← Chapters

အပိုင်း ၄၈၁

Vol. 33 Ch. 481

အပိုင်း ၄၈၁

Vol. 33 Ch. 481

စုန့်ထျန်ချန်း၏ ခံစားချက်ကို မည်သူမျှ မသိသော်လည်း အဘိုးချင်၏ မျက်နှာမှာမူ ထုံးစံအတိုင်း ပြုံးရွှင်သော မျက်နှာထားသို့ ပြန်ရောက်ရှိသွားခဲ့သည်။

'အိုက်ယား၊ နျဥ်ယွိယွမ် ပြန်လာပြီလား။'

'မဆိုးဘူး။ သူပြန်လာတဲ့ အချိန်က ကွက်တိပဲ။'

သူသည် သူ့မိတ်ဆွေဟောင်းအား ချီတုံချတုံမဖြစ်ဘဲ တန်းပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။

"နျဥ်ယွိယွမ်ကို မြန်မြန်ဆက်သွယ်လိုက်။ စစ်ရေးလေ့ကျင့်မှုကို ငါတို့ နှောင့်နှေးလို့မဖြစ်ဘူး။"

အဘိုးချင်က သူနှင့်သူ့မြေးကြားက ပထမဆုံး ဗီဒီယိုကောလ် ခေါ်ဆိုမှု ကို လုယူသွားသည့်အတွက် သူဒေါသထွက်နေသော်လည်း အကြီးအကဲနျဥ်မှာမူ အရေးကြီးသည့်အရာနှင့် ပိုအရေးကြီးသည့်အရာကို ခွဲခြားသိမြင်နိုင်ပေသည်။ သူသည် ထိုလူအိုကြီးကို စူးစိုက်ကြည့်ကာ သူ့မြေးနံပါတ်ကို ခေါ်ဆိုလိုက်သည်။

သူတို့နှစ်ဦးသည် ခေတ္တခဏ ရယ်မောစကားပြောခဲ့ကြသော်လည်း အသေးစိတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။ သို့သော် ထိုနောက်ပိုင်းတွင် မူလက စိုးရိမ်ပူပန်နေခဲ့ကြသော ပါဝင်သူများသည် စိတ်ငြိမ်ဆေး သောက်ထားသကဲ့သို့ ဖြစ်သွားကြပြီး သူတို့၏ လမ်းလျှောက်ပုံများမှာ ပို၍ပင် ယိမ်းထိုးနေတော့သည်ဟု ဆိုကြသည်။

ထိုအချိန်တွင် ပေါ့ဟိုင်းပင်လယ်၌ ဉာဏ်ပညာတိမ်တိုက် ဂလက်စီဆီမှ ပြင်းထန်သော တိုက်ခိုက်မှုလှိုင်းတစ်ခုကို ထပ်မံရရှိခဲ့သည်။

"မင်း ဘာပြောလိုက်တယ်?!"

စီမံရေးအခန်းထဲတွင် စုန့်ဟောက်သည် သူ့လက်အောက်ငယ်သားများ ထောက်လှမ်းသိရှိခဲ့သည့် အခြေအနေကို မယုံနိုင်စွာ နားထောင်နေခဲ့ပြီး သူ့ခန့်ညားသောမျက်နှာမှာ ဒေါသကြောင့် အနည်းငယ် ပုံပျက်နေခဲ့သည်။

"တပ်မှူးကို သတင်းပို့ပါတယ်!"

တစ်ဖက်မှစစ်သား၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုအနည်းငယ်က မထိန်းနိုင်ဘဲ ပေါ်လွင်နေခဲ့သည်။ "စမ်းသပ်မှုရလဒ်တွေအရ ဉာဏ်ပညာတိမ်တိုက် ဂလက်စီ ရဲ့ စစ်အင်အားစုတွေက ဧရိယာ အေ မှာ ရုတ်တရက်ပေါ်လာပြီး ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မီတာ ၁၀၀၀၀ အောက် အကွာအဝေးမှာ ရှိနေပါတယ်ခင်ဗျာ။"

ဧရိယာ အေ?

