အပိုင်း ၄၅၉
Vol. 31 Ch. 459
အပြင်ဘက်မှာ... အစားအသောက်ပြုပြင်ထုတ်လုပ်ရေးစက်ရုံလား။ သူတို့အချိန်အတော်ကြာရှာဖွေနေခဲ့တဲ့ အစားအသောက် ပြုပြင်ထုတ်လုပ်ရေးစက်ရုံလား။
အိုက်ယိုး၊ ဒါကတော့ တကယ်ကိုအားမစိုက်လိုက်ဘဲ ရလိုက်တာပဲ။ ဘာတွေဖြစ်နေလဲသိလိုက်ရသောအခါ လန်လင်းသည် ခုန်တက်လုနီးပါးဖြစ်သွားသည်။
လန်ဝေသည် သူမ၏ခြောက်သွေ့သောနှုတ်ခမ်းကို လျက်လိုက်ပြီး ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ အပြင်မှာ ဇွန်ဘီတွေအများကြီးပဲ။ ငါထင်တာကတော့ ဒီစက်ရုံက အလုပ်သမားအားလုံး ဇွန်ဘီတွေဖြစ်သွားပြီး အတွင်းထဲမှာပိတ်မိနေကြတာ။"
စက်ရုံတစ်ရုံတွင် အလုပ်သမားမည်မျှရှိသနည်း၊ အနည်းဆုံးတော့ ရာပေါင်းများစွာရှိသည်။
လန်ဝေသည် သူတို့လျှောက်လာခဲ့သောလမ်းကိုကြည့်ကာ ပြောလိုက်သည်။ "ပြီးတော့ ငါခန့်မှန်းရသလောက်တော့ ဒါက သူတို့တမင်တကာချန်ထားခဲ့တဲ့ ဘေးကင်းတဲ့လမ်းတစ်ခုပဲ။ ဒါပေမဲ့ အချိန်မီအသုံးမပြုလိုက်နိုင်ဘူးထင်တယ်။"
ထိုအစား ဒီလမ်းသည် သူတို့အတွက်အကျိုးရှိခဲ့သည်။
ဇွန်ဘီရာပေါင်းများစွာလား။ သူတို့လေးယောက်ဖြေရှင်းနိုင်ပါ့မလား။ ထို့အပြင် သူတို့သည် အခြားဇွန်ဘီများက မတွေ့ရှိစေရန် တတ်နိုင်သမျှ တိတ်ဆိတ်စွာနေရမည်။
လန်လင်းသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ အကြံပြုလိုက်သည်။
"ငါတို့အရင်ပြန်ပြီး တခြားသူတွေကို ဒီအကြောင်းပြောပြကြမလား။ ပြီးတော့မှ အတူတူလှုပ်ရှားကြတာပေါ့။"
နျဥ်ယွိယွမ်သည် ခေါင်းအနည်းငယ်ခါလိုက်သည်။ သူ၏အသံသည် ကြည်လင်ပြီးတိုးညင်းသော်လည်း ဒါသည် သူတို့၏ နှလုံးသားကို မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။
"မလိုဘူး။ မင်းတို့ဒီမှာစောင့်နေ၊ ငါတစ်ယောက်တည်းဝင်သွားမယ်။"
ဘာရယ်?!
