← Chapters

အပိုင်း ၄၄၈

Vol. 30 Ch. 448

အပိုင်း ၄၄၈

Vol. 30 Ch. 448

အဝေးပြေးလမ်း ဆိုတာ ဘာကို ဆိုလိုတာမို့လဲ။ သူတို့ စိတ်ကြိုက် အရှိန်မြှင့်လို့ရသည်။ အခုလိုမျိုး အရေးပေါ်အခြေအနေကြုံရင် ရှောင်တိမ်းလို့မရမှာစိုးလို့ အရှိန်အလယ်အလတ်မှာ မောင်းစရာမလိုတော့ပေ။

သို့သော်လည်း လူတိုင်း ပျော်ရွှင်နေတာ သိပ်မကြာခင်မှာပဲ နျဥ်ယွိယွမ်က သူတို့အပေါ် ရေအေးတစ်ပုံး လောင်းချလိုက်သည်။ “မင်းတို့ကို ကံမကောင်းတဲ့ သတင်းတစ်ခု ပြောရမယ်။ ငါတို့ရှေ့က အမြန်လမ်းက ယာဉ်ကြောပိတ်ဆို့မှု ဖြစ်လုနီးပါးပဲ!”

ဘာ!

ထိုစကားကို ကြားတော့ လူတိုင်း အံ့အားသင့်သွားကြသညိ။

ပိတ်မိနေတာလား။

ကားတွေက အဝေးပြေးလမ်း ဝင်ပေါက်ကို ရောက်လာပြီး ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရတဲ့အခါကျမှ နျဥ်ယွိယွမ်ရဲ့ စကားကို သူတို့ နောက်ဆုံးတော့ နားလည်သွားကြသည်။

ဖာ့ခ်! ဒါက ယာဉ်ကြောပိတ်ဆို့မှုလေးလား။ ဒါက ရှင်းရှင်းလင်းလင်းကို ယာဉ်ကြောပိတ်ဆို့မှုကြီးပဲ!

ပြွတ်သိပ်နေတဲ့ ကားတွေက လမ်းပေါ်မှာ အကုန် ပိတ်ဆို့နေသည်။ ကားတစ်စီးပြီးတစ်စီး၊ လမ်းကြောင်းတိုင်းကို ပိတ်ဆို့ထားပြီး လူတစ်ယောက် လျှောက်သွားနိုင်တဲ့ အကွာအဝေးလေးပဲ ကျန်တော့သည်။ သူတို့နောက်က ကားတွေက လုံးဝ သွားလို့မရတော့ဘူး!

လူတိုင်း စိတ်ပူသွားကြသည်။ သူတို့က တစ်ဝက်လောက်ပဲ လျှောက်ခဲ့ရသေးသည်။ အိမ်ပြန်ရတော့မှာလား။

“အမ်… တခြားနည်းလမ်း ရှိသေးလား” ပိတ်ဆို့နေတဲ့ အဝေးပြေးလမ်းကို စိုက်ကြည့်ပြီး လူတစ်ယောက်က အကြာကြီးကြာပြီးမှ မေးလိုက်သည်။

“ရှိတယ်” လန်ဝေက မျက်မှောင်ကြုတ်ပြီး မြေပုံပေါ်မှာ လက်ဟန်ပြလိုက်သည်။ “ဒါပေမဲ့ ငါတို့ နောက်ပြန်လှည့်ရမယ်။ ပတ်သွားရင် ပြည်နယ်ရဲ့တစ်ဝက်ကို ပတ်ရလိမ့်မယ်၊ အစားအသောက်လည်း လုံလောက်အောင် မရနိုင်ဘူး။”

ဒီစကားကို ကြားရတော့ လူတိုင်း လမ်းလွှဲသွားဖို့ အကြောင်း ပြောတာကို ရပ်လိုက်ကြသည်။ ဇွန်ဘီတွေကြောင့် မသေရင်တောင် ဗိုက်ဆာလို့ သေရမှာလား။ ဒါက ရယ်စရာ မ‌ကောင်းလွန်းဘူးလား။

“ဘာလုပ်ကြမလဲ” သူတို့ လမ်းလွှဲလို့မရဘူး၊ ဒါပေမဲ့ ရှေ့ကလမ်းက ပိတ်နေသည်။ တကယ်လို့ သူတို့ နောက်ပြန်လှည့်သွားမယ်ဆိုရင် တခြားအဖွဲ့တွေက သူတို့ကို လှောင်ပြောင်ကြလိမ့်မယ်!

