← Chapters

အပိုင်း ၄၆၄

Vol. 31 Ch. 464

အပိုင်း ၄၆၄

Vol. 31 Ch. 464

လမ်းကြမ်းမောင်း ကားထဲ၌။

မော့ချူး၏ မျက်လုံးများသည် တစ်ဝက်တစ်ပျက်ပိတ်ထားလျက် သူမ ထိုင်ခုံကိုမှီထားခဲ့သည်။ သူမ၏ မျက်တောင်ရှည်လေးများက ငိုက်ကျနေပြီး မျက်လုံးအောက်တွင် အရိပ်တစ်ခု ဖြစ်ပေါ်နေသည်။ သူမ၏ စင်းလုံးချော နှာတံ၊ အနည်းငယ်စူထားသော နှုတ်ခမ်းတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် လှပသော သက်မဲ့ပန်းချီကားတစ်ချပ်နှင့် တူလှသည်။

သူမဘေးရှိ ထိုင်ခုံသည် နိမ့်ကျသွားသည်ကို ခံစားလိုက်ရသောအခါ သူမ၏ မျက်တောင်များသည် မထိန်းနိုင်ဘဲ တုန်ခါသွားခဲ့သည်။ မော့ချူး၏ ကြည်လင်သော မျက်လုံးများသည် ဆောင်းဦးရာသီ၏ ရေပြင်က လှိုင်းထနေသကဲ့သို့ ပွင့်လာသည်။

“ပြန်လာပြီလား။”

“အင်း”

နျဥ်ယွိယွမ်သည် တိုးညင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။ မော့ချူး၏ လှပသော ဘေးတိုက်မျက်နှာကို ကြည့်ရင်း သူ့အမူအရာသည်လည်း ပိုနူးညံ့လာခဲ့သည်။ သူသည် လက်ထဲမှ ပစ္စည်းများကို ဂရုတစိုက်ချလိုက်ရာ ခေါင်းအလှဆင်ပစ္စည်းများသည် ကားထိုင်ခုံတစ်ခုလုံးကို ပြည့်နှက်သွားပြီး မြင့်မားစွာပင် ပုံနေသည်။

“မင်း ဘယ်တစ်ခုကြိုက်လဲ၊ ကိုယ် မင်းကို တပ်ပေးမယ်။”

သူ၏ အကြည့်သည် ကားထိုင်ခုံပေါ်သို့ ကျရောက်သွားပြီး မော့ချူး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်... အများဆုံးသုံးသည့် အနက်ရောင် ရာဘာ ခေါင်းစည်းကြိုးကနေ တန်ဖိုးကြီးစိန် ဘီးကုပ်အထိ အရာအားလုံးရှိနေသည်။ ဆိုင်လေးတစ်ဆိုင် ဖွင့်ရန်ပင် လုံလောက်သည်။

“ရှင် ခုနက အပြင်ထွက်သွားတာ ဒါတွေယူဖို့လား။”

မော့ချူးသည် နျဥ်ယွိယွမ်အား အံ့ဩတကြီး မော့ကြည့်လိုက်သည်။ သူသည် ရှင်းရှင်းလင်းလင်းပင် အေးစက်ပြီး တင်းမာသော လူတစ်ယောက်ဖြစ်သော်လည်း အတွင်းစိတ်တွင် ဤမျှ အသေးစိတ်ကျပြီး ဂရုစိုက်တတ်သူဖြစ်မည်ဟု မည်သူထင်မည်နည်း။

နျဥ်ယွိယွမ်သည် များများစားစားမပြောဘဲ ခေါင်းကိုသာ ညင်သာစွာ ညိတ်ပြလိုက်သည်။

မော့ချူး၏ နှလုံးသားသည် နွေးထွေးသွားခဲ့ပြီး အေးသောနေ့တွင် ရေနွေးကြမ်းတစ်ခွက်ကို သောက်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ နွေးထွေးသော လေငွေ့များသည် တက်လာပြီးနောက် သူမသည် ခေါင်းငုံ့ကာ ကားထိုင်ခုံပေါ်ရှိ ခေါင်းအလှဆင်ပစ္စည်းများကို ကြည့်လိုက်သည်။ သူမ၏ လက်သည် မသိစိတ်အရ သူမ၏ ဆံပင်ကို ထိလိုက်မိသည်။

