← Chapters

ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ အကြံ

Vol. 50 Ch. 689

ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ အကြံ

Vol. 50 Ch. 689

ဤသို့ဖြင့် မကြာခင်မှာပင် ခန်းမထဲ၌ စိတ်ဝိဉာဉ်အရိပ်ပေါင်း တစ်ရာကျော် ပြွတ်သိပ်စွာ ရှိနေတော့၏။

စိတ်ဝိဥာဥ်စခန်းမှ ကျင့်ကြံသူတစ်ဝက်ကျော်မှာ မသေမျိုးအဆင့်သို့ ရောက်သွားခဲ့ကြလေပြီ ။

တဖက်ရှိ သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာကား ထိုမြင်ကွင်းကို တွေ့ပြီး ပါးစပ်အဟောင်းသား ...

သူသည် စိတ်ဝိဥာဥ်ဖြင့် မသေမျိုးအဆင့်သို့ ယာယီရောက်ရန် သူ့စိတ်ဝိဥာဥ်အစွမ်း 90% ကို စတေးခဲ့ရပါသည်။

စစချင်းတွင် ဒေါသဖြေရန်အတွက် အားလုံးကို သတ်ပစ်မည်ဟု သူ တွေးထားခဲ့သော်လည်း ...

မျှော်လင့်မထားစွာပင် တဖက်၌ စိတ်ဝိဥာဥ်ဖြင့် မသေမျိုးအဆင့် ရောက်သွားသူ ရာကျော်ပေါ်လာခဲ့

ပါ၏။

ထို့အပြင် သူတို့က ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများကို စုပ်ယူပြီး မသေမျိုး ဖြစ်သွားခဲ့ကြခြင်းပင်..

သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်း၌ ဆိုလျှင် နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် စိတ်ဝိဥာဥ်ဖြင့် မသေမျိုးအဆင့်သို့ရောက်သူ တစ်ယောက်ပင် ပေါ်မလာခဲ့သေးပါ ။

ယခုတွင်ကား... တဖက်၌ အချိန်ခဏလေးအတွင်း မသေမျိုးရာချီကျော် ပေါ်လာသတဲ့ ...

သူတို့ကို တိုက်ခိုက်၍ရော ဘာထူးတော့မည်နည်း ။

သွေးနီစိတ်ဝိဥာဥ်သခင်ကြီးမှာ ထိုတခဏတွင် တိုက်ခိုက်လိုစိတ် လုံးဝပျောက်ဆုံးကာ စိတ်ဓာတ်ကျသွားတော့သည်။

" လာလေ ၊ ငါ့ကို လာသတ်လိုက်တော့ "

တဖက်ရန်သူများမှာ အစောကတည်းက သူနှင့်

သူသေကိုယ်သေ တိုက်ခိုက်တော့မည့် ရန်သူများ ဖြစ်ရာ.. လက်ရှိတွင် သူတို့အနေဖြင့် သူ့ကို အလွတ်ပေးစရာအကြောင်း လုံးဝ မရှိပါချေ ။

သို့ဖြစ်ရာ... ယခုလို အခြေနေမျိုးတွင် မိမိကိုယ်ကို အကျည်းတန်စွာ ခုခံနေခြင်းထက် လက်လျှော့အရှုံးပေးလိုက်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား ။

ထိုစဥ် လောချင်းက တစ်စုံတရာကို မေးလိုသည့်အလား လောထျန်းဘက် လှမ်းကြည့်သည်။

လောထျန်းက ခေတ္တမျှ စဥ်းစားပြီးမှ ပြော၏။

" ငါ သိချင်တဲ့သတင်းတချို့ ရှိတယ်ကွ "

လောချင်း ဦးညွှတ်၍ သူ့စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်းထုတ်လွှတ်ပြီး သွေးနီစိတ်ဝိဥာဥ်သခင်ကြီး အား ဖိနှိပ်လိုက်သည်။

သွေးနီစိတ်ဝိဥာဥ်သခင်ကြီး မျက်ခုံးပင့်သွား၏။

" မင်းတို့ ငါ့ကို သတ်ချင်ရင်သတ်လို့ရတယ် ။ ဝမ်ဟွန်းကွေ့ယီဂိုဏ်းကိုတော့ ငါ ဘယ်တော့မှ