လန်လင်း မှင်တက်သွားခြင်းကိုမထိန်းနိုင်တော့ပေ။
အကယ်၍ သူကြားလိုက်တာမမှားဘူးဆိုရင် နျဥ်ယွိယွမ် က ဇွန်ဘီရာပေါင်းများစွာကို တစ်ယောက်တည်း ဝင်ဖြေရှင်းချင်တယ်လို့ပြောလိုက်တာလား။ ဟက် ဟက်! ရှင်နောက်နေတာမဟုတ်ဘူးဆိုတာ သေချာလို့လား။
"ကိုယ့်ကိုဒီမှာစောင့်နေ။"
နျဥ်ယွိယွမ်သည် မော့ချူး၏ ခေါင်းကိုပုတ်လိုက်သည်။ မော့ချူးက နာခံစွာ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူသည် မနေနိုင်ဘဲ ပြုံးလိုက်သည်။
ထို့နောက် သူသည် ရှေ့သို့လှမ်းသွားပြီး တံခါးကိုတွန်းဖွင့်ရန်ပြင်လိုက်သော်လည်း ဤလုပ်ရပ်က လန်လင်းနှင့် လန်ဝေတို့ကို ကြောက်လန့်သွားစေသည်။
'မဖြစ်ဘူး! ခင်ဗျားစွမ်းအားကြီးတာ ကျွန်တော်တို့သိတယ်၊ ဒါပေမဲ့ အခု ဇွန်ဘီရာပေါင်း များစွာရှိနေတယ်လေ!? ဒါ့အပြင် တခြားဇွန်ဘီတွေကိုမသိအောင်လုပ်ရမယ်။ ဒါကအရမ်းခက်လွန်းတယ်!'
'ဒီစိတ်ညစ်စရာကောင်မလေး မော့ချူး၊ အခုက ခေါင်းညိတ်ရမယ့်အချိန်လား။ မြန်မြန် သူ့ကိုတားလိုက်စမ်း!'
မော့ချူးသည် ရှေ့သို့ခြေလှမ်းနှစ်လှမ်းတိုးကာ နျဥ်ယွိယွမ်၏ လက်ကိုဆွဲကိုင်ရင်း ပြုံးပြလိုက်သည်။ "ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။"
ထို့နောက် သူမသည် စိုးရိမ်သောကရောက်နေသည့် လန်ဝေနှင့် လန်လင်းတို့ကိုကြည့်ကာ သူမ၏ မျက်လုံးများ တောက်ပစွာဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ သူက ရှုံးမယ့်တိုက်ပွဲကိုမတိုက်ဘူး။"
အဖွဲ့ချုပ်ရှိ နျဥ်ယွိယွမ်၏ မှတ်တမ်းတွင် တစ်ခါမှမရှုံးနိမ့်ဖူးပေ၊ ယခုဆိုလျှင် ပို၍ပင်မဖြစ်နိုင်ချေ။
မော့ချူး၏ ယုံကြည်မှုအပြည့် အကြည့်နှင့်ရင်ဆိုင်ရသောအခါ လန်ဝေနှင့် လန်လင်းတို့သည် မှင်တက်သွားခြင်းကို မထိန်းနိုင်တော့ပေ။ ထို့နောက် သူတို့သည် တိတ်ဆိတ်စွာ နောက်သို့ တစ်လှမ်းဆုတ်ကာ သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ အမှန်ပင်၊ သူတို့သည် မော့ချူးနှင့် နျဥ်ယွိယွမ်တို့၏ စစ်မှန်သော ဆက်ဆံရေးကို မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ မော့ချူးက နျဥ်ယွိယွမ် ကို အန္တရာယ်ရှိသော အခြေအနေသို့ ခြေလှမ်းဝင်ခွင့်ပြုမည်လား။
