← Chapters

အပိုင်း ၅၀၇

Vol. 34 Ch. 507

အပိုင်း ၅၀၇

Vol. 34 Ch. 507

မမျှော်လင့်ဘဲ ဤမရည်ရွယ်သော လှုပ်ရှားမှုက နျဉ်ယွိယွမ်ကို ညည်းညူသံမျိုး ထွက်စေရန် ဆွဲဆောင်လိုက်သလိုပင်။ နျဉ်ယွိယွမ်၏ ခြိမ်းခြောက်မှုထဲတွင် အကူအညီမဲ့မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။

“က‌လေးမလေး၊ ဆက်ပြီးလှုပ်နေရင် ..”

… ဒါက မီးလောင်ရာလေပင့်သလိုမျိုး ဖြစ်နေသည်။

မော့ချူး၏ အမူအရာမှာ အနေရခက်ပုံ‌ဖြစ်သွားသည်။ နျဉ်ယွိယွမ် ဘာမှမပြောဘဲ သူမသည် ခွင့်ပြုချက်မရှိဘဲ မလှုပ်ရှားရဲတော့ပေ။

ကံကောင်းစွာဖြင့် သူတို့ လျှောက်ခဲ့သော လမ်းမှာ အတော်လေး ဆိတ်ငြိမ်ပြီး သွားလာသူများ မများလှပေ။ သို့မဟုတ်လျှင် သူတို့နှစ်ယောက်လုံး တကယ် မျက်နှာပျက်ရတော့မည်။

အဆုံးတွင်တော့ မော့ချူးက သူမနှလုံးသားထဲ ညည်းတွားနေစဉ်မှာပင် ကျောင်းသားအနည်းငယ်၏ ပုံရိပ်များက မလှမ်းမကမ်းမှ လျှောက်လာကြသည်။ သူမသည် အလွန်ကြောက်လန့်သွားပြီး သူမ၏ နှလုံးသားငယ်လေးမှာ ရုတ်တရက် တုန်ခါသွားသည်။

'သေပြီ။ ငါကြောက်တဲ့အတိုင်းပဲ ဖြစ်လာပြီ။'

မော့ချူးက နျဉ်ယွိယွမ်ကို အလျင်အမြန် တွန်းလိုက်သည်။

“အင်း… ရှင် ပြီးပြီလား။ လူတွေ လာနေပြီ။”

“မင်း ဘယ်လိုထင်လဲ။”

နျဉ်ယွိယွမ်က အသံကိုနှိမ့်ကာ ရယ်ရမလို ငိုရမလိုဖြင့် ပြောလိုက်သည်။ ဒါသည် သူ ထိန်းချုပ်နိုင်သော အရာမဟုတ်ပေ။

ချူးလေး၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ နျဉ်ယွိယွမ်၏ နှလုံးသားက နူးညံ့သွားသည်။ သူက ညင်သာစွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး။”

အမှန်တကယ်တော့ သူတို့သည် လက်ရှိတွင် တစ်ယောက်ကိုတစ်ယောက် ချိုမြိန်စွာ ပွေ့ဖက်ထားကြသည်။ အပြင်မှကြည့်လျှင် ထူးဆန်းသောအရာ ဘာမှမမြင်နိုင်သော်လည်း မော့ချူးသည် အပြစ်ရှိသလို မခံစားရဘဲ မနေနိုင်ပေ။ သူမ၏ မျက်လုံးများက လှည့်ပတ်ကြည့်နေပြီး လျှောက်လာသော သင်တန်းသားအနည်းငယ်နှင့် မျက်လုံးချင်းဆုံရန် မရဲဝံ့ပေ။