စုန့်ဟောက်သည် သူ့စစ်ဦးထုပ်ကို ချွတ်ပြီး ခေါင်းကို ပြင်းထန်စွာ ကုတ်လိုက်သည်။ တစ်ညလုံး မအိပ်ထားသောကြောင့် သူ့မျက်လုံးများမှာ နီရဲနေခဲ့ပြီး သွေးကြောများကိုပင် ရှင်းလင်းစွာ မြင်နေရသည်။

'ဒါဘယ်လိုတောင် သောက်ကျိုးနည်းတဲ့ ပြဿနာလဲ?!'

ဧရိယာ အေ၏ နောက်ကျောဘက်သည် ပေါ့ဟိုင်းပင်လယ်နှင့် တိုက်ရိုက်ဆက်သွယ်ထားပြီး ဘေးနှစ်ဖက်ရှိ သိပ်သည်းသော တောအုပ်များမှာ မှော်အပင်များဖြင့် ဖုံးလွှမ်းနေသည်ကို သိထားရမည်ဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် အဖွဲ့ချုပ်အတွက် သဘာဝအတားအဆီးတစ်ခုဟု ဆိုနိုင်သည်။

ပုံမှန်အားဖြင့် အခြေခံအသိအမြင်ရှိသော တပ်မှူးများအနေဖြင့် ဤနေရာမှ ရုတ်တရက် တိုက်ခိုက်ရန် ရွေးချယ်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ မှော်အပင်များနှင့် မှော်သားရဲများသည် စစ်သားတစ်ဦးဖြစ်ရုံမျှဖြင့် အထူးဦးစားပေးဆက်ဆံခံရမည် မဟုတ်ပေ။ ဒါပေမယ့် ခုကျ ဘာတွေဖြစ်နေတာလဲ?

အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် စုန့်ဟောက် မှာ ဤအဖြစ်အပျက်၏ အကြောင်းနှင့်အကျိုးကို စဉ်းစားရန် အချိန်မရှိခဲ့ပေ။ သူက ဆက်မေးလိုက်သည်။

"ဒါဆို တစ်ဖက်က ဧရိယာ အေ ထဲကို စစ်သားဘယ်လောက်လွှတ်လိုက်တာလဲ။"

လက်အောက်စစ်သားသည် ခေတ္တမျှရပ်တန့်သွားပြီးနောက် အတန်ကြာမှ ခေါင်းကိုတောင့်တောင့်ကြီးခါယမ်းလိုက်သည်။ သူ့အသံမှာ အနည်းငယ် မရှင်းမလင်းဖြစ်နေခဲ့သည်။

"ဉာဏ်ပညာတိမ်တိုက် ဂလက်စီ ဘက်က အဆင့်မြှင့်တင်ထားတဲ့ ကာကွယ်ရေးစနစ်ကို သုံးထားတာဖြစ်သင့်တယ်။ ကျွန်တော်တို့ရဲ့ စက်က... တိကျတဲ့အချက်အလက်တွေကို ရှာမတွေ့နိုင်ပါဘူး။"

အမှန်တကယ်တွင် လွန်ခဲ့သောရက်အနည်းငယ်က အထက်အရာရှိများဆီမှ အချိန်မီပို့ပေးခဲ့သော နောက်ဆုံးပေါ် ထောက်လှမ်းရေးကိရိယာသာ မရှိခဲ့ပါက ရန်သူက ရုတ်တရက်ပြင်းထန်စွာ တိုက်ခိုက်လာသည့်အခါ သူတို့တွေ့ရှိခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် နည်းပညာသည် ထုတ်လုပ်မှုစွမ်းအား၏ ပထမဆုံးအရင်းအမြစ်ဖြစ်သည်။ ဤစကားသည် နှစ်တစ်ထောင်ကြာပြီးသည့်တိုင် ယိမ်းယိုင်မသွားသော ဥပဒေတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