နျဥ်ယွိယွမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားသည်။ နွေးထွေးသော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။ သူသည် တံခါးလက်ကိုင်ကိုဆွဲကာ တံခါးကိုဖွင့်လိုက်သည်။ ထို့နောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။
သူ့ထံမှ သက်ရှိလူသားတစ်ဦး၏ အရသာရှိသော ရနံ့သည် ဇွန်ဘီများစွာကို ချက်ချင်းဆွဲဆောင်လိုက်သည်။ တစ်ကောင်ပြီးတစ်ကောင် နျဥ်ယွိယွမ်ဆီသို့ ပြေးဝင်လာကြသော်လည်း သူ၏ကျောသည် ဝါးပင်ကဲ့သို့ မတ်မတ်ပင်… ဤသည်မှာ လန်ဝေနှင့် အခြားသူများမြင်ခဲ့ရသော နောက်ဆုံးမြင်ကွင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် နျဥ်ယွိယွမ်က သံတံခါးကို တွန်းပိတ်လိုက်သောကြောင့်ဖြစ်သည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက် နျဥ်ယွိယွမ်၏ တည်ငြိမ်သောအသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ "ကောင်းပြီ၊ ဝင်ခဲ့ကြ။"
လန်ဝေနှင့် အခြားသူများမှာ မှင်တက်သွားကြသည်… 'ဘာ... ဘယ်လိုကြီးလဲ! ဒီလောက်မြန်တယ်လား။ ခင်ဗျား တကယ်နောက်နေတာမဟုတ်ဘူးမလား။'
မော့ချူးမှာမူ အံ့အားသင့်သည့်ပုံမပေါ်ဘဲ တံခါးကိုဖွင့်ကာ ဝင်သွားသည်။ မောင်နှမနှစ်ယောက်သည် ခဏမျှကြောင်အသွားပြီးနောက် သူမ နောက်သို့လိုက်သွားကြသည်။
ဇွန်ဘီများက မြေပြင်အနှံ့ပြန့်ကျဲနေသည်။ လန်လင်းနှင့် လန်ဝေတို့သည် နျဥ်ယွိယွမ်ကို သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်မှု အနည်းငယ်ဖြင့် စိုက်ကြည့်နေကြသည်။ ဆယ်မိနစ်ပဲရှိသေးသည်။ ထို့အပြင် သူတို့သည် နျဥ်ယွိယွမ်နှင့် အလွန်နီးကပ်နေသော်လည်း လှုပ်ရှားမှု ကြီးကြီးမားမား ဘာမှမကြားခဲ့ရ… နျဥ်ယွိယွမ်၏ ခွန်အားသည် လူသားတစ်ဦးနှင့်မတူတော့ပေ။
နျဥ်ယွိယွမ်သည် သူတို့ကို လျစ်လျူရှုလိုက်သည်။ ထိုအစား သူသည် မော့ချူး၏ နူးညံ့သောလက်ကို စိတ်ဝင်တစားဖြင့်ကိုင်ကာ ရှေ့မှထုတ်လုပ်ရေးအလုပ်ရုံဆီသို့ လျှောက်သွားသည်။
သူထုတ်လုပ်ရေးအလုပ်ရုံသို့ ဝင်သွားသည်နှင့်…
ဂလု! တံတွေးမျိုချသံကို ကြားလိုက်ရသည်။
လူတိုင်းသည် အကြောင်းရင်းခံဖြစ်သူ လန်လင်းကို မကြည့်ဘဲမနေနိုင်တော့ပေ။
လူတိုင်း၏ စိုက်ကြည့်ခြင်းကိုခံရသောအခါ လူငယ်လေးသည် မျက်နှာနီရဲသွားပြီး ပြောလိုက်သည်။ "အစားအသောက်တွေအရမ်းများနေလို့... ကြည့်ရုံနဲ့တင် နည်းနည်းစိတ်လှုပ်ရှားလာတယ်။"
