← Chapters

အပိုင်း ၄၉၅

Vol. 33 Ch. 495

အပိုင်း ၄၉၅

Vol. 33 Ch. 495

'ဝိုး။ မိုးကျရွှေကိုယ် စုန့်က ငါ့ကိုပြုံးပြတယ်။' မိုးကျရွှေကိုယ် စုန့်၏ လှပသောမျက်နှာကို စိုက်ကြည့်ရင်း သူမ၏ နှလုံးသည် တဒုတ်ဒုတ်ခုန်နေသည်။ သူမသည် ပူလောင်နေသောမျက်နှာကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်သော်လည်း သူတို့၏ မျက်လုံးများသည် စုန့်ချင်းစုန့်၏ သွယ်လျသောလက်ချောင်းများပေါ်သို့ ကျရောက်သွားသည်။ လူကြိုက်အများဆုံး မိုးကျရွှေကိုယ် ပီသစွာပင် သူ့လက်ချောင်းများပင်လျှင် ဤမျှလောက် ဆွဲဆောင်မှုရှိနေသည်ပင်။

"ရပြီ" စုန့်ချင်းစုန့် မတ်တပ်ထရပ်၊ တစ်ဖက်လှည့်ပြီး ဘောပင်ကို မော့ချူးဆီသို့ ပေးလိုက်သည်။

ထို့နောက် ကျန်သုံးယောက်သည်လည်း အလားတူ လိုက်လုပ်ကြသည်။

ရှပ်အင်္ကျီပေါ်မှ လူလေးယောက်၏ လက်မှတ်များကို ကြည့်ရင်း သင်္ဘောဝန်ထမ်း၏ မျက်နှာသည် နဂါးဘောလုံးကိုးလုံးကို စုဆောင်းနိုင်ပြီး နဂါးနတ်ဘုရားကို ဆင့်ခေါ်နိုင်သကဲ့သို့ စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားသည်။ သူမသည် သူမဘာသာ တိတ်တဆိတ် တွေးလိုက်သည်။ 'အင်း... ဒီနေ့ပြန်ရောက်ရင် ဒီရှပ်အင်္ကျီကို တံဆိပ်ခတ်သိမ်းထားမယ်။ ဒါက တန်ဖိုးကြီးတဲ့ နမူနာတစ်ခု ဖြစ်လာလိမ့်မယ်'

ရှပ်အင်္ကျီကို ဂရုတစိုက်သိမ်းဆည်းပြီးနောက် သင်္ဘောဝန်ထမ်းသည် နောက်ဆုံးတွင် သူမ၏ ကျွမ်းကျင်ပညာရှင်ဘက်သို့ ပြန်ရောက်လာသည်။ သူမသည် အနည်းငယ်ဦးညွှတ်ပြီး မျက်နှာနီမြန်းစွာဖြင့် လူလေးယောက်ကို အထူးတန်းအခန်းသို့ ခေါ်ဆောင်သွားသည်။

"ရှင်တို့ရဲ့နေရာတွေက ဒီဘက်မှာပါ"

မလိုအပ်သော ပြဿနာများကို ကာကွယ်ရန် နျဥ်ယွိယွမ် သည် သူ့လက်ကိုဝှေ့ယမ်းပြီး အထူးတန်းအခန်းတစ်ခုလုံးကို ကြိုတင်မှာယူထားသည်။ ထို့ကြောင့် ဧရာမအခန်းကြီးထဲတွင် သူတို့လေးယောက်သာ ရှိနေသည်။

"ဒါက အထက်တန်းအခန်းရဲ့ပုံစံကိုး" မော့ချူးသည် အထူးတန်းအခန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်းဖြစ်ပြီး သူမသည် စူးစမ်းလိုစိတ်ဖြင့် အကဲခတ်ကြည့်ရှုနေသည်။

