← Chapters

အပိုင်း ၄၉၀

Vol. 33 Ch. 490

အပိုင်း ၄၉၀

Vol. 33 Ch. 490

"အာဝူးးး အာဝူးးးး..." အရမ်းခံစားလို့ ကောင်းတာပဲ၊ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။

မက်ချာ၏ ခြေထောက်များကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း ဝိုင်းဝိုင်း၏ တောက်ပသော အနီရောင်မျက်လုံးတစ်စုံသည် ပြူကျယ်နေပြီး သူ၏မျက်လုံးများသည် တောက်ပစွာ လင်းလက်နေသည်။

ဤမျှမြင့်မားသောအရှိန်ဖြင့် ပျံသန်းရခြင်း၏ စိတ်လှုပ်ရှားမှုကို သူ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်နိုင်ပေသည်။ ထိုကောင်လေးသည် လုံးဝမကြောက်ပေ။

သူသည် အလွန်အမင်း ပျော်မွေ့နေပုံရပြီး သူ၏တစ်ကိုယ်လုံးသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။

ဒီအိမ်မွေးတိရစ္ဆာန်သည် သူ့ပိုင်ရှင်နှင့် တစ်ပုံစံတည်းပင်။

ထိုမိန်းကလေးငယ် မော့ချူး၏ မျက်နှာပေါ်တွင် အနည်းငယ်မျှသော ကြောက်ရွံ့မှုအရိပ်အယောင်ပင် မရှိခဲ့ပေ။ ထိုအစား သူမသည် မျက်လုံးများကို အနည်းငယ်မှေးစင်းထားပြီး ပြင်းထန်သောလေသည် သူမမျက်နှာကို တိုက်ခတ်နေသည့် ခံစားချက်ကို ဂရုတစိုက် ခံစားနေသည်။ အား... ဒီစိတ်လှုပ်ရှားဖွယ် ခံစားချက်သည် ၂၁ ရာစုမှ ဘန်ဂျီခုန်ခြင်းထက်ပင် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။

မှန်ပေသည်။ ချူးလေး၏ နူးညံ့သိမ်မွေ့ပြီး အားနည်းသောအသွင်အပြင်ကိုပဲ ကြည့်လို့မရပေ။ တကယ်တော့ သူမသည် ဤကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ကစားနည်းမျိုးကို ကြိုက်နှစ်သက်သည်။ သူမသည် ပင်လယ်ဓားပြသင်္ဘောအမျိုးမျိုးနှင့် တိမ်တိုက်များထဲသို့ ထိုးတက်ရသလို ကစားနည်းအားလုံးကို ကစားဖူးသည်။

ကံကောင်းထောက်မစွာဖြင့် ဒီမိန်းကလေးသည် ကားမမောင်းတတ်ပေ။ သို့မဟုတ်ပါက သူမသည် ပြိုင်ကားအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

သို့သော်လည်း လူသားနှင့် သားရဲတို့၏ အပြုအမူသည် မက်ချာအခန်းထဲမှ လူနှစ်ယောက်၏ မျှော်လင့်ချက်များကို ရှင်းလင်းစွာ ကျော်လွန်သွားခဲ့သည်။ အထူးသဖြင့် မောင်းနှင်ခုံတွင် ထိုင်နေသော လူငယ်လေးသည် သူ့နှလုံးသားထဲမှ အံ့ဩမှုကို မဖုံးကွယ်နိုင်ဘဲ မျက်ခုံးပင့်လိုက်သည်။

'အာ... သွေးအလင်းသားရဲကို ထားလိုက်ပါ။ ဒီမိန်းမ ဘာဖြစ်နေတာလဲ။ ငါတို့က မင်းကို ပြန်ပေးဆွဲလာတာ၊ မင်းကို အလကားစိတ်လှုပ်ရှားစရာကစားနည်း လိုက်ကစားပေးနေတာမဟုတ်ဘူး။ မင်းက ဘာလို့ နည်းနည်းလေးတောင် ကြောက် မပြတာလဲ။'