ထိုစကားကို ကြားသောအခါ စုန့်ဟောက် မျက်မှောင်ပိုကုတ်သွားသည်။

စီမံရေးစင်တာငယ်လေးထဲတွင် အခေါက်အနည်းငယ် ပတ်၍ လမ်းလျှောက်ပြီးသည့်နောက်တွင်ပင် စုန့်ဟောက်သည် အမိန့်ကို စောင့်ဆိုင်းနေသော စစ်သားများ၏ မျက်စိကို လည်သွားစေခဲ့သော်လည်း ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်သေးပေ။

ယခင်က သူသည် လုံလောက်စွာ မစဉ်းစားမိခဲ့သောကြောင့် ရန်သူ၏ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရသည်။ သူသည် စစ်သားတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည်။ ယခု သူသည် မဆင်မခြင်ပြုမူရန် မဝံ့ရဲတော့ပေ။

တိုက်ခိုက်မည့် လူအရေအတွက် အတိအကျမရှိဘဲ သူ့ဘက်မှ တပ်ဖြန့်မှုနှင့် တန်ပြန်တိုက်ခိုက်မှုတို့သည် ချက်ချင်းပင် ဆူးငြောင့်ခလုတ်ဖြစ်သော ပြဿနာတစ်ခုဖြစ်လာသည်။

အကယ်၍ ဉာဏ်ပညာတိမ်တိုက် ဂလက်စီသည် ဧရိယာ အေ မှ လူအများအပြားဖြင့် တိုက်ခိုက်လာပြီး သူတို့ဘက်က တပ်ဖွဲ့ဝင်အနည်းငယ်သာ စေလွှတ်ခဲ့လျှင် ရန်သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်မည် မဟုတ်သည်မှာ သေချာသည်။ သူတို့က ဧရိယာ အေ ကို လိုက်သွားခဲ့လျှင် ဉာဏ်ပညာတိမ်တိုက် ဂလက်စီ၏ လူများက စီမံရေးစင်တာထဲသို့ ဝင်ရောက်လာနိုင်ပြီး ထိုအချိန်တွင် သူတို့၏ အခြေစိုက်စခန်းတစ်ခုလုံးပင် ဖျက်ဆီးခံရနိုင်သည်!

သို့သော် အကယ်၍ ဉာဏ်ပညာတိမ်တိုက် ဂလက်စီက ဧရိယာ အေ မှ လူအနည်းငယ်ဖြင့် တိုက်ခိုက်လာပြီး သူတို့က တပ်ဖွဲ့ဝင်အများအပြားကို စေလွှတ်လိုက်ပါက ဉာဏ်ပညာတိမ်တိုက် ဂလက်စီ၏ လူများသည် တစ်နေရာရာမှ ရုတ်တရက်ပေါ်ထွက်လာပြီး သူတို့၏ စစ်အင်အားနည်းပါးမှုကို အခွင့်ကောင်းယူကာ သူတို့ကို ပြင်းထန်စွာ အလဲထိုးသွားနိုင်သည်!

ဒါက ရှေ့တိုးရခက် နောက်ဆုတ်ရခက် အကျပ်ရိုက်စရာ အခြေအနေတစ်ခုပင်ဖြစ်သည်။

စုန့်ဟောက်သည် စိုးရိမ်ပူပန်နေသော်လည်း လက်အောက်မှ စစ်သားများမှာမူ ပို၍ပင် စိုးရိမ်ပူပန်နေကြသည်။

ဒီအချိန်တွင် အခြေအနေမှာ အလွန်အရေးကြီးနေသောကြောင့် အခြေခံအကျဆုံးဖြစ်သော ‘တပ်မှူးကို သတင်းပို့ပါသည်’ ဟူသော စကားလုံးများပင် လျစ်လျူရှုခံခဲ့ရသည်။

"ရန်သူက ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ မီတာ ၈၀၀၀ ပဲ ကွာတော့တယ်... မီတာ ၆၀၀၀... မီတာ ၅၀၀၀ အောက်ပဲ ကွာတော့တယ်!"

