အခန်း (၆၈၈)
Vol. 50 Ch. 688
" ကောင်းတယ် ၊ အောင်သွားပြီ.... နောက်တစ်ယောက် "
လောထျန်း ပြောလိုက်သည်။
သူ့စကားဆုံးသည်နှင့် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးအား တိုက်ခိုက်လိုသည့် လူများစွာပင် ပြေးထွက်လာကြ၏။
သို့သော် သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ ခန္ဓာကိုယ်မှာ မြေပြင်၌ ပြိုကွဲနေဆဲဖြစ်ကာ အချိန်အတန်ကြာသည်အထိ ပြန်ကောင်းမလာပါချေ ။
ထိုတခဏ၌ အားလုံး မျက်မှောင်ကြုံ့ကုန်ကြသည်။
" ဟေ့ ၊ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး... မြန်မြန်ထလေ "
" ဟုတ်တယ် ၊ အချိန်ဆွဲမနေနဲ့ ... မြန်မြန်ပြန်ကောင်းစမ်း "
" ဒါ မင်းကြောင့်ဖြစ်သွားတာ ။ သခင်လေးက ငြင်ငြင်သာသာ ကိုင်တွယ်ဖို့ မှာထားတာကို.. မင်းက ဘာလို့ အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်တာလဲ ။ ဒါနဲ့ဆို ငါတို့ရဲ့အစွမ်း ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်လိုလုပ်သိတော့မှာလဲကွ "
" ဟုတ်တယ် "
" ဟေ့ ... သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ၊ ထလေကွာ "
ထိုလူစု တစ်ယောက်တစ်ပေါက် အော်လိုက်ကြသည်။
ဤမြင်ကွင်းမှာ အူကြောင်ကြောင် နိုင်လှသည်ဟု ပြောရလေမလား ...
ထိုစဥ်မှာပင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက တဖြည်းဖြည်းချင်း ပြန်ကောင်းလာ၏။
သူ ပြန်ကောင်းသည်နှင့် တစ်ယောက်က အသည်းအသန် ပြေးထွက်၍ ဆိုသည်။
" သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ၊ လာတိုက်ခိုက်တော့ "
" အင် ..... "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာလည်း တွန့်ဆုတ်စွာ တုန့်ပြန်ရုံမှလွဲ အခြားရွေးချယ်စရာ မရှိရှာပါ ။
သိုင်းကွက်ဆယ်ကွက်ကျော် အကြာတွင်မူ ..
ဝုန်း ..
သူ နောက်သို့ လွင့်သွားပြန်သည်။
" ဒီတစ်ခေါက် ကျုပ် တိုက်ခိုက်မယ် "
နောက်တစ်ယောက် ရှေ့တိုးလာပြန်ပြီး သိုင်းကွက်ဆယ့်နှစ်ကွက်ခန့် အကြာမှာပင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ရှုံးနိမ့်သွားပြန်တော့၏။
ဤသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကာ တိုက်ခိုက်လိုက်ကြပြီး ... သူတို့အစွမ်းများ မတူကြသည့်တိုင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးအား သိုင်းကွက်တစ်ရာ မပြည့်ခင် အနိုင်ယူလိုက်နိုင်ကြ
သည်ချည်းပင် ။
နတ်ဆိုးကြီးတစ်ယောက်ဖြစ်ကာ.. သွေးနီစိတ်ဝိဥာဥ်ခန္ဓာကိုယ်ကို ကျင့်ကြံထားသော သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာကား.. အနားပင် မရရှာပါ ။
" တော်လောက်ပြီကွ "
နောက်ဆုံးတွင် သူ မခံနိုင်တော့ဘဲ ဒေါသတကြီး အော်လိုက်တော့၏။ သူ့စိတ်ဝိဥာဥ်မှာလည်း တုန်နေကာ ခန်းမထဲရှိ လူများကို လက်ညိုးထိုး၍ အော်ပြောလိုက်သည်။
" မင်းတို့ကောင်တွေ ... ခုလိုဖြစ်အောင် မင်းတို့လုပ်တာနော် ။ ဒီနေ့ ငါ့အသက်တစ်ဝက်ကို စတေးရမယ်ဆိုရင်တောင် မင်းတို့အားလုံးကို သတ်ပစ်မယ် "
သူ ထိုသို့ပြောပြီးသည်နှင့် ရုတ်တရက် နောက်လှည့်၍ ဝမ်ဟွန်းကွေ့ယီဂိုဏ်းမှ အမျိုးသမီးအား ကြည့်လိုက်သည်။
အမျိုးသမီးမှာလည်း ထိုစဥ်တွင် နားမလည်နိုင်သည့် မျက်နှာထားဖြစ်နေကာ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး
က သူမဘက် လှည့်လာသည်ကို မြင်သည်နှင့် လန့်သွားရှာ၏။
ထို့နောက်တွင် ....