"ကပ္ပတိန်၊ ဒီမိန်းမ.. သူ့ဦးနှောက်ထဲမှာ တစ်ခုခုမှားနေတာလား”လူငယ်လေးသည် သူ့ဘေးမှလူကို လှည့်ကြည့်လိုက်သည်။ မည်သည့်သာမန်လူမဆို ရန်သူ၏ ရုတ်တရက်ဖမ်းဆီးခြင်းကို ခံရသည့်အခါ ဤသို့သော တုံ့ပြန်မှုမျိုး မရှိလောက်ဘူး မဟုတ်ပါလား။ မင်း ဒီလိုလုပ်နေရင် ငါတို့မှာ အောင်မြင်သလိုခံစားချက်မျိုး ရှိတော့မှာမဟုတ်ဘူးလေ၊ သိရဲ့လား။

"စိတ်မပူပါနဲ့၊ သူက အရမ်းကို ပုံမှန်ပဲ" ထိုလူ၏ မျက်ဝန်းများတွင် လေးစားမှုအရိပ်အယောင်များဖြင့် ခပ်ရေးရေးပြည့်နှက်နေသည်။ နျဥ်ယွိယွမ်၏ အနှစ်သက်ဆုံးသူပီသစွာပင် သူမသည် အမှန်တကယ်ပင် အခြားသူများနှင့် အနည်းငယ် ကွဲပြားနေပေသည်။

“ဒါပေမယ့်...” ထိုလူ၏ နှုတ်ခမ်းများတွင် လှောင်ပြောင်ရိပ်တစ်ခုသန်းနေပြီး သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "သူတို့ ပျော်နေမှတော့ အရှိန်မြှင့်ပြီး သူတို့ ကျေနပ်အောင် ကြိုးစားပေးလိုက်"

"ဟုတ်ကဲ့"

ဤစကားကိုကြားသောအခါ လူငယ်လေး၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာသည်။ သူသည် ချက်ချင်းခေါင်းညိတ်ပြီး သူ့လက်များဖြင့် သူ့မက်ချာ၏ ထိန်းချုပ်ခလုတ်ခုံကို လျင်မြန်စွာ လည်ပတ်စေလိုက်သည်။

သူတို့ကို သူတို့ဘာသာသူတို့ ဂုဏ်ယူနေပါစေ။ အခုတော့ သူတို့ ဂုဏ်ယူနိုင်တော့မှာမဟုတ်ဘူး။

ထို့ကြောင့် အလွန်လျင်မြန်နေပြီးဖြစ်သော မက်ချာသည် သူ့အရှိန်ကို နောက်တစ်ဆင့် ထပ်မြှင့်တင်လိုက်သည်။

မူလက မော့ချူး ကြောက်လန့်သွားသည်ကို မြင်ရန် မျှော်လင့်နေခဲ့သော လူနှစ်ယောက်မှာ လုံးဝစိတ်ပျက်သွားရသည်။

တူညီသောအရှိန်ဖြင့် ရွေ့လျားနေသော်လည်း မော့ချူး နှင့် သွေးအလင်းသားရဲတို့သည် အမှန်တကယ်တွင် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ တက်ကြွနေသောအသွင်အပြင်သည် သူတို့ကို အကြိမ်အနည်းငယ် ခုန်ပေါက်ချင်စိတ် ဖြစ်ပေါ်စေသည်။ ဤအဖြစ်သည် သူတို့ကို ရယ်ရမလို၊ ငိုရမလိုပင် အမှန်တကယ် ဖြစ်စေသည်။

သို့သော်လည်း သူတို့အရှိန်မြှင့်လိုက်သည်နှင့် သူတို့၏ ပြန်ရောက်ချိန်သည်လည်း များစွာတိုတောင်းသွားသည်။ ဆယ်မိနစ်မပြည့်မီအချိန်အတွင်းမှာပင် သူတို့သည် ဉာဏ်ပညာတိမ်တိုက် ဂလက်စီ၏ စစ်ဌာနချုပ်အပေါ်သို့ အောင်မြင်စွာ ရောက်ရှိနှင့်နေပြီဖြစ်သည်။

"ငါတို့ နောက်ဆုံးတော့ ပြန်ရောက်ပြီ"

