မိုးကြိုးဖားကျောက်မျက်
Vol. 6 Ch. 80
ရှန်မို မျက်မှောင်ကြုတ်သွားမိ၏။
ကျင့်ကြံသူများအချင်းချင်း တိုက်ခိုက်ကြသည်မှာ ပုံမှန်ပင်။
သို့သော် လက်နက်ကြီးဂိုဏ်းသည် သာမာန် အလုပ်သမားများအား တိုက်ခိုက်ခြင်းမှာတော့ ရုပ်ဆိုးလွန်းသည်။
မျက်ကွင်းညိုနေသည့် အကြီးအကဲမှာ အံကြိတ်လျက်
“အကာအကွယ်တွေ မဆောက်ခင်ကတော့ နယ်မြေကို လက်နက်ကြီးဂိုဏ်းကလူတွေ နေ့တိုင်း လာဒုက္ခပေးနေတာ”
“ပြီးတော့ သူတို့က ချမ်းသာတယ်လေ။ စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ လူတွေကို မြှားခေါ်ပြီး တိုက်ခိုက်တာ”
“ကျွန်တော်တို့တပည့်တွေထဲက အပြင်ဂိုဏ်းတပည့် (၁၀) ယောက်ကျော်နဲ့ အတွင်းဂိုဏ်းတပည့် (၄) ယောက်လည်း ဆိုးဆိုးဝါးဝါး သေသွားရတယ်”
အကြီးအကဲမှ တစ်ခုခုကို သတိရကာ ဆက်၍
“နောက်ပြီး ဂိုဏ်းခေါင်းဆောင်ငယ်… ကျန်းဝေ့ဟူကို သိတယ်မလား။ သူလည်း တိုက်ခိုက်ခံရတယ်။ တောင်တန်းဂိတ်ကနေ ရတနာနယ်မြေကို ထမင်းသွားပို့ရင်း လက်နက်ကြီးဂိုဏ်းက ချုံခိုတိုက်တာ။ သူ့ညာလက်နဲ့ ဘယ်လက်တစ်ဝက်လောက် ပြတ်သွားတယ်။ အခုထိ အိပ်ရာထဲ လဲနေတုန်းပဲ”
ရှန်မို အလွန်မျက်နှာပျက်သွား၏။
အကြီးအကဲမှ ခပ်တိုးတိုးဖြင့်
“နောက်ထပ်ရက်ပိုင်းလောက်နေရင် ချင်ရှန်၊ ရှီရှန်နဲ့ ကုဖန်မြို့တွေကနေ အလုပ်သမားတွေ ထပ်ခေါ်လာမှာ။ သူတို့က ကျွန်တော်တို့ ချင်းရွှမ်ဂိုဏ်းအတွက် အရမ်းလုပ်ပေးချင်နေတာလေ။ သူတို့ လုံခြုံရေးတော့ ဂရုစိုက်ရမယ်”
အကြီးအကဲလီ ခေါင်းငြိမ့်ပြ၍
“နားလည်ပြီ။ ဒီကိစ္စ ငါ ဆက်လုပ်လိုက်မယ်”
“ဟုတ်ကဲ့ပါ… အဲ့ဒါဆို အပ်ခဲ့လိုက်မယ်နော်”
မျက်ကွင်းဟောက်ပက်ဖြင့် အကြီးအကဲမှာ အခန်းသို့ ပြန်သွားပြီး ခဏကျင့်ကြံနေရင်း မကြာမီ အိပ်မောကျသွားကာ ဟောက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သို့သော် မည်သူမျှ အပြစ်မပြောနိုင်ပေ။
ယခုအချိန်အတွင်း မိုးကြိုးကျောက်နယ်မြေ၏ လုံခြုံရေးမှာ ထိုအကြီးအကဲ (၂) ဦးပေါ်တွင်သာ မူတည်ခဲ့သည်။
သူတို့သာမရှိလျှင် ချင်းရွှမ်ဂိုဏ်း ပျက်စီးသွားလေပြီ။
“တစ်ယောက်လောက် ဂိုဏ်းခေါင်းဆောင်ငယ်အတွက် အကောင်းဆုံးအခန်း ပြင်ဆင်ထားပေးပါ”
အကြီးအကဲလီမှ လှမ်းအော်သည်။
ထိုအခါ တပည့်တစ်ဦး ပြေးလာပြီး ခေါင်းငြိမ့်ပြ၏။
ရှန်မို လက်ယမ်းပြ၍
“ကျန်းဝေ့ဟူဆီ ခေါ်သွားပေးပါဦး”
“ဟုတ်ကဲ့ဗျ”
မကြာမီ ရှန်မို ကျောက်အမိုးအိမ်လေးတစ်ခုသို့ ရောက်ကာ ကျန်းဝေ့ဟူကို တွေ့ရ၏။
သူ့ကို အမြဲဂရုစိုက်ခဲ့သူမှာ ယခုတော့ ဒဏ်ရာများဖြင့် အိပ်ရာထဲ လဲနေလေသည်။