ဝုန်း ....
သွေးနီစိတ်ဝိဥာဥ်သခင်ကြီး လှုပ်ရှားသွားကာ သူမခေါင်းပေါ်သို့ ဖိနှိပ်လာသည်။
" သခင်ကြီး .. "
အမျိုးသမီး လန့်သွား၏။
ထိုစဥ်မှာပင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက လက်မြှောက်၍ သူမ၏ စိတ်ဝိဥာဥ်အား ဆွဲထုတ်လိုက်သည်။
အမျိုးသမီး၏ စိတ်ဝိဥာဥ်မှာ သူ့လက်ထဲတွင် ငိုကြွေးနေသော်လည်း သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက ၎င်းအား အလျဥ်းပင် ဂရုမစိုက်ပါ ။
သူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ဒေါသတကြီး
ဆိုသည်။
" စိတ်ဝိဥာဥ် ဝါးမြိုခြင်း ကျင့်စဥ် "
ဝုန်း ...
ထို့နောက်... သူ့လက်ပေါ်တွင် မရေမတွက်နိုင်သော ထွင်းစာများ ပေါ်လာ၏။
ထိုထွင်းစာများက အမျိုးသမီး၏ စိတ်ဝိဥာဥ်အား ချက်ချင်းလွှမ်းခြုံလာသည်။
ပြီးနောက်တွင်ကား.. အားလုံး၏ မျက်စိရှေ့မှာပင် အမျိုးသမီး၏ စိတ်ဝိဥာဥ် ပြိုကွဲသွားတော့၏။
၎င်းက မရေမတွက်နိုင်သော အမည်းရောင် အမျှင်တန်းများအဖြစ် ပြောင်းကာ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ ကိုယ်ပေါ်သို့ နွယ်တက်လာသည်။
ချက်ချင်းမှာပင် သူ့ကိုယ်မှ ကြောက်မက်ဖွယ် အစွမ်းတစ်ခု ပေါက်ကွဲထွက်လာ၏။
" စိတ်ဝိဥာဥ် ဝါးမြိုခြင်း ၊ ပေါက်ကွဲစေ .. "
ဒေါသတကြီး အော်သံနှင့်အတူ သူ့စိတ်ဝိဥာဥ်အစွမ်း ရုတ်ချည်းတိုးလာကာ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ထုတ်လွှတ်လာတော့သည်။
" အဲ့ဒါ ဘာကြီးလဲ "
အားလုံးမှာလည်း ၎င်းကိုကြည့်ကာ တုန်လှုပ်ကုန်ကြသည်။
ထိုစဥ် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက လှောင်ပြုံးဖြင့် ပြော၏။
" ဒါ.. မင်းတို့အားလုံးကြောင့် ဖြစ်လာတာ ။ ငါ့ရဲ့ စိတ်ဝိဥာဥ်ဝါးမြိုခြင်းနည်းက ငါ့ စိတ်ဝိဥာဥ်အစွမ်းရဲ့ ၉၀ % ကို စတေးပြီးမှ သက်ရှိစိတ်ဝိဥာဥ်တွေကို လမ်းပြအဖြစ် သုံးတာကွ ။ ဒီနည်းနဲ့ဆို ငါ့ရဲ့စိတ်ဝိဥာဥ်နဲ့ တာအိုကမ္ဘာထဲကို ယာယီဝင်ခွင့်ရပြီး မသေမျိုးအဆင့်ကို ရောက်အောင်လုပ်ပေးနိုင်တယ် "
သူ့စကားကြောင့် ချီရွှယ်နန်းတော်မှ လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
အမှန်တွင် မသေမျိုးတစ်ယောက် ဖြစ်လာနိုင်သည့်
နည်းလမ်းပေါင်း များစွာပင် ရှိပါ၏။
အချို့က ခန္ဓာကိုယ်ကို ကျင့်ကြံကြသလို အချို့က မိမိ၏ ချီကို ကျင့်ကြံတတ်ကြပြီး ...