လူငယ်လေးက ပြုံးလျက် ရေရွတ်လိုက်သည်။

သူ၏လက်ချောင်းများသည် မျက်နှာပြင်ကို ကျွမ်းကျင်စွာ လည်ပတ်စေလိုက်သည်။ မက်ချာ၏ အရှိန်သည် ဖြည်းညင်းစွာ လျော့ကျသွားသည်။ နောက်ကျောမှ တိုက်ခိုက်ရေးကိရိယာကိုလည်း သိမ်းဆည်းလိုက်ပြီးနောက် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

မော့ချူးနှင့် သွေးအလင်းသားရဲ တို့ကို အလိုလျောက် လွှတ်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာသည် ဉာဏ်ပညာတိမ်တိုက် ဂလက်စီ ၏ နယ်မြေဖြစ်နေပြီဖြစ်သည်။ သူတို့ ထွက်ပြေးချင်လျှင်ပင် မပြေးနိုင်တော့ပေ။

"ဒါပဲလား"

သူတို့ ဆင်းသက်လိုက်သည်နှင့် မော့ချူးသည် မျက်လုံးများတောက်ပစွာဖြင့် ချက်ချင်းမေးလိုက်သည်။

သူမသည် ဤကဲ့သို့ လေထဲတွင် အရှိန်မြင့်ပျံသန်းခြင်းကို အလုံအလောက် မခံစားခဲ့ရသေးဘဲ နောက်ထပ်သုံးပတ်လောက် ထပ်စီးရန် ပြင်ဆင်နေပုံရသည်။ ဘေးမှ သွေးအလင်းသားရဲ ပင်လျှင် မော့ချူး၏စကားကို ထောက်ခံသည့်အလား အော်ဟစ်လိုက်သည်။

ယာဉ်မောင်းခုံမှ ယခုလေးတင်ဆင်းလာသော လူငယ်လေးသည် ဤစကားကိုကြားသောအခါ လဲကျမတတ်ဖြစ်သွားသည်။ သောက်ကျိုးနည်း။ ဒီလူထူးလူဆန်းက ဘယ်ကရောက်လာတာလဲ။

ဘေးမှဆင်းလာသော လူပင်လျှင် သူ့နှုတ်ခမ်းထောင့်ကို မတွန့်ဘဲ မနေနိုင်ခဲ့ပေ။

"တပ်မှူး၊ ပြန်ရောက်လာပြီလား" သူတို့၏ လှုပ်ရှားမှုများသည် အခြားသူများ၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်လိုက်သည်။ စစ်သားအချို့ ချက်ချင်းပင် ရှေ့သို့ထွက်လာပြီး ထိုလူကို လေးစားစွာဖြင့် အလေးပြုကာ ထိုလူ သူတို့ကို ခေါင်းညိတ်ပြသည်ကို စောင့်ဆိုင်းနေကြသည်။ ထို့နောက် သူတို့သည် မော့ချူးနှင့် သွေးအလင်းသားရဲကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။

"ဒီနှစ်ယောက်က..."

"ချစ်ပ်တွေ" (လောင်းကစားလုပ်ရင် သုံးတဲ့ ချစ်ပ်ပြားတွေပါ)

ထိုလူသည် ဤစစ်ရေးလေ့ကျင့်မှုအတွက် ဉာဏ်ပညာတိမ်တိုက် ဂလက်စီဘက်မှ တပ်မှူးဖြစ်သူ လျန့်ပိုင်ပင်ဖြစ်သည်။ သူ၏ပုံမှန်တည်ငြိမ်သော မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး သူသည် မော့ချူးကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။ "ငါတို့ကို ဒီစစ်ရေးလေ့ကျင့်မှုမှာ အနိုင်ရစေမယ့် ချစ်ပ်ပြားတွေပဲ"

အစပိုင်းတွင် လူတိုင်းသည် သူ ဘာကိုဆိုလိုသည်ကို ကောင်းကောင်း နားမလည်ကြပေ။ ရုတ်တရက် စစ်သားတစ်ဦး၏မျက်လုံးများ တောက်ပလာပြီး သူသည် မော့ချူးကို လက်ညှိုးထိုးကာ အော်လိုက်သည်။ "ဒါ... ဒါ အဖွဲ့ချုပ်ရဲ့ စိတ်ဝိညာဉ်စာလုပ်တဲ့ မော့ချူး မဟုတ်ဘူးလား"