သေချာသည်မှာ မည်သည့်အချိန်အခါမဆို မတူညီသောအဆင့်အတန်းများ အမြဲရှိနေမည်ပင်။

သူမနှင့် မော့ယန်သည် ယခင်က အလယ်တန်းစားအခန်းတွင် ထိုင်ဖူးပြီး ထိုနှစ်ခုကြားမှ ခံစားချက်မှာ မတူညီပေ။ အခြားအရာများကို မပြောဘဲထားဦး၊ ထိုင်ခုံများ၏ အရည်အသွေးတစ်ခုတည်းနှင့်ပင် အလွန်ကွာခြားသည်။ ဒီအခန်းသည် အလွန်ကောင်းမွန်သော မြင်ကွင်းလည်းရှိပြီး သူတို့သည် အခန်းတစ်ခုလုံး နီးပါးမြင်တွေ့နိုင်သည်။ ဒါသည် အမှန်တကယ်ပင် အပေါ်မှငုံ့ကြည့်နေရသကဲ့သို့ ခံစားရစေသည်။

ချင်ယွဲ့သည် အမှန်တကယ်ပင် တစ်စက္ကန့်မျှ မရပ်မနားနိုင်ပေ။ မော့ချူး လက်မောင်းထဲတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော သွေးအလင်းသားရဲကို မြင်သောအခါ သူ့လက်များသည် နောက်တစ်ကြိမ် ထပ်မံပြေး၍ ပွတ်သပ်ချင်စိတ်ကြောင့် ယားယံလာသည်။ ရက်အနည်းငယ်အကြာက ဝိုင်းဝိုင်း၏ လိုက်လံဖမ်းဆီးခြင်းကို ခံရလုနီးပါးဖြစ်ခဲ့စဉ်က သူမည်မျှ ဆိုးရွားစွာခံစားခဲ့ရသည်ကို မေ့သွားပုံရသည်။

"ဟေး၊ ဒီကောင်လေး ဒီလောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ မြင်ရခဲတယ်"

"ရှူး”မော့ချူးသည် ခေါင်းကို ညင်သာစွာခါယမ်းပြီး ဝိုင်းဝိုင်းကို ဘေးမှ နူးညံ့သောဆိုဖာပေါ်သို့ တင်လိုက်သည်။ “နောက်ဆုံးတော့ အိပ်ပျော်သွားပြီ။ ဒီဘိုးဘေးလေးကို ထပ်မနှိုးနဲ့တော့"

ဝိုင်းဝိုင်းသည် အစားကြီးသူဟူသော သူ့ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။ အစားအစာကို မြင်သည်နှင့် သူ လမ်းမလျှောက်နိုင်တော့ပေ။ သူသည် ပေါ့ဟိုင်းပင်လယ်မှ ပင်လယ်စာများကို အထူးနှစ်သက်သည်။ ဤအချက်ကို သူ၏ ပုစွန်လုံးအပေါ် စွဲလမ်းမှုမှ မြင်တွေ့နိုင်သည်။

သူ ထွက်ခွာရတော့မည်ကို ကြားသည်နှင့် ထိုကောင်လေးသည် ချက်ချင်း မပျော်မရွှင်ဖြစ်သွားသည်။ သူသည် ပေါ့ဟိုင် ပင်လယ်မှ ပင်လယ်စာများကို နောင်တရသော အမူအရာဖြင့် ကြည့်နေသည်။ သူသည် ထိုအရာများအားလုံးကို မမြည်းစမ်းရသေးပေ။ အဘယ်ကြောင့် သူ ထွက်ခွာရမည်နည်း။ အချိန်အတော်ကြာအောင် ရစ်နေပြီးနောက် မော့ချူးသည် နောက်ဆုံးတွင် စိတ်ဝိညာဉ်အစာအချို့ကို ထုတ်ယူပြီး ပင်လယ်စာများစွာကို လုယူပြီးနောက်မှ ထွက်ခွာသွားသည်။

