← Chapters

အပိုင်း ၅၀၃

Vol. 34 Ch. 503

အပိုင်း ၅၀၃

Vol. 34 Ch. 503

နောက်လတွင် နျဉ်ယွိယွမ်က မည်သည့်နည်းလမ်းများ သုံးခဲ့သည်ကို မသိလိုက်ပေ။ မော့ယန်၏ ပတ်ဝန်းကျင်မှ လူများအားလုံးသည် ကိုယ်ကျင့်တရားမရှိဘဲ သစ္စာဖောက်သွားခဲ့ကြပြီး အားလုံးက တိတ်တဆိတ်ပင် တစ်ဖက်လူ၏ စခန်းသို့ ဝင်သွားခဲ့ကြသည်။

ပုံမှန်အားဖြင့် သူတို့သည် လေ့ကျင့်ရေးနားချိန်ကို အခွင့်ကောင်းယူပြီး ပျော်ပျော်ပါးပါး စကားစမြည်ပြောနေကြရင်း ရုတ်တရက် စကားလမ်းကြောင်းပြောင်းကာ နျဉ်ယွိယွမ်နှင့် မော့ချူးကြားမှ ကိစ္စကို ထည့်ပြောတတ်ကြသည်။ အဆုံးတွင်တော့ သူတို့က စိတ်ရင်းအမှန်ဖြင့် ပြောသော စကားတစ်ခွန်းကို ထည့်ပြောရန် မမေ့ခဲ့ပေ။

"တော်ပါတော့ မော့ယန်ရာ။ မာရှယ် နျဉ်လည်း မလွယ်ဘူးကွ၊ သူ့ကို မတားပါနဲ့တော့။"

အခါအားလျော်စွာ တစ်စုံတစ်ယောက်က သူ့နားထဲတွင် ဤသို့ လာပြောတတ်ရာ မော့ယန်၏ မျက်နှာမှာ တစ်နေ့ထက်တစ်နေ့ ပို ပိုပြီး မည်းမှောင်လာခဲ့သည်။ 'ဟက်ဟက်။ ငါက သူ့ကို တားမယ်။ မင်းတို့က ဘာလုပ်ချင်ကြတာလဲ။'

တခြားသူများကို ထားလိုက်ပါဦး၊ အဆုံးတွင်တော့ ချင်ယွဲ့ပင်လျှင် ပြေးလာပြီး မော့ယန်ကို အတင်းအကျပ် ဦးနှောက်ဆေးကြောတော့သည်။

သူက ထိုစကားများကိုသာ အထပ်ထပ်အခါခါ ပြောဆိုနေပြီး နျဉ်ယွိယွမ်၏ ဂုဏ်ပုဒ်နှင့် အင်အား၊ သို့မဟုတ် ချူးလေး အပေါ်ထားရှိသော သူ၏ ခံစားချက်များက မည်မျှ နက်ရှိုင်းကြောင်းကို အလေးပေးပြောနေခဲ့သည်။ အဆုံးတွင်တော့ သူက စကားတစ်ခွန်းဖြင့်ပင် နိဂုံးချုပ်လိုက်သေးသည်။

"ကြည့်စမ်းပါဦး… ဒီနှစ်ယောက်က အရမ်းလိုက်ဖက်တဲ့ အတွဲ၊ တကယ့်ကို ထာဝရအတွက် ဖန်တီးထားတာ။ မင်းသာ သူတို့ကို သဘောမတူဘဲ ခွဲလိုက်မယ်ဆိုရင် အဲ့ဒါက နှလုံးသားမရှိရာကျတယ်၊ ရက်စက်ရာကျတယ်၊ ပြီးတော့ အကျိုးအကြောင်းလည်း မဆီလျော်ဘူး။"

"ကောင်းပြီ၊ ပြောစမ်း။"

မော့ယန်က မျက်မှောင်ကြုတ်တာကို ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။ "နျဉ်ယွိယွမ်က မင်းကို ဘယ်လောက်ပေးထားလဲ။"

ထိုစကားကို ကြားသောအခါ ချင်ယွဲ့က 'မင်းငါ့ကို ဘယ်တော့မှ ဝယ်လို့မရဘူး' ဟု ဆိုလိုသည့် သစ္စာရှိသော အမူအရာကို ချက်ချင်း လုပ်ပြလိုက်သည်။ သူက အလေးအနက် ပြောလိုက်သည်။