သူ ဤသို့ပြောလိုက်သည်နှင့် လူတိုင်းနားလည်သွားကြသည်။

ကြယ်တာရာတိုက်ပွဲပြီးဆုံးသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း သူတို့အပေါ်ထားခဲ့သော အထင်အမြင်သည် လတ်ဆတ်နေဆဲပင်ဖြစ်သည်။

လွန်ခဲ့သောတစ်နှစ်အတွင်း မော့ချူး၏အသွင်အပြင် ရင့်ကျက်လာခြင်းနှင့် သူမသည် အာကာသအက်ကွဲကြောင်းထဲသို့ ကျသွားခဲ့သည်ဟူသော အချက်သည် နေရာအနှံ့ ပျံ့နှံ့မသွားခဲ့ပါက လူတိုင်းသည် သူမကို ဤမျှလျင်မြန်စွာ မမှတ်မိနိုင်ဘဲ ရှိမည်မဟုတ်ပေ။

"ဟုတ်တယ်၊ ကျွန်မက မော့ချူးပါ" မော့ချူးက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူမသည် ယခု ရန်သူ့စခန်းတွင် ရှိနေသော်လည်း သူမ၏ ပတ်ဝန်းကျင်မှ ငြိမ်းချမ်းသော အငွေ့အသက်သည် ပျောက်ကွယ်မသွားဘဲ ကြောက်ရွံ့မှု သို့မဟုတ် မသက်မသာဖြစ်ခြင်း အရိပ်အယောင် အနည်းငယ်မျှပင် မရှိခဲ့ပေ။ ဤအချက်သည် လူတို့ကို သူမအပေါ် ကောင်းမွန်သော အထင်အမြင်တစ်ခု ဖြစ်ပေါ်စေသည်။

"သူ့ကိုစောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်” လျန့်ပိုင်သည် ခေါင်းကို အနည်းငယ်လှည့်ပြီး သူ့မျက်ဝန်းများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ တိုးပွားလာကာ သူ့ဘာသာ ရေရွတ်လိုက်သည်။ “သိပ်မကြာခင် နျဥ်ယွိယွမ်က ဒီကောင်မလေး ပျောက်သွားတာကို သိလောက်တယ်"

ထိုအချိန်ရောက်လာသောအခါ သူတို့သည် အခြေအနေများကို ကောင်းမွန်စွာ ဆွေးနွေးကြမည်ဖြစ်သည်။ သူသည် နျဥ်ယွိယွမ် ဆိုသော ထိုကောင်လေးကို သူ့အရေခွံတစ်လွှာကို ဆုတ်ပြီးပေးရအောင်လုပ်မည်မှာ သေချာသည်။

"ဟုတ်ကဲ့"

ဤစကားကိုကြားသောအခါ သူ့ဘေးမှ စစ်သားအနည်းငယ်သည် ချက်ချင်း သဘောတူလိုက်ကြသည်။

ထို့ကြောင့် မော့ချူးသည် ရှည်လျားသောအမြီးတစ်ခုဖြင့် နောက်မှလိုက်ပါသွားသည်။

သို့သော်လည်း သူမသည် ဝိုင်းဝိုင်းကို သူမ၏ လက်မောင်းထဲတွင် တည်ငြိမ်စွာပွေ့ဖက်ထားပြီး ဉာဏ်ပညာတိမ်တိုက် ဂလက်စီ၏ စစ်ဌာနချုပ်ပတ်လည်တွင် လမ်းလျှောက်နေသည်။ ဤနေရာသည် အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံနှင့် ဆင်တူသော်လည်း မလှမ်းမကမ်းတွင် ပေါ့ဟိုင်းပင်လယ်နှင့် သေးငယ်သော မှော်ဒေသတစ်ခုရှိသည်။

ပေါ့ဟိုင်းပင်လယ်ကမ်းစပ်သို့ လျှောက်သွားရင်း အတွင်းမှ ပေါများသော ငါးများနှင့် ပုစွန်များကို ကြည့်ရင်း မော့ချူး၏မျက်လုံးများသည် မတောက်ပဘဲ မနေနိုင်ခဲ့ပေ။