အမှန်တကယ်တော့ ဤသင်တန်းသားများမှာလည်း စိတ်ဓာတ်ကျနေကြသည်။

သူတို့သည် လျှောက်လာသည်နှင့်တစ်ပြိုင်နက် နျဉ်ယွိယွမ်၏ အေးစက်သော အကြည့်နှင့် ဆုံလိုက်ရသည်။ ၎င်းက သူတို့ကို ကြောက်လန့်သွားစေပြီး ရှိုးပွဲကို ဆက်ကြည့်ရန် မရဲဝံ့တော့ပေ။ သူတို့သည် ခြေလှမ်းများကို အမြန်မြှင့်တင်ကာ ရှေ့သို့ လျှောက်သွားကြသည်။

သူတို့သည် စိတ်ထဲတွင် တွေးလိုက်ကြသည်။ ‘ဟွန့်။ မင်းတို့ အချစ်တွေ အရမ်းပြရင် စောစောသေတတ်တယ်ဆိုတာ မသိဘူးလား။ မင်းတို့က မင်းတို့ရဲ့ အကြည့်နဲ့ ကိုယ်တို့ကို ခြိမ်းခြောက်ရဲသေးတယ်။ ဒီနေ့ မင်းက တကယ့်ကို လူယုတ်မာပဲ။’

နျဉ်ယွိယွမ်၏ အရှိန်အဝါ အပြည့်အဝ ထုတ်လွှတ်လိုက်ခြင်းကြောင့်လား သို့မဟုတ် ဤစစ်တက္ကသိုလ်ကျောင်းသားများ၏ အတွေ့အကြုံများက အခြားသူများကို ဤနေရာမှ ရှောင်ရှားရန် ပြောပြခဲ့ခြင်းကြောင့်လား မသိပေ။ ထို့နောက် သူတို့ရှိသည့် လမ်းမှာ လုံးဝ တိတ်ဆိတ်သွားသည်။

နာရီဝက်အကြာတွင် နျဉ်ယွိယွမ် ဘက်၌ နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။

ထိုအခါမှ မော့ချူးက လှုပ်ရှားရဲတော့သည်။ နျဉ်ယွိယွမ် သူမကို မတားသည်ကို မြင်သောအခါ သူမသည် ချက်ချင်း ပြန်ပြေးသွားသည်။ 'သေစမ်း၊ နျဉ်ယွိယွမ်က ဒီနေ့ စိတ်တွေ ထကြွနေလောက်တယ်။ သူမ သူ့ကို သွားမစရဲဘူး။'

အကယ်၍ နျဉ်ယွိယွမ်က ဤအချိန်တွင် မော့ချူး ဘာတွေတွေးနေသည်ကို သိပါက သူ၏ မျက်နှာပေါ်တွင် ဤမျှ တောက်ပသော အပြုံးတစ်ခု ရှိနေမည်မဟုတ်ပေ…

သူသည် မော့ချူး နောက်သို့ သူမ၏ နေအိမ်အထိ လိုက်သွားခဲ့သည်။ ချူးလေး တံခါးမှ ဝင်သွားသည်ကို မြင်သောအခါ နျဉ်ယွိယွမ် ပါးစပ်ဟတော့မည်အပြုတွင် တံခါးမှာ ဒုန်းခနဲ ပိတ်သွားသည်။ ထိုတံခါးက သူ၏ ဖြောင့်စင်းသော နှာခေါင်းနှင့် နီးပါး ထိမိမလိုပင်။

“တော်လိုက်တာ။”

လေ့ကျင့်ခန်းခန်းမမှ ပြန်လာခါစဖြစ်သော မော့ယန် သည် ဤမြင်ကွင်းကို မြင်လိုက်ရသည်။ သူ၏ မျက်နှာမှာ ပျော်ရွှင်မှုဖြင့် ဝင်းပနေသည်။ 'ချူးလေးက မင်း ငါ့ကို ပရိယာယ်သုံးတဲ့အတွက် မင်းကို မုန်းတီးနေမှာပဲ၊ ဟုတ်တယ်မလား။ ခံလိုက်စမ်း။'