“ခဏလေး တစ်ခုခု လာနေတယ်!” နျဥ်ယွိယွမ် ဘေးမှာ ရပ်နေတဲ့ မော့ချူးက မျက်မှောင်ကြုတ်ပြီး ရုတ်တရက် သတိပေးလိုက်သည်။

“ဘာလဲ” ဒီစကားကို ကြားရတော့ လူတိုင်း ခေါင်းလှည့်ပြီး သတိရှိရှိ မျက်လုံးတွေနဲ့ နောက်ကို ကြည့်လိုက်ကြသည်။

နောက်ဆုံးတော့ မိနစ်အနည်းငယ်ကြာ စိုးရိမ်ပူပန်ပြီးနောက်မှာ ဘာလှုပ်ရှားမှုမှ မရှိတာကို သူတို့ တွေ့လိုက်ရသည်။ သူတို့မျက်နှာပေါ်မှာ သံသယတွေ ပေါ်လွင်နေခဲ့သည်။ ဘာမှ မရှိဘူးမလား။ သူတို့က မော့ချူးကို ပြန်ကြည့်လိုက်တော့ နည်းနည်းတော့ မကျေနပ်ကြပေ။ မင်း မလုပ်နိုင်ရင် မပြောနဲ့လေ။ အချိန်ဖြုန်းနေတာ မဟုတ်ဘူးလား။

“ပုန်းနေပုံရတယ်…” မော့ချူးရဲ့ မျက်ခုံးတွေက ပိုပြီး တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားသည်။

ဒါပေမဲ့ လူအုပ်စုကတော့ သူ့စကားကို မယုံတော့ပေ။ မူလက လန်ဝေနဲ့ နျဥ်ယွိယွမ်တို့က မော့ချူးမှာ အကြားအာရုံ အထူးစွမ်းရည် ရှိတယ်လို့ ပြောခဲ့တာ။ တကယ်ဟုတ်မဟုတ် သူတို့ မသိသေးပေ။ အခု ပြန်ကြည့်လိုက်တော့ ဟဲဟဲ၊ လိမ်တာ ၈၀% လောက် ဖြစ်နိုင်‌ချေရှိသည်။ ဒီကောင်မလေးကို ခေါ်ဖို့အတွက်နဲ့လေ။

ဟုတ်လောက်တယ်၊ သေချာကြည့်! မော့ချူးရဲ့ ဖြူဖွေးနူးညံ့တဲ့ မျက်နှာလေးမှာ အိပ်ရာက နိုးလာပုံနဲ့ အနီရောင်သန်းနေသေးသည်။ သူမရဲ့ မျက်လုံးလေးတွေလည်း မှေးနေပုံရတာနဲ့ဆို သူမ ခုမှ နိုးလာတာ ထင်ရှားသည်။ ဒီလိုပုံစံနဲ့ဆို ဘယ်လိုများ ယုံကြည်မှုရှိနိုင်မှာလဲ။

တစ်ဖက်မှာတော့ အမဲလိုက် အဖွဲ့ဝင်တွေက မော့ချူး ရဲ့ စွမ်းရည်ကို သိတာကြောင့် အားလုံးက သတိကြီးစွာထားပြီး ပေါ့ဆဖို့ မရဲကြပေ။

"အမလေး- ဒီကောင်မလေး ပြောတာကို တကယ်ယုံနေကြတာလား" အမဲလိုက်အဖွဲ့ သတိထားနေသည်ကို မြင်တော့ မျက်ခုံးထူထူနှင့် အပြင်ဘက်ဆုံးက လူတစ်ယောက်က မထိန်းနိုင်ဘဲ နှာခေါင်းရှုံ့လိုက်သည်။ သူက မော့ချူးကို မထီမဲ့မြင်ကြည့်ရင်း ခေါင်းလှည့်ကာ မထီမဲ့မြင်လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "မင်း လုပ်တတ်တာဆိုလို့ ဟန်ဆောင်တာပဲ! ဟန်ဆောင်နေလိုက်၊ မင်း ဆက်ပြီးတော့..."