မော့ချူး၏ လှုပ်ရှားမှုအတိုင်း နျဥ်ယွိယွမ်သည်လည်း သူ၏ အကြည့်ကို သူမ၏ အနက်ရောင်ဆံပင်ရှည်ပေါ်သို့ ပို့လိုက်သည်။

ယခင်က သူသည် အခြားသူများ၏ ဆံပင်ကို အထူးတလည် ဂရုမစိုက်ခဲ့ပေ။ သို့သော် သူသည် မော့ချူး ဆံပင်ရှည်၏ ခံစားချက်ကို ရှင်းလင်းစွာ မှတ်မိနေသည်။ ဆံတစ်မျှင်ချင်းသည် ပါးလွှာပြီး အလွန်နူးညံ့ကာ အလွန်ချောမွေ့သည်။ သူမ ဆံပင်သည် ပါးလွှာသော အမွေးအမျှင်လွှာတစ်ခုနှင့် တူသည်။

“ထားလိုက်ပါတော့။”

အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးနောက် မော့ချူးသည် နောက်ဆုံးတွင် စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည်

“စခန်းပြန်ရောက်လို့ ခေါင်းလျှော်ပြီးမှ ဝတ်တော့မယ်။”

ယခင်က စခန်းတွင် ရှိနေစဉ်ကတော့ အဆင်ပြေပါသေးသည်။ သူမသည် ရေချိုးပြီး ခေါင်းလျှော်နိုင်သေးသည်။ သို့သော် တာဝန်တစ်ခုဖြင့် ထွက်လာသောအခါ သူမသည် ထိုသို့မလုပ်နိုင်တော့ပေ။ သူမသည် မည်သူမျှ သူမကို သတိမထားမိသည့်အချိန်ကို အခွင့်ကောင်းယူကာ ရေဖြင့် သူမ၏ ဆံပင်ကို အနည်းငယ်သာ သုတ်သင်နိုင်ခဲ့သည်။ အနံ့မရှိဘဲ တော်တော်လေး သန့်ရှင်းပါသည်။ သို့သော် သူမသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေရဆဲဖြစ်သည်။

ထို့အပြင် ဤမျှလှပသော ဘီးကုပ်သည် သူမ၏ ဖုန်များဖြင့်ပြည့်နေသော ဆံပင်ပေါ်တွင် မည်သို့ပင် စဉ်းစားစဉ်းစား လှပမည်မဟုတ်ပေ။

ဤသို့ကြားသောအခါ နျဥ်ယွိယွမ်သည် စိတ်ပျက်ခြင်းမရှိဘဲ ဘီးကုပ်နှင့် ခေါင်းစည်းကြိုးများကို ခလုတ်ခုံထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

အမှန်တကယ်တော့ အဖွဲ့ချုပ်တွင်လည်း ဆံပင်စည်းကွင်းများ မရှိသည်မဟုတ်ပေ။ အဖွဲ့ချုပ်တွင် အမျိုးသမီး အလွန်နည်းသော်လည်း သူတို့သုံးသော အသုံးအဆောင်များ၏ ဈေးနှုန်းများသည် များသောအားဖြင့် မယုံနိုင်လောက်အောင် မြင့်မားသည်။ တစ်ခါတစ်ရံ နားကပ်တစ်စုံ၏ ဈေးနှုန်းသည် လစာတစ်ဝက်စာ တန်ဖိုးရှိနိုင်သည်။ သို့သော် အမှန်အတိုင်းပြောရလျှင် ထိုဒီဇိုင်းများက သူခုလေးတင် ရွေးချယ်ခဲ့သော ဒီဇိုင်းများနှင့် တကယ်ပင် မယှဉ်နိုင်ပေ။

အရာအားလုံးကို ဂရုတစိုက် သိမ်းဆည်းပြီးနောက် နျဥ်ယွိယွမ်သည် ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားပြီး သူ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်။

