← Chapters

အပိုင်း ၄၅၄

Vol. 31 Ch. 454

အပိုင်း ၄၅၄

Vol. 31 Ch. 454

သူတို့နှစ်ယောက် မြန်မြန် လမ်းလျှောက်သွားခဲ့ကြကာ သိပ်မကြာခင်မှာပဲ အရင်ထွက်သွားခဲ့တဲ့ လောင်ပိုင်ကို မှီသွားကြသည်။

နီးနီးကပ်ကပ် ကြည့်လိုက်တော့ ထိုလူ၏ စိတ်ဆန္ဒက အတော်လေး ခိုင်မာတာကို တွေ့လိုက်ရသည်။ ဗီဇပြောင်းလဲလာပြီ ဖြစ်ပေမဲ့ သူ့မျက်လုံးတွေက ရှင်းရှင်းလင်းလင်း ရှိနေဖို့ ကြိုးစားနေတုန်းပင်။ သူ ဖုတ်ကောင်အဖြစ် ပြောင်းသွားတာနဲ့ သူ့ရဲ့ မျက်လုံးအမြင်အာရုံက အများကြီး အားနည်းသွားပေမဲ့ သူ့ရဲ့ အနံ့ခံအာရုံကတော့ မထင်မှတ်ဘဲ ထက်မြက်နေသည်။

အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ အနံ့ကို ခံစားမိတာနဲ့ ချက်ချင်း ခေါင်းမော့လိုက်သည်။ သူ့မျက်နှာက ကြောက်မက်ဖွယ်ကောင်းပြီး သူ့မျက်လုံးတွေမှာ ဆန္ဒတွေ ပြည့်နှက်နေသည်။ အရင်က ဖုတ်ကောင်နဲ့ ဘာမှ မကွာခြားဘူးလို့ ထင်ရပေမဲ့ သူ့အမူအရာက တစ်စက္ကန့်လောက်ပဲ ကြာပြီး အားကုန် ဖိနှိပ်လိုက်သည်။ ဒါကြောင့် အရင်ကထက် ပိုပြီး ပုံပျက်ပန်းပျက် ဖြစ်နေသည်။

“ကျွန်မ မော့ချူးပါ” သူမက အနည်းငယ် ရှေ့တိုးသွားလိုက်သည။ လောင်ပိုင်အခု သူမကို ကြားနိုင်မလား မသိပေမဲ့ ပြောလိုက်သည်။“ကျွန်မ ရှင့်ကို ကူညီဖို့လာတာ”

ထို့နောက် သူမက လောင်ပိုင် ခဏရပ်သွားတာကို တွေ့လိုက်ရသည်။ သူ့သွားတွေ တင်းတင်းကြိတ်ထားပြီး သူ့နှုတ်ခမ်းတွေ တင်းတင်းစေ့ထားသည်။ သူ့ပါးစပ်က သွေးတွေ စိမ့်ထွက်နေပြီ၊ ဒါပေမဲ့ သူက ခေါင်းမော့လိုက်ကာ သူ့မျက်လုံးတွေမှာ နားလည်မှုနဲ့ စိတ်သက်သာရာ ရမှုတွေ တစ်ချက် လက်ခနဲ ပေါ်လာသည်။

သဘာဝအတိုင်း မော့ချူးက သူ ဘာတွေ တွေးနေလဲဆိုတာ နားလည်သည်။ သူမ မထိန်းနိုင်ဘဲ ရယ်ချင်မိသည်။ ဒီလူက သူမ ဒီကို သူ့ကို အဆုံးသတ်ဖို့ လာတယ်လို့ တကယ်ထင်နေတာလား။

“ကျွန်မ ရှင့်ကို ကယ်ဖို့လာတာ၊ သတ်ဖို့လာတာ မဟုတ်ဘူး”

လောင်ပိုင်က သူမ ဘာကိုဆိုလိုတယ်ဆိုတာ မသိခင် မော့ချူးက ရုတ်တရက် သူ့လက်ကို မြှောက်လိုက်သည်။ နို့နှစ်ရောင် အထူးစွမ်းရည်တစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး ရေစီးကြောင်းလို သူ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေသည်။

“ဟူး...” လောင်ပိုင် မသိစိတ်ကနေ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးတဲ့ လေစီးကြောင်းတစ်ခုနဲ့ ဖုံးအုပ်ခံရသလို ခံစားရပြီး သူ့ခန္ဓာကိုယ်ထဲ တဖြည်းဖြည်း စိမ့်ဝင်သွားကာ သူ့သွေးကြောတွေထဲမှာ ထင်တိုင်းကြဲနေတဲ့ ဆန္ဒတွေကို တဖြည်းဖြည်း ဖယ်ရှားပေးလိုက်သည်။