ကျန်တဲ့စကားလုံးတွေက ရပ်တန့်သွားတဲ့ မြစ်တစ်စင်းလို ဘာသံမှ ထပ်မကြားရတော့ပေ။

တစ်ချိန်တည်းမှာပင် 'ပလုံ' ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ နဖူးထူထူနှင့် ထိုလူမှာ ပါးစပ်ကျယ်ကြီး ဖွင့်လျက် ထူပူစွာ မြေပြင်ပေါ် လဲကျသွားပြီး ဖုန်မှုန့်များ တထောင်းထောင်း ထလာသည်။

"ကျန်းဦးလေး!"

"ဘုရားရေ၊ ဘာဖြစ်တာလဲ"

"ဇွန်ဘီတွေ ရောက်လာပြီလား"

အဖြစ်အပျက်တွေက အရမ်းမြန်သည်။ ဘယ်သူမှ ဒီမြင်ကွင်းကို မမျှော်လင့်ထားကြပေ။ သူတို့ မျက်လုံးတွေ ပြူးကျယ်ကုန်ပြီး မြေပြင်ပေါ်လဲကျနေတဲ့လူကို မယုံနိုင်စွာ စိုက်ကြည့်နေကြသည်။ သူ့နားနီးတဲ့သူတွေက မြန်မြန် ရှေ့တိုးပြီး ညင်သာစွာ တွန်းကြည့်သည်။ ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်တော့ သူ့နှာခေါင်းအောက်ကို လက်နဲ့ ထောက်ကြည့်ကြသည်။ ခဏလောက် ရပ်နားပြီးမှ ရုတ်တရက် လက်ကို ပြန်ရုပ်လိုက်ကြသည်။

"သူ... သူ အသက်မရှူတော့ဘူး!"

လူတိုင်း ဆူပူအုံကြွသွားကြသည်!

"သွေး!"

အောက်ကို ကြည့်လိုက်တော့ မြေပြင်ပေါ်မှာ သွေးတွေ အများကြီး ရှိနေတာကို တွေ့လိုက်ရသည်။

လူတိုင်းက ထိုလူကို လျင်မြန်စွာ လှန်လိုက်ကြသည်။ ထိုအခါမှ သူ့ရင်ဘတ်မှ ဝမ်းဗိုက်အောက်ပိုင်းအထိ ရှည်လျားသော ခြစ်ရာတစ်ခု ရှိနေသည်ကို သတိပြုမိကြသည်။ ထိုခြစ်ရာမှာ အရိုးများ မြင်ရသည်အထိ နက်ရှိုင်းပြီး သွေးများ တစိမ့်စိမ့်စီးကျနေသည်။ အနက်ဆုံး ဒဏ်ရာမှာ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာဖြစ်ပြီး နှလုံးကို တိုက်ရိုက်ထိမှန်ထားခြင်းကြောင့် သူသည် အလွန်လျင်မြန်စွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

လေထဲမှာ သွေးနံ့ပြင်းပြင်းတွေ ပြည့်နှက်နေခဲ့ပြီး... လူသေဆုံးမှုကြောင့် လေထုက ချက်ချင်းတင်းမာသွားခဲ့သည်။

ခဏလေးအတွင်းမှာပဲ လူတိုင်းရဲ့ နဖူးတွေမှာ ချွေးစေးတွေ ပါးပါးလေး စို့လာခဲ့ပြီး သူတို့မျက်လုံးတွေက ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။

"ဖ*က်! ဘာတွေဖြစ်နေတာလဲ" မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက သေသွားခဲ့တယ်! သူ ဘယ်လိုသေသွားတယ်ဆိုတာတောင် သူတို့ မသိခဲ့ကြဘူး! သံသယတွေက အခန်းထဲမှာရှိတဲ့ လူတိုင်း၏ စိတ်ထဲ ပြည့်နှက်လာခဲ့သည်။

"သတိထား!" ထိုအချိန်တွင် မော့ချူးက ရုတ်တရက် ပြောလိုက်သည်!

