← Chapters

အပိုင်း ၅၀၁

Vol. 34 Ch. 501

အပိုင်း ၅၀၁

Vol. 34 Ch. 501

နျဥ်ယွိယွမ်၏ လှုပ်ရှားမှုသည် အလွန်သပ်ရပ်ပြီး တည့်တိုးဆန်လှသည်။

'ဘယ်သူက ဒီကောင်လေးက လူပျိုလို့ ပြောရဲသေးလဲ? ဘယ်သူက ဒီကောင်က မိန်းကလေးတွေကို ဘယ်လို အီစီကလီ လုပ်ရမလဲမသိဘူးလို့ ပြောရဲသေးလဲ? မြင်လား? သူက ကျွမ်းကျင်သူတစ်ယောက်ပဲ!'

နျဥ်ယွိယွမ်သည် ဤလှုပ်ရှားမှုကို ပြုလုပ်လိုက်သည်နှင့် မော့ယန်၏ မျက်နှာအမူအရာပင် ယခင်ကထက် များစွာကောင်းမွန်လာသည်။ သူသည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဒီကောင်လေးက ကောက်ကျစ်တဲ့အရာတွေပဲ လုပ်တတ်တယ်!”

ချင်ယွဲ့ သည် သူ့နှုတ်ခမ်းကို မတွန့်ဘဲ မနေနိုင်တော့ပေ။ ဒါကို ညစ်ပတ်တဲ့လှည့်ကွက်လို့ ဘယ်လိုခေါ်နိုင်မှာလဲ? မျှော်လင့်ထားသည့်အတိုင်း… အကာအကွယ်ပေးလွန်နေတဲ့ နတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီးနောက် မော့ယန် သည် အခြေခံအကျဆုံး ဆင်ခြင်တုံတရားပင် မရှိတော့ပေ။

“ချူးလေး၊ မင်း သဘောတူလား”

နျဥ်ယွိယွမ်သည် သူ့ညာဘက်လက်သီးကို ဆုပ်ထားသော်လည်း သူ့မျက်လုံးများသည် မော့ချူး၏ ပန်းကဲ့သို့သော မျက်နှာကို စိုက်ကြည့်နေသည်။ အဆုံးတွင် သူသည် အနည်းငယ် အပြစ်ရှိသလို မခံစားရဘဲ မနေနိုင်တော့ပေ။

“…”

'သူက ဒီလောက်အမြင့်ကို ရောက်နေပြီ၊ သူမကို ငြင်းပိုင်ခွင့်ရှိသေးလို့လား?' မော့ချူး၏ မျက်လုံးထောင့်များသည် တောက်ပသွားသည်။ သူမသည် လေးလံစွာ ခေါင်းညိတ်ကာ နျဥ်ယွိယွမ်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ အောက်မှပရိသတ်များသည် သူတို့အောင်မြင်စွာ ဖွင့်ပြောနိုင်ခဲ့သည်ထက်ပင် ပိုပျော်ရွှင်နေကြသည်။ သူတို့သည် လက်ခုပ်တီးကာ အားပေးကြပြီး၊ မျက်ရည်များကို မျက်လုံးထောင့်မှ တိတ်တဆိတ် သုတ်နေသော အမျိုးသမီးများလည်း အတော်များများ ရှိခဲ့သည်။

“အူးဝူးးး!”

မာ့ခ်သည် နှစ်ပေါင်းများစွာ အစီအစဥ်တင်ဆက်သူ လုပ်ခဲ့သော်လည်း၊ ယနေ့အင်တာဗျူးသည် သူကျင်းပခဲ့သမျှထဲတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ကြောင်း ဝန်ခံရမည်! ဒါက ရိုလာကိုစတာစီးခြင်းထက်ပင် ပို၍ စိတ်လှုပ်ရှားစရာကောင်းသည်။

စင်မြင့်၏ အလယ်ဗဟိုကို ကြည့်လိုက်ရာ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ မှီခိုနေကြသည်။ ချောမောသောယောက်ျားနှင့် လှပသောမိန်းမတို့သည် နွေးထွေးပြီး ချစ်ခင်နေကြသည်… သူဘယ်လိုပဲကြည့်ကြည့်၊ သူတို့သည် ကောင်းကင်ဘုံက ဖန်တီးပေးသော ပြီးပြည့်စုံသော စုံတွဲတစ်တွဲဖြစ်သည်။

