အခန်း (၆၈၇)
Vol. 50 Ch. 687
ထိုစကားကို ကြားသည်နှင့် အဘိုးအိုက ချက်ချင်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ သွေးနီစိတ်ဝိဥာဥ်သခင်ကြီးနှင့် လူချင်းခွာလိုက်သည်။
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက ၎င်းကိုမြင်ကာ မျက်မှောင်ကြုံ့သွား၏။
" ဒါ ဘာသဘောလဲ "
အဘိုးအို လက်ကာပြ၍ ပြန်ပြောသည်။
" ငါတို့သခင်လေးက မင်းကို လူပြောင်းပြီး တိုက်ခိုက်ခိုင်းနေတယ် "
" လူပြောင်းမယ် .... "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ၊ ရွှယ်လင်းကျို့ မှင်သက်သွားကာ အနည်းငယ်လည်း အံ့သြသွားသည်။
သို့သော် သူ အေးစက်စက်ပြန်ပြောလိုက်၏။
" သိပ်ပြီး လျှို့ဝှက်ချင်ယောင်ဆောင်မနေစမ်းပါနဲ့ ။
ဒီလို စိတ်ဝိဥာဥ်အစွမ်းမျိုး ရှိတဲ့သူတစ်ယောက်က လူမသိ သူမသိတဲ့သူတော့ မဖြစ်နိုင်ဘူး ။ မင်း ဘယ်သူလဲ "
အဘိုးအို မျက်မှောင်ကြုံ့သွားသည်။
" ဒါပေါ့ ၊ ငါ့မှာ နာမည်ရှိတယ်လေ ။ ငါ့နာမည်က လောတယွီ လို့ ခေါ်တယ် ။ ငါက အရင်ကတော့ ပျောင်ပိုင်မြို့ထဲမှာ ပေါက်ဆီကြော်ရောင်းတာကွ ။ နောက်ပိုင်းတော့ အကြီးအကဲ ၉ က ငါ့ဆီမှာ စိတ်ဝိဥာဥ်အစွမ်းနဲ့ပတ်သက်တဲ့ ပါရမီရှိတယ်လို့ ပြောပြီး ငါ့ကို စိတ်ဝိဥာဥ်စခန်းထဲ ထည့်လိုက်တာပဲ "
" ဟင် ...... "
အဘိုးအို၏ သူ့ကိုယ်သူ မိတ်ဆက်စကားကြောင့် ခန်းမထဲ ရှိနေသူများအားလုံး မှင်သက်ဆွံ့အသွားကြသည်။
သူတို့ ပြိုင်ဘက်ကင်း သခင်ကြီးဟု ထင်ထားသူက ပေါက်ဆီကြော် ရောင်းသတဲ့လား ..
ဘာတွေ ဖြစ်နေပါသလဲ...
ထိုစဥ်တွင် လောတယွီ မှာ လောထျန်းဘေးသို့ ပြန်ရောက်နေပြီဖြစ်ကာ အိုးတို့အမ်းတမ်းအပြုံးဖြင့် ဆိုသည်။
" သခင်လေး ၊ ကျုပ် .... "
လောထျန်းက အေးစက်စက် ပြော၏။
" ပျောင်ပိုင်မြို့ကို ပြန်ရောက်ရင် ခင်ဗျား အချိန်နဲ့နေရာဗိမာန်ထဲမှာ နှစ်တစ်ရာတိတိ ကျင့်ကြံပါ ။ မတိုးတက်မချင်း ပြန်ထွက်မလာနဲ့ "
" ဟုတ်ကဲ့ပါ သခင်လေး "
လောတယွီ မျက်နှာငယ်လေးဖြင့် ပြောရှာသည်။
လောထျန်းက ကျန်လူအုပ်ဘက် ကြည့်၍ ပြော၏။
" အခု ဘယ်သူထွက်လာမလဲ "
သူ့စကားဆုံးသည်နှင့် ဆရာဆွေမင်း(ဓနုမြူ)၏ မြိုင်ရာဇာတွတ်ပီကာတွန်းမှ ယောက်ဖဖြစ်သူ ဗိုက်ကလေး၏ ဆံပင်ကေဖြစ်နေသော လူတစ်ယောက်က ထပြောသည်။
" ကျုပ် တိုက်ခိုက်ပါမယ် သခင်လေး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" စည်းမျဥ်းတွေက အတူတူပဲ "
" ဟုတ်ကဲ့ပါ "
ထိုလူက ပြောပြောဆိုဆိုပင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးဆီ လျှောက်သွားသည်။
ရွှယ်လင်းကျို့ မျက်မှောင်ကြုံ့၍ ပြော၏။
" ငါက လူမသိသူမသိတွေနဲ့ မတိုက်ခိုက်ချင်ဘူး ။ ဟို လောတယွီ ကိုပဲ ပြန်လာခိုင်းလိုက် "
သို့သော် ဗိုက်ကလေးဆံပင်ကေ.နှင့်လူက တစ်ခွန်းမှ ပြန်မပြောဘဲ တန်းပြီးသာ တိုက်ခိုက်လာသည်။
ဝုန်း..
