဉ်းစားမိတာလဲ” မော့ချူးက နျဥ်ယွိယွမ်ကို စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။'ဒီလူကလည်း ကားတွေကို အရမ်းချစ်တတ်သူလား။'

“ဒီကားရဲ့ ကာကွယ်နိုင်စွမ်းက အတော်လေး ကောင်းမွန်လို့၊ ပြီးတော့ ကြီးလည်းကြီးတယ်။”

'ဟမ်?' မော့ချူးက ပထမတစ်ခု နားလည်နိုင်သည်။ ဒါပေမဲ့ ဒုတိယတစ်ခုက ဘာကို ဆိုလိုတာလဲ မသိပေ။

သူတို့မှာ ခလုတ်ခုံ ရှိတာပဲ၊ ဘာလို့ ပစ္စည်းတွေ မဆံ့မှာကို ကြောက်ရမှာလဲ။ ဒီလို သတ္တုတုံးကြီးကို မောင်းတာက လူတွေ အာရုံစိုက်တာ ပိုခံရမှာ မဟုတ်ဘူးလား။

မော့ချူးရဲ့ မျက်နှာပေါ်က သံသယတွေကို မြင်တော့ နျဥ်ယွိယွမ်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။ “ကားထဲမှာ နေရာ ပိုကျယ်တော့ မင်း အိပ်တဲ့အခါ ပိုပြီး သက်တောင့်သက်သာ ရှိလိမ့်မယ်။”

ဒီစကားကို ကြားတော့ မော့ချူးက အံ့အားသင့်သွားမိသည်။ ဒါက နျဥ်ယွိယွမ်ရဲ့ မူလ ရည်ရွယ်ချက် ဖြစ်လိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

သူမ ခေါင်းလှည့်လိုက်တော့ သူမနှုတ်ခမ်းထောင့်စွန်းတွေက မထိန်းနိုင်ဘဲ ဖျော့တော့တဲ့ အပြုံးလေးအဖြစ် ကွေးညွှတ်သွားသည်။ မထင်ရှားတဲ့ ပါးချိုင့်နှစ်ခုကလည်း နည်းနည်းလှိုင်းထနေသည်။ ပျားရည်တွေ ပြည့်နေသလိုပဲ ချိုမြိန်လွန်းလို့ နည်းနည်း မူးယစ်ချင်စရာကောင်းသည်။

“မင်း ဆက်အိပ်ချင်သေးလား” မော့ချူး ရဲ့ မျက်လုံးအောက်က မျက်ကွင်းညိုတွေကို ကြည့်ရင်း နျဥ်ယွိယွမ်က နည်းနည်း ရင်နာသလို ခံစားရသည်။

ဒီလောက်ကြာအောင် အတူတူနေလာပြီးနောက်မှာတော့ ဒီကောင်မလေးက အိပ်ရေးမဝရင် နည်းနည်း အားနည်းသွားမယ်ဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားပြီ။ အထူးသဖြင့် သူမ မျက်လုံးအောက်က မျက်ကွင်းညိုတွေက ပုံမှန်လူထက်တောင် ပိုပြီး သိသာသည်။

ဘာပဲဖြစ်ဖြစ် သူမက အရွယ်မရောက်သေးသူဖြစ်ပြီး ဆက်ပြီး ကြီးထွားနေဆဲပက်! ဒါကို တွေးလိုက်တော့ နျဥ်ယွိယွမ်ရဲ့ မျက်ခုံးတွေက ပိုပြီး တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားပြီး သူက တန်းပြောလိုက်သည်။ “ခဏလောက် ထပ်အိပ်လိုက်ဦး။ ဘာပဲဖြစ်ဖြစ်၊ အခုကစပြီး ကိုယ်တို့ ကားမောင်းနေရမှာပဲ။”

မော့ချူးက စဉ်းစားပြီး သူ့ကို မငြင်းတော့ပေ။ မနေ့ညက သူမ ပစ္စည်းတွေ ထုပ်ပိုးရတာနဲ့ မအားလပ်လို့ တစ်နာရီ၊ နှစ်နာရီလောက်မှ အိပ်ဖြစ်သည်။ နောက်ဆုံးတော့ ဒီနေ့ ငါးနာရီမှာ ပြန်ထခဲ့သည်။ စုစုပေါင်း လေးနာရီတောင် မအိပ်ခဲ့ရပေ။ ထို့နောက် သူမ သမ်းဝါးပြီး လှဲချလိုက်သည်။