သို့သော် မာ့ခ်သည် ရှက်ရွံ့စွာဖြင့် သူ့ခေါင်းကို မကုတ်ဘဲ မနေနိုင်တော့ပေ။ အစီအစဉ်ပြီးဆုံးတော့မည်ကို မြင်သောအခါ သူသည် တက်ပြီး သူတို့နှစ်ဦးကို သတိပေးသင့်သလား? သို့သော် သူတို့သည် ကောင်းကင်မည်းမှောင်သွားသည်အထိ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နေသည်ကို မြင်သောအခါ သူ မဆင်မခြင်လုပ်ရဲတော့ပေ။ နျဥ်ယွိယွမ်၏ အေးစက်သောအကြည့်သည် သူ့နှလုံးသားထဲတွင် စွဲထင်နေဆဲဖြစ်သည်။

မာ့ခ်သည် ဘာလုပ်ရမည်ကို မစဉ်းစားနိုင်မီ မော့ချူး သည် ဒါကို သတိပြုမိလိုက်သည်။ သူမ နျဥ်ယွိယွမ်ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ သို့သော် နျဥ်ယွိယွမ် သည် နောက်ကျန်နေလိုစိတ်မရှိပေ။ သူသည် ချူးလေး၏ လက်ကိုကိုင်ကာ သူတို့လက်ချောင်းများကို ယှက်ထားလိုက်သည်။

'ဒီလူ! ' မော့ချူးသည် သူ့ကို စိုက်ကြည့်လိုက်ပြီးမှ စင်အောက်မှ ပရိသတ်များကို ရင်ဆိုင်ရန် လှည့်လိုက်သည်။

ဘယ်သူမှ မမျှော်လင့်ထားသော အခြေအနေများအောက်တွင် မော့ချူးသည် ရုတ်တရက် ၉၀ ဒီဂရီ ဦးညွှတ်ကာ ညင်သာစွာ ပြောလိုက်သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်!”

မူလက အနည်းငယ်ဆူညံနေသော အခြေအနေသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

စင်မြင့်၏အလယ်တွင် မော့ချူး၏ ဦးညွှတ်ခြင်းသည် အလွန်စံမှီသည်။ သူမသည် တစ်ဝက်ဦးညွှတ်ကာ သူမ လက်များကို ဘေးတွင်ထားလိုက်သည်။

ယခင်က ကြက်ဥထမင်းကြော်ပြုလုပ်ရန် သူမ၏ ဆံပင်ရှည်ကို လိပ်တင်ထားခဲ့သည်။ သူမသည် ဆံပင်ကို ချရန် အချိန်မရှိခဲ့ပေ။ ယခု သူမ၏ နူးညံ့သော မျက်နှာလေးသည် ပေါ်လွင်နေသည်။ သူမ၏သန့်စင်သော မျက်လုံးများသည် လူတိုင်း၏ မျက်လုံးထဲတွင် စွဲထင်နေပြီး၊ ထိုမျက်လုံးတို့သည် ကျေးဇူးတင်ခြင်းဖြင့် ပြည့်နှက်နေသည်၊ အညစ်အကြေး သို့မဟုတ် အတုအယောင်များ လုံးဝမရှိပေ…

ချူးလေးသည် သူတို့ကို တကယ်ကျေးဇူးတင်နေသည်၊ သူတို့၏ တည်ရှိမှုကို ကျေးဇူးတင်နေသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အဆင်ပြေသွားမှာပါ။ လူတိုင်းလည်း အမြဲတမ်း ပျော်ရွှင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်!”

