အပိုင်း ၄၄၉
Vol. 30 Ch. 449
"နောက်ဘာဆက်လုပ်မလဲ။ ဆက်လျှောက်ကြဦးမှာလား"
"ငါ ရှေ့ကို အရင်သွားကြည့်လိုက်ဦးမယ်။" လူတိုင်းရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံတွေကို ကြည့်ရင်း နျဥ်ယွိယွမ် က အလယ်ကို လျှောက်သွားလိုက်သည်။ သူ့ရဲ့ ပိန်သွယ်သန်မာတဲ့ ခန္ဓာကိုယ်က ချောက်ကမ်းပါးပေါ်က ထီးတည်းသော ထင်းရှူးပင်တစ်ပင်လို မြင့်မားခိုင်မာစွာ ရပ်တည်နေသည်။ "ပြောင်းလဲသွားတဲ့ တိရစ္ဆာန်ရဲ့ အလောင်းကိုတော့ မင်းတို့ အမြန်ဆုံး ရှင်းပစ်တာ ပိုကောင်းမယ်၊ ဘာကောင်မှ မလာအောင်လို့!"
သူ့စကားကို ကြားရတော့ အဖွဲ့က သတိပြန်ဝင်လာခဲ့သည်။ မီးစွမ်းရည်ရှိသူ အနည်းငယ်က ပြင်းထန်တဲ့ မီးတန်းအနည်းငယ်ကို မြန်မြန် ပစ်ထုတ်ပြီး ပြောင်းလဲသွားတဲ့ တိရစ္ဆာန် ရဲ့ အလောင်းကို သန့်ရှင်းအောင် မီးရှို့ပစ်လိုက်သည်။ အဲ့ဒီတော့မှ သူတို့ သက်ပြင်းချနိုင်ခဲ့သည်။
နျဥ်ယွိယွမ်ရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်ပြီး သူက မကြာခင် ပြန်ရောက်လာခဲ့သည်။
လူအုပ်ကြီး၏ မျှော်လင့်နေသော မျက်လုံးများကို ကြည့်ရင်း သူက မျက်ခုံးပင့်လိုက်သည်။ "ခုနက ငါ ကြည့်ခဲ့ပြီးပြီ။ ဒီလမ်းမှာ ရှေ့က အပိုင်းလေးပဲ ဆိုးဆိုးရွားရွား ပိတ်ဆို့နေတာ၊ ကျန်တဲ့လမ်းတွေကတော့ ပိုပြီး ချောတယ်။ အားလုံး၊ ဘယ်ကားမှာ သော့ ရှိသေးလဲဆိုတာ သေချာကြည့်။ ရှိတယ်ဆိုရင် ချက်ချင်း စပြီး နောက်ကို ဆုတ်ကြ။ ကျန်တာကိုတော့ တခြားနည်းလမ်း စဉ်းစားကြမယ်။"
နျဥ်ယွိယွမ်ရဲ့ စကားကို ကြားတော့ လူအုပ်စုက စိတ်သက်သာရာရသွားသည်။ သူတို့ အားလုံး ကားတွေရဲ့ အခြေအနေကို စစ်ဆေးဖို့ အပြေးအလွှား သွားကြသည်။
ထိုအခါ သူတို့ အံ့အားသင့်စွာ ပြောလိုက်သည်- "ဒီကားမှာ သော့မရှိဘူး။ ဒါပေမဲ့ မောင်းလို့ရတုန်းပဲ!"
"ကျွန်တော့်ကားရောပဲ!"
"ဒီကားမှာ သော့ရှိတယ်!"