နျဥ်ယွိယွမ်က ဘေးမှာ တိတ်တဆိတ် ရပ်နေတာ အစောင့်တစ်ယောက်လိုပင်။

သူက ထိုအံ့သြဖွယ် မြင်ကွင်းကို သေချာပေါက် မြင်တွေ့နိုင်ခဲ့သည်။ နူးညံ့တဲ့ အလင်းရောင်အောက်မှာ လောင်ပိုင်ရဲ့ တောင့်တင်းလိမ်ကွေးနေတဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြေလျော့လာပြီး သူ့ရဲ့ ပြူးကျယ်နေတဲ့ မျက်ဆံတွေက ပုံမှန်ပြန်ဖြစ်လာကာ မြန်မြန်ဆန်ဆန် စုစည်းလာသည်။

အချိန်အတော်ကြာပြီးနောက် မော့ချူးက သူမရဲ့ လက်ကို ဝှေ့ယမ်းလိုက်ကာ နူးညံ့သည့် အလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။

ဒီအချိန်မှာ ခုနက ကြောက်မက်ဖွယ်ကောင်းတဲ့ လောင်ပိုင်ဟာ တည်ငြိမ်တဲ့ မျက်နှာနဲ့ ပြန်ဖြစ်နေပြီ။ သူ မျက်လုံးပြန်ဖွင့်လိုက်တော့ တောက်ပနေပြီ။

“ဘယ်လိုနေလဲ” မော့ချူးက အလင်းစွမ်းအင်အမျိုးအစား အထူးစွမ်းရည် အများအပြားကို အသုံးပြုရတာကို နည်းနည်းလေး မကျွမ်းကျင်သေးပေ။ သူမခန္ဓာကိုယ်က နည်းနည်းလေး ယိမ်းထိုးသွားကာ သူမနောက်မှာ ရပ်နေတဲ့ နျဥ်ယွိယွမ်က သူမကို ကူညီဖို့ ရောက်လာပြီး ကာကွယ်ပေးလိုက်သည်။

“အရမ်း... အရမ်းကောင်းတယ်!” လောင်ပိုင်က လုံးဝကို အံ့အားသင့်နေသည်။

‘ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက ဗီဇပြောင်းလဲသွားပြီလေ...’

လောင်ပိုင်ခေါင်းငုံ့ပြီး ထုံထိုင်းစွာ သူ့ခန္ဓာကိုယ်ကို လက်ကြီးတွေနဲ့ ပွတ်သပ်ကြည့်ကာ အချိန်အတော်ကြာမှ ရပ်လိုက်သည်။ သူ အားရဝမ်းသာ ဖြစ်နေသည်။ သူ ပုံမှန်ပြန်ဖြစ်သွားပြီ! သူ တကယ်ပဲ ပြန်ကောင်းလာခဲ့ပြီ!

ရိုးရိုးသားသားပြောရရင် သူကိုယ်တိုင် မကြုံတွေ့ရရင် ဒီလိုဖြစ်နေတာကို ဘယ်တော့မှ ယုံမှာ မဟုတ်ပေ။

ဘာဖြစ်လို့လဲဆိုတော့ ဖုတ်ကောင်ကိုက်ခံရတာက သေဒဏ်ချခံရတာနဲ့ တူတူပင်။

ဒါဟာ လူတိုင်းက စိတ်ပျက်အားငယ်စွာနဲ့ ဒီလို ကံကြမ္မာကို လက်ခံဖို့ သဘောတူညီချက်တစ်ခု ဖြစ်နေခဲ့တာပင်။ ဒါပေမဲ့ အခုတော့ တစ်စုံတစ်ယောက်က ဒီစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီ။ သူမက ဖုတ်ကောင်ဖြစ်တော့မယ့် လူတစ်ယောက်ကို သူမလက်နဲ့ ကယ်တင်လိုက်ပြီ! အခုချိန်ထိ လောင်ပိုင်ရဲ့ စိတ်ထဲမှာ လေလွင့်နေတုန်းပဲ။ သူ ဘယ်သွားရမှန်း မသိဘူးလို့ ခံစားရတုန်းပဲ။ သူ အဆင်ပြေတယ်၊ တကယ်... အဆင်ပြေတယ်။