ဘေးမှ အဆက်မပြတ်တိုက်တွန်းသံများကို ကြားနေရသဖြင့် စုန့်ဟောက်၏ စိတ်မှာ ချည်လုံးတစ်လုံးကဲ့သို့ ရှုပ်ထွေးနေခဲ့သည်။ သူသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

"ဒီလိုလုပ်၊ မင်း ဧရိယာ အေ ထဲကို စစ်သား ၃၀၀၀ အရင်လွှတ်ဖို့ အမိန့်ပေးလိုက်..."

"မလိုဘူး!"

သူစကားမဆုံးမီမှာပင် စီမံရေးအခန်းတံခါးပွင့်လာပြီး ယောက်ျားတစ်ဦး၏ အသံက သူ့အမိန့်ကို ဖြတ်ပြောလိုက်သည်။

ဒေါသထွက်နေတုန်း တစ်စုံတစ်ယောက်က လှံထိပ်နှင့်မှ တိုက်မိဖို့ ရောက်လာသည့်အခါ စုန့်ဟောက်မှာ စိတ်မထိန်းနိုင်တော့ပေ။ သူသည် မျက်ခုံးပင့်ပြီး ဆူပူလိုက်သည်။

"မင်း စည်းကမ်းမသိဘူးလား။ ဒီစီမံရေးအခန်းထဲကို မင်းထင်သလို ဝင်ထွက်သွားလာလို့ရတယ် ထင်နေတာလား။ သတင်းပို့ရမယ်ဆိုတာ မသိဘူးလား။ မင်းက ဘယ်အဖွဲ့ကလဲ..."

စကားရှည်ကြီးတစ်ခွန်းပြောပြီးနောက် သူ လှည့်ကြည့်လိုက်ရာ ရောက်လာသူကို မြင်လိုက်ရသည်။

ကွပ်ကဲရေးအခန်း၏ တံခါးပွင့်နေပြီး ရောက်လာသူမှာ တံခါးဝတွင် ရပ်နေခဲ့သည်။

သူ၏ ထင်ရှားပေါ်လွင်သော မျက်နှာသွင်ပြင်၊ ခန့်ညားပြီး သန်မာသော ပုံစံနှင့် သူ့ကိုယ်ပေါ်သို့ နေရောင်ခြည်ကျရောက်နေမှုတို့က သူ့ကို ခဏတာမျှ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်သွားစေသည်။

သူ့နောက်မှ စစ်သား၏ မျက်လုံးများက အရောင်တောက်သွားပြီး သူ့မျက်လုံးများကို သူကိုယ်တိုင်ပင် မယုံနိုင်သကဲ့သို့ စကားထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောဆိုလိုက်သည်။ သူသည် ကြောင်တောင်တောင်ဖြင့် မျက်လုံးများကို အကြိမ်အနည်းငယ်ပင် ပွတ်သပ်လိုက်သည်။

"မာရှယ်... မာရှယ်နျဥ်"

"အင်း။"

နျဥ်ယွိယွမ်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် အတွင်းသို့ဝင်လာခဲ့သည်။ သူသည် သာကြောင်း မာကြောင်း စကားပိုများပြောရန် စိတ်မဝင်စားဘဲ တန်းမေးလိုက်သည်။ "ဧရိယာ အေ မှာ ကာကွယ်ရေးတပ်သား ဘယ်လောက်ရှိလဲ။"

ပေါ့ဟိုင်းပင်လယ်ရှိ လုံခြုံရေးတပ်ဖြန့်မှုသည်လည်း နျဥ်ယွိယွမ်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသောကြောင့် သူသည် ဤဒေသ၏ ပထဝီဝင်ဆိုင်ရာ ဖြန့်ကျက်မှုကို သဘာဝကျကျပင် ရှင်းလင်းစွာသိရှိနေသည်။ ထို့အပြင် လူအိုကြီးက သူ့ဆီသို့ စစ်ရေးလေ့ကျင့်မှု၏ အသေးစိတ်အချက်အလက်များကို ပို့ပေးထားပြီးဖြစ်သည်။ ဤနေရာသို့ လာရာလမ်းတွင် နျဥ်ယွိယွမ်သည် ထိုအချက်အလက်များကို ဂရုတစိုက် ကြည့်ရှုပြီးဖြစ်သည်။