ဘေးနားမှာ ရပ်နေတဲ့ လန်ဝေက နျဥ်ယွိယွမ် ရဲ့ စကားကို ကြားတော့ မထိန်းနိုင်ဘဲ တွေးမိသွားသည်။ "သူတို့တွေ ဇွန်ဘီတွေ မြင်တော့ တခြားဘာမှ မလုပ်နိုင်ဘဲ အသက်လုပြီး ပြေးတာဖြစ်ရမယ်။"
ဒီလိုနဲ့ လူတိုင်းက အရင်က စိတ်ဓာတ်ကျနေတဲ့ အခြေအနေကနေ ချက်ချင်း ရွှင်မြူးလာခဲ့သည်။ စိတ်ကြွဆေး ထိုးသွင်းထားသလိုပဲ သူတို့က ကားတွေကို လမ်းနောက်ဖက်ကို ချက်ချင်းမောင်းသွားကြပြီး သူတို့ဖြတ်သန်းသွားနိုင်လောက်အောင် ကျယ်တဲ့ လမ်းတစ်လမ်း ချန်ထားခဲ့သည်။
မော့ချူးက ခေါင်းစောင်းပြီး ကြည့်လိုက်သည်။ နျဥ်ယွိယွမ်က ရှေ့ဆုံးမှာ ရပ်နေပြီး... ဒီလူမှာ အမြဲတမ်း ဒီလို ဆွဲဆောင်မှုမျိုး ရှိနေပုံရသည်။ လူတိုင်း ပင်ပန်းနွမ်းနယ်နေချိန်မှာ သူ့စကားတွေက လူတိုင်းရဲ့ သွေးသားကို တက်ကြွစေပြီး စိတ်လှုပ်ရှားစေနိုင်သည်။ တကယ်တော့ သူ့ရဲ့တည်ရှိမှုတစ်ခုတည်းကကို တည်ငြိမ်မှုရဲ့ အာမခံချက် ဖြစ်နေပြီ!
နျဥ်ယွိယွမ်က မော့ချူးရဲ့ အကြည့်ကို သဘာဝအတိုင်း သတိထားမိလိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွေက မထိန်းနိုင်ဘဲ အနည်းငယ် ကွေးညွှတ်သွားသည်။ သူက ရှေ့ကို အနည်းငယ် လျှောက်လာပြီး ချူးလေးရဲ့ လက်ကို ရဲရဲတင်းတင်း ဆုပ်ကိုင်လိုက်သည်။
သိပ်မကြာခင်မှာပဲ ကားလမ်းက လုံးဝရှင်းသွားပြီ။ ဒါကိုမြင်တော့ လူတိုင်းက မထိန်းနိုင်ဘဲ အနည်းငယ် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
ကျန်တဲ့ခရီးကတော့ ပိုပြီး ချောမွေ့ခဲ့သည်။ နေဝင်တာကို စောင့်ပြီးမှ သူတို့ ရပ်ပြီး ခဏနားလိုက်ကြသည်။
လူတိုင်းက သူတို့ရဲ့ ဘီစကစ် တွေနဲ့ ရေသန့် တွေ ထုတ်ပြီး စားသောက်ကြသည်။
ဒါပေမဲ့ သူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နျဥ်ယွိယွမ်နဲ့ မော့ချူးကို မတွေ့ပေ။ သူတို့က ထရပ်ပြီး ကြည့်လိုက်တော့... ဖာ့ခ်! သူတို့ ဘီစကစ် အစအနတွေနဲ့ မွန်းကြပ်သွားတယ်။ မြန်မြန်မျိုချလိုက်ပြီး မျက်လုံးပြူးပြူးနဲ့ မော့ချူးတို့ကို စိုက်ကြည့်နေကြသည်။
လမ်းကြမ်းမောင်းကားထဲမှာ မော့ချူးက အထဲကနေ အိုးသေးသေးလေး တစ်လုံး ထုတ်လိုက်သည်။ ပြီးတော့ ပန်းကန်နှစ်လုံးနဲ့ တူ နှစ်စုံ ထုတ်သညိ။ နောက်ဆုံးတော့ ဆီပုံး တစ်ပုံးနဲ့ ခရမ်းချဉ်သီး အနည်းငယ်နဲ့ ကြက်ဥ တွေတောင် ထုတ်လိုက်တယ်! ဖာ့ခ်၊ ဒီနှစ်ယောက် ဘာတွေလုပ်နေတာလဲ။
မော့ချူးက နျဥ်ယွိယွမ်ကို လှည့်ကြည့်လိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှာပဲ ဒီကောင်မလေးက ရိုးရိုး မီးဖိုကို လုပ်ပြီးသွားပြီ။ သူမ မီးညှိလိုက်တော့ အောက်က ပါးလွှာတဲ့ ထင်းတွေက စပြီး မီးလောင်လာသည်။ အနီရောင် တောက်ပနေပြီး သူတို့မျက်နှာပေါ်မှာ အနေတော်ပင်။