“ဪ ဟုတ်သားပဲ၊ ခဏနေရင် ကိုယ် မင်းကို ခေါင်းလျှော်ပေးရမလား။”

“ဘာ။”

မော့ချူး ကြောင်အသွားသည်။

“ဟုတ်တယ်လေ။” နျဥ်ယွိယွမ် ၏ စိတ်ဝင်စားမှုသည် ရုတ်တရက် မြင့်တက်လာပြီး သူ့မျက်နှာသည်လည်း ကြိုးစားကြည့်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။

အဖွဲ့ချုပ်သည် ခေါင်းလျှော်ခြင်းနှင့် ရေချိုးခြင်းအတွက် အလိုအလျောက်စက်များနှင့် တစ်နေရာတည်းတွင် အပြီးအစီး ဝန်ဆောင်မှုပေးခြင်းကို အကောင်အထည် ဖော်ထားသည်။ သူတို့သည် နျဥ်ယွိယွမ်အား သူ့ အရည်အချင်းကို ပြသရန် အခွင့်အရေး လုံးဝ မပေးခဲ့ပေ။ သေချာပေါက် သူသည် ယခင်က ဤသို့မစဉ်းစားခဲ့ဖူးသော်လည်း ယခုအခါတွင်မူ သူ့ကို စိတ်ကူးတစ်ခု ရစေခဲ့သည်။

“ဒါပေမဲ့ ဒီမှာ ရေမရှိဘူးလေ။”

နျဥ်ယွိယွမ်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ရင်း မော့ချူးသည် တကယ်ပင် သူ့ကို စိတ်ဓာတ်မကျစေချင်သော်လည်း လက်ရှိအခြေအနေများက လုံလောက်မှုမရှိပေ။

“အဆင်ပြေပါတယ်။”

နျဥ်ယွိယွမ်သည် ခေါင်းခါလိုက်ပြီး သူ၏ အကြည့်များက တောက်ပနေသည်။

“ဒီကနေ ခဏသွားရင် ရွာလေးတစ်ရွာရှိတယ်။ အထဲမှာ သဘာဝစမ်းချောင်တစ်ခုရှိတာ ကိုယ် မှတ်မိတယ်။ လူတိုင်း အဲ့ဒီမှာ ခဏနားလို့ရတယ်။”

မော့ချူးသည် နျဥ်ယွိယွမ်၏ မှတ်ဉာဏ်ကို တကယ်ပင် အထင်ကြီးမိသည်။ သူတို့ ယခင်က ဤနေရာသို့ လာခဲ့စဉ်က လူတိုင်းသည် တိုးတက်မှုကို အမီလိုက်နိုင်ရန် လမ်းတစ်လျှောက်လုံး အလျင်စလို သွားခဲ့ကြသည်။ နျဥ်ယွိယွမ်သည် လမ်းတစ်လျှောက် အခြေအနေများကို မှတ်တမ်းတင်ထားမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ တကယ်ပင် အံ့ဩစရာကောင်းလှသည်။

ဟုတ်ပါတယ်၊ နျဥ်ယွိယွမ်သည် ဤအကြံပြုချက်ကို သူ၏နောက်မှ အမဲလိုက် အဖွဲ့ဝင်များထံ သတင်းပို့စက်ဖြင့် ပေးပို့လိုက်သောအခါ သူတို့သည် ချက်ချင်း အားပေးသံများဖြင့် ကြိုဆိုကြပြီး မဲအားလုံးမှာ ထောက်ခံသည့်ဘက်မှပင်။

သူတို့သည် မော့ချူးကဲ့သို့ သူမ၏ ရေဓာတ်စွမ်းအင်ကို အသုံးချနိုင်သူများ မဟုတ်ပေ။ ရက်ပေါင်းများစွာ ကြာပြီးနောက် သူတို့၏ ခန္ဓာကိုယ်များသည် ဖုန်လွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ခံစားနေရသည်။ ယခုအခါ သူတို့သည် အနားယူပြီး ရေချိုးနိုင်မည်ဟု ကြားသိရသောအခါ မည်သို့ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။