အခက်ဆုံးမှာ စိတ်ဝိဥာဥ်ကျင့်ကြံခြင်းဟု ပြော၍ရပါသည်။
ထို့ကြောင့်လည်း စိတ်ဝိဥာဥ်ဖြင့် တာအိုကမ္ဘာသို့ ဝင်ရောက်နိုင်သူသည် အဆင့်တူကျင့်ကြံသူများထဲ၌ ပြိုင်ဘက်ကင်းနီးပါးပင် ဖြစ်၏။
ယခု သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာလည်း ထိုအဆင့်သို့ ယာယီရောက်သွားပြီဖြစ်ရာ... ယခင်လို လုံးဝ မဟုတ်တော့ပါချေ ။
ထိုစဥ် ခန်းမထဲ ရှိနေသော လောထျန်းမှာလည်း ၎င်းကိုကြည့်ကာ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" အဲ့လို ရသေးတာလား ။ ကြည့်ရတာ ငါကိုယ်တိုင် ဝင်ပါရတော့မယ့်ပုံပဲ "
သူ ပြောပြီး ထိုင်ရာမှ ထရပ်ရန် ပြင်လိုက်၏။
သို့သော် ထိုစဥ်မှာပင် ..
" ဒါ ... နတ်ဘုရားက ဆုချလိုက်သလိုပါပဲလား "
" ဘုရားရေ ... ငါ ကံကောင်းလိုက်တာ "
စိတ်ဝိဥာဥ်စခန်းမှ လူများစွာပင် ဝမ်းသာပျော်ရွှင်နေပုံ ပြလာကြသဖြင့် လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။
ဘေးမှ လောတယွီက ချက်ချင်းရှင်းပြရှာ၏။
" သခင်လေး ၊ အကြီးအကဲ ၉ ကျုပ်တို့ကို စိတ်ဝိဥာဥ်ကျင့်စဥ်တွေ သင်ပေးတုန်းက ပြောခဲ့ဖူးတယ်ဗျ။ တကယ်လို့ ကျုပ်တို့သာ အဆင့် ၁၀ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်ကို သန့်စင်ပြီးသွားပြီဆိုရင် ကျုပ်တို့ရဲ့ စိတ်ဝိဥာဥ်နဲ့ မသေမျိုးအဆင့်ကို ရောက်နိုင်တဲ့ အခြေခံအဆင့်ကို ရောက်သွားပြီတဲ့ "
" ဒါပေမယ့် စိတ်ဝိဥာဥ်နဲ့ မသေမျိုးအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက် နီးပါးပဲလို့လဲ ပြော
တယ် ။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ အဲ့လို ရောက်နိုင်တဲ့သူ အရေအတွက်က လက်တစ်ဖက်တောင် မပြည့်ဘူးတဲ့ "
" စိတ်ဝိဥာဥ်ကျင့်ကြံခြင်းနဲ့ မသေမျိုးအဆင့်ကို ရောက်တဲ့သူအများစုက အမွေအနှစ်တွေ လက်ခံရတာမျိုး ၊ အခွင့်ကောင်းတွေနဲ့ ကြုံရတာမျိုးကို အားထားကြရတယ်တဲ့ ။ တနည်းပြောရရင်တော့.. စိတ်ဝိဥာဥ်ကျင့်ကြံခြင်းနဲ့ မသေမျိုးဖြစ်လာတဲ့ သူတွေကသာ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို အသက်သွင်းနိုင်ကြတာ ။ အဲ့ဒီ ထူးခြားတဲ့ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းအောက်မှာမှလဲ စိတ်ဝိဥာဥ်ကျင့်ကြံတဲ့ တခြားသူတွေအနေနဲ့ မသေမျိုးအဆင့် ရောက်နိုင်ကြတာ "
" အဲ့လိုမဟုတ်ရင်တော့ စိတ်ဝိဥာဥ်နဲ့ မသေမျိုးတစ်ယောက်ဖြစ်နိုင်တဲ့ တခြားအခြေအနေက တစ်ခုပဲ ရှိတယ် "
" ဒါပေမယ့် အဲ့ဒီ အခြေအနေ နှစ်ခုလုံးက အင်မတန်ကို ရှားတယ်တဲ့ဗျ ။ ဒါ့ကြောင့်မို့လဲ သခင်မကြီး ရှောက်ကျို့က ကျုပ်တို့တွေအနေနဲ့ စိတ်ဝိဥာဥ်နဲ့ မ