မော့ချူးက အိုးကို မီးဖိုပေါ် တင်လိုက်သည်။ မီးတောက်လာတော့ သူ့ဘေးနားက ဆီပုံး ကိုယူပြီး ဆီနည်းနည်း ထည့်လိုက်သည်။ ပြီးတော့ မော့ချူးက အရသာမှုန့်ခပ်ထားတဲ့ ဥတွေကို ထည့်လိုက်သည်။ ကြက်ဥ ပန်ကိတ်က ပုံပေါ်လာပြီး မော့ချူးက ယောင်းမ ကိုယူကာ လှန်လိုက်သည်။ နှစ်ဖက်လုံးက ရွှေရောင်ဥတွေက ကောင်းကောင်း ကျက်အောင် ကြောပြီးထားပြီး နောက်ထပ် နှစ်ချက်သုံးချက်ဆွဲပြီးတော့ ကြက်ဥအချပ်လိုက်တွေ ဖြစ်သွားသည်။
"ရေထည့်တော့။" မော့ချူးက အမိန့်ပေးလိုက်သည်။ နျဥ်ယွိယွမ် က သူ့ဘေးနားက ရေသန့်ဘူးကို ချက်ချင်းဖွင့်ပြီး တစ်ဝက်လောက် လောင်းထည့်လိုက်သည်။ ပြီးတော့ မော့ချူးကို လှမ်းကြည့်ပြီး ကျန်တဲ့ရေကို ထပ်ထည့်လိုက်သည်။
မော့ချူးက ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။ "ဒီလောက်ဆို ရပြီ။"
ရေဆူနေတုန်းမှာ သူမ လှည့်ပြီး ခရမ်းချဉ်သီး တွေကို အတုံးသေးသေးလေးတွေ လှီး၍ နောက်ထပ် ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ရေဆူတာနဲ့ ခရမ်းချဉ်သီးတွေကို ထည့်လိုက်သည်။ ပြီးတော့ နှစ်ချက်မွှေပြီး ဖြည်းဖြည်းချင်း ချက်ထားလိုက်သည်။
ပြီးတော့ ကားထဲကို ဝင်ပြီး ခေါက်ဆွဲ တစ်ဆုပ် ယူပြီးဆင်းလာခဲ့သည်။
ဒီအချိန်မှပဲ ကြမ်းတမ်းတဲ့ လူအုပ်စုက မော့ချူးက ခရမ်းချဉ်သီးကြက်ဥ ခေါက်ဆွဲ လုပ်ဖို့ ပြင်ဆင်နေတာကို သဘောပေါက်သွားသည်။
ပြောစရာတောင်မလိုဘူး၊ ဒီကောင်မလေးရဲ့ ချက်ပြုတ်နည်းက တော်တော်ကောင်းသည်။ ဟင်းရည်ရဲ့ အရသာက မွှေးပြီး ပြင်းကာ သူတို့နှာခေါင်းထဲကို အဆက်မပြတ် ရောက်လာတော့ ဘီစကစ်မာမာ တွေက ပိုပြီး မျိုချရခက်လာသည်။
ဘေးကနေ တံတွေးမျိုချသံ သိသိသာသာ ထွက်နေတာကို မော့ချူးက မျက်စိမှိတ်ထားလိုက်သည်။ ဟင်းရည်က ပျစ်ပျစ်လေးနဲ့ မွှေးနေတာကို မြင်တော့ သူမ ခေါက်ဆွဲကို ချပြီး တူနဲ့ မွှေလိုက်သည်။
"ဟယ်၊ နင်တို့ကားထဲမှာ ဘာလို့ ပစ္စည်းတွေ ဒီလောက်များနေရတာလဲ" လန်ဝေက လျှောက်လာပြီး သူမလေသံက မယုံနိုင်သလို ဖြစ်နေသည်။
လမ်းကြမ်းမောင်းကားရဲ့ နောက်ဖက်ထိုင်ခုံက ကားပြတင်းပေါက်တွေ အားလုံးက ကားမှန်ကာ အနက်ရောင် တွေ တပ်ဆင်ထားတာ။ အပြင်ကနေ ကြည့်ရင် မဲမှောင်နေပြီး အထဲမှာ ဘာရှိလဲဆိုတာ လုံးဝ မမြင်ရပေ။ ဒါပေမဲ့ အဓိက အချက်က ဒီခေတ်မှာ ဘယ်သူက အိုးတွေ ခွက်တွေကို ကားထဲ ထည့်ထားကြမလဲ။ အသုံးမဝင်သလို နေရာလည်း ယူသည်။ စိတ်ဓာတ်ခွန်အားရှိရင် ပစ္စည်းတွေ ပိုရှာတာ ပိုကောင်းမယ်!
သို့သော်လည်း နျဥ်ယွိယွမ်နဲ့ မော့ချူးတို့က ဒီလိုပဲ လုပ်လိုက်ကြသည်။ လူအုပ်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်ကြသည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မိုက်တဲ့နေရာမှာ ကန့်သတ်ချက် မရှိဘူး!