သို့ဖြင့် သူတို့တစ်ဦးချင်းစီသည် တက်ကြွစွာဖြင့် ကားမောင်းထွက်သွားကြပြီး ပျော်လွန်း၍ ခုန်မတတ်ပင် ဖြစ်နေကြသည်။

မကြာမီပင် သူတို့ နျဥ်ယွိယွမ် ပြောသော ရွာသို့ ရောက်ရှိသွားကြသည်။ သူတို့ရှေ့မှ ကြည်လင်သော စမ်းချောင်းသည် အမှန်ပင် အလွန်ကြည်လင်နေသည်။

နျဥ်ယွိယွမ်သည် စမ်းချောင်းကို အိုးတစ်လုံး အထူးတလည် ယူဆောင်လာပြီး ပွက်ပွက်ဆူအောင်တည်ကာ မော့ချူး ခေါင်းလျှော်ရန် ရေအေးနှင့် ရောစပ်လိုက်သည်။

အစပိုင်းတွင် မော့ချူးသည် ဤမျှ ဒုက္ခခံရန် မလိုအပ်ဟု ခံစားမိသည်။ နေသာသော နေ့ဖြစ်သောကြောင့် ရေအေးဖြင့် လျှော်ခြင်းသည်ပင် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

နောက်ဆုံးတွင် မော့ချူး စကားမဆုံးမီမှာပင် နျဥ်ယွိယွမ်က ယုံကြည်ချက်ရှိစွာဖြင့် ဖြတ်ပြောလိုက်သည်။

သူမ ပထမဆုံးအကြိမ် ရာသီလာစဉ် ကိုက်ခဲခြင်းခံစားရသည့်အခါ သူသည် အချက်အလက်များကို အထူးတလည် ရှာဖွေပြီး အကြိမ်ပေါင်းများစွာ လေ့လာခဲ့သည်။ သူသည် ထိုအချက်အလက်များကို အလွတ်ကျက်မှတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အချက်အလက်များတွင် အမျိုးသမီးများသည် ရေအေးကို ရှောင်ကြဉ်ပြီး ပုံမှန် အစားအသောက်နှင့် အိပ်စက်ခြင်းကို ထိန်းသိမ်းရန် အကောင်းဆုံးဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

ဤကိစ္စအတွက်ပင် သူသည် ကျုံးဝမ်ဆီ အထူးတလည် သွားရောက်တိုင်ပင်ခဲ့သည်။ ကျုးဝမ်သည် ရယ်ရမည်လော၊ ငိုရမည်လော မသိတော့ပေ။ ပြောပါဦး၊ သူသည် ရောဂါကုသမှုဆိုင်ရာ လေ့လာမှုတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း နျဥ်ယွိယွမ်၏ အတင်းအကြပ်ခိုင်းစေမှုကြောင့် အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်မှု အဆင့်သို့ ဝင်ရောက်ခဲ့ရသည်။

သူတို့နှစ်ဦး၏ ဤအခြေအနေကို မြင်တွေ့ရသောအခါ ခေါင်းလျှော်တော့မည့် လန်ဝေသည် မထိန်းနိုင်ဘဲ ခြေလှမ်းများ ရပ်တန့်သွားသည်။ သောက်ကျိုးနည်း! သူမသည် ရုတ်တရက် သူမဘေးတွင် ယောကျ်ားတစ်ယောက် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ သူမ ဘာဖြစ်နေတာလဲ။

နောက်ဆုံးတွင် မော့ချူးသည် နျဥ်ယွိယွမ်ကို မငြင်းဆန်နိုင်တော့ပေ။ သူမသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် တစ်ဝက်တစ်ပျက် လှဲလျောင်းရင်း နျဥ်ယွိယွမ်၏ ဝန်ဆောင်မှုကို ခံယူလိုက်သည်။

နေရောင်သည် နှစ်ဖက်ရှိ သစ်ပင်များကြားမှ သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။ နွေးထွေးပြီး သက်သောင့်သက်သာရှိလှသည်။