"ဟွန့်။ မင်းက ငါ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ ငါ ချင်ယွဲ့က အဲ့ဒီလိုမျိုး လုပ်မယ့်သူလား။ ကြည့်စမ်း၊ 'ဖြောင့်မတ်ပြီး ကြင်နာတတ်သူ' ဆိုတဲ့ စကားလုံးတွေက ငါ့နဖူးပေါ်မှာ ထွင်းထားပြီးသားကွ…"

"လိုရင်းကိုပြော"

မော့ယန်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရပြီးနောက် ချင်ယွဲ့က သူ့ယခင်အမူအရာကို ဖယ်ရှားလိုက်ပြီး လက်နှစ်ဖက်ကို ရယ်ကျဲကျဲဖြင့် ပွတ်သပ်လိုက်သည်။

"… အဲဒါကလေ၊ နျဉ်ယွိယွမ် က ပြောတယ်။ ငါသာ ဒီကိစ္စကို လုပ်နိုင်ရင် သူက ငါ့ကို အသစ်တီထွင်ထားတဲ့ A-54 မက်ချာ တစ်ခု ပေးမယ်တဲ့။"

ထိုအရာသည် ချင်ယွဲ့က အချိန်အတော်ကြာ လိုချင်တပ်မက်နေခဲ့သော ရတနာတစ်ပါးပင် ဖြစ်သည်။ ချောမွေ့သော မျဉ်းကွေးများ၊ ထိတွေ့လိုက်လျှင် ထိလွယ်ရှလွယ်ဖြစ်မှုနှင့် အားကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို စဉ်းစားကြည့်ရုံဖြင့် သူက ထိန်းမနိုင်သိမ်းမရ သွားရည်ကျမိတော့သည်။

သူက နှုတ်ခမ်းကို သပ်လိုက်သည်။ ထိုအချိန်တွင် ချင်ယွဲ့၏ အမူအရာမှာ လှပသော အမျိုးသမီးတစ်ယောက်ကို စိတ်ကူးယဉ်နေသော ရမ္မက်ကြီးသူတစ်ယောက်နှင့် တူနေရာ မော့ယန်ကို စက်ဆုပ်ရွံရှာသွားစေသည်။

"ဒါဆို မင်းက ပျက်စီးနေတဲ့ မက်ချာ တစ်ခုရဖို့အတွက်နဲ့ ငါ့ကို ရောင်းစားလိုက်တာပေါ့။"

"ဘာကွ။"

ချင်ယွဲ့၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ၏ ရင်ဘတ်ကို အကျယ်ကြီး ချက်ချင်း ပုတ်လိုက်သည်။

"ငါက အကျိုးအမြတ်အတွက် သစ္စာတရားကို မေ့တဲ့ ဒီလိုလူစားမျိုး ဖြစ်နိုင်ပါ့မလား။"

မင်းက အဲ့ဒီလိုလူပဲ။ ထိုစကားနှစ်လုံးက မော့ယန်၏ မျက်လုံးများထဲတွင် ရေးသားထားလေသည်။

"အဲဒါကလေ…"

ချင်ယွဲ့က မော့ယန်၏ မထီမဲ့မြင်အကြည့်နှင့် ဆုံသောအခါ ချက်ချင်း ကျုံ့သွားတော့သည်။ "ငါက အားလုံးရဲ့ ကောင်းကျိုးအတွက် လုပ်ပေးနေတာ မဟုတ်ဘူးလား။ ချူးလေးနဲ့ ဗိုလ်ကြီး နျဉ်တို့က အဆင်ပြေနေကြတာကို မင်းက ကြားထဲမှာ ဒီလိုမျိုးကြီး ဝင်ပိတ်နေတာက ပြဿနာမဟုတ်ဘူးလား။"

"ပြီးတော့ မင်းက သူတို့ကို တားနိုင်တယ်ဆိုရင်တောင် ဘယ်လောက်ကြာကြာ တားနိုင်မှာမို့လို့လဲ။"