"ဒါကိုဖမ်းဖို့ ကျွန်မကို ကူညီပေးနိုင်မလား"

မော့ချူးသည် တုံ့ဆိုင်းမနေဘဲ သူမနောက်မှ စစ်သားများ၏ အားသာချက်ကို အပြည့်အဝအသုံးချလိုက်သည်။

သူမသည် ဤနေရာမှ ထွက်ခွာသွား၍မရသော်လည်း သူမ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်မှာမူ အပြည့်အဝကာကွယ်ထားဆဲဖြစ်သည်။ လျန့်ပိုင်သည် သူမကို အချုပ်ချထားခြင်း သို့မဟုတ် ကြိုးတုပ်ထားခြင်း မပြုခဲ့ပေ။ သေချာပေါက် ဒါက သူမသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့်သာမက သူမသည် မော့ချူးဖြစ်သောကြောင့်လည်း ပါဝင်သည်။

ကြယ်ပွင့်များအားလုံး ပါဝင်သော ကြယ်တာရာ တိုက်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူမသည် အသက် ၁၈ နှစ်အရွယ် ကလေးတစ်ဦးအဖြစ် နာမည်ရခဲ့ပြီး လူတိုင်း၏ နှလုံးသားထဲတွင် မေ့ဖျောက်မရနိုင်သော အမှတ်အသားတစ်ခုကို ထားခဲ့သည်။ အံ့ဩဖွယ်ကောင်းသော အလားအလာရှိသည့် ဤမိန်းကလေးကို မည်သူမျှ လျစ်လျူရှုဝံ့မည်မဟုတ်ပေ။

နောက်တစ်ကြိမ်စဉ်းစားကြည့်လျှင် စိတ်ဝိညာဉ်အစာကို ဖန်တီးသူ၊ အလင်းဓာတ် အထူးစွမ်းရည်ပိုင်ရှင်နှင့် ကျင့်ကြံရေးဆရာကြီး ချန်းပိုင်၏ တပည့်၊ အရှိန်အဝါများစွာသည် သူမကို လွှမ်းခြုံထားသည်။

သူမ၏ လက်ရှိအဆင့်အတန်းတစ်ခုတည်းနှင့်ပင် လျန့်ပိုင်နှင့် အခြားသူများကို သူမအကြောင်း နှစ်ခါပြန်စဉ်းစားစေရန် လုံလောက်နေသည်။ သူတို့သည် သူမအပေါ် အလွန်အမင်း မောက်မာဝံ့ခြင်း မရှိခဲ့ကြပေ။ မည်သို့ပင်ဆိုဆို နောက်ဆုံးတွင် သူတို့သည် အနာဂတ်တွင် သူမထံမှ အကူအညီတောင်းခံရနိုင်သည်ပင်။ ယခု သူမအပေါ် အနည်းငယ်ပို၍ ယဉ်ကျေးပြခြင်းသည် ဘာများမှားယွင်းနေမည်နည်း။

သူမ၏နောက်မှ အစောင့်အကြပ်လိုက်နေသော စစ်သားများသည်လည်း ဒီလော့ဂျစ်ကို နားလည်ကြသည်။ သို့သော်လည်း မော့ချူး၏ လက်ထဲမှ ဘောလုံးငါး ကို မြင်သောအခါ သူတို့သည် နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်မိကြသည်။ "ဒါကို ဘာအတွက်လိုချင်တာလဲ"

ဘောလုံးငါးသည် သေးငယ်သောအရွယ်အစားရှိ မှော်သားရဲအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်းတွင် ပါဝင်သော စွမ်းအင်မှာ အလွန်နည်းပါးသည်။ ထို့အပြင် သူ၏အားသာချက်မှာ ခုခံကာကွယ်နိုင်စွမ်းဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းမဟုတ်ပေ။ ထို့ကြောင့် လူအများစုသည် ဤအရာကို များများစားစား အာရုံမစိုက်ကြပေ။

"စားဖို့"

မော့ချူးသည် သူမ၏အဖြေကို တည်ငြိမ်စွာ ပြောချလိုက်ရာ သူ့နောက်မှ စစ်သားအုပ်စု၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။