နောက်တစ်နေ့၊ အဖွဲ့ချုပ် စစ်နယ်မြေဌာနချုပ်၌။

သူသည် ဗိုလ်ကြီး နျဉ်၏ ရုံးခန်းထဲမှ ယခုလေးတင် ထွက်လာသော လုပ်ဖော်ကိုင်ဖက်ကို လက်တို့လိုက်သည်။

“ဘာလဲ၊ မင်း အဆူခံလာရပြန်ပြီလား”

ထိုလူ၏ မျက်နှာတွင် သနားကြင်နာသော အမူအရာတစ်ခု ရှိနေပြီး သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။

“ထားလိုက်ပါတော့ကွာ၊ တပ်မှူးချုပ် နျဉ်က မျှော်လင့်ချက်ကြီးတာ မင်းလည်းသိရဲ့သားနဲ့…”

ယခင်က သူတို့ စစ်နယ်မြေ၏ တပ်မှူးချုပ်မှာ အဘိုးကြီး ကျန်း ဖြစ်သည်။ သူသည် အမြဲတမ်း ဖော်ရွေသော စိတ်နေသဘောထားရှိသော်လည်း ယခုမူ ထိုရာထူးကို နျဉ်ယွိယွမ်က ရုတ်တရက် ရယူသွားခဲ့သည်။ အလုပ်၏ အရှိန်အဟုန်နှင့် လိုအပ်ချက်များမှာ အတော်လေး တိုးမြင့်လာခဲ့ပြီး လူများသည် အချိန်တိုအတွင်း အမှန်တကယ်ပင် အသားမကျနိုင်ကြသေးပေ။

သို့သော်လည်း တပ်မှူးချုပ် နျဉ်သည် အမှန်တကယ်ပင် အရည်အချင်းရှိကြောင်း သူတို့ ဝန်ခံကြရမည်။ သူသည် စစ်နယ်မြေ၏ ကိစ္စရပ်များကို လွှဲပြောင်းယူပြီး မကြာသေးခင်ကပင် အားလုံးမှာ စနစ်တကျ ရှိနေပြီဖြစ်သည်။ သူသည် အဓိကလုပ်ငန်းတာဝန်ကြီးများစွာကို ပြီးမြောက်အောင်မြင်ခဲ့ပြီး သူ၏ စွမ်းဆောင်ရည်မှာ ထူးချွန်ပြောင်မြောက်လှသည်။

အကယ်၍ အခြားတစ်ယောက်သာ ဖြစ်ခဲ့ပါက လက်လွှဲလုပ်ငန်းများကိုပင် နားလည်အောင် လုပ်နိုင်မည်မဟုတ်ပေ။

စာရွက်စာတမ်းကို ကိုင်ထားသော ထိုလူက ခေါင်းခါလိုက်သည်။

“… မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူး”

သူ့မျက်နှာပေါ်တွင် မယုံနိုင်သေးသော အမူအရာတစ်ခု ရှိနေဆဲဖြစ်သည်။ သူသည် တံတွေးကို မျိုချလိုက်ပြီးမှ ပြောချင်သည့်စကားကို ဆက်ပြောလိုက်သည်။

“ဒီစာရွက်စာတမ်းကို အတည်ပြုပေးလိုက်ပြီ။ ပြီးတော့… တပ်မှူးချုပ် နျဉ်က… တပ်မှူးချုပ် နျဉ်က ခုနက ငါ့ကို ပြုံးတောင်ပြလိုက်သေးတယ်”

'သောက်ကျိုးနည်း၊ အဲ့ဒီတုန်းက သူ ကြောက်လွန်းလို့ သေတော့မလို့။'

လွန်ခဲ့သော နှစ်ရက်ခန့်က စာရွက်စာတမ်း သွားတင်တုန်းကဆိုလျှင် အမှန်တကယ်ပင် ဖော်ပြ၍မရနိုင်သော ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်ခဲ့သည်ကို သိထားရမည်။