ချက်ချင်းမှာပင် သူ့ စိတ်ဝိဥာဥ်အစွမ်း အသက်ဝင်လာကာ ပေတစ်ထောင်ခန့် ရှည်လျားသည့် နဂါးကြီးတစ်ကောင်အဖြစ် စုစည်းပြီး ကောင်းကင်ယံသို့ ထိုးတက်သွား၏။
ဝုန်း...
ထိုနဂါးကြီးက ကောင်းကင်ယံသို့ ရောက်သည်နှင့် သွေးနီစိတ်ဝိဥာဥ်သခင်ကြီး လုပ်ထားခဲ့သော ယဇ်ပူဇော်ခြင်းထွင်းစာများအား ဖျက်ဆီးလိုက်သည်။
ထို့နောက် လေထဲမှ ပြန်ဆင်းလာကာ သွေးနီစိတ်ဝိဥာဥ်သခင်ကြီးအား ဖိနှိပ်လာသည်။
" ဘယ်လိုဖြစ်ပြီး ... "
ရွှယ်လင်းကျို့ မှာ ၎င်းကိုကြည့်ပြီး တုန်လှုပ်ခြင်းကြီးစွာ ဖြစ်နေတော့၏။
အထင်ကြီးစရာ တစက်လေးမှ မကောင်းသော လူ၏ စိတ်ဝိဥာဥ်အစွမ်းက လောတယွီ ထက်ပင် ပိုကောင်းနေမည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပေ ။
သာသည်မှာလည်း နည်းနည်းလေး မဟုတ်ပါ ...
အကယ်၍ သူ အရင်လိုပြန်ဖြစ်ပြီး ထိပ်ဆုံးအစွမ်း
ပြန်ရလျှင်ပင် ထိုသူနှင့် ယှဥ်နိုင်မည် မဟုတ်ပါချေ ။
" ဒီမအေ ##@ ချုပ်နှောင်စွမ်းကွာ "
ရွှယ်လင်းကျို့ မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်ကာ အစွမ်းကုန်သုံး ခုခံလိုက်သည်။
သို့သော်... တဖက်လူ၏ တိုက်ခိုက်မှုအောက်တွင် သူ့စိတ်ဝိဥာဥ်အစွမ်းက တဖြည်းဖြည်းချင်း ပြိုကွဲပျက်စီးလာ၏။
တခဏအတွင်းမှာပင် သူ့စိတ်ဝိဥာဥ်အစွမ်းက တဖက်လူကြောင့် လုံးဝ ပျောက်ကွယ်သွားရတော့မလို အခြေနေရောက်သွားတော့သည်။
သို့သော် ထိုစဥ်၌ ...
ဝီ...