သူတို့သည် အဖွဲ့ချုပ်မှလူများထက်ပင် ပို၍ဆိုးရွားစွာ ခံစားခဲ့ရသည်။ သူတို့သည် စိတ်ဝိညာဉ်အစားအစာ၏ အမည်ကိုသာ ကြားဖူးပြီး ယခင်က မမြင်ဖူးခဲ့ကြပေ။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတွင် စိတ်ဝိညာဉ်စာများမှာ များများစားစားမရှိပေ။ ပထမဆုံးအနေနှင့် မော့ချူး ကျေနပ်ခဲ့သောအရာမှာ ပြည်တွင်းရောင်းချမှုဖြစ်သည်။ လောလောဆယ်တွင် သူမသည် ပြင်ပရောင်းချမှုအတွက် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ရခြင်း မရှိသေးပေ။

ထို့ကြောင့် အခြားဂလက်ဆီများမှ ဖောက်သည်အုပ်စုကြီးတစ်စုသည် တစ်နေ့လုံး မော့ချူး၏ စိတ်ဝိညာဉ်အစာဆိုင်၏ ရှေ့စာမျက်နှာမှ ဓာတ်ပုံအနည်းငယ်ကို စိုက်ကြည့်နေခဲ့ကြသည်။ ထို့နောက် သူတို့သည် အရသာကိုဖော်ပြထားသော မှတ်ချက်များကို ကြည့်ရှုပြီး တံတွေးမျိုချနေခဲ့ကြသည်။

ယခု မော့ချူးသည် နေရာတွင်ပင် စိတ်ဝိညာဉ်အစားအစာ ပြုလုပ်လိုသည်ကို ကြားသောအခါ သူတို့သည် ဘယ်လိုလုပ် အားမကျဘဲ နေနိုင်မည်နည်း။

ဤအခိုက်အတန့်တွင် စေတနာ့ဝန်ထမ်းလုပ်သူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ သူတို့သည် ဤနေရာငယ်လေးမှ ဘောလုံးငါး အားလုံးကို ဖမ်းဆီးပြီး မော့ချူးကို အပြစ်ကင်းစင်စွာဖြင့် ကြည့်လိုက်ကြသည်။ "ဒါ လုံလောက်ပြီလို့ ထင်လား"

ဟဲဟဲ။ မင်းတို့က ဒီနေရာက ဘောလုံးငါး အားလုံးကို နီးပါးရှင်းထုတ်လိုက်ပြီပဲ။ သေချာပေါက် လုံလောက်မှာပေါ့။

မော့ချူး နှုတ်ခမ်းတွန့်ကာ ခေါင်းညိတ်လိုက်သည်။ သူမသည် လှည့်ပတ်ပြီး မလှမ်းမကမ်းရှိ မှော်ဒေသဆီသို့ လျှောက်သွားခဲ့သည်။ ကျန်ရှိသောစစ်သားများသည် မော့ချူး၏နောက်မှ အလျင်အမြန် လိုက်ပါသွားကြသည်။ ထို့နောက် သူတို့သည် မော့ချူး မှော်အပင်များ၏ အမြစ်များစွာကို ခူးဆွတ်နေသည်ကို စိုက်ကြည့်နေကြသည်။ သူတို့သည် အံ့ဩစွာဖြင့် ခေါင်းကုတ်နေကြသည်။ ဒါတွေက လူတိုင်းကို အံ့ဩတကြီး သက်ပြင်းချစေနိုင်သော စိတ်ဝိညာဉ်အစားအစာကို ဘယ်လိုလုပ်နိုင်မည်နည်း။

မော့ချူး စတင်ချက်ပြုတ်သောအခါ လူတိုင်း၏ သံသယများသည် လုံးဝပျောက်ကွယ်သွားသည်။

သူမ၏ သပ်ရပ်သောလှုပ်ရှားမှုများ၊ စေ့စပ်သေချာသော ကျွမ်းကျင်မှုနှင့် ချောမွေ့သော ရွေ့လျှားမှု အဆင့်ဆင့်ကို ကြည့်လိုက်သည်နှင့် ဒါသည် ဤကြမ်းတမ်းသော ယောက်ျားများ လုပ်နိုင်သည့်အရာမျိုး လုံးဝမဟုတ်ပေ။

All Chapters