မော့ချူးက နျဥ်ယွိယွမ် ရင်ခွင်ထဲ မှီပြီး လောင်ပိုင်ကို ဂရုတစိုက် ကြည့်လိုက်ကာ သူ ဘာမှမဖြစ်ဘူးဆိုတာ မြင်တော့ စိတ်ချသွားသည်။

သူမ ပထမဆုံးအကြိမ် လူတစ်ယောက်ကို ကယ်တင်တာဆိုတော့ အရမ်း စိတ်သက်သာရာရသည်။ ဒါပေမဲ့ သူမလက်ကို ကြည့်လိုက်တော့ မော့ချူး ရဲ့ မျက်နှာအမူအရာက မထိန်းနိုင်ဘဲ တောင့်တင်းသွားသည်။ အကယ်၍... သူမ ဒါကို စောစောက တွေးမိခဲ့ရင် အဲဒီ သက်လတ်ပိုင်းအရွယ်အမျိုးသားက မသေခဲ့လောက်ဘူး...

နျဥ်ယွိယွမ်က အမူအရာ သေးသေးလေးကို သတိထားမိလိုက်သည်။ သူက သူမကို ညင်သာစွာ မကူပြီး တိုးတိုးလေး မေးလိုက်သည်။ “ဘာဖြစ်တာလဲ”

မော့ချူး သက်ပြင်းချပြီး သူမအတွေးတွေကို ပြောပြလိုက်သည်။

သူမက နျဥ်ယွိယွမ်ကို ဒီကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြခဲ့ကာ သူကလည်း ထိုအရာတွေကို ကောင်းကောင်းသိသည်။

“အရူးမလေး!” နျဥ်ယွိယွမ်က သူ့လက်ကို ဆန့်ထုတ်ပြီး သူမခေါင်းကို ပွတ်သပ်လိုက်ပေမဲ့ သူ့အကြည့်တွေက မထိန်းနိုင်ဘဲ အေးခဲသွားသည်။

သူက အထက်လူကြီးတစ်ယောက်ဖြစ်တဲ့အတွက် သူ့အမြင်အာရုံက မော့ချူးထက် အများကြီး နက်ရှိုင်းသညါ။

ကျန်တာတွေထားလိုက်၊ သူမက အဲဒီသက်လတ်ပိုင်းအရွယ် အမျိုးသားကို ကယ်တင်လိုက်တာနဲ့ သူတို့ ဒီသတင်းကို လျှို့ဝှက်ထားနိုင်မှာ မဟုတ်ပေ။ ပြီးတော့ သူမရဲ့ စွမ်းရည်ကို တခြားသူတွေ သိသွားတာနဲ့ ဒီကောင်မလေးက ချက်ချင်း အများပြည်သူရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မည်။ အငတ်ဘေးကြုံနေတဲ့ ဝံပုလွေတွေလိုပဲ ရေခဲသေတ္တာထဲက အဆီတုံးကို လုယက်သလို သူမရဲ့ ထူးခြားတဲ့ အဆီတုံးအတွက် လူပေါင်းများစွာက တိုက်ခိုက်ကြလိမ့်မည်။ ပြီးတော့ ဖျော်ရည်စက်လိုပဲ သူမရဲ့ အထူးစွမ်းရည်ရဲ့ နောက်ဆုံးလက်ကျန်လေးအထိ အကုန်ညှစ်ထုတ်ပစ်လိမ့်မည်။

ဒီအကြောင်းကို စဉ်းစားမိတော့ နျဥ်ယွိယွမ် ရဲ့ စူးရှတဲ့ အကြည့်တွေက မဝေးတော့တဲ့နေရာက အမျိုးသားဆီကို မထိန်းနိုင်ဘဲ လှည့်သွားခဲ့သည်။ ထိုသူက ရှင်းလင်းတဲ့ သတိပေးမှုနဲ့ စစ်ဆေးမှုတွေကို ခံစားလိုက်ရသည်။

ဒီအချိန်မှာ လောင်ပိုင်လည်း သူ့ရဲ့ ခွန်အားတွေ ပြန်ရနေပြီ။ နျဥ်ယွိယွမ် ရဲ့ စူးရှတဲ့ အကြည့်နဲ့ ဆုံမိတော့ သူ့နှလုံးသားက မထိန်းနိုင်ဘဲ ပြင်းပြင်းထန်ထန် တုန်ယင်သွားသည်။