တဖက်လူက လက်တစ်ချက် ယမ်းလိုက်ရာ ဧရာမ နဂါးအရိပ်ကြီး ပျောက်ကွယ်သွားပြီး အရာရာ ယခင်အတိုင်း ပြန်ဖြစ်သွားသည်။
" ဟင်... ဘာတွေ ဖြစ်နေတာလဲ "
ရွှယ်လင်းကျို့ လွန်စွာ တုန်လှုပ်သွားရပြန်၏။
တဖက်မှ ဆံပင်ဘုတ်သိုက်လူကြီးက လောထျန်းဘေး ပြန်ရောက်သွားကာ ဆိုသည်။
" သခင်လေး ၊ ကျုပ် နိုင်သွားပြီနော် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" မဆိုးဘူးပဲ ... ခင်ဗျားရဲ့ စိတ်ဝိဥာဥ်အစွမ်းရော ၊ စိတ်ဝိဥာဥ် ကျင့်စဥ်တွေရောက တော်တော်လေးကောင်းတယ် ။ ခင်ဗျား စမ်းသပ်မှုမှာ အောင်သွားပြီ ။ ဒါနဲ့ စိတ်ဝိဥာဥ်စခန်းမှာ ခင်ဗျားရဲ့အဆင့်က ဘယ်လောက်ရှိလဲ "
လူကြီးက ပြန်ပြော၏။
" ကျုပ်တို့က အစွမ်းအပေါ် မူတည်ပြီး အဆင့်ခွဲထားတာတော့ မရှိပါဘူး သခင်လေး ။ ဒါပေမယ့် ကျုပ်က အဆင့် ၁၁ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက် ကို အပြည့်အဝ သန့်စင်ထားပြီးတဲ့ ၇ ယောက်ထဲက တစ်ယောက်ပဲဗျ "
သူ့စကားကို ကြားပြီးနောက် လောထျန်း အခြေအနေ
ကို နားလည်သွားသည်။
" ကောင်းပါပြီ ၊ ဒါဆို သွားလို့ရပြီ ။ နောက်တစ်ယောက် ထွက်လာခဲ့ "
သူ့စကား ဆုံးချိန်မှာပင် အမျိုးသမီးတစ်ယောက် ရှေ့ထွက်လာ၏။
" သခင်လေး ၊ ကျွန်မ တိုက်ခိုက်ပါရစေ "
သူမက ထိုသို့ပြောပြီးသည်နှင့် လောထျန်း၏ ပြန်အပြောကိုပင် မစောင့်ပဲ သွေးနီစိတ်ဝိဥာဥ်သခင်ကြီးဆီသို့ ပြေးဝင်သွားသည်။
တဖက်မှ ရွှယ်လင်းကျို့ မျက်မှောင်ကြုံ့သွား၏။
" နောက်တစ်ယောက်လား.... "
ပြီးခဲ့သည့်တိုက်ပွဲက သူ့အပေါ် သက်ရောက်မှုကြီးခဲ့ရာ ဤတစ်ကြိမ်တွင် သူ သတိလက်လွတ် မနေရဲပဲ အစွမ်းကုန်သုံး တိုက်ခိုက်လိုက်တော့သည်။
သို့သော် အမျိုးသမီး၏ စိတ်ဝိဥာဥ်အစွမ်းမှာလည်း ယခင်လူထက် မနိမ့်လှပါချေ ။
သူတို့ချင်း သိုင်းကွက်တစ်ရာခန့်အထိ သရေကျနေပြီးနောက်တွင်မူ .. သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ဆက်မခံနိုင်တော့ပါ ...
ဝုန်း...
အမျိုးသမီး၏ လက်ချက်ဖြင့် သူ့ကိုယ်၌ အပေါက်ကြီးတစ်ခု ဖြစ်သွားတော့သည်။
အမျိုးသမီးမှာလည်း စိတ်ဝိဥာဥ်အစွမ်းကို များစွာ ထုတ်သုံးလိုက်ရသဖြင့် မျက်နှာဖြူရော်သွား၏။
သို့သော် နောက်ဆုံးတွင် သူမ အနိုင်ရသွားခဲ့လေပြီ ။
" သခင်လေး .. "
သူမ လောထျန်းဘက်လှည့်ကာ အော်ခေါ်လိုက်သည်။
" အင်း ၊ ခင်ဗျား အောင်သွားပြီ ။ နောက်တစ်ယောက် "
လောထျန်း ခေါင်းညိတ်၍ ဆို၏။
" ကျုပ် တိုက်မယ် "
ပါးစပ်တစ်ခုလုံး ဆီများဖြင့် ပေပွနေသော လူငယ်တစ်ယောက် ချက်ချင်းပြေးထွက်လာသည်။
" နောက်တစ်ယောက် လာပြန်ပြီလား "
တဖက်မှ သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာ လုံးဝ ကြောက်ရွံ့နေလေပြီ ။
ဘာတွေဖြစ်နေပါသလဲ ....