အမှန်ပင်၊ ဤသည်မှာ ထုတ်လုပ်ရေးအလုပ်ရုံတစ်ခုသာဖြစ်သော်လည်း စက်ရုံသည် ပြင်ဆင်ပြီး အစားအသောက်များဖြင့် ပြည့်နှက်နေသည်။ ကြည့်ရုံမျှဖြင့် လူများကို အလွန်အမင်း ကျေနပ်စေသည်။
လန်လင်းနှင့် ကျန်သည့်လူများမှာ အံ့အားသင့်သွားကြသည်။ သူသည် လောကကြီးကို တစ်ခါမှ မမြင်ဖူးသော ဆင်းရဲသားလေးတစ်ယောက်နှင့် တူနေသည်။ သူသည် ရုတ်တရက် ပထမဆုကို ဆွတ်ခူးလိုက်ပြီး တစ်ညတည်းနှင့် ချမ်းသာသွားသည့်အတွက် အတိုင်းမသိ ပျော်ရွှင်နေခဲ့သည်။
"ဝိုး... အများကြီးပဲ" ခဏတာမျှ ကြောင်ငေးနေပြီးနောက် လန်လင်းသည် သတိပြန်ဝင်လာသည်။ သူသည် ပျော်ရွှင်စွာ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး စားပွဲပေါ်တွင် ပြန့်ကျဲနေသော စည်သွပ်ဘူးတစ်ဗူးကို ကောက်ကိုင်လိုက်သည်။ အနီးကပ်ကြည့်လိုက်ပြီးနောက် သူ ပို၍ပင် ပျော်ရွှင်သွားသည်။
"သက်တမ်းကုန်ဖို့ သုံးနှစ်ကျော်တောင် လိုသေးတယ်"
သူသည် စည်သွပ်ဘူးတစ်ခုကို စိတ်မထိန်းနိုင်ဘဲ ဖောက်လိုက်သည်။ ပြင်းထန်သော ရနံ့သည် လျင်မြန်စွာ ပျံ့နှံ့ထွက်လာရာ လန်လင်းသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ သူသည် ချက်ချင်း တစ်ကိုက် ကိုက်စားလိုက်သည်။ ခဏတာမျှ ဝါးစားပြီးနောက် သူ၏ မျက်လုံးများသည် ချက်ချင်း လင်းလက်တောက်ပလာပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"ငရုတ်ပွနဲ့ ငါးသေတ္တာဘူးပဲ"
စည်သွပ်ဘူးငါး၏ အရသာသည် မဆိုးလှပေ။ ဆားငန်နံ့သည် အနည်းငယ် ထုံကျင်ကျင်ဖြစ်ပြီး လတ်ဆတ်ကာ ဆွဲဆောင်မှုရှိလှသည်။ ငြိမ်းချမ်းသော အချိန်များတွင်ပင် ဤအစားအစာကို ဝယ်ယူသူများစွာ ရှိခဲ့ရာ ယခုလို အသားအနည်းငယ်ပင် ဇိမ်ခံပစ္စည်းဟု သတ်မှတ်ခံရသော ဤခေတ်တွင် ဆိုဖွယ်ရာမရှိတော့ပေ။
လန်ဝေက သူ့ပခုံးကို အားမတန်စွာ ပုတ်လိုက်သည်။ "နင့်ကိုယ့်ကိုယ်ကို ကြည့်ဦး"
သူမသည် မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ အရွယ်အစားကို ကြည့်ရလျှင် စည်သွပ်ဘူးငါးအရေအတွက်သည် သူတို့မျှော်လင့်ထားသည်ထက်ပင် ပိုများနေပြီး ထို့အပြင် စည်သွပ်ဘူးသည် သက်တမ်းကြာရှည်စွာ ခံနိုင်ရည်ရှိသည်။