ချင်ယွဲ့ သည် စုပ်တစ်ချက်သပ်ကာ မေးစေ့ကိုပွတ်သပ်ရင်း ပြောလိုက်သည်။

"ဟင်း .. ဒီဝတုတ်လေးက ပိုပိုပြီး ဉာဏ်ကောင်းလာတယ်လို့ ဘာလို့ခံစားရတာလဲ၊ ဒီစိတ်ဝိညာဉ်အစားအစာက ဉာဏ်ရည်ကိုမြှင့်တင်ပေးတဲ့ အာနိသင်ရှိလို့များလား"

"အင်း... ဖြစ်နိုင်ပါတယ်” မော့ချူး ခေါင်းညိတ်ပြီး တည်ကြည်သောအမူအရာဖြင့် မျက်နှာလွှဲလိုက်သည်။ သူမ ချင်ယွဲ့၏ ပခုံးကို ပုတ်လိုက်သည်။ "ထားလိုက်ပါတော့။ နောက်နောင် အစ်ကို အလကားလာစားတဲ့အခါ ညီမ မတားတော့ဘူး။ အစ်ကို ပိုစားလို့ရတယ်"

"တကယ်လား"

ဒီစကားကိုကြားသောအခါ ချင်ယွဲ့ ချက်ချင်း ရယ်မောလိုက်သည်။ နောက်နောင်တွင် စိတ်ဝိညာဉ်အစားအစာသည် အာမခံချက်ရှိနေပြီ။ ထို့နောက် သူ နောက်တစ်ကြိမ် စဉ်းစားကြည့်သောအခါ ဒီစကားများတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်... ဖာ့ခ်။ ပိုစားလို့ရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

'မင်းက ငါ့ရဲ့ အိုင်ကျူက မလုံလောက်ဘူးလို့ ပြောနေတာလား။'

'မင်းတို့က သူငယ်ချင်းတွေရော ဟုတ်ရဲ့လား။'

ဘေးတွင်ရပ်နေသော စုန့်ချင်းစုန့်နှင့် မော့ယန်တို့သည် ထိုနှစ်ယောက်ကို တိတ်တဆိတ်ကြည့်နေကြသည်။ သူတို့၏ နှုတ်ခမ်းထောင့်များသည် အလားတူပုံစံဖြင့် ကွေးတက်နေသည်...

"စိတ်မဆိုးပါနဲ့”မော့ချူးနှင့် မော့ယန်တို့သည် ချင်ယွဲ့၏ ပခုံးများကို ဖက်ထားလိုက်ကြသည်။

“ညီမက နောက်နေတာပါ။ စိတ်မပူပါနဲ့၊ ခုချိန်ကစပြီး အစ်ကို ဗိုက်ပြည့်စေရမယ်"

ဤစကားကိုကြားသောအခါ ချင်ယွဲ့ ၏မျက်နှာသည် နောက်တစ်ကြိမ် တောက်ပလာပြန်သည်။

"ဒီလိုပဲ ဖြစ်ရမှာပေါ့။ အို၊ ဟုတ်သားပဲ။ ငါ့အစ်ကိုက မင်းကိုမေးခိုင်းလိုက်တယ်၊ 'ဝက်ဝက်ကွဲ ကာရိုက်' ရဲ့ နောက်ဆုံးအပိုင်းမှာ ပါဝင်ဖို့ ဆန္ဒရှိလားတဲ့"

မော့ချူးနှင့် အခြားသူများ၏ လက်တွေ့ဘဝရှိုးက နာမည်ကြီးလာသည့်အချိန်မှစ၍ ချင်ရှန့်သည် ဖျော်ဖြေရေးလုပ်ငန်း၏ လှိုင်းလုံးထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပေ။