သေမျိုးတစ်ယောက်ဖြစ်လာဖို့ဆိုရင် အပေါ်ကမ္ဘာကို တက်တဲ့အထိ စောင့်ကောင်းစောင့်ရနိုင်တယ်လို့ ပြောခဲ့တာ "
ထို့နောက် သူ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ကိုကြည့်ကာ စကားဆက်သည်။
" ဒါပေမယ့် ဒီကောင်ကြီးက လျှို့ဝှက်နည်းတစ်ခုနဲ့ သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို တိုးအောင်လုပ်ပြီးတော့ မသေမျိုးအဆင့်ကို ယာယီရောက်သွားအောင် လုပ်လိုက်တယ်လေ ။ သူက မသေမျိုးတစ်ယောက် တကယ်ကြီးဖြစ်သွားတာ မဟုတ်ဘူးဆိုပေမယ့် ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို အသက်သွင်းလိုက်တဲ့အတွက် ဒီနေရာက စိတ်ဝိဥာဥ်ကိုသုံးပြီး မသေမျိုးအဆင့်ကိုတက်ဖို့ အကောင်းဆုံးနေရာ ဖြစ်သွားတာပေါ့ "
ထိုစကားကိုကြားမှ လောထျန်းလန့်သွားကာ နောက်လှည့်ကြည့်လိုက်သည်။ ထိုစဥ်တွင် စိတ်ဝိဥာဥ်စခန်းမှ လူအများစုမှာ တင်ပျင်ခွေထိုင်၍ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများကို စတင်စုပ်ယူနေကြလေပြီ ။
လောထျန်း ၎င်းကိုကြည့်ရင်း မျက်မှောင်
အနည်းငယ် ကြုံ့လိုက်သည်။
" ဒါဆို ခင်ဗျားကရော ဘာဖြစ်လို့ တခြားသူတွေနဲ့အတူ အဆင့်တက်အောင် မလုပ်တာလဲ "
လောတယွီ ခေါင်းကုတ်လိုက်ရ၏။
" ကျုပ်က အဆင့် ၁၀ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်ကို အပြည့်အဝ အသန့်စင်ရသေးဘူးဗျ "
လောထျန်း မျက်ခုံးပင့်သွားကာ အေးစက်စက် ပြောလိုက်သည်။
" ပြန်ရောက်ရင် ခင်ဗျားရဲ့ ကျင့်ကြံတဲ့အချိန်ကို နောက်ထပ် နှစ်တစ်ရာ ထပ်တိုးလိုက်တော့ "
" အင်.... "
လောတယွီ မျက်နှာကြီး ရှုံ့မဲ့သွားရပြန်တော့သည်။
တဖက်မှ သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာကား စိတ်ဝိဥာဥ်အစွမ်း တိုးလာပြီးနောက် အားလုံးကို လှောင်ပြောင်စကားဆိုရန် ပြင်လိုက်၏။
သို့သော်... သူ ငုံ့ကြည့်လိုက်ချိန်တွင် အားလုံးက မျက်လုံးမှိတ်၍ ကျင့်ကြံနေသည်ကို မြင်လိုက်ရသဖြ
င့် ... အလွန်အံ့သြသွားရတော့သည်။
တခဏအကြာတွင်မူ မည်သို့ ဖြစ်ပျက်နေသည်ကို သူ နားလည်သွားပါသည်။
" မင်းတို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မသေမျိုးဖြစ်လာချင်ကြတယ်ပေါ့လေ ။ ရယ်စရာ ကောင်းလိုက်တာကွာ ။ ငါတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက ဒီလောက်နှစ်တွေအကြာကြီး ပြင်ဆင်လာတာတောင် စိတ်ဝိဥာဥ်နဲ့ မသေမျိုးအဆင့် ရောက်တဲ့သူ တစ်ယောက်ကိုမှ မမွေးထုတ်နိုင်ပဲ စိတ်ဝိဥာဥ်ဝါးမြိုခြင်းနည်းကိုပဲ လုပ်နိုင်ခဲ့တာလေ။ မင်းတို့က ဒီလောက်နဲ့ မသေမျိုးဖြစ်လာနိုင်မယ် ထင်နေတယ်ပေါ့ "
သူ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
သို့သော် ထိုစဥ်တွင်...