သူသည် ဤနေရာသို့ အားလုံး၏ စိတ်ဝိဥာဥ်ကို စားသုံးရန် လာခဲ့သော်လည်း .. .
ယခု တဖက်လူ၏ အစမ်းသပ်ခံ သစ်သားအရုပ် ဖြစ်နေသတဲ့လား .. ။
ထို့အပြင် တဖက်လူများမှာ အလွန်လည်းအစွမ်းထက်လှပါသည်။
" ဒီလူတွေက.... မဟုတ်သေးဘူး ။ ငါသာ ဒီမှာ ဆက်နေရင် သေချာပေါက် သေသွားရတော့မှာ ။ မ
ဖြစ်ဘူး... သွားမယ် "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ဆုံးဖြတ်ချက်ချကာ ပြိုင်ဘက်က အနားမရောက်လာခင်မှာပင် သွေးမှုန်များအဖြစ် ပြောင်းပြီး ထွက်သွားရန် ပြင်လိုက်၏။
သို့သော်... ထိုစဥ်၌ ...
ဝုန်း ...
သူ့ရှေ့တွင် စိတ်ဝိဥာဥ်အစွမ်း အတားအဆီးတစ်ခု ရုတ်ချည်း ပေါ်လာကာ ...
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး နောက်သို့ လွင့်ထွက်သွားတော့သည်။
" ဒီ စိတ်ဝိဥာဥ်အစွမ်းက ဘာလို့ အဲ့လောက်ကြောက်စရာ ကောင်းရတာလဲ "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားရ၏။
အစောပိုင်းက သူ အနည်းငယ်လေး နှေးနေခဲ့လျှင်ပင် အသက်ဆုံးသွားရမည် မလွဲပေ ။
သူ့ကို တိုက်ခိုက်လိုက်သူမှာ အစောပိုင်းက သူ့အား အနိုင်ယူခဲ့သူထက် အဆပေါင်းများစွာ ပိုအစွမ်းထက်ကြောင်း သိသာလှပါသည်။
ထိုသူက မည်သူပါနည်း ..
သူ တုန်လှုပ်စွာ လှည့်ကြည့်လိုက်သည်။
တဖက်တွင်ကား ပျင်းပျင်းရိရိ ပုံစံနှင့် လူငယ်တစ်ယောက်က လေထဲလက်မြှောက်နေပြီး ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်နေ၏။
ထိုသူမှာ သူ့အား တားခဲ့သည့်လူပင် ။
" စမ်းသပ်မှုက မပြီးသေးဘူးလေ ၊ ခင်ဗျားကြီးက ဘယ်ပြေးမလို့လဲ "
လူငယ်က သူ့အား မျက်စောင်းဖြင့်ကြည့်ကာ ပြောသည်။
" မင်း .. "
ရွှယ်လင်းကျို့မှာ လူငယ်၏ စိတ်ဝိဥာဥ်အစွမ်းကို ကြည့်ရင်း ကူကယ်ရာမဲ့ ခံစားလိုက်ရတော့၏။
တဖက်မှ လောထျန်းမှာလည်း လူငယ်ကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားဟန်ပင် ..
ထိုစဥ် ဘေးတွင်ရှိသော လောတယွီက ဝင်မိတ်ဆက်ပေးသည်။
" သခင်လေး ၊ သူ့နာမည်က လောချင်း လို့ခေါ်တယ် ။ သူက စိတ်ဝိဥာဥ်စခန်းထဲမှာ အဆင့် ၁၂ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်ကို သန့်စင်နိုင်တဲ့ တစ်ယောက်တည်းသောသူပဲ ။ အကြီးအကဲ ၉ ကလဲ သူ့ကို အင်မတန်ချီးမွမ်းတာ ။ သူက ကျုပ်တို့ စိတ်ဝိဥာဥ်စခန်းထဲမှာ အဆင့်တစ်လို့ ပြောရမယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
လောချင်း၏ စိတ်ဝိဥာဥ်အစွမ်းက အမှန်တကယ်လည်း မဆိုးဟု ပြောရပါမည် ။
ထိုစဥ်မှာပင် တိုက်ပွဲပြန်စသွားသည်။
ဤတစ်ကြိမ်တွင်ကား.. သိုင်းကွက် သုံးဆယ်ကျော်မျှ သုံးပြီးချိန်၌ ..