နျဥ်ယွိယွမ်၏ လှုပ်ရှားမှုများသည် အလွန်နူးညံ့သည်။ ပထမဦးစွာ သူသည် မော့ချူး၏ ဆံပင်ကို ရေနွေးနွေးဖြင့် စိုစွတ်စေသည်။ ထို့နောက် သူသည် သူမ၏ ဦးခေါင်းကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်တိုက်ပေးသည်။ သူသည် မကြာခဏ မေးမြန်းတတ်သေးသည်။

“နာလား။ ကိုယ် အရမ်းအားသုံးမိနေလား။”

မမျှော်လင့်ဘဲ နျဥ်ယွိယွမ်သည် သူ၏ လှုပ်ရှားမှုများတွင် ကျွမ်းကျင်မှုမရှိသော်လည်း မဆိုးလှပေ။ သူသည် သူ၏အားကို သင့်လျော်စွာ ထိန်းချုပ်ထားသည်။ ဆံပင်များ လုံးဝစိုစွတ်သွားသောအခါ နျဥ်ယွိယွမ်သည် ဘေးမှ ဆပ်ပြာသီးတစ်လုံးကို ကောက်ယူလိုက်သည်။

ဤအကြောင်းနှင့် ပတ်သက်လျှင် လောင်ပိုင်ကို ပြောရပေမည်။

ဤသူသည် အမှန်ပင် ဗဟုသုတကြွယ်ဝသည်။ မည်သူမျှ ခေါင်းလျှော်ရည် မယူဆောင်လာခဲ့ကြပေ။ အထူးသဖြင့် ဆံပင်အဆီပြန်တတ်သော လန်ဝေသည် အခုတော့ အခက်အခဲကြီးစွာနှင့် ကြုံတွေ့နေရသည်။

ထို့နောက် လောင်ပိုင်သည် စိတ်လှုပ်ရှားစွာ ထွက်လာပြီး ထိုနေရာတဝိုက် လျှောက်သွားခဲ့သည်။ သူသည် အနီးအနားရှိ ဆပ်ပြာသီးပင်မှ ဆပ်ပြာသီးအနည်းငယ်ကို ခူးယူကာ ကြိတ်ချေပြီး သူ၏ ဦးခေါင်းပေါ်တွင် ပွတ်တိုက်လိုက်သည်။ အသန့်စင်ဆုံး သဘာဝခေါင်းလျှော်ရည်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။

သူသည် ကြိတ်ချေထားသော ဆပ်ပြာသီးများကို မော့ချူး၏ ဦးခေါင်းပေါ်တွင် ညင်သာစွာ ပွတ်တိုက်ပေးရာ နို့နှစ်ရောင်အမြှုပ်များက မကြာမီ ထွက်ပေါ်လာခဲ့သည်။ သူသည် ဆံပင်ကို ဘောလုံးကဲ့သို့ စုစည်းကာ ဂရုတစိုက် လျှော်ပေးသည်။ သူ၏ လှုပ်ရှားမှုများသည် နူးညံ့ပြီး ဂရုတစိုက်ရှိလှသည်။

သူ လျှော်လို့ပြီးခါနီးတွင် သူသည် ရေကို ခပ်ယူကာ ဆံပင်ရှည်တစ်လျှောက် လောင်းချပေးလိုက်သည်။

မော့ချူးသည် ခေါင်းစောင်းလိုက်ရာ သူမ၏ အနည်းငယ် မီးခိုးရောင်သန်းနေသော ခေါင်းလျှော်ရည်ကို မြင်တွေ့နိုင်သည်။ သူမ၏ မျက်နှာသည် မထိန်းနိုင်ဘဲ နီရဲသွားခဲ့သည်။ ဤရက်များအတွင်း သူမသည် ပြေးလွှားခုန်ပေါက်နေခဲ့သည်။ သူမ၏ ဦးခေါင်းသည် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေပြီး ဆံပင်မှရေသည် သူ့အပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။ သူမသည် မကြာခဏ ဆံပင်ကို ဆေးသော်လည်း များစွာ အသုံးဝင်မည်မဟုတ်ပေ။