မော့ချူး၏ မျက်လုံးများသည် ကွေးတက်နေပြီး သူမက ထပ်ပြောလိုက်သည်။ သူမ၏ လေသံသည် ပေါ့ပါးသော်လည်း၊ လူတိုင်းသည် ထိုထဲမှ ရိုးသားမှုကို ခံစားနိုင်သည်။

ဤစကားများကို ကြားသောအခါ မော့ချူး၏ အချစ်စစ်ပရိသတ်များစွာသည် မျက်ရည်များ စတင်ကျလာကြသည်။

ရိုးရိုးသားသားပြောရလျှင် ဒီမတိုင်မီက မော့ချူးသည် လူတိုင်းကို ဤကဲ့သို့ ကျေးဇူးတင်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ပေ။

အဖွဲ့ချုပ်၏ ဖျော်ဖြေရေးလုပ်ငန်း၏ လူကြိုက်များမှုကြောင့် အမာခံပရိသတ်အများအပြားကို မွေးဖွားပေးခဲ့သည်။ သူတို့၏ အိုင်ဒေါအတွက် သူတို့သည် ကိစ္စများစွာကို လုပ်ဆောင်ခဲ့ပြီး နာမည်ကြီးအများစုသည် ဤအခြေအနေကို သာမန်အဖြစ် မှတ်ယူနေကြပုံရသည်။

မော့ချူး၏ ဤမျှလေးနက်သောပုံစံဖြင့် ကျေးဇူးတင်ခြင်းသည် အမှန်တကယ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ဤလုပ်ဆောင်ချက်ကြောင့် နာမည်ကြီးဝဘ်ဆိုဒ်ပေါ်မှ လူအများအပြားသည်လည်း သူမပရိသတ်များ ဖြစ်လာကြသည်။

ပရိသတ်အများအပြားသည် ဤအခွင့်အရေးကို အရယူပြီး သူတို့၏ စိတ်ရင်းကို ပြသကြသည်-

[ငါ့ ချူးလေးက အံ့မခန်းပဲ! စိတ်မပူပါနဲ့၊ ငါတို့ အမြဲတမ်း ဒီမှာရှိနေမှာပါ!]

[အိုး! ငါ အရမ်းစိတ်ထိခိုက်သွားတယ်။ အင်တာဗျူးအစီအစဉ်တစ်ခုကြည့်ရင်း နှစ်ခါတောင် ငိုမိတယ်။ ဒါက တကယ်ကို အရမ်းရှက်စရာကောင်းတာပဲ! ဒါပေမယ့်၊ ချူးလေး၊ ငါတို့ မင်းကို အမြဲတမ်း ထောက်ခံသွားမှာပါ။ အားတင်းထား!]

[မာရှယ်နျဥ်၊ ငါတို့အားလုံး မင်းရဲ့ကတိကို ကြားပြီးပြီ။ တစ်နေ့နေ့မှာ မင်း ချူးလေးကို ဆိုးဆိုးရွားရွား ဆက်ဆံရဲရင်၊ အဲ့ဒီအချိန်ကျရင်… ဟွန့်!]

မော့ချူး၏ နူးညံ့သောလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း နျဥ်ယွိယွမ်ဆီတွင် သူ၏ ပုံမှန်အေးစက်သော အသွင်အပြင်များ ရှိနေနိုင်ပါဦးမည်လား။ သူ၏ တစ်ကိုယ်လုံးသည် လှုပ်ရှားသက်ဝင်နေပြီး အထူးသဖြင့် သူ၏ မျက်ဝန်းထောင့်များမှ ပျော်ရွှင်မှုများက လေထဲသို့ပင် ပျံ့လွင့်သွားမတတ် ချိုမြိန်နေခဲ့လေသည်။

"နမ်းလိုက်! နမ်းလိုက်!"

မည်သူက စအော်လိုက်သည်ကို မသိသော်လည်း မကြာမီတွင် စတူရီယိုခန်းတစ်ခုလုံး ဆူညံသွားခဲ့သည်။ နွေးထွေးပြီး စည်းချက်ကျသော အသံများက အခန်းတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားစေသည်။ သူတို့သည် ပွဲကို ကြည့်နေကြပြီး ပိုကြီးသော ကိစ္စရပ်များကို စိတ်မဝင်စားကြသည့်အလားပင်။

ထိုမြင်ကွင်းကို မြင်သောအခါ မော့ချူး၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုတစ်စွန်းတစ်စ ဖြတ်ပြေးသွားသည်။ သူမသည် နျဥ်ယွိယွမ်ဆီသို့ မော့ကြည့်လိုက်ရင်း ကြောင်ငေးနေမိသည်။

"အားလုံးရဲ့စေတနာကို ငြင်းဖို့ခက်နေမှတော့.."