မမျှော်လင့်ထားသော အဖြစ်အပျက်များ မဖြစ်ပွားသရွေ့ သူတို့သည် အနည်းဆုံး နောက်သုံးနှစ်အတွက် အစားအသောက်ပြတ်လပ်မှုကို စိုးရိမ်စရာ မလိုတော့ပေ။ ဤသို့တွေးမိသောအခါ လန်ဝေသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့သည်။ သို့သော် တည်ငြိမ်နေဆဲဖြစ်သော နျဥ်ယွိယွမ်နှင့် မော့ချူးတို့ကို မြင်သောအခါ သူမသည် သူမ၏ စိတ်လှုပ်ရှားမှုကို ချုပ်တည်းလိုက်သည်။
ခဏတာမျှ စဉ်းစားပြီးနောက် လန်ဝေသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။
"ဒီလိုလုပ်ရအောင်။ မင်းတို့ ဒီမှာစောင့်နေ"
"ငါနဲ့ လန်လင်း ပြန်သွားပြီး လူခေါ်လိုက်မယ်။ သူတို့ကို ချက်ချင်းဒီကိုလာဖို့ ပြောလိုက်မယ်"
သူတို့လာခဲ့သော လမ်းသည် လမ်းကျဉ်းတစ်ခုဖြစ်သော်လည်း ကားသည် လုံးဝမောင်းဝင်၍မရပေ။ သို့သော် ၎င်းသည် ဖုတ်ကောင်အနည်းငယ်ကိုမူ ခုခံနိုင်စွမ်းရှိသည်။ လုံခြုံရေးအဆင့်မှာ မြင့်မားလှသည်။
နျဥ်ယွိယွမ် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ဤဆုံးဖြတ်ချက်သည် သူလိုချင်သည့်အတိုင်းပင် ဖြစ်သည်။
ထို့ကြောင့် လက်ထဲတွင် စည်သွပ်ဘူးအနည်းငယ်ကို ကိုင်ထားဆဲဖြစ်သော လန်လင်းသည် လန်ဝေ၏ နောက်မှ ပျော်ရွှင်စွာ လိုက်ပါကာ နောက်သို့ ပြန်ပြေးသွားခဲ့သည်။
ကြီးမားသော ထုတ်လုပ်ရေးအလုပ်ရုံထဲတွင် နျဥ်ယွိယွမ် နှင့် မော့ချူးတို့သာ ကျန်ရစ်ခဲ့သည်။
မော့ချူးသည် စည်သွပ်ဘူးများကို ငုံ့ကြည့်နေစဉ် ရုတ်တရက် အံ့အားသင့်သော 'အယ်' ဟူသော အသံတစ်ခု ထွက်လာသည်။ သူမသည် လက်ကိုဆန့်တန်းကာ သူမဘေးရှိ စည်သွပ်ဘူးတစ်ဗူးမှ အသီးတစ်ဗူးကို ထုတ်ယူလိုက်သည်။
"သစ်သီးစည်သွပ်ဘူးတောင် ရှိနေပါလား"
သေချာစဉ်းစားကြည့်လျှင် သူမသည် သစ်သီးမစားရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ အဖွဲ့ချုပ်တွင် ရှိစဉ်က သူမ သတိမထားမိခဲ့သော်လည်း ယခု ဒီကိုရောက်လာသောအခါ ရာသီပေါ်သစ်သီးများကို မဆိုထားနှင့်၊ အစားပင် ကောင်းကောင်းမစားရပေ။ ဤသည်မှာ ပျော်ရွှင်ဖွယ်ရာ အံ့အားသင့်မှုတစ်ခုဟု မှတ်ယူနိုင်သည်။
နျဥ်ယွိယွမ်သည် ဘယ်လောက်တောင် ထက်မြတ်တဲ့သူမို့လဲ။ မော့ချူး စကားမပြောမီမှာပင် သူသည် သစ်သီးစည်သွပ်ဘူးနှစ်ဗူးကို ချက်ချင်း ကောက်ယူလိုက်သည်။ ညင်သာစွာ ဆွဲဖြဲလိုက်ရုံဖြင့် စည်သွပ်ဘူး၏ မျက်နှာပြင်ကို ဖောက်ကာ မော့ချူး၏ ရှေ့တွင် ချပေးလိုက်သည်။
"လာ၊ မြည်းကြည့်"