အဖွဲ့ချုပ်မှ အမျိုးသမီးတစ်ဦးသည် မျိုးဗီဇအဆင့် B အထက်ရှိပြီး အသက်အရွယ်တစ်ခုသို့ ရောက်ပြီးနောက် လက်မထပ်ရသေးပါက အစိုးရက သူမကို အဖော်တစ်ယောက်ရှာရန် အတင်းအကျပ် ဖိအားပေးလေ့ရှိသည်။ ဤသည်မှာ ပို၍ထူးချွန်သော မျိုးဗီဇများကို ချောမွေ့စွာ လက်ဆင့်ကမ်းနိုင်ရန်အတွက် ဖြစ်သည်။

ဒါသည် အဖွဲ့ချုပ်အမျိုးသမီးများ အခွင့်ထူးများစွာ ခံစားနိုင်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

အခွင့်အရေးနှင့် တာဝန်ဝတ္တရားများသည် မကြာခန အပြန်အလှန် ဆက်စပ်နေလေ့ရှိသည်။

ချင်ယွဲ့၏ ညင်သာသော အကြံပြုချက်ကို ကြားသောအခါ မော့ယန်က ထိုစကားနောက်ကွယ်မှ အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်သွားပြီး သူ၏ အကြည့်များမှာ တုံ့ဆိုင်းသွားတော့သည်။

'ဟေး။ နည်းလမ်းတော့ရှိသားပဲ။'

ချင်ယွဲ့ က အခွင့်အရေးရတုန်းမှာ ဆက်လှုပ်ရှားလိုက်ပြီး သူ၏ ဦးနှောက်ကို ညှစ်ထုတ်ကာ ဆက်စည်းရုံးပြောဆိုလိုက်သည်။

"မင်း ချူးလေးကို ဘယ်လောက်ချစ်လဲဆိုတာ ငါလည်း သိပါတယ်။ ဒါပေမဲ့ မင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ချူးလေးရဲ့ သဘောထားကို မေးရမှာလေ။ သူက နျဉ်ယွိယွမ် နဲ့ တကယ်ပဲ သစ္စာဆိုချင်နေတယ်ဆိုရင် မင်းက ဒီလိုပုံစံလုပ်နေတာက သူ့အတွက် ဒုက္ခပေးနေတာ မဟုတ်ဘူးလား။"

အင်း… မော့ယန်က ခဏစဉ်းစားလိုက်ပြီးနောက် အံ့အားသင့်ကာ ခေါင်းမော့လိုက်ပြီး အနည်းငယ် အံ့ဩနေသော လေသံဖြင့် ပြောလိုက်သည်။

"မင်းလိုကောင်လေးက တစ်နေ့ကျရင် ဒီလိုစကားမျိုး ပြောနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"

သူက ဘာကို ဆိုလိုတာလဲ။

ထိုစကားကို ကြားသောအခါ ချင်ယွဲ့က ချက်ချင်း မကျေမနပ်ဖြစ်သွားပြီး သူ၏ စူးရှသော မျက်လုံးများဖြင့် မော့ယန်ဆီသို့ လှမ်းကြည့်လိုက်သည်။ 'အစ်ကို၊ ကျွန်တော်လည်း တော်တော်လေး ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါဗျ၊ ဟုတ်ပြီလား။'

"ကောင်းပြီ။"

မော့ယန်က မတ်တပ်ထရပ်လိုက်သည်။ "ငါ ဒီကိစ္စကို ချူးလေး ကို မေးရမယ်။"

သူတို့နှစ်ယောက်သည် ဒုတိယထပ်ရှိ စာကြည့်ခန်းထဲတွင် စကားပြောနေခဲ့ကြခြင်း ဖြစ်သည်။ ယခု လှေကားမှ ဆင်းလာသည်နှင့်တစ်ပြိုင်နက် မွှေးပျံ့သောရနံ့တစ်ခုက သူတို့၏ နှာခေါင်းထဲသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။

"အိုက်ယား၊ ချူးလေးရဲ့ လက်ရာက တစ်နေ့တစ်ခြား ပိုကောင်းလာတာပဲ။"

ချင်ယွဲ့က အလေးအနက်ထား ပြောနေသကဲ့သို့ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ကလေးတစ်ယောက်လို မီးဖိုချောင်သို့ ပြေးသွားတော့သည်။