နျဥ်ယွိယွမ်ကတော့ ဘာမှ မတွေးချေ။ အရင်တုန်းက သူ စစ်ပွဲကို ဦးဆောင်တုန်းက တစ်ခါတစ်လေ စစ်အခြေအနေကို လေ့လာဖို့ တစ်ညလုံး မအိပ်ခဲ့ရပေ။ ဒါကြောင့် သူက အိပ်ရေးကို မြန်မြန်ပြန်ဝ‌တာ အကျင့်ဖြစ်နေပြီ။ များသောအားဖြင့် လေးနာရီ၊ ငါးနာရီ အိပ်ရင်ကိုပဲ သူက အားအင်ပြည့်နေသည်။

နည်းနည်း ကွေး‌ကွေးလေး အိပ်နေတဲ့ မော့ချူးကို ကြည့်ရင်း နျဥ်ယွိယွမ်ရဲ့ အကြည့်က နူးညံ့လာခဲ့သည်။ သူက လက်တစ်ဖက်နဲ့ စတီယာရင်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်က ဘေးက အင်္ကျီကိုယူပြီး ဂရုတစိုက် သူမရဲ့ကိုယ်ပေါ် ဖုံးပေးလိုက်သည်။

သူလှည့်လိုက်တော့ သူ့အကြည့်က ရှချန်းအရင်က သူတို့ကို ပေးခဲ့တဲ့ မြေပုံပေါ် ရောက်သွားသည်။

ရိုးရှင်းဟောင်းနွမ်းတဲ့ စက္ကူတစ်ရွက်ပေါ်မှာ ရွာအနည်းငယ်ရဲ့ တည်နေရာတွေနဲ့ လမ်းတစ်လျှောက်ရှိ အကြီးစားအဆောက်အအုံတွေရဲ့ နာမည်တွေပဲ ပါနေသည်။ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေက ဗလာဖြစ်နေပြီး သူတို့ကိုယ်တိုင် စူးစမ်းလေ့လာရတော့မည်။

“အား– မြန်မြန်မောင်း –” ဘေးနားက ဝေါ်ကီတော်ကီ ကနေ ဆူညံပြီး မရှင်းမလင်းအသံ ထွက်ပေါ်လာသည်။ ဒီပစ္စည်းက သူတို့အတွက် အခြေစိုက်စခန်းက အထူးအနေနဲ့ အချိန်မီ ဆက်သွယ်ဖို့ တပ်ဆင်ပေးထားတာပင်။ ဒါပေမဲ့ အရေအတွက်က ကန့်သတ်ထားတော့ ကားတစ်စီးကို တစ်လုံးပဲ တပ်ဆင်ပေးနိုင်သည်။

“ဘာလဲ” နျဥ်ယွိယွမ်က မေးလိုက်သည်။ သူ့မျက်လုံးတွေက မသိမသာ နောက်ကို ဝေ့ကြည့်လိုက်တော့ သူ့အကြည့်က အနည်းငယ် မှောင်ကျသွားသည်။

“ဖာ့ခ်! ငါတို့နောက်မှာ… ဘာကောင်လဲ မသိဘူး ရုတ်တရက် လိုက်မီလာတယ်။ သူ့အ‌ ပြေးနှုန်းက အရမ်းမြန်တယ်။ မြန်မြန်မောင်း!” သူတို့ အခုဝင်နေတဲ့ လမ်းက အရမ်းကျဉ်းသည်။ နျဥ်ယွိယွမ်ရဲ့ off-road ကား က ထိပ်ဆုံးမှာဖြစ်သည်။ သူ မမြန်ရင် သူ့နောက်က ကားတွေ ပိတ်မိနေလိမ့်မည်။

“ရတယ်” နျဥ်ယွိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူ့ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မော့ချူး ကို ကြည့်လိုက်သည်။ သူက လီဗာကို နင်းလိုက်တော့ off-road ကားက တဖြည်းဖြည်း အမြန်နှုန်း တိုးလာပြီး မကြာခင်မှာပဲ နျဥ်ယွိယွမ်က သူ့နောက်က ကားတွေကို ချန်ထားခဲ့ပြီ။

ဒါကိုမြင်တော့ သူ့နောက်က ကားတွေလည်း အရှိန်မြှင့်လိုက်ကြသည်။

“သောက်ကျိုးနည်း! နောက်ဆုံးတော့ အဲ့ဒီအစုတ်ပလုတ်ကောင်ကို ထားပစ်ခဲ့နိုင်ပြီ!” ကြမ်းတမ်းတဲ့ အမျိုးသားတစ်ယောက်ရဲ့ အသံက ဝေါ်ကီတော်ကီ ကနေ ပျော်ရွှင်မှု အရိပ်အယောင်လေးနဲ့ ထွက်ပေါ်လာသည်။

နျဥ်ယွိယွမ်ရဲ့ မျက်လုံးတွေက ရုတ်တရက် စူးစိုက်သွားပြီး သူက အသံသြဩဖြင့် ပြောလိုက်သည်။ “အဝေးပြေးလမ်းက ရှေ့မှာပဲ။”

ထိုစကားကို ကြားပြီးနောက် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

All Chapters