နျဥ်ယွိယွမ်၏ တည်ကြည်သော မျက်နှာအမူအရာကိုမြင်သောအခါ စစ်သားသည်လည်း သူ့နှလုံးသားထဲမှ အလွန်အမင်းဝမ်းမြောက်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို သတိဖြင့်ထိန်းချုပ်လိုက်ပြီး လေးလေးနက်နက်ဖြေကြားလိုက်သည်။

"၃၀၀ ပဲရှိပါတယ်"

လူ ၃၀၀... နှစ်စက္ကန့်မျှတိတ်ဆိတ်သွားပြီးနောက် နျဥ်ယွိယွမ် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ "အဖွဲ့ S နဲ့ ငါ့ကို ဧရိယာ အေ ဆီ ချက်ချင်းပို့ပေး။"

အဖွဲ့ S သည် ပေါ့ဟိုင်းပင်လယ်တွင် အမြဲတမ်း တပ်စွဲထားသော စစ်သားများဖြစ်သည်။ ထိုအဖွဲ့ကို နျဥ်ယွိယွမ်၏ လက်ထဲမှ ထက်မြက်သော ဓားတစ်လက်ဟု မှတ်ယူနိုင်သည်။ အဓိကအချက်မှာ သူတို့သည် ပေါ့ဟိုင်းပင်လယ်ရှိ အခြေအနေကို နှလုံးသားထဲမှ အလွတ်ရနေခြင်းဖြစ်သည်။ ဤအချက်တစ်ခုတည်းကပင် အားသာချက်တစ်ခုဖြစ်နေပြီးဖြစ်သည်။

"ခင်ဗျားလည်း လိုက်သွားမလို့လား။ ဒါက သိပ်မကောင်းဘူးထင်တယ်..."

ထိုစကားကိုကြားသောအခါ စစ်သားသည် မအံ့ဩဘဲမနေနိုင်ဘဲ အံ့အားသင့်စွာပြောလိုက်သည်။ နောက်ဆုံးတော့ တပ်မှူးကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသည့် စစ်ရေးလေ့ကျင့်မှုမျိုး ဘယ်မှာရှိမည်နည်း။

သို့သော် နျဥ်ယွိယွမ်၏ အနည်းငယ် မှုန်ကုပ်နေသော မျက်နှာအမူအရာကို မြင်သောအခါ စစ်သားသည် သူ့စကားမဆုံးသေးသော စကားလုံးများကို နာခံစွာမျိုချလိုက်ပြီး ချက်ချင်းလှည့်ထွက်သွားသည်။

"ဟုတ်ကဲ့! ကျွန်တော်နားလည်ပါပြီ။ သူတို့ကို ချက်ချင်းအကြောင်းကြားလိုက်ပါ့မယ်။"

အမိန့်နာခံခြင်းသည် အဖွဲ့ချုပ်၏ စစ်ဘက်ဆိုင်ရာဥပဒေများ၏ ဒုတိယစည်းမျဉ်းဖြစ်သည်။ မည်သည့်စစ်သားမဆို လိုက်နာရမည်ဖြစ်သည်။

ပထမစည်းမျဉ်းမှာမူ နိုင်ငံတော်ကို ကာကွယ်ရန်နှင့် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ၏ လုံခြုံရေးကို ကာကွယ်ရန်ဖြစ်သည်။

အဖွဲ့ S သည် အလွန်လျင်မြန်သည်။ သူတို့သည် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်မပြည့်မီမှာပင် ရောက်ရှိလာခဲ့သည်။ နျဥ်ယွိယွမ်၏ ပုံရိပ်ကို မြင်သောအခါ သူတို့၏ မျက်လုံးများက အရောင်တောက်သွားကြသည်။ 'အိုက်ယား၊ ဘော့စ်၊ ခင်ဗျား နောက်ဆုံးတော့ ပြန်လာပြီ!'