နျဥ်ယွိယွမ်သည် ထိုအကြံဉာဏ်ကို အလွန်ကျေနပ်နေခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးသည်ပင် ပိုမိုနက်ရှိုင်းလာခဲ့သည်။

"ကိုယ်တို့ ရေလိုက်ငါးလိုက်ပဲ သွားလိုက်ကြရင်ရော?"

သူ ထိုသို့ပြောလိုက်ပြီး မော့ချူး မတုံ့ပြန်နိုင်ခင်မှာပင် သူသည် သူမ၏ သွယ်လျသောခါးကို ဖမ်းဆွဲလိုက်ကာ ကိုင်းညွှတ်လိုက်သည်...

'သွားပြီ! သူ နမ်းတော့မယ် ၊ သူ နမ်းတော့မယ်!'

အဘယ်ကြောင့် သူမ၏ နှလုံးသားက ပုံမှန်ထက် ပိုခုန်နေရသနည်း။ စင်မြင့်အောက်မှ ပရိသတ်များသည် အသက်ပင်မရှူဘဲ စောင့်မျှော်နေကြသည်။ သူတို့၏ နှုတ်ခမ်းများ တဖြည်းဖြည်း နီးကပ်လာသည်ကို သူတို့မြင်နေရသည်... သူတို့နှစ်ဦး ထိတွေ့တော့မည့်ဆဲဆဲမှာပင် မော့ချူး ရုတ်တရက် ဆွဲခေါ်ခြင်းခံလိုက်ရသည်။

"ဟင်း.. "

လူတိုင်းသည် သက်ပြင်းတစ်ချက်ကို မချဘဲမနေနိုင်ဖြစ်သွားကြသည်။ 'တကယ်ကို နည်းနည်းလေးပဲ လိုတော့တာကို!'

တစ်ခဏတာ နောင်တရပြီးနောက်တွင် သူတို့ နောက်ဆုံး၌ သတိပြန်ဝင်လာကြသည်။ 'ဟမ်? ဒါ မဟုတ်သေးဘူး! ဒီလိုအရေးကြီးတဲ့အချိန်မှာ မာရှယ်နျဥ် ဆီကနေ လူလုယူရဲတဲ့ သတ္တိဘယ်သူ့မှာရှိလို့လဲ။ သူတို့ အသက်မရှင်ချင်တော့ဘူးလား။'

လူတိုင်းသည် သူတို့၏ အကြည့်များကို စင်မြင့်ထက်သို့ တစ်ဖန်ပြန်ပို့လိုက်ကြသည်။ အိုး၊ ဒါက အုပ်စုဖွဲ့ကျူးလွန်ခြင်းဖြစ်နေသည်။ လူသုံးယောက်သည် အံ့ဩစရာကောင်းလှသည်။ မာရှယ်နျဥ်က ခင်ဗျားတို့ကို တစ်မိနစ်အတွင်း သတ်ပစ်နိုင်တယ် ဟုတ်ပြီလား။

သူတို့သည် မော့ချူး၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားသော လူကို သေချာကြည့်လိုက်ကြသည်။ 'ဟင်း၊ ဒီလူက သိသိသာသာကို စာဂျပိုး အရှုံးသမားတစ်ယောက်ပဲ။ ပြောပလောက်တာမဟုတ်ဘူး…'

"မော့ယန်!"

သို့သော်လည်း သူတို့၏ ပထမဆုံးအထင်အမြင်ကို လျင်မြန်စွာ ဖျောက်ဖျက်လိုက်ရသည်။ အကြောင်းမှာ မျက်စိလျင်သော ပရိသတ်များက မော့ယန်၏ အယောင်ဆောင်မှုကို မကြာမီ မြင်သွားပြီး အံ့ဩတကြီးအော်လိုက်သောကြောင့်ပင်။

'ဘာ? မော့ယန်?'