နျဉ်ယွိယွမ်သည် ဘာမှမလုပ်ခဲ့ပေ။ သူသည် ထိုအေးစက်သော အကြည့်ဖြင့်သာ လူကို စိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်ကပင် လူတစ်ယောက်၏ အရိုးတွေ ထုံကျင်သွားစေရန် လုံလောက်သည် မဟုတ်ပါလား။ နောက်ဆုံးတွင် ယခုလေးတင်… တပ်မှူးချုပ် နျဉ်က သူ့ကို ပြုံးပြခဲ့သည်။

သူ့နှုတ်ခမ်းထောင့်များ၏ ကွေးတက်သွားသော ထောင့်သည် အလွန်သေးငယ်သော်လည်း သူ လုံးဝ အမြင်မှားခြင်း မဟုတ်သည်မှာ သေချာသည်။

ထိုလူက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“… မင်း ဒီနေ့ နေမကောင်းဘူးလား”

သူ၏ မျက်နှာထားက ‘ငါက ငယ်တယ်ဆိုပြီး မင်း ငါ့ကို လိမ်လို့ရမယ်မထင်နဲ့’ ဟု ဆိုနေသည့်အလား။

“မင်း တကယ်မ‌နေနိုင်ဘူးဆိုရင် ကုထုံးစက်ထဲမှာ သွားလှဲနေလိုက်လေ။ အတင်းမလုပ်နဲ့ ဟုတ်ပြီလား”

ဒီသနားစရာကောင်းတဲ့ ကလေးကို ကြည့်စမ်းပါဦး။ သူက စိတ်ဖောက်ပြန်တဲ့အထိ နေမကောင်းဖြစ်နေပြီ…

ကျိုးလင်သည် ပျော်ရွှင်စွာဖြင့် ဝင်ပြောလိုက်သည်။

“ဒီကောင်လေး မင်းကို မလိမ်ပါဘူးကွ”

နျဉ်ယွိယွမ်၏ ရာထူးတိုးလာသည်နှင့်အမျှ ကျိုးလင်နှင့် ကျုံးဝမ်ပင်လျှင် သူနှင့်အတူ လိုက်ပါလာခဲ့သည်။ ဤမြင်ကွင်းကို မြင်သောအခါ ကျိုးလင်သည် ပျော်ရွှင်စွာဖြင့် ဝင်ပြောလိုက်ခြင်းဖြစ်သည်။

ဟုတ်သည်လေ! သူ၏ ဘော့စ်သည် နောက်ဆုံးတွင် ‘တရားဝင်’ ဖြစ်သွားနိုင်ခဲ့ပြီ။ သဘာဝအတိုင်းပင် သူသည် ဤအချိန်တွင် အရာအားလုံးကို နှစ်သက်နေတော့သည်။

… ဟမ်။

ဤစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် စစ်နယ်မြေဌာနချုပ်ရှိ လူအားလုံးသည် သူတို့၏ နားများကို စွင့်ထားလိုက်ကြပြီး မျက်လုံးများမှာ တောက်ပလာကြသည်။

အမှန်တကယ်တွင် သူတို့၏ ကိုယ်ပိုင်အရည်အချင်းများမှာ မဆိုးလှပေ။ သို့မဟုတ်လျှင် သူတို့သည် ဌာနချုပ်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သို့သော် သူတို့သည် တပ်မှူးချုပ် ကျန်း လက်အောက်တွင် အလုပ်လုပ်လေ့ရှိခဲ့ကြသောကြောင့် ဤအချိန်တွင် တပ်မှူးချုပ် နျဉ်၏ ပုံစံနှင့် အမှန်တကယ် အသားမကျသေးပေ။