ခဏလေးအတွင်းမှာပဲ ခေါက်ဆွဲတွေက ကျက်သွားသည်။
မော့ချူးက ပန်းကန်နှစ်လုံးကို အပြည့်ထည့်လိုက်ပြီး အိုးထဲမှာလည်း နည်းနည်း ကျန်နေသေးသည်။ သူမက နောက်ထပ် ပန်းကန်တစ်လုံး ထုတ်ပြီး တစ်ဝက်ကျော်လောက် ထည့်လိုက်သည်။ ပြီးနောက် တူ နဲ့ညှပ်ပြီး လန်ဝေကို ပေးလိုက်သည်။ "ဒီမှာ၊ အစ်မလည်း မြည်းကြည့်ဦး။"
သူမရှေ့ရှိ မွှေးကြိုင်သော ခရမ်းချဉ်သီးကြကဥ ခေါက်ဆွဲ ပန်းကန်လုံးကို စိုက်ကြည့်ရင်း လန်ဝေမှာ အလွန် ကျေးဇူးတင်မိနေသည်။ သူမ ကျေးဇူးတင်စကား ပြောရန်ပြင်စဉ်မှာပင် သူမနောက်က အဖွဲ့ဝင်များက ခေါက်ဆွဲ အသစ်များကို မြည်းစမ်းရန် တူ များဖြင့် ကိုင်ထားသည်ကို လှမ်းမြင်လိုက်ရသဖြင့် ဂရုမစိုက်နိုင်တော့ဘဲ ခြေလှမ်းကျယ်ကြီးများဖြင့် ပြန်ပြေးသွားကာ မျက်ခုံးပင့်လျက် ပြတ်သားစွာ အော်ပြောလိုက်သည်။ "ခေါက်ဆွဲတွေကို ချလိုက်!"
လန်ဝေက အဖွဲ့ထဲမှာ အာဏာရှိနေတုန်းပဲ။ ဒီတစ်ခါတော့ အဖွဲ့ဝင်တွေက ချက်ချင်း စကားပြောတာကို ရပ်လိုက်ကြသည်။ တစ်ဖက်မှာတော့ လန်လင်းရဲ့ ပါးစပ်မှာ ခေါက်ဆွဲတစ်မျှင် ကျန်နေတုန်းဖြစ်ပြီး သူ့အကြည့်က နည်းနည်း ရယ်စရာကောင်းသည်။
လန်ဝေက သေချာကြည့်လိုက်တော့ ခေါက်ဆွဲ ပန်းကန်လုံးတစ်ဝက်ကျော်က ချက်ချင်း လျော့သွားတာကို တွေ့လိုက်ရပြီး သူမရင်ထဲ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရသည်။ ဒါပေမဲ့ ပူပူနွေးနွေး ခေါက်ဆွဲ တွေကို ပါးစပ်ထဲထည့်လိုက်တော့ ဝမ်းနည်းမှုနဲ့ ဒေါသတွေ အများကြီး ပျောက်သွားသည်။ အရမ်းမွှေးတယ်။ နည်းနည်း ချဉ်ပြီး ချိုတဲ့ ခရမ်းချဉ်သီး အရသာနဲ့ ကြက်ဥရဲ့ ထူးခြားတဲ့ အရသာတွေ အားလုံးက ဟင်းရည်ထဲမှာ ပျော်ဝင်သွားပြီး ငြင်းလို့မရအောင်ကို မွှေးနေသည်။
"အစ်မ၊ ချစ်တဲ့ အစ်မရေ" လန်လင်းက ကိုယ်ကိုကိုင်းပြီး ပြောလိုက်သည်။ " ငါတို့ နောက်ဆို အိုးတစ်လုံးပါ ယူလာရင်ရော ဘယ်လိုလဲ"
ပေးလိုက်ရတာနဲ့ ပြန်ရတဲ့ ခံစား ပျော်ရွှင်မှုကို ကြည့်ပါလား!