သေချာကြည့်လိုက်တော့ တကယ်ပင် သူဖြစ်နေသည်။

ဤသို့ဖြင့် hip-hop ပရိသတ်များဘေးတွင် လျှောက်လှမ်းနေသော စုန့်ချင်စုန့်နှင့် ချင်ယွဲ့ တို့ကိုပင် လျင်မြန်စွာ မှတ်မိသွားကြသည်။

'ဝေါင်း!'

ထိုခန့်ညားသော အမျိုးသားများ ပေါ်လာခြင်းကြောင့် မြင်ကွင်းတစ်ခုလုံးသည် ကောင်းကင်မှ ဗုံးကြဲချလိုက်သကဲ့သို့ ပေါက်ကွဲသွားတော့သည်။

အထူးသဖြင့် မော့ယန်နှင့် အခြားသူများဘေးတွင် ထိုင်နေသော မိန်းကလေးအတွက် ပို၍ပင်ဖြစ်သည်။ သူမသည် စိတ်လှုပ်ရှားလွန်း၍ မေ့လဲလုနီးပါးဖြစ်နေခဲ့သည်။ သူမသည် တတွတ်တွတ် ရေရွတ်နေခဲ့သည်။

"ငါ ခုနက ငါ့အိုင်ဒေါနဲ့ အရမ်းနီးနီးလေး ထိုင်နေခဲ့တာ၊ လက်နဲ့ထိလို့ရလောက်တဲ့အထိ နီးတာ..."

"အစ်ကို၊ မိုးကျရွှေကိုယ်စုန့်… ရှင်တို့က ဘာလို့ ဒီရောက်နေတာလဲ"

သုံးယောက်လုံးသည် အယောင်ဆောင်ထားသော်လည်း မော့ချူးက သူတို့၏ မည်သူမည်ဝါမှန်းကို လျင်မြန်စွာ မှတ်မိသွားသည်။

"အစ်ကိုကြီး!"

တစ်ဖက်တွင်တော့ ခုလေးတင် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းသွားရသော နျဥ်ယွိယွမ်သည်လည်း သူတို့ကို လိမ်လိမ်မာမာခေါ်လိုက်သည်။ သူ၏ မိုက်မဲသောအသွင်အပြင်သည် မြေရှင်သူဌေးတစ်ဦး၏ မိုက်မဲသောသားနှင့် ဘာမှမခြားပေ။

နောက်ဆုံးတွင် နျဥ်ယွိယွမ်၏ စကားကို ကြားသောအခါ မော့ယန်၏ မူလကတည်းက ကြည့်ရဆိုးနေသော မျက်နှာသည်လည်း ပိုမည်းမှောင်သွားတော့သည်။

'သွားစမ်း! ဘယ်သူက မင်းအစ်ကိုကြီးလဲ။ ငါက မင်းထက် အသက်နှစ်အနည်းငယ်ငယ်တုန်း! ဒါ့အပြင် ဒီမှာ ဆွေမျိုးတော်ဖို့မကြိုးစားနဲ့။ ငါ့ ချူးလေး က မင်းကို လက်မထပ်ရသေးဘူး!'

'ကျွတ်ကျွတ်!' မော့ယန်၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာကိုကြည့်ရင်း ချင်ယွဲ့သည် အသံထွက်၍ မရယ်ဘဲမနေနိုင်ဖြစ်သွားသည်။ 'ကြည့်စမ်း! မာရှယ်နျဥ်၊ မင်းလုပ်ချင်တာ လုပ်ခွင့်ပေးလိုက်မယ်!'

'ဒီအစီအစဉ်က ပြီးတော့မှာကို မင်းက ဒီလိုရှုပ်ရှုပ်ထွေးထွေးလုပ်ချင်သေးတယ်။ မင်း မော့ယန်ကို ဒီကိုဖိတ်ခဲ့တာမဟုတ်ဘူးလား။ သူ့ညီမကို အရမ်းစွဲလမ်းတဲ့ မော့ယန် ရှေ့မှာ ချူးလေးကို နမ်းရဲသေးတယ်လို့။ သူက မင်းကို ဘယ်လိုလုပ် လွှတ်ပေးမှာလဲ။'

All Chapters