ဝုန်း ....
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး လွင့်ထွက်သွားကာ သူ၏ သွေးနီစိတ်ဝိဥာဥ် ခန္ဓာကိုယ် အများစုမှာလည်း ပြိုကွဲသွားပြီး ပြန်ကောင်းသည့်နှုန်းလည်း အလွန်နှေးသွား၏။
" ကျုပ် နိုင်သွားပြီနော် ၊ စမ်းသပ်မှုကို အောင်သွားပြီ "
လောချင်း ဝမ်းသာအားရ ပြောကာ နောက်ပြန်ဆုတ်သွားသည်။
ချက်ချင်းမှာပင် အခြားသူတစ်ယောက် ပြေးထွက်လာပြန်၏။
" ကျုပ်အလှည့် "
ထိုသူက ပျော်ရွှင်စွာ ဆိုသည်။
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာကား ထိုလူနှင့်တကွ သူ့အား တိုက်ခိုက်ရန် တက်ကြွနေကြသည့် နောက်မှလူအုပ်ကို မျက်စိမျက်နှာပျက်စွာ ကြည့်နေရှာသည်။
" မင်း ... မင်းတို့အားလုံး .. နတ်ဆိုးတွေပဲ "
အားလုံး : " .......... "
ရှေ့ထွက်လာသော တဖက်လူက တံတွေးထွေးကာ ပြော၏။
" အဓိပ္ပါယ်မရှိတာတွေ ပြောမနေဘဲ တိုက်မှာသာ တိုက်စမ်းပါဗျာ "
သိုင်းကွက် ဆယ်ကွက်ကျော် သုံးပြီးချိန်တွင်မူ ...
ဝုန်း ...
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ ခန္ဓာကိုယ် ပြိုကွဲသွားပြန်တော့သည်။
သို့သော် သူ ဒဏ်ရာမှ ပြန်မသက်သာခင်မှာပင် ... နောက်ပြိုင်ဘက်တစ်ယောက်က သူ့ရှေ့ ရောက်နေပြန်လေပြီ ။
" အင် ... ခင်ဗျားကြီးက အခြေအနေတော်တော်ဆိုးသွားတာပဲ ။ ခုချိန်မှ ခင်ဗျားကို တိုက်ခိုက်လို့လဲ
ကျုပ်အစွမ်းကို စမ်းသပ်လို့ရမှာမဟုတ်တော့ အလကားဖြစ်သွားပြီ ။ ဒီတော့ ... ခင်ဗျား ခဏလောက် အနားယူလိုက်ပါလား "
ထိုသူက ဆိုသည်။
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး : " ......... "
သူ့အမြင်တွင်ကား ထိုစကားက သူ့သိက္ခာကို အရှက်ခွဲစော်ကားလိုက်သည်နှင့် မခြားပေ ။
" မလိုဘူး ၊ တိုက်မှာသာ တိုက်စမ်းပါ "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ဒေါသတကြီး အော်လိုက်သည်။
" အင်း ၊ ကောင်းပြီလေ.. "
တဖက်လူ ခေါင်းညိတ်ပြီး လက်ယမ်းလိုက်ရာ .. သူ့စိတ်ဝိဥာဥ်အစွမ်းက ဧရာမသားရဲကြီးတစ်ကောင်အဖြစ် ပြောင်းသွားပြီး သွေးနီစိတ်ဝိဥာဥ်သခင်ကြီးအား တိုက်ခိုက်လာ၏။
ဝုန်း ...
အသံကျယ်တစ်သံနှင့်အတူ သူ၏ သွေးစိတ်ဝိဥာဥ်ခန္ဓာကိုယ် ပြိုကွဲသွားပြန်တော့သည်။
" သခင်လေး ၊ အဲ့လူကလဲ အဆင့် ၁၁ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်ကို သန့်စင်နိုင်ခဲ့တဲ့ ၇ ယောက်ထဲက တစ်ယောက်ပဲဗျ "
လောတယွီ က လောထျန်းအား မိတ်ဆက်ပေး၏။