သို့သော် လူတိုင်း မတုံ့ပြန်ခင်မှာပင် နာကျင်စွာ အော်ဟစ်သံ ထပ်မံ ထွက်ပေါ်လာပြီး သူတို့နောက်က နောက်ထပ်လူတစ်ယောက် မြေပြင်ပေါ်လဲကျသွားသည်။ တူညီသော နည်းပညာနှင့် ထိတ်လန့်ဖွယ်ကောင်းသော အမြန်နှုန်းသည် လူတိုင်း၏ ကြောက်ရွံ့မှုကို ချက်ချင်း အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။

"မော့ချူး ဘာ... ဒါဘာလဲ" ထိုအချိန်တွင် လူတိုင်းသည် ပုံပန်းသဏ္ဌာန်အားဖြင့် အားနည်းပုံရသော ဤမိန်းကလေးဆီသို့ အကြည့်များကို လှည့်လိုက်ကြသည်။ အသက်နှစ်ချောင်းက ထိုသို့ပင် ဆုံးရှုံးသွားရသဖြင့် ယခုအခါ မည်သူမျှ မော့ချူးကို အထင်မသေးရဲတော့ပေ။

ထိုအကောင်၏ အမြန်နှုန်းက အလွန်မြန်သဖြင့် မော့ချူးက သေချာ မမြင်ရပေ။ သူမက မထင်မရှား အရိပ်တစ်ခုကိုသာ ဝိုးတဝါး မြင်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ဒါ... တိရစ္ဆာန်တစ်ကောင်လိုပဲ။"

'ဟမ်... တိရစ္ဆာန်တစ်ကောင်လား။'

သူတို့ မေးခွန်းထုတ်ဖို့ အချိန်မရခင်မှာပဲ အဲ့ဒီအကောင်က ထပ်ပြီး လှုပ်ရှားလာခဲ့သည်။ သတိထားနေတဲ့ လူတွေက သူ့ရဲ့ အစစ်အမှန်ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ပိန်ပြီး အရိုးပေါ်အရေတင်နေတဲ့ ခွေးတစ်ကောင်ဖြစ်ပြီး သူ့မျက်လုံးတွေက စိမ်းနေပြီး ကြောက်စရာကောင်းသည်။

"အားလုံး၊ မြန်မြန်လုပ်ကြ! သူ့ကို မနာစေနဲ့!" ထိတ်လန့်နေရင်းနဲ့ တစ်ယောက်က အော်ဟစ်လိုက်သည်။ လူအများစုက သူတို့ရဲ့ အထူးစွမ်းရည် တွေကို အလိုလို သုံးပြီး အစိမ်းရောင်မျက်လုံးနဲ့ ခွေးကို တိုက်ခိုက်လိုက်ကြသည်။

ထိုအခါ အထူးစွမ်းရည်များ တောက်ပစွာ ထွန်းလင်းလာသည်ကို သူတို့ မြင်လိုက်ရသည်။ ပြီးတော့ သူက သူတို့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး သူတို့ဆီ ပြေးဝင်လာခဲ့သည်။ သူ့ရဲ့ ချွန်ထက်တဲ့ အနက်ရောင်လက်သည်းတွေက ချွန်ထက်တဲ့ ဓားတွေလိုပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသည်။

ဘယ်သူမှ ပေါ့ဆရဲခြင်းမရှိဘဲ သူတို့လက်ထဲရှိ အထူးစွမ်းရည် များကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့ကြသည်။