ရက်အနည်းငယ်အတွင်းမှာပင် သူတို့အားလုံးသည် နျဉ်ယွိယွမ်၏ ‘အေးစက်သော အကြည့်’ ဖြင့် ကောင်းချီးပေးခံခဲ့ရသည်။ ယခုမူ တပ်မှူးချုပ် နျဉ်၏ ရုံးခန်းထဲသို့ ဝင်ရောက်ရမည်ဆိုလျှင် လူတိုင်း၏ နှလုံးသားငယ်လေးများသည် တဒိတ်ဒိတ် ခုန်နေဆဲပင်။

ဤအချိန်တွင် ကျိုးလင် ပါးစပ်ဖွင့်လိုက်သောအခါ လူတိုင်း၏ စိတ်ဓာတ်သည် ချက်ချင်း တက်ကြွသွားတော့သည်။

ထို့အပြင် ‘ပေါ်လာပြီး ပြောဆိုခြင်း’ ၏ ဥပမာတစ်ခုလည်း ရှိနေသေးသည်။ လူတိုင်း၏ စိတ်ထဲမှ ယုံကြည်မှုသည် အနည်းငယ် ပိုနက်ရှိုင်းလာသည်။

သူ၏ သတင်းအချက်အလက်များကို တင်ပြတော့မည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက အစပြု၍ တာဝန်ယူလိုက်သည်။

“အဲ့ဒါ… ကျွန်တော် အရင်သွားစမ်းကြည့်ရမလား”

လူတိုင်းသည် သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။

ဟင့် ဟင့်… ရုံးခန်းတံခါးဝတွင် ရပ်နေသော ထိုလူသည် စိတ်ထဲမှ မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။ သူ အစပြုပြီး တာဝန်ယူခဲ့တယ်၊ ငါ့ဖင်ကြီးပဲ! တပ်မှူးချုပ် နျဉ် ပေးထားသော နောက်ဆုံးရက်သာ မဟုတ်ခဲ့လျှင် သူလည်း သွားချင်မှာ မဟုတ်ဘူး မသိလို့လား။

လူအုပ်ကြီး၏ စိတ်အားထက်သန်သော အကြည့်များအောက်တွင် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူရဲကောင်းဆန်သော မျက်နှာထားဖြင့် သူ၏ လက်ကို ဆန့်ကာ တံခါးကို ခေါက်လိုက်သည်။

ဒေါက် ဒေါက် –

နျဉ်ယွိယွမ်၏ အသံသည် ယခင်ကဲ့သို့ အေးစက်နေဆဲဖြစ်ပြီး ရေခဲအရည်ပျော်မည့် လက္ခဏာ အနည်းငယ်မျှပင် မရှိသည့်အလား။

“ဝင်ခဲ့”

ထိုလူ၏ နှလုံးသားက တုန်လှုပ်သွားသည်။ သေစမ်း၊ သူ ဝင်သွားရင် ဘာမှမဖြစ်ပါဘူးနော်။

၁၅ မိနစ်အကြာတွင်။

တံခါးသည် နောက်တစ်ကြိမ် တွန်းဖွင့်ခြင်းခံလိုက်ရသည်။

မူလက စိုးရိမ်နေခဲ့သော ထိုလူ၏ မျက်နှာသည် ယခုအခါ ထုံထိုင်းထိုင်း ဖြစ်နေသည်။

သူ့ဘေးမှ လုပ်ဖော်ကိုင်ဖက်သည် ချက်ချင်း ရှေ့သို့တိုးလာပြီး လူအုပ်ကြီးက ဝိုင်းလိုက်ကြသည်။

“မြန်မြန်ပြောစမ်းပါ၊ ဘယ်လိုလဲ”

“…”

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထိုလူသည် သူ၏ ကြောင်တောင်တောင် အခြေအနေမှ လွတ်မြောက်လာပြီး ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ သူ၏ စကားလုံးများသည်ပင် အနည်းငယ် ရှုပ်ထွေးနေသည်။