သို့သော် နျဥ်ယွိယွမ်သည် လုံးဝဂရုမစိုက်ပုံရသည်။ သူသည် ရေကို သူမ၏ ဆံပင်ထဲသို့ ညင်သာစွာ လောင်းထည့်ပြီး ပွတ်တိုက်ပေးသည်။ အလွန် သက်သောင့်သက်သာရှိလှသဖြင့် ညည်းညူချင်စိတ်ပင် ပေါက်လာရသည်။

မော့ချူးသည် မျက်လုံးများကို မှိတ်ထားပြီး အနည်းငယ် ပြုံးလိုက်သည်။

အချိန်အတော်ကြာသွားသကဲ့သို့ ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားသကဲ့သို့လည်း ထင်ရသည်။

ရေနွေးအိုးတစ်အိုး ကုန်သွားကာ နျဥ်ယွိယွမ်၏ ခေါင်းလျှော်သမားလေးဘဝသည်လည်း အဆုံးသတ်သွားသည်။

“ပြီးပြီ။”

နျဥ်ယွိယွမ်သည် သူ၏ လက်ရာကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။ သူမ၏ တောက်ပသော အနက်ရောင်ဆံပင်သည် ခေါင်းလျှော်ထားသောကြောင့် နေရောင်ခြည် ကျရောက်သောအခါ တောက်ပနေသကဲ့သို့ ထင်ရသည်။

အနည်းငယ်မော့ကြည့်လိုက်ရာ နျဥ်ယွိယွမ်သး မထိန်းနိုင်ဘဲ ရပ်တန့်သွားသည်... ဆံပင်မှ ရေများသည် ဆံပင်တစ်လျှောက် မော့ချူး၏ လည်ပင်းနှင့် ရင်ဘတ်သို့ စီးကျသွားသည်။ သူမ၏ နွေရာသီအဝတ်အစားများသည် အတော်လေး ပါးလွှာနေပြီး ရေအနည်းငယ် စိုသွားသောအခါ ချက်ချင်း အတွင်းကိုမြင်နိုင်လောက်အောင် ဖြစ်သွားသည်။

သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေမှာ ဖောင်းအိနေပြီး ပြည့်တင်းနေသည်။ ဤထောင့်မှ ကြည့်လျှင် သူသည် ရှေ့မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သူ့လည်ချောင်းသည် ရုတ်တရက် အပေါ်အောက်လိမ့်သွားခဲ့သည်။

နျဥ်ယွိယွမ်သည် မီးလောင်နေသကဲ့သို့ ရုတ်တရက် ထရပ်လိုက်သည်။

“အင်း... ကိုယ်လည်း ရေသွားချိုးတော့မယ်။”

ဤသို့ပြောပြီးနောက် နျဥ်ယွိယွမ်သည် နောက်ဘက်သို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

ဤစမ်းချောင်းသည် ရေစီးကြောင်းအထက်ပိုင်းနှင့် အောက်ပိုင်းဟူ၍ ကွဲပြားနေသည်။

ယောကျ်ားအနည်းငယ်သည် ရေစီးကြောင်းအောက်ပိုင်းတွင် ရေချိုးနေကြသောကြောင့် သူတို့အတွက် အဆင်ပြေသည်။ သူတို့သည် အဝတ်အစားများချွတ်၊ ခေါင်းလျှော်၊ ရေချိုးပြီး အဝတ်အစားများ လျှော်ဖွပ်ကြသည်။ နျဥ်ယွိယွမ်သည် အခုပင် သူတို့နှင့် ပူးပေါင်းရန် အသင့်ဖြစ်နေပြီ။

ရေစီးကြောင်းအောက်ပိုင်းတွင်။

“ဟေး။”

အလယ်တွင်ရပ်နေသော လန်လင်းသည် ရုတ်တရက် တိုးညင်းစွာ အော်လိုက်သည်။ သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ဘာလို့ သူ့ ခြေထောက်ကို တစ်စုံတစ်ခုက ကိုက်လိုက်သလို ခံစားနေရတာလဲ။ " သေစမ်း။ ဒါဘာကြီးလဲ။"

All Chapters