မော့ချူ ရဲ့ ကုသနိုင်တဲ့ စွမ်းရည် ပေါ်လာတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ အကျိုးသက်ရောက်မှုက ကမ္ဘာကို ဗုံးကြဲလိုက်တဲ့ အဏုမြူဗုံးထက်တောင် ပိုပြီး အစွမ်းထက်လိမ့်မယ်ဆိုတာ သူလည်း နားလည်သည်။ သူ ဒီကိစ္စရဲ့ ပြင်းထန်မှုကို သဘာဝအတိုင်း ရှင်းရှင်းလင်းလင်း သိသည်။

ဒါကြောင့် လောင်ပိုင်ရဲ့ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ ကျွန်တော် ဒါကို လုံးဝ မပြန့်ပွားစေရပါဘူး။ အသက်နဲ့ လဲပြီး ကျိန်ဆိုပါတယ်!”

နျဥ်ယွိယွမ်က သူ့ကို စိုက်ကြည့်နေပြီး စကားမပြောပေ။

အရေးအကြီးဆုံးက သူ သူ့စကားကို ထိန်းသိမ်းနိုင်မလားဆိုတာပဲ။

လောင်ပိုင်က ဒီအချက်ကို ရှင်းရှင်းလင်းလင်း နားလည်ပြီး ဘာမှ ထပ်မပြောတော့ချေ။ သူက မော့ချူးကို ကျေးဇူးတင်စွာ ကြည့်ပြီး ပြောလိုက်သည်။ “မိန်းကလေးမော့ မင်းက ကျွန်တော့်အသက်ကို ကယ်ခဲ့တယ်။ နောင်မှာ မင်း ဘာပဲ လိုအပ်ချက်ရှိရှိ ကျွန်တော့်ကို ပြောလိုက်ပါ!”

“အင်း... ရှင် ကျွန်မကို မော့ချူးလို့ ခေါ်သင့်တယ်”

မော့ချူးက ညင်သာစွာ ပြုံးလိုက်သည်။ အဓိကအချက်ကတော့ ဒီလူကြီးက အသက် ၃၀-၄၀ လောက်ရှိပြီလို့ ထင်ရပေမဲ့ သူမကို ဒီလို လေးစားစွာ ခေါ်နေတော့ သူမ နည်းနည်း ရှက်မိသည်။ “ရှင်က ကျွန်မထက် အများကြီး အသက်ကြီးတာပဲ...”

ထို့နောက် လောင်ပိုင်က အံ့အားသင့်သွားကာ အချိန်အတော်ကြာမှ ပြောလိုက်သည်။ “ဒါပေမဲ့... ငါက... အသက် ၂၀ ပဲ ရှိသေးတယ်”

ဟင်...?

မော့ချူးက အရမ်း ရှက်သွားခဲ့သည်။ တကယ်ပဲ၊ သူမ ဒီလောက် မြန်မြန်နဲ့ သူ့ကို ကောက်ချက်မချခဲ့သင့်ဘူး။

မော့ချူးနှင့် နျဥ်ယွိယွမ်တို့ အဖွဲ့ဆီ ပြန်ရောက်လာချိန်တွင် မြင်ကွင်းတစ်ခုလုံး ထူးဆန်းစွာ ကွဲပြားခြားနားနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့ အံ့အားသင့်သွားကြသည်။

တစ်ဖက်တွင် တန့်ရှောင်ကို အဓိကထားသည့် အဖွဲ့ဝင်များသည် တစ်ယောက်ကိုတစ်ယောက် ဝိုင်းအုံကာ တက်တက်ကြွကြွ ဆွေးနွေးနေကြပြီး အပူတပြင်း စကားသံများကိုလည်း ကြားနေရသည်။ အခြားတစ်ဖက်တွင်မူ လန်ဝေကို အဓိကထားသည့် အမဲလိုက် အဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး စကားတစ်ခွန်းမှ မဆိုကြပေ။

ဆယ်စတုရန်းမီတာခန့်သာ ကျယ်ဝန်းသည့် ထိုနေရာလေးသည် နေရာလွတ်နှစ်ခုအဖြစ် အတင်းအကျပ် ပိုင်းခြားခံထားရသည်။

ဒါသည် တူညီသော ခံနိုင်ရည်ရှိသည့် အနေအထားတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

မော့ချူးနှင့် နျဥ်ယွိယွမ်တို့ ပြန်ရောက်လာခြင်းက ဤအတားအဆီးကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။