“ဒဏ်ရာသက်သာတဲ့ဆေးက မလောက်ဘူးလား”
ရှန်မို မျက်မှောင်ကြုတ်မိ၏။
လမ်းပြလိုက်လာသည့် တပည့်မှာ သက်ပြင်းချ၍
“ကျွန်တော်တို့ဆီမှာတော့ မရှိတော့ဘူး… အစ်ကိုကျန်းတော့ တော်တော်လေး ရုန်းကန်ရမယ်”
ရှန်မို သူ့သိုလှောင်လက်စွပ်ထဲမှ ဆေးအချို့ ထုတ်ကာ ကျန်းဝေ့ဟူပါးစပ်နား တေ့ပေးလိုက်၏။ ထို့နောက် ဒဏ်ရာများကိုလည်း ပိုထိရောက်သော ဆေးမှုန့်များ အုံပေးလေသည်။
ကျန်းဝေ့ဟူ အခြေအနေမှာ သိသိသာသာ တိုးတက်လာ၏။
“ဒီဆေးတွေက ခေါင်းဆောင်ပေးထားတာလေ။ ကျွန်တော့် သိုလှောင်လက်စွပ်ထဲ သိမ်းထားတာ ကြာလှပြီ”
ရှန်မို တည်ငြိမ်စွာ ရေရွတ်မိ၏။
တပည့်လေးမှာ ရင်ထဲထိသွားပြီး
“အစ်ကိုကျန်းကိုယ်စား ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင်ငယ်”
ရှန်မို ခေါင်းငြိမ့်ပြ၍
“ကဲပါ။ ကျွန်တော့်အခန်းကို လိုက်ပြပေးပါဦး”
“ဟုတ်ကဲ့ပါ”
ရှန်မို မကြာမီ အကောင်းဆုံးအခန်းသို့ ရောက်ရှိသွားလေသည်။
သို့သော် သူ့အတွက်တော့ ကျင့်ကြံသည့်အခါ ငြိမ်းချမ်းရန်သာ အရေးကြီးပါသည်။
အခန်းထဲရောက်သည်နှင့် တိတ်တဆိတ် စတင်ကျင့်ကြံ၏။
ရှောင်ဖန်၏ ကံကြမ္မာစနစ်အရ လက်နက်ကြီးဂိုဏ်းမှ လုပ်ဆောင်မှုအကြောင်း ခန့်မှန်းနိုင်ပါသည်။
“ငါ့ရဲ့ စနစ်ကနေ ကြိုသိတာနဲ့ဆိုရင် လက်နက်ကြီးဂိုဏ်း အားနည်းအောင် လုပ်နိုင်တာပဲ”
“ဒီအပေးအယူနဲ့ဆိုရင် ငါတို့ကို နောက်ထပ် ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး”
“နောက်ဆို သူတို့ကိုတောင် ပြန်ဝါးမျိုလို့ ရလောက်တယ်။ အရင်းအမြစ်တွေ၊ အခွင့်အရေးတွေလည်း ပိုရလာနိုင်တယ်”
ရှန်မို အစီအစဉ်စရန် ပြင်ဆင်လေတော့သည်။
…
ညမှာ တဖြည်းဖြည်းပို၍ မှောင်မိုက်လာပြီး နတ်ဆိုးသားကောင်များ လှည့်လည်သွားနေ၏။
ထို့ကြောင့် ရတနာနယ်မြေမှ ညများမှာတော့ မတိတ်ဆိတ်ဘဲ ပို၍ အသက်ဝင်နေသည်။
နတ်ဆိုးသားကောင်များမှာ အစာရှာရန် ထွက်လာကြပြီး ကျင့်ကြံသူများ၏ ထောင်ချောက်များတွင် ဝင်သွားတတ်၏။
နယ်မြေတစ်ဝိုက်တွင် တပည့်များမှလည်း (၅) ယောက်တစ်ဖွဲ့ အမြဲ ကင်းစောင့်နေကြသည်။
ထိုအချိန်တွင် ရှန်မိုတစ်ယောက် အဆောင်ခေါင်းမိုးပေါ်တက်၍ လေညင်းခံရင်း ပတ်ဝန်းကျင်အား သေချာကြည့်နေသည်။
သူ နတ်ဆိုးသားကောင် ပေါ်လာရန် စောင့်နေခြင်း ဖြစ်၏။
မကြာမီ ရှောင်ဖန် ဦးဆောင်လာသော တပည့်အဖွဲ့ ကင်းလှည့်နေသည်ကို တွေ့ရသည်။
ထိုစဉ် အရိပ်နက်တစ်ခုမှာ ရတနာနယ်မြေထဲ ဖြတ်သန်းသွား၏။
ရှောင်ဖန်တို့ ချက်ချင်း သတိထားမိကာ လိုက်ကြလေသည်။