မော့ချူး၏ ဝိညာဉ်အစားအစာဆိုင်သည် ပုံမှန်ရောင်းချမှုကို ပြန်လည်စတင်ခဲ့ပြီး သူမ လက်ခံရရှိသော မှော်အပင်များနှင့် မှော်သားရဲများ၏ အရေအတွက်မှာလည်း တိုးပွားလာနေသည်။

မှန်ပေသည်၊ မှော်အပင်များအပြင် သူမသည် မှော်သားရဲများကိုလည်း စတင်ဝယ်ယူနေပြီ ဖြစ်သည်။ နောက်ဆုံးတော့ လူထု၏ စွမ်းအားမှာ အဆုံးမရှိဖြစ်ပြီး သူတို့ကို လျစ်လျူရှု၍ မရနိုင်ပေ။

မော့ချူးက သူမ စုဆောင်းသော မှော်အပင်များနှင့် မှော်သားရဲများအားလုံးသည် စွမ်းအင်အကြွင်းအကျန်များကို ဖယ်ရှားရန်အတွက်ဖြစ်ကြောင်း အစောပိုင်းက ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် သူမ လက်ခံရရှိသော ပါဝင်ပစ္စည်းများ၏ အရေအတွက်မှာ နေ့စဉ်နှင့်အမျှ တိုးပွားလာနေသည်။

လူတိုင်းသည် မှော်ဒေသသို့ သူတို့၏ ခန္ဓာကိုယ်အတွက် စွမ်းအင်အပိုင်းရရှိရန် မှော်အပင်များနှင့် မှော်သားရဲများကို ရယူရန် သွားကြသည်။ မော့ချူးက ဤသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အားလုံးက ကျန်ရှိသော မှော်သားရဲများနှင့် မှော်အပင်များကို မော့ချူးဆီသို့ စိတ်အားထက်သန်စွာ ပို့ပေးကြသည်။

သူတို့သည် အိပ်မက်လည်း မက်နေကြသည်။ အကယ်၍ မော့ချူးသာ ပစ္စည်းများ ပိုရရှိပါက သူမသည် အနာဂတ်တွင် ဝိညာဉ်အစားအစာများကို ပိုမိုမြန်ဆန်စွာ တီထွင်နိုင်လိမ့်မည်။ ထိုအတွေးဖြင့် အားလုံးက သူမကို ပျော်ရွှင်စွာ လက်ဆောင်ပေးကြသည်။

သူတို့တွင် အခြားအရာများ မရှိသော်လည်း ဤပစ္စည်းများမှာတော့ အသေအချာ လုံလောက်ကြောင်း အထပ်ထပ်အခါခါ ပြောဆိုခဲ့ကြသည်။

ထိုသို့ဖြင့် မော့ချူးက သူမ လတ်လတ်ဆတ်ဆတ် ရရှိထားသော ပါဝင်ပစ္စည်းအနည်းငယ်ကို ယူကာ ဟင်းလျာအသစ်အချို့ ပြုလုပ်လိုက်သည်။

ကော်ပြန့်လိပ်တစ်ပွဲနှင့် မြည်းလိပ်မုန့် တစ်ပွဲ ဖြစ်သည်။ ဒါတွေကို အဓိကအစားအစာဟု မသတ်မှတ်နိုင်သော်လည်း သရေစာအဖြစ် စားသုံးရန် လုံလောက်သည်။

ပန်းကန်ပြားကို ချနေစဉ်မှာပင် သူမသည် မျှော်လင့်ချက်အပြည့်ဖြင့် လျှောက်လာသော ချင်ယွဲ့ကို မြင်လိုက်ရသည်။ မော့ချူးက မရယ်ဘဲ မနေနိုင်တော့ပေ။

"တိုက်ဆိုင်လိုက်တာ။ လာ၊ ဒါလေးကို မြည်းကြည့်ပေးစမ်းပါဦး။ အရသာ ဘယ်လိုနေလဲ။"

"ရတာပေါ့။"

ချင်ယွဲ့က သန့်သန့်ရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

ကော်ပြန့်လိပ်နှင့် ဆန်ကိတ်မုန့်ကြော်များမှာ အငွေ့တထောင်းထောင်း ထနေဆဲပင်။

ထို သင်းပျံ့ချိုမြသောရနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူ့ကို သွားရည်ကျချင်လာစေသည်။

ချင်ယွဲ့က တူကို ယူရန် မစောင့်နိုင်တော့ဘဲ ဆန်ကိတ်မုန့်ကြော်တစ်ဖဲ့ကို ချက်ချင်း လှမ်းယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

"အိုး .."