“မင်းတို့ ပြန်ရောက်လာပြီလား” တန့်ရှောင်က ခပ်ဖွဖွပြုံးကာ ရှေ့သို့ လျှောက်လာသည်။ သူ့အမူအရာက နွေးထွေးပေမဲ့ သူ့မျက်လုံးထဲက ပါးနပ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ “ငါတို့ အန်ယွမ်မြို့ထဲ ဘယ်လိုဝင်မလဲဆိုတာ ဆွေးနွေးနေကြတာ။ မင်းတို့လည်း အကြံဉာဏ်လေးတွေ ပေးသင့်တယ် မဟုတ်လား။”

မော့ချူး သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူသည် လူအုပ်အလယ်တွင် ရပ်နေသည်။ သူ့ပုံစံက နူးညံ့ဟန်ရှိသော်လည်း အတွင်းထဲတွင်မူ မငြင်းဆန်နိုင်သည့် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ရှိနေသည်။

သူသည် ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်ပေ! မော့ချူးက စိတ်ထဲမှ တိတ်တဆိတ် မှတ်ချက်ပြုလိုက်သော်လည်း စဉ်းစားပြီးနောက်တွင်မူ သူသည် သဘာဝကျကြောင်း သဘောပေါက်ခဲ့သည်။ သူသာ အရည်အချင်းမရှိပါက ကျားဖြူအဖွဲ့ကို မည်သို့ ခိုင်ခိုင်မာမာ ဦးဆောင်နိုင်မည်နည်း။

“ဒါဆို မင်းတို့ရလာတဲ့ နောက်ဆုံးရလဒ်က ဘာလဲ” နျဥ်ယွိယွမ်က ခေါင်းကို အနည်းငယ်မော့ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

စကားတစ်ခွန်းနှင့် အကြည့်တစ်ချက်ဖြင့် အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်သည်။ နျဥ်ယွိယွမ်သည် အောင်မြင်စွာ ထိန်းချုပ်လိုက်ပြီဖြစ်သည်။

တန့်ရှောင်လည်း ထိုသည်ကို လျင်မြန်စွာ သဘောပေါက်သွားပြီး သူ၏ အကြည့်များ မိုက်မှောင်သွားသည်ကို မတတ်သာဘဲ တွေ့လိုက်ရသည်။ နျဥ်ယွိယွမ်က မေးမြန်းလိုက်ပြီးနောက်တွင် သူတို့အားလုံးသည် သူ၏ လက်အောက်ခံများ ဖြစ်သွားသကဲ့သို့ပင် ဖြစ်နေသည်။ နျဥ်ယွိယွမ်က အထက်လူကြီးတစ်ဦး၏ အမူအရာကို ပြသနေဟန်တူသည်။

တန့်ရှောင်၏ အကြည့်များထဲရှိ မကျေနပ်မှုကို မြင်လိုက်ရသည့်အခါ မော့ချူး မျက်ခုံးပင့်လိုက်မိသည်။

တန့်ရှောင်သည် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးဟု သတ်မှတ်နိုင်သည်။ ကံမကောင်းစွာဖြင့် သူ နျဥ်ယွိယွမ်နှင့် တွေ့ဆုံရသည့်အခါ သူ၏ ထူးချွန်မှုနှင့် လှည့်စားမှုများသည် ပိုးစုန်းကြူးတစ်ကောင်၏ အလင်းရောင်ကဲ့သို့ ချက်ချင်း ဖြစ်သွားပြီး လုံးဝ ဖိနှိပ်ခံလိုက်ရသည်။

“အန်ယွမ်မြို့ထဲက အခြေအနေက ဘာမှန်း… ဘယ်သူမှ မသိဘူး” တန့်ရှောင် ခဏတာ ရပ်နားပြီး အနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။ “ငါတို့ ခုနက ဆွေးနွေးခဲ့ကြတယ်။ အခြေအနေကို အရင်ဆုံး လေ့လာဖို့ လူအနည်းငယ်ကို စေလွှတ်တော့မယ်။”

အန်ယွမ်မြို့သည် အတော်လေးကြီးမားသည်။ အကယ်၍ အတွင်းထဲတွင် ဖုတ်ကောင်များ အလွန်များပြားနေပါက သူတို့သည် မစ်ရှင်ကို ပြန်လည်စီစဉ်ရလိမ့်မည်။ မဟုတ်ဘဲ သူတို့ အလောသုံးဆယ် ပြေးဝင်သွားပါက နောက်ဆက်တွဲ ပြဿနာများကို မည်သို့မျှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

All Chapters