ကျန်နေတဲ့ ဟင်းရည်တွေကို သောက်ပြီးတော့ လန်ဝေက သူ့မောင်ကို မျက်စောင်းထိုးလိုက်သည်။ "ဒီ ခရမ်းချဉ်သီးနဲ့ ဥ လေးတွေက ငါတို့ရဲ့ ရက် ၂၀ စာ အစားအစာခြောက်နဲ့ ညီမျှတယ်ဆိုတာ မင်းသိလား"
ယနေ့ခေတ်တွင် ဟင်းသီးဟင်းရွက် များသည် ရှားပါးသော အရင်းအမြစ်ဖြစ်သည်။ ၎င်းတို့သည် တန်ဖိုးကြီးသည်။ နျဥ်ယွိယွမ်နှင့် မော့ချူးကဲ့သို့ ချမ်းသာသူ မည်မျှရှိသနည်း။
"ဒါဆို..." လန်လင်းက ခဏတာ ရပ်နားပြီး ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့ နေ့တိုင်း စားဖို့ မဟုတ်ပါဘူး။ တစ်ခါတစ်လေကျတော့ အရသာလေး ကောင်းအောင် စားလို့ရတာပေါ့။"
'ဟဲဟဲ!' လန်ဝေက ပြုံးပြီး သူ့ကို ကြည့်လိုက်တယ်။
"ရတာပေါ့။" လန်လင်းစိတ်လှုပ်ရှားလို့ မပြီးခင်မှာ လန်ဝေရဲ့ ရယ်သံက လိုက်ပါလာသည်။ "ဒါပေမဲ့ ငါတို့အဖွဲ့မှာ ဘယ်သူက ချက်ပြုတ်တတ်လဲ။"
အာ... လန်လင်းက လန်ဝေကြောင့် ချက်ချင်း အလဲထိုးခံလိုက်ရသည်။
'တကယ်ပဲ စဉ်းစားကြည့်တော့ သူတို့အဖွဲ့က သန်မာထွားကြိုင်းတဲ့ လူတွေနဲ့ သူ့အစ်မ၊ အကုန်လုံးက မီးဖိုချောင်ထဲမှာ ငတုံးတွေပဲ။ ဘယ်သူမှ ချက်ပြုတ် တတ်တာ မရှိဘူး! ဟင်း... ဒီလိုဆိုရင်တော့ အနာဂတ်မှာ ဘီစကစ် တွေပဲ စားရတော့မယ်' ဒီလိုတွေးလိုက်တာနဲ့ လန်လင်းတစ်ယောက် ချက်ချင်း ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။
တစ်ဖက်မှာတော့ မော့ချူးနဲ့ နျဥ်ယွိယွမ်တို့က သူတို့ရဲ့ ဟင်းလျာကို ပျော်ရွှင်စွာ စားသုံးနေကြသည်။
မော့ချူးရဲ့ ချက်ပြုတ်နည်းစွမ်းရည်ကို ပြောစရာတောင်မလိုပေ။ ရိုးရှင်းတဲ့ အစားအစာတွေက သူမရဲ့ ထူးချွန်တဲ့ ဟင်းချက်စွမ်းရည်ကို ပိုပြီး ပြသနေသည်။
ကြက်ဥတွေက ချောမွတ်နူးညံ့သည်။ ခရမ်းချဉ်သီးတွေက အနေတော် ကျက်နေပြီး နူးညံ့ပြီး နည်းနည်းသာဝါးရကာ ဟင်းရည်ရဲ့ မွှေးရနံ့က အံ့သြစရာကောင်းသည်။ ဘေးနားက လူတွေရဲ့ သွားရည်ကျနေတဲ့ ပုံစံတွေကို ကြည့်ရုံနဲ့ သိသာသည်။
နျဥ်ယွိယွမ်က ခေါက်ဆွဲ တစ်ပန်းကန်လုံးကို ကုန်အောင်စားလိုက်သည်။ ဟင်းရည်တောင် မကျန်တော့ပေ။ သူက မဝသေးဘူးလို့တောင် ခံစားရသည်။ ကြွယ်ဝတဲ့ မွှေးရနံ့နဲ့ ချိုချဉ်အရသာက သူ့ရဲ့ အရသာခံအာရုံတွေမှာ အကြာကြီး ကျန်နေခဲ့ပုံရသည်။
သူက ခေါင်းကို အနည်းငယ် လှည့်လိုက်တော့ မော့ချူးက ပန်းကန်ကို ကိုင်ပြီး ဟင်းရည်သောက် နေတာကို တွေ့လိုက်ရသည်။ နျဥ်ယွိယွမ်ရဲ့ မျက်လုံးထဲက နွေးထွေးမှုက ပိုပြီး ပြင်းထန်လာခဲ့သည်။ 'ကြည့်ပါဦး၊ သူ ဘယ်လို အဖိုးတန် ရတနာလေးကို ရှာတွေ့ခဲ့တာလဲဆိုတာ!'