မော့ချူးသည် မတုံ့ဆိုင်းဘဲ သစ်သီးတစ်စိတ်ကို ကောက်ယူကာ ဝါးစားလိုက်သည်။ သူမ ယခုစားနေသည်မှာ လိုင်ချီးသီးစည်သွပ်ဘူးဖြစ်သည်။ လတ်ဆတ်သော သစ်သီးများ၏ လတ်ဆတ်မှုနှင့် မယှဉ်နိုင်သော်လည်း ဘာမှမရှိသည်ထက်တော့ တော်သေးသည်။ အစားအသောက်ကြိုက်သူတစ်ယောက်သည် မည်သည့်အရာကိုမျှ ငြင်းပယ်မည်မဟုတ်ပေ။
မော့ချူး ပျော်ရွှင်သော မျက်နှာအမူအရာဖြင့် စားနေသည်ကို မြင်သောအခါ နျဥ်ယွိယွမ်လည်း မပြုံးဘဲ မနေနိုင်တော့ပေ။ သူသည် တစ်ခါတည်း လက်ကို ဝှေ့ယမ်းကာ သစ်သီးစည်သွပ်ဘူးပါသော သစ်သားသေတ္တာတစ်ဝက်ကို ခလုတ်ခုံထဲသို့ ထည့်လိုက်သည်။ ချူးလေးကြိုက်သောကြောင့် သူသည် ပိုယူသွားပြီး သူမကို အားရပါးရ စားစေမည်ဖြစ်သည်။
"ဝှစ် .." ဟူသော ညင်သာသည့် ရှိုက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဤအသံသည် လေပြေတစ်ချက်ကဲ့သို့ ပျော့ပျောင်းလှသည်။ အခြားသူသာဆိုလျှင် ဤအသံကို ကြားနိုင်မည် မဟုတ်ပေ။
ကံမကောင်းစွာပင် မော့ချူးနှင့် နျဥ်ယွိယွမ် တို့၏ အကြားအာရုံသည် အလွန်ထက်မြက်လှသည်။ ဤညင်သာသောအသံသည် သူတို့၏ နားထဲမှ အနည်းငယ်မျှပင် လွတ်မြောက်မသွားခဲ့ပေ။
မော့ချူးသည် မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီး စည်သွပ်ဘူးစားနေခြင်းကို ရပ်ကာ နျဥ်ယွိယွမ်ကို မော့ကြည့်လိုက်သည်။
နျဥ်ယွိယွမ်သည် လက်ဆန့်ကာ သူမ၏ ခေါင်းကို ပွတ်သပ်ပေးရင်း သူ၏ အကြည့်သည်လည်း နူးညံ့နေခဲ့သည်။
"ဘာမှမဖြစ်ဘူး၊ ဆက်စား"
သူ လှည့်ထွက်သွားသောအခါ သူ၏ အကြည့်သည် ချက်ချင်းပင် မဲမှောင်သွားပြီး သူ၏ တိုးတိုးလေး ရေရွတ်သံသည် လေနှင့်အတူ လွင့်ပါးသွားသည်။ "ဟက်ဟက်၊ မင်း အကြာကြီး ပုန်းနေမယ်လို့ ငါထင်နေတာ"
သူ့စကားဆုံးသည်နှင့် နျဥ်ယွိယွမ်၏ လက်ထဲမှ လေဓားသည် ရုတ်တရက် လွှဲထွက်သွားသည်။
လေဓား၏ အရှိန်သည် အလွန်မြန်ဆန်ပြီး တံခါးအပြင်ဘက်မှ လူသည် ရှောင်တိမ်းချိန်မရလိုက်ပေ။ လေဓားတစ်စင်းသည် သူ၏ ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်သွားပြီး 'ခွမ်း' ဟူသော အသံနှင့်အတူ ထိုလူသည် မကျေမနပ်ဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော် သူ၏ လည်ချောင်းမှ မပီမသ ညည်းညူသံတစ်ခု ထွက်ပေါ်နေဆဲဖြစ်ပြီး သူ၏ မျက်နှာသည် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ ပျောက်ကွယ်မသွားနိုင်ခဲ့ပေ။