လူတိုင်းက သူတို့ရဲ့ အထူးစွမ်းရည် တွေကို သုံးပြီး အစိမ်းရောင်မျက်လုံးနဲ့ ခွေးကို ထိန်းထားချိန်မှာ နျဥ်ယွိယွမ်ရဲ့ မျက်လုံးတွေက ထက်မြက်လာပြီး သူ့လက်ထဲက လေဓားတွေက ရုတ်တရက် ပစ်လွှတ်လိုက်တာနဲ့ အစိမ်းရောင်မျက်လုံးနဲ့ ခွေးရဲ့ လည်ပင်းကို ထိမှန်သွားသည်။

နျဥ်ယွိယွမ်ရဲ့ ချိန်မှတ်က အမြဲတမ်း အရမ်းကောင်းသည်။ လေဓားတွေ အားလုံးက အစိမ်းရောင်မျက်လုံးနဲ့ ခွေးရဲ့ လည်ပင်းကို ထိမှန်သွားသည်။ ဒါပေမဲ့ အစိမ်းရောင်မျက်လုံးနဲ့ ခွေးက ဒီလောက် ပြင်းထန်တဲ့ ခံနိုင်ရည်ရှိမယ်လို့ သူ မမျှော်လင့်ထားပေ။ ပါးလွှာတဲ့ အရေပြားလေးပဲ ပျက်စီးသွားပြီး သူက လွတ်လွတ်လပ်လပ် လှုပ်ရှားနေတုန်းပဲ။

တစ်ချိန်တည်းမှာပဲ လူတိုင်းရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေက အစိမ်းရောင်မျက်လုံးနဲ့ ခွေးကို ဒေါသထွက်အောင် လုပ်မိပြီး သူက ခုန်တက်ပြီး အမျိုးသားတစ်ယောက်ရဲ့ နှလုံးသားကို သူ့လက်သည်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်လိုက်သည်။

ဒီလို ကြမ်းတမ်းမှုက... လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

ဒီလိုမြင်တော့ နျဥ်ယွိယွမ်ရဲ့ လေဓားတွေက ပိုပြီး ထက်မြက်လာခဲ့သည်။ နောက်ဆုံးတော့ လူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိမ်းရောင်မျက်လုံးနဲ့ ခွေးရဲ့ ခေါင်းနဲ့ ကိုယ်ခန္ဓာက နောက်ဆုံးတော့ ကွဲသွားခဲ့သည်။ ဒီကောင် ဒီ့ထက်ပိုပြီး သေလို့မရတော့ဘူး!

တစ်ပိုင်းစီ ပြတ်သွားတဲ့ တိရစ္ဆာန်ကို ကြည့်ရင်း လူတိုင်းက မထိန်းနိုင်ဘဲ မောဟိုက်သွားကြပြီး ဘယ်သူမှ အသံမထွက်ကြပေ။

အကြာကြီးကြာပြီးမှ လန်ဝေက တိုးတိုးလေး ရယ်မောလိုက်ပြီး သူမလေသံက နည်းနည်း ခါးသက်သလို ဖြစ်နေတယ်။ "ဒါဆို အနာဂတ်မှာ ဇွန်ဘီတွေအပြင် ပြောင်းလဲသွားတဲ့ တိရစ္ဆာန်တွေကိုပါ ကိုင်တွယ်ရတော့မယ်ပေါ့။"

သူမ ဒီစကားပြောလိုက်တာနဲ့ လူတိုင်းရဲ့ မျက်လုံးတွေ မှောင်ကျသွားသည်။ မစ်ရှင်က လွယ်တော့မှာ မဟုတ်ဘူး!

သူတို့ ထွက်လာပြီး သိပ်မကြာခင်မှာပဲ လူသုံးယောက် ဆုံးရှုံးခဲ့ရပြီ။ ရှေ့ကလမ်းက ထပ်ပြီးပိတ်နေပြီး အစားအသောက်တွေကလည်း လမ်းလွှဲသွားရင် လုံလောက်မှာ မဟုတ်ဘူး... ဒါကို တွေးလိုက်တာနဲ့ လူတိုင်း ရင်ထဲ မွန်းကျပ်သွားကြသည်။

All Chapters