'ဝက်ဝက်ကွဲ ကာရိုက်တာ' သည် ထိုနောက်ပိုင်း သူချက်ချင်းစတင်ခဲ့သော အင်တာဗျူးအစီအစဉ်တစ်ခုဖြစ်သည်။ ဖိတ်ကြားထားသော ဧည့်သည်များသည် အများအားဖြင့် လူ့အဖွဲ့အစည်းတွင် အလွန်ကျော်ကြားပြီး ထူးချွန်သော ပံ့ပိုးကူညီမှုများ လုပ်ခဲ့သူများဖြစ်သည်။ သူတို့သည် အလွန်တန်ဖိုးရှိသော ဇာတ်ကောင်များဖြစ်သည်။ အကယ်၍ သူသည် သင့်တော်သော ဧည့်သည်တစ်ဦးကို မဖိတ်ကြားနိုင်ပါက ဒီအပိုင်းကို ဖျက်သိမ်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ဒါကြောင့် သာမန်လူများသည် ဤအကြောင်းကို စဉ်းစားပင် စဉ်းစားမည်မဟုတ်ပေ။ စုန့်ချင်းစုန့် ပင်လျှင် ယခုအချိန်တွင် ဤရှိုးတွင် ခြေချရန် အရည်အချင်း မရှိနိုင်ပေ။

သူမ အရည်အချင်းပြည့်မီတာလား။

မော့ချူးသည် နှုတ်ခမ်းကိုသပ်ကာ အနည်းငယ် တုံ့ဆိုင်းသွားသည်။

စုန့်ချင်းစုန့်သည် သူမ၏အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားပြီး ညင်သာစွာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ မင်းက အရည်အချင်းပြည့်မီနေတာ ကြာပြီ"

သူမသည် ကမ္ဘာကိုချိုးဖျက်နိုင်သော စိတ်ဝိညာဉ်အစားအစာကို ဖန်တီးခဲ့သည်။

သူမသည် ပထမဆုံးသော သာမန်မှော်အပင်ကို စိုက်ပျိုးရန် အကြီးအကဲ ချန်နှင့် အတူတကွ လုပ်ဆောင်ခဲ့သည်။

သူမသည် ရာစုနှစ်ပေါင်းများစွာအတွင်းမှ ပေါ်ပေါက်ခဲ့သော အလင်းဓာတ် အထူးစွမ်းရည်ပိုင်ရှင်တစ်ဦးဖြစ်သည်။ သူ မည်သည့်ဂုဏ်ပုဒ်ကိုပင် ပိုင်ဆိုင်စေကာမူ မော့ချူး မည်မျှထူးချွန်သည်ကို ပြသရန် လုံလောက်နေပြီဖြစ်သည်။

"ဒါဆိုရင် ကျွန်မ စဉ်းစားကြည့်လိုက်ဦးမယ်” မော့ချူးသည် စုန့်ချင်းစုန့်နှင့် မော့ယန်၏ အားပေးတိုက်တွန်းသော မျက်ဝန်းများနှင့် ဆုံသောအခါ ခေါင်းညိတ်လိုက်သည်။ “ကျွန်မတို့ပြန်ရောက်တဲ့အခါ သူ့ကို အကြောင်းပြန်လိုက်မယ်"

"ကောင်းပြီ”ချင်ယွဲ့ ခေါင်းညိတ်ပြီး သူ့အသံကို အနည်းငယ်နှိမ့်လိုက်သည်။ “မင်းသွားချင်တယ်ဆိုရင် ငါတို့အတွက် ရှေ့ဆုံးတန်းက ခုံအနည်းငယ်ကို ကြိုတင်မှာယူခိုင်းလိုက်မယ်။ ငါတို့ မင်းရဲ့အံ့ဩစရာကောင်းတဲ့စွမ်းဆောင်ရည်ကို ပထမဆုံးအကြိမ် မြင်နိုင်မှာပေါ့"

အင်း... မော့ချူး မျက်တောင်ခတ်လိုက်သည်။ ရှင်တို့သုံးယောက် ရှေ့ဆုံးတန်းမှာ ထိုင်နေတာက အောက်ကပရိသတ်တွေကြားထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်စေမှာမဟုတ်ဘူးလို့ သေချာလား။ ထိုသုံးယောက်၏ လူကြိုက်များမှု မြင့်မားခြင်းကြောင့် မော့ချူးသည် ထိုသို့ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်ဟု ခံစားလိုက်ရသည်။