ဝုန်း ...
ခန်းမအတွင်းရှိ လောချင်း၏ စိတ်ဝိဥာဥ်အစွမ်းက စတင်ဆူပွက်လာ၏။
ဝီ...
သူ့ကိုယ်မှလည်း ကြောက်မက်ဖွယ် မသေမျိုးအလင်းတန်းတစ်ခု ထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
" ဒါ .... "
အားလုံးမှာ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား .....
လောချင်းနောက်တွင်လည်း သူနှင့်တစ်ထေရာတည်းတူပြီး သူ့ထက်အဆပေါင်းများစွာ ပိုကြီးသည့် စိတ်ဝိဥာဥ်အရိပ်တစ်ခု ပေါ်လာကာ လေထဲတဖြည်းဖြည်း မြင့်တက်လာသည်။
ထိုစိတ်ဝိဥာဥ်အရိပ်၏ အပေါ်မှ ထုတ်လွှတ်နေသော မသေမျိုးအလင်းတန်းမှာလည်း ကြောက်မက်ဖွယ်ပါပင် ။
၎င်းမှာ သူ မသေမျိုးတစ်ယောက် ဖြစ်သွားပြီဆိုသ
ည့် လက္ခဏာမှလွဲ အခြားမဟုတ်ပါ ။
လောထျန်း ၎င်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်၏။
လောချင်းသည် အဆင့် ၁၂ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်အား သန့်စင်ထားသူဖြစ်ရာ သူ့စိတ်ဝိဥာဥ်အစွမ်းက အခြားသူများထက် များစွာပိုသာသည့်အတွက် သူ ပထမဆုံး မသေမျိုးတစ်ယောက် ဖြစ်လာခြင်းက သဘာဝကျပါ၏။
ထိုစဥ်မှာပင်...
ဝီ...
ဒုတိယမြောက် မသေမျိုးအလင်းတန်း ကောင်းကင်ယံသို့ ထိုးတက်သွားပြန်သည်။
လူတစ်ယောက်အနောက်တွင်လည်း ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာပြန်၏။
ထိုသူမှာလည်း စိတ်ဝိဥာဥ်ဖြင့် မသေမျိုးတစ်
ယောက် ဖြစ်လာလေပြီ ။
ထို့နောက်တွင်.... မသေမျိုးအလင်းတန်းနှင့် စိတ်ဝိဥာဥ်အရိပ်များက မိုးရွာပြီးချိန် ထွက်လာတတ်သည့် မှိုများပမာ တစ်ခုပြီးတစ်ခု ထွက်လာကြတော့သည်။
ထိုသို့ တစ်ခုပြီးတစ်ခု ထွက်လာသော မသေမျိုးအလင်းတန်းများ၏ အလင်းရောင်ကြောင့် ချီရွှယ်နန်းတော်တစ်ခုလုံး အရောင်လက်နေပြီး ခန်းမထဲ ရှိနေသူများမှာ မျက်စိပင် သေချာမဖွင့်နိုင်တော့ပါချေ ။