ရှန်မို ထိုအခါမှ ဆင်းလာပြီး
“ဒီတံတိုင်းနားမှာပဲ တခြားအကောင်တွေ ထပ်မလာအောင် စောင့်ကြည့်ထားကြ။ ဒီအကောင်ကို ငါ ရှင်းလိုက်မယ်”
“ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်ငယ်”
ရှောင်ဖန် အမိန့်ကို မလိုက်နာ၍ မရပေ။
ရှန်မို သားကောင်နောက် လိုက်သွားသောအခါ တပည့်များ ရေရွတ်ရင်း ကျန်ခဲ့၏။
“ဂိုဏ်းခေါင်းဆောင်ငယ်ဆိုတဲ့ဂုဏ်က တကယ်ကြီးတာပဲ။ ဘာမှ အခက်အခဲမရှိ ဖြေရှင်းနိုင်တယ်”
“သူ ဒီကို ရောက်တာနဲ့ အစ်ကို ကျန်းဝေ့ဟူကို သွားတွေ့ပြီး ဆေးတွေလည်း ပေးတယ်ပြောတယ်။ တကယ် လူကောင်းပါ”
“သူ ငါတို့ကို ဂရုစိုက်မယ်လို့ အားလုံးသိထားပြီးသားပါ”
ရှောင်ဖန်မှာတော့ ထိုချီးကျူးစကားများကို မကြားလိုပေ။
“တော်ကြတော့။ ငါတို့တာဝန် ရှိသေးတယ်လေ။ တံတိုင်းတစ်လျှောက် ကင်းလှည့်ပြီး နတ်ဆိုးသားကောင်တွေ ထပ်ဝင်မလာစေနဲ့”
“ဟုတ်ကဲ့ပါ”
တပည့်များ ခေါင်းငုံ့သွား၏။
ရှန်မိုမှာတော့ သားကောင်ကိုလိုက်ရင်း တောအတော်နက်ကာ လိုဏ်ဂူကြီးအနီး ရောက်လာသည်။
သားကောင်မှာ သင်းခွေချပ်ငယ်လေးဖြစ်ကာ ရှန်မို့ကိုတွေ့ပြီး ပုန်းအောင်းရန် ပြင်နေ၏။
သို့သော် ရှန်မို တစ်ချက်ရယ်၍ ခုတ်ဖြတ်ကာ ရှင်းလိုက်သည်။
ထို့နောက် သားကောင်လေး တူးနေသည့်နေရာကို ကြည့်လိုက်သောအခါ မိုးကြိုးဓာတ်ခြင်ဆီ (၂) ခုနှင့် သစ်သေတ္တာလေးကို တွေ့ရ၏။
အထဲတွင် ရတနာအချို့ ပါလေသည်။
ရှန်မို ကျေနပ်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့်ကြည့်ကာ ပြန်ရန် ပြင်လိုက်သည်။
“နောက်ထပ် အခွင့်အရေးတွေယူဖို့ ရှိသေးတာပဲ”
“ရှောင်ဖန့်ကံကြမ္မာစနစ်အရ နောက် (၅) ရက်နေရင် လက်နက်ကြီးဂိုဏ်း စီနီယာအကြီးအကဲက ရတနာနယ်မြေထဲ ခိုးဝင်ပြီး မိုးကြိုးဖားနတ်ဆိုးကျောက်နဲ့ ကျောက်မျက်ကျင့်စဉ်ကို လာရှာမှာပဲ”
ရှန်မို သက်ပြင်းချမိ၏။
သူတို့ဂိုဏ်းမှ သစ္စာဖောက်လက်ချက်ဖြင့် လွန်ခဲ့သည့် (၁၀) နှစ်တည်းက ထိုရတနာများ ပျောက်သွားခြင်း ဖြစ်သည်။
“ဒီအကြီးအကဲက တစ်ခုခုသိနေလို့ အသက်နဲ့ရင်းပြီး ဝင်လာတာပဲ”
ရှန်မို သုံးသပ်မိ၏။
“ဒါပေမဲ့ ဒီအကာအကွယ်တွေကြားမှာ ဘယ်လို ဝင်လာမှာလဲ။ ဒဏ်ရာကြီးနဲ့ ပြန်ပြေးနိုင်မှာမို့လို့လား။ သူလျှိုရှိနေတာလား”
ရှန်မို လျှိုယွမ်ဖုန်အား တွေးလိုက်မိသည်။
ချင်းရွှမ်ဂိုဏ်း၌ သူလျှိုရှိနေလျှင် သေချာပေါက် သူသာ ဖြစ်နိုင်သည်။
“အခုထိတော့ စောင့်ကြည့်ရမှာပေါ့။ ရတနာတွေ ငါပဲ ယူမှာ”
ရှန်မို ပြုံးလျက်
“ဝင်လာရဲရင် ဝင်လာကြည့်ပေါ့”