အဆုံးတွင် သူလှည့်ကြည့်လိုက်သောအခါ မော့ယန်နှင့် စုန့်ချင်းစုန့်တို့သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်နေကြသည်။ 'မဆိုးဘူး၊ ချင်ယွဲ့ က ဒီလိုကောင်းတဲ့အကြံဉာဏ်မျိုးရတာ ရှားတယ်။'

မော့ချူး ခေါင်းခါယမ်းပြီး ဤကိစ္စကို ယာယီဘေးဖယ်ထားလိုက်သည်။ သူမသည် မျက်လုံးများကိုမှိတ်ကာ အနားယူလိုက်သည်။

ပေါ့ဟိုင်း ပင်လယ်မှ အဖွဲ့ချုပ်၏ တတိယဒေသသို့ အကွာအဝေးမှာ နီးသည်ဟု မဆိုနိုင်ပေ။ သူတို့သည် ကြယ်တာရာကြားသင်္ဘောပေါ်တွင် လေးငါးရက်ခန့် ထိုင်ပြီးမှ ပြန်ရောက်ခဲ့ကြသည်။ သို့သော်လည်း လမ်းတစ်လျှောက်တွင် ချင်ယွဲ့ ဆိုသော ထိုအရူးကောင်က အခါအားလျော်စွာ လူကြည့်စရာ လျှောက်လုပ်နေသဖြင့် အခြေအနေမှာ သိပ်မဆိုးလှပေ။

ကြယ်တာရာသင်္ဘောသည် တဖြည်းဖြည်း ရပ်တန့်လာသည်။

မော့ချူးသည် ရှေ့မှလျှောက်လာပြီး ခြေချလိုက်သည်။ ချက်ချင်းပင် သူမသည် ပို၍ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သူမ သက်ပြင်းမချရသေးမီမှာပင် မလှမ်းမကမ်းမှ ကျယ်လောင်သော အားပေးသံများကို ကြားလိုက်ရသည်။

[ချူးလေး ပဲ၊ ချူးလေးပြန်လာပြီ]

[တကယ် ဒီသင်္ဘောပဲ]

ထိုအခိုက်အတန့်ရောက်မှသာ မော့ချူးသည် စောင့်ဆိုင်းခန်းတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေသည်ကို သတိပြုမိလိုက်သည်။ လူအုပ်ကြီးတစ်အုပ်ရှိပြီး သူတို့၏လက်ထဲတွင် ထင်ရှားသော ဆိုင်းဘုတ်တစ်ခုကိုပင် ကိုင်ဆောင်ထားကြသည်။

[မော့ချူး၊ မော့ချူး၊ အမြဲတမ်း ဆွဲဆောင်မှုရှိတယ်]

[ကံကောင်းခြင်း ကြယ်ပွင့်လေး, ငါတို့ မင်းကိုချစ်တယ်]

ဤလူအုပ်စုသည် မော့ချူး၏ ပရိသတ်များအားလုံး ဖြစ်သည်မှာ အလွန်ပင် ထင်ရှားလှသည်။

တစ်စုံတစ်ယောက်က သတင်းကို မတော်တဆ ပေါက်ကြားအောင် လုပ်လိုက်သည်ဟု သူတို့ခန့်မှန်းလိုက်ပြီး ထို့ကြောင့် မော့ချူးကို ကြိုက်နှစ်သက်သော ပရိသတ်များသည် သူတို့ကို ကြိုဆိုရန် အလျင်အမြန်ရောက်ရှိလာကြကာ ဤဧရာမ ကြိုဆိုပွဲအတွက်လည်း ပြင်ဆင်ထားကြသည်။

"အား... ကြည့်စမ်းပါဦး၊ မော့ချူးက အရမ်းလူကြိုက်များတာပဲ" သူတို့နောက်မှလိုက်လာသော ချင်ယွဲ့ သည် ဤမြင်ကွင်းကို သဘာဝကျကျပင် မြင်တွေ့လိုက်ရပြီး မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ထို့နောက် ပရိသတ်များ၏ လူကြိုက်များမှုသည် မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် ချက်ချင်း မြင့်တက်လာသည်။