သူက အပြင်လွှာကို သွားဖြင့် ကိုက်ဖွင့်လိုက်ရာ အတွင်းမှ ပဲအနှစ်ရည်ဝက်က ချော်ရည်ကဲ့သို့ ထွက်ကျလာပြီး ပေါက်ကွဲသွားကာ ပူလောင်လှသည်။ သို့သော် ပူနွေးသောလေထဲတွင် ဖော်ပြမရနိုင်သော မွှေးရနံ့တစ်ခု ပါဝင်နေပြီး သူနှင့်အတူ ပဲအနှစ်၏ အနည်းငယ် အေးခဲနေသော အရသာကိုလည်း ဆောင်ကြဉ်းလာသည်။

အလွန်ပင် လှပလွန်းသည်။

သူက မထွေးထုတ်ရက်သောကြောင့် ချင်ယွဲ့က ပါးစပ်ကို အနည်းငယ်ဟကာ အားကုန်သုံး၍ နှစ်ကြိမ် အသက်ရှူထုတ်လိုက်သည်။ သူက ပါးစပ်ထဲမှ ပဲအနှစ်၏ အပူချိန် အနည်းငယ် ကျဆင်းသွားသည်ကို စောင့်ပြီးမှ ဆက်မြည်းစမ်းလိုက်သည်။

အင်း… ပျော့ပျောင်းစေးကပ်သော အရသာထဲတွင် ချိုမြသောအရိပ်အယောင်လေး ရောနှောနေသည်။ နှမ်းအနည်းငယ် ပါဝင်သောကြောင့် အရသာမှာ ပိုမိုကောင်းမွန်လာသည်။ ကြွပ်ရွသော အပေါ်ယံလွှာနှင့်အတူ ပြီးပြည့်စုံစွာ လိုက်ဖက်နေသည်။

ပါဝင်ပစ္စည်းများမှာ အလွန်ရိုးရှင်းသော်လည်း အရသာမှာ ပျင်းစရာမကောင်းဘဲ အနည်းငယ် မူးနောက်နောက် ခံစားရစေသည်။

"ဘာလို့ အဲ့လောက် လောနေတာလဲ။"

ချင်ယွဲ့က လက်ဖြင့် တန်းကောက်ယူနေသည်ကို မြင်သောအခါ မော့ချူး ခေါင်းခါမိတော့သည်။ သူမက ချင်ယွဲ့၏ လက်ထဲသို့ တူကို ထည့်ပေးလိုက်သည်။

"ဒီမှာ၊ ဒါကိုသုံး။"

"အဲ့ဒါကလေ…"

ချင်ယွဲ့ က သူ့လက်ပေါ်မှ ကျန်ရှိနေသော ပဲနီအနှစ်များကို လျက်လိုက်သည်။ သူက သွားများ မမြင်ရလောက်အောင် ရယ်မောလိုက်သည်။

"အဓိကက မင်းလုပ်တဲ့ အစားအစာတွေက အရမ်းအရသာရှိလို့ပါ ချူးလေး ရာ။"

ထိုသို့ပြောရင်း သူက တူကို ကိုင်ကာ နောက်ထပ်ကော်ပြန့်လိပ်တစ်လိပ်ကို တိုက်ခိုက်တော့သည်။

ကော်ပြန့်လိပ်သည် ချို၍ ငန်သောအရသာရှိသည်။ အဘယ်ကြောင့်ဆိုသော် ဆန်ကိတ်မုန့်ကြော်က ချိုသောအရသာကို ယူဆောင်သွားပြီဖြစ်သောကြောင့် ဖြစ်သည်။ ဤတစ်ကြိမ်တွင် မော့ချူးက ဆီရွှဲနေသော အခွံပါသည့် ငန်သောကော်ပြန့်လိပ်ကို ပြုလုပ်ခဲ့သည်။ ဒါသည် အတူတွဲဖက်စားသုံးရန် အလွန်သင့်တော်ပြီး အီလွန်းသော အရသာကို မခံစားရစေပေ။