“ကျွန်တော့် သတင်းအချက်အလက်တွေကို ဖတ်ပြီးတော့… တပ်မှူးချုပ် နျဉ်က တန်းပြီး အောင်ပေးလိုက်တယ်၊ ပြီးတော့ ကျွန်တော့်ကို ကောင်းကောင်းလုပ်ထားတယ်လို့တောင် ချီးကျူးလိုက်သေးတယ်”

ထိုလူသည် ဤအချိန်တွင် အနည်းငယ် မူးဝေနေဆဲဖြစ်သည်။ တပ်မှူးချုပ် နျဉ်က သူ့ကို ကောင်းကောင်းလုပ်ထားသည်ဟု ချီးကျူးခဲ့သည်… သူ ချက်ချင်း အလွန်အမင်း ယုံကြည်မှုရှိသွားတော့သည်။

ဤစကားကို ကြားသောအခါ အခြားလုပ်ဖော်ကိုင်ဖက်များ၏ မျက်လုံးများသည်လည်း မတောက်ပဘဲ မနေနိုင်တော့ပေ။

တစ်ယောက်ပြီးတစ်ယောက် စားပွဲပေါ်တွင် ကြာမြင့်စွာကတည်းက ပြင်ဆင်ထားသော စာရွက်စာတမ်းများကို ကောက်ယူလိုက်ကြပြီး ရုံးခန်းတံခါးအပြင်ဘက်တွင် စိတ်အားထက်သန်စွာ တန်းစီနေကြသည်။ ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်လွှတ်ခံသည့်သူမှာ လူမိုက်သာ ဖြစ်ပေလိမ့်မည်။

အခြားဝန်ထမ်းများမှာမူ ငိုယိုမြည်တမ်းနေကြသည်။ သူတို့သည် သူတို့၏ အလုပ်စာရွက်စာတမ်းများကို နှစ်ရက်အလိုကပင် တင်ခဲ့ကြသော်လည်း အချိန်မီ မလုပ်နိုင်ခဲ့ကြပေ။ ဒီ့ထက်ပို၍ ကြေကွဲစရာ ကောင်းနိုင်မည်မဟုတ်တော့။

ထို့ကြောင့် ဤမနက်ခင်းတွင် စစ်နယ်မြေဌာနချုပ်တစ်ခုလုံး၏ စွမ်းဆောင်ရည်သည် ထူးကဲစွာ မြင့်မားနေခဲ့သည်။

အလုပ်ပြီးသွားသောအခါ ကျိုးလင်နှင့် ကျုံးဝမ် တို့သည် နောက်ဆုံးတွင် နျဉ်ယွိယွမ်၏ ရုံးခန်းထဲသို့ ဝင်ရောက်ခွင့်ရခဲ့သည်။ သူတို့ မြင်လိုက်ရသောအခါ စုတ်သပ်လိုက်မိသည်။ ကြည့်စမ်း! သစ္စာဆိုတော့မည့် ဒီလူသည် အမှန်တကယ်ပင် ကွဲပြားနေသည်။

သူ၏ မျက်နှာသည် အချစ်များဖြင့် ပြည့်နှက်နေသည်…

ဝင်လာသူတို့မှာ ကျိုးလင်နှင့် ကျုံးဝမ်တို့ပင် ဖြစ်သည်။ ဤနှစ်ယောက်သည် နျဉ်ယွိယွမ် နောက်သို့ အချိန်အတော်ကြာ လိုက်ပါခဲ့သောကြောင့် သူ၏ စိတ်ခံစားမှု အပြောင်းအလဲများကို သဘာဝအတိုင်းပင် သိရှိနေကြသည်။ အကယ်၍ အခြားတစ်ယောက်သာ ဖြစ်ခဲ့ပါက သူ၏ အေးစက်သော မျက်နှာပေါ်မှ မည်သည့် အရိပ်အမွက်ကိုမျှ မြင်နိုင်မည်မဟုတ်ပေ။

All Chapters