နျဥ်ယွိယွမ်သည် ဤအချိန်တိုအတွင်းတွင် မော့ချူး၏ နူးညံ့သောမျက်နှာလေးကို ပွတ်သပ်ရန် အချိန်ယူပြီး ညင်သာစွာပြောလိုက်သည်။

"စိတ်မပူနဲ့၊ ကိုယ် ခဏနေ ပြန်လာခဲ့မယ်။"

သူသည် သူ့အချစ်ကိုပြသရာတွင် အားမနာတမ်းဖြစ်နေခဲ့ပြီး စီမံရေးအခန်းထဲမှ လူပျိုကြီးအုပ်စုမှာမူ မနာလို၍ မျက်လုံးစိမ်းနေကြတော့သည်။

"ဟုတ်ကဲ့။"

မော့ချူးသည် နာခံစွာ ခေါင်းညိတ်လိုက်ပြီး နျဥ်ယွိယွမ် ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

သူ့ဘေးတွင်ရှိသော စုန့်ဟောက်က နောက်ဆုံးတွင် မေးလိုက်သည်။

"ခင်ဗျားသွားပြီဆိုရင် တခြားစီစဉ်ဖို့တွေကရော ဘယ်လိုလုပ်မလဲ။ ဉာဏ်ပညာတိမ်တိုက် ဂလက်စီက ဒီအချိန်မှာ ရုတ်တရက်တိုက်ခိုက်လာရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ။"

သူ့အမြင်အရ တပ်မှူးတစ်ယောက်အနေဖြင့် အရေးကြီးဆုံးအရာမှာ အလုံးစုံအခြေအနေကို ညှိနှိုင်းနိုင်ရန်ဖြစ်ပြီး ဗိုလ်ချုပ်တစ်ဦးကဲ့သို့ တိုက်ပွဲကို ဦးဆောင်ရန်မဟုတ်ပေ။ နျဥ်ယွိယွမ်သည် ဘာက အရေးကြီးသည်ကို မသိပေ။

ဤလုပ်ရပ်သည် စုန့်ဟောက်ရဲ့ နျဥ်ယွိယွမ်အပေါ် ပထမဆုံးအထင်အမြင်က အနည်းငယ် စိတ်ပျက်သွားစေသည်ဟု ဆိုရမည်ဖြစ်သည်။

ထိုစကားကိုကြားသောအခါ နျဥ်ယွိယွမ်၏ ခြေလှမ်းများက အနည်းငယ်ရပ်တန့်သွားသည်။ သူ ခေါင်းကိုလှည့်လိုက်ရာ ထင်ရှားပေါ်လွင်သော သူ့မျက်နှာဘေးတစ်ခြမ်းကို မြင်လိုက်ရသည်။

"အဲ့လိုဖြစ်မှာမဟုတ်ဘူး။ ဒီအချိန်အတောအတွင်းမှာ သူတို့ သေချာပေါက် မတိုက်ခိုက်ရဲဘူး။"

သူသည် စကားလုံးတစ်လုံးချင်းစီကို ပုံမှန်မဟုတ်သော ခိုင်မာမှုဖြင့် ပြောဆိုခဲ့သည်။

"ဘာကြောင့် အဲ့လိုထင်ရတာလဲ..." စုန့်ဟောက်က ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူ့မေးခွန်းမဆုံးခင်မှာပင် နျဥ်ယွိယွမ်၏ စကားများက သူ့ကို အောင်မြင်စွာ ပိတ်ဆို့လိုက်သည်။

"အချိန်က အရေးကြီးတယ်၊ ပြန်လာမှ အသေးစိတ်ဆွေးနွေးကြတာပေါ့။"

All Chapters