ကော်ပြန့်လိပ်ကို အချိန်အနည်းငယ် ထားခဲ့သောကြောင့် အလွန်မပူတော့ပေ။

အထူးသဖြင့် အပြင်ခွံကို ရွှေဝါရောင်သန်းသည်အထိ ကြော်ထားသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အတွင်းမှ ဟင်းသီးဟင်းရွက်အဆာများကိုပင် ခပ်ရေးရေး မြင်နိုင်သည်။ လက်ညှိုးနှစ်ချောင်းစာ ကျယ်သော ကော်ပြန့်လိပ်ငယ်နှစ်ခုကို ပန်းကန်ပြားပေါ်တွင် သေသပ်စွာ တင်ထားရာ မြင်တွေ့ရုံဖြင့်ပင် အလွန်ကောင်းမွန်လှသည်။

နှစ်ကြိမ် မှုတ်ထုတ်ပြီးနောက် ချင်ယွဲ့ က စိတ်အေးသွားပြီး အကြီးကြီးတစ်ကိုက် ကိုက်လိုက်သည်။

ကြွပ်ရွသော အခွံက အဆာကို ပတ်ထားပြီး အတူတကွ ဝါးလိုက်သောအခါ မွှေးကြိုင်ပြီး ကြွပ်ရွနေသည်။

အတွင်းမှ အဆာမှာ ဝက်သား၊ မျှစ်နှင့် မုန်ညင်းစိမ်းတို့ ဖြစ်သည်။

သုံးမျိုးလုံးမှာ ပြီးပြည့်စုံစွာ ရောနှောနေသည်။ မျှစ်နှင့် မုန်ညင်းစိမ်းတို့က ဝက်သားထဲမှ ပိုလျှံနေသော အဆီများကို စုပ်ယူလိုက်ပြီး အဆာထဲသို့ လတ်ဆတ်မှုအချို့ကို ထည့်ပေးထားသည်။ ထို့အပြင် မော့ချူး ထည့်ထားသော အဆာပမာဏမှာလည်း အနေတော်ပင် ဖြစ်သည်။ ငန်လွန်းခြင်း၊ ပေါ့လွန်းခြင်းမရှိဘဲ အနေတော်ဖြစ်ရာ မည်သို့ အရသာမရှိဘဲ နေနိုင်မည်နည်း။

"အစ်ကိုလည်း မြည်းကြည့်ဦးလေ။"

မော့ချူးက အရသာရှိသော အစားအစာကမ္ဘာထဲတွင် နစ်မြောနေသော ချင်ယွဲ့ကို စိုက်ကြည့်လိုက်ပြီး ပန်းကန်နှင့် တူကို မော့ယန်ဆီသို့ ကမ်းပေးလိုက်သည်။

"မဟုတ်ရင် နောက်ကျ ချင်ယွဲ့ တစ်ယောက်တည်း အကုန်လုစားသွားလိမ့်မယ်။"

အတိအကျပင်။ ချင်ယွဲ့၏ 'အကုန်စားပစ်၊ အကုန်မျိုချပစ်' ဟူသော ပုံစံဖြင့်ဆိုလျှင် သူက ဤဆန်ကိတ်မုန့်ကြော်နှင့် ကော်ပြန့်လိပ်နှစ်ပွဲကို စားရန် အချိန်များများ လိုလိမ့်မည်မဟုတ်ပေ။

ဝိုင်းဝိုင်းနှင့် မြေခွေးပျံလေးအတွက်မူ မော့ချူးက ဤကောင်လေးနှစ်ကောင်အတွက် ပမာဏကို ပြင်ဆင်ပြီး သူတို့ကို ပေးထားပြီးသား ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့သည် ယခုအချိန်တွင် ဆူညံပူညံလုပ်နေလောက်ပြီ ဖြစ်သည်။ မည်သို့ ယခုကဲ့သို့ တိတ်ဆိတ်နေနိုင်မည်နည်း။

ထိုင်ခုံပေါ်တွင် ထိုင်ရင်း မော့ချူးကလည်း တူတစ်စုံကို ကောက်ယူကာ ဆန်ကိတ်မုန့်ကြော်တစ်ဖဲ့ကို ပါးစပ်ထဲသို့ ထည့်ပြီး အရသာကို ခံစားနေလိုက်သည်။

All Chapters