အား။ အဲ့ဒါ ဘယ်သူလဲ။

"အရူး ချင်ယွဲ့၊ ချင်ယွဲ့၊ ချင်ယွဲ့"

ဤအားပေးသံကိုကြားသောအခါ သူ့ဆံပင်ကို ပြင်ဆင်ဟန်ဆောင်နေသော ချင်ယွဲ့ သည် ယိုင်နဲ့သွားမတတ်ပင်။ ''အရူး ချင်ယွဲ့' ဆိုတာ ဘာလဲ။ မင်းတို့ ငါ့မျက်နှာရှေ့မှာ ထပ်ပြောရဲလား။'

သို့သော်လည်း ချင်ယွဲ့ စကားမပြောနိုင်ခင်မှာပင် ပရိသတ်များ၏ အားပေးသံများသည် စောင့်ဆိုင်းခန်းတစ်ခုလုံးကို လုံးဝလွှမ်းခြုံသွားသည်။

'အိုးမိုင်ဂေါ့။ နောက်မှာ ဘယ်သူလဲ။ တကယ်ကြီး မိုးကျရွှေကိုယ် စုန့်နဲ့ မော့ယန် ပါလား။'

ရှေ့ဆုံးတန်းတွင် ရပ်နေသော မိန်းကလေးအနည်းငယ်သည် စိတ်လှုပ်ရှားလွန်းသဖြင့် မေ့လဲမတတ်ပင်။ ဤခရီးစဉ်သည် အမှန်တကယ်ပင် တန်ဖိုးရှိလှသည်။

မူလက သူတို့သည် မော့ချူးကို ကြိုဆိုနိုင်လျှင်ပင် တော်တော်ကောင်းမည်ဟုသာ တွေးထားခဲ့ကြသည်။ သူတို့အားလုံး ဤနေရာတွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဒါသည် တစ်ယောက်အတွက် လေးယောက်ရသကဲ့သို့ပင်။

ထို့ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေပြီးဖြစ်သော ပရိသတ်များသည် ယခုအခါ ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။ သူတို့လက်ထဲမှ ဆိုင်းဘုတ်များကို မရပ်မနား ဝှေ့ယမ်းနေကြပြီး သူတို့၏နှလုံးသားထဲတွင် တိုးဝှေ့နေသော စိတ်ခံစားမှုအားလုံးကို ထုတ်ဖော်ပြသလိုသည့်အလား အသံကုန်အော်ဟစ်နေကြသည်။

"မိုးကျရွှေကိုယ် စုန့်"

"မော့ယန်"

ဟုတ်ပေသည်၊ အားပေးသံအမြင့်ဆုံးရရှိသူမှာမူ မော့ချူး ဖြစ်နေဆဲဖြစ်သည်။

မလှမ်းမကမ်းမှ ပရိသတ်များ၏ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသော မျက်နှာများကို ကြည့်ရင်း အမြဲတမ်း တည်ငြိမ်နေသော မော့ချူးပင်လျှင် သူမနှလုံးသား ပြင်းထန်စွာ တုန်ယင်သွားသည်ကို မခံစားဘဲ မနေနိုင်ခဲ့ပေ။

ဤကဲ့သို့သော သန့်စင်သော ချစ်ခြင်းမေတ္တာနှင့် အားပေးထောက်ခံမှုသည် သူမ၏နှလုံးသားထဲသို့ တန်းတန်းမတ်မတ် စီးဝင်လာသော ပြင်းထန်သည့် နွေးထွေးသောစီးကြောင်းတစ်ခုနှင့် တူလှသည်။ မော့ချူး နှုတ်ခမ်းကိုစေ့လိုက်ပြီး သူမ၏အသံသည် ပြတ်သားစွာဖြင့် ပြောလိုက်သည်။

"ချင်ယွဲ့၊ ညီမ အဲ့ဒီအင်တာဗျူး အစီအစဉ်မှာ ပါဝင်မယ်"

All Chapters