သစ္စာဖောက်မှာ မဟုတ်ဘူးကွ ။ မင်းတို့ ငါ့ဆီကနေ ဘယ်လိုသတင်းမျိုးမှ ရမယ်မထင်နဲ့ "

သူ ထိုသို့ပြောပြီး ကိုယ်ထဲရှိ စိတ်ဝိဥာဥ်အစွမ်းများ အားလုံးကို အသိစိတ်ပင်လယ်ထဲ စုစည်းလိုက်သည်။

" ဟင် ... "

လောချင်းမှာလည်း စိတ်ဝိဥာဥ်အစွမ်းကိုသုံးပြီး ကြိုးစားသည့်တိုင် တဖက်လူ၏ အသိစိတ်ပင်လယ်ထဲသို့ မထိုးဖောက်နိုင်ပါချေ။

" သူ့ရဲ့ အသိစိတ်ပင်လယ်က သူ့စိတ်ဝိဥာဥ်အစွမ်းရဲ့ အဓိက တိုက်ပွဲကွင်းပြင်ကြီးပဲ ။ အပြင်လူတွေအနေနဲ့ ကျူးကျော်ချင်ရင် ကမ္ဘာပေါ်ကမသေမျိုးတစ်ယောက် ဖြစ်နေရင်တောင် မလွယ်ဘူး "

စိတ်ဝိဥာဥ်စခန်းမှ လူတစ်ယောက်က ရေရွတ်သည်။

သူပြောသလိုပင်.. လောချင်း အကြိမ်အနည်းငယ် ထပ်ကြိုးစားကြည့်လိုက်သေးသော်လည်း လုံးဝ မအောင်မြင်ခဲ့ပါ ။

" တောင်းပန်ပါတယ် သခင်လေး ၊ ကျုပ် အသုံးမကျတာပါ "

လောချင်း ခေါင်းငုံ့ကာ ဆိုသည်။

လောထျန်းက အေးဆေးပင် ပြန်ပြော၏။

" ငါ လုပ်လိုက်မယ် "

သူ ပြောပြောဆိုဆိုပင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

" ဟမ့် ... စိတ်ဝိဥာဥ်နဲ့ မသေမျိုးအဆင့်ကို ရောက်သွားတဲ့သူတောင် မလုပ်နိုင်တာ ၊ မင်းလိုကောင်မျိုးက ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲ ထိုးဖောက်ဝင်နိုင်မယ် ထင်တယ်ပေါ့ "

သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက လှောင်ရယ်၏။

သို့သော် ထိုစဥ်မှာပင်...

ဝုန်း...

လောထျန်း လက်ယမ်းလိုက်ရာ.. ရွှေရောင်လက်ဝါးကြီး တစ်ခုက သူ့အသိစိတ်ပင်လယ်ထဲ ဝင်လာသည်

ကို သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ခံစားမိလိုက်သည်။

" ဒါ... ဘာကြီးလဲ ... "

သူ စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ တိုက်ခိုက်ရန် ကြိုးစားလိုက်သေးသော်လည်း တဖက်လူ၏ ရွှေရောင်လက်ဝါးကြီးအောက်၌ ခပ်မြန်မြန်ပင် ရှုံးနိမ့်သွားတော့သည်။

" မဖြစ်ဘူး "

သွေးနီစိတ်ဝိဥာဥ်သခင်ကြီး အလန့်တကြားအော်ကာ သူ့ အသိစိတ်ပင်လယ်အား ချက်ချင်းဖျက်ဆီးရန် ကြိုးစားလိုက်၏။

လောထျန်းဘက်မှ အသုံးဝင်နိုင်သော သတင်းအချက်အလက်မျိုး ရသွားမည်ကို သူ လုံးဝ အဖြစ်မခံနိုင်ပါ ။

တဖက်မှ လောထျန်းမှာလည်း သူ့ရည်ရွယ်ချက်ကို သိနေဟန်ဖြင့် အရှိန်မြှင့်လာသည်။

ဝုန်း...

နောက်ဆုံးတွင်ကား တဖက်လူ၏ အသိစိတ်

ပင်လယ် မပေါက်ကွဲခင်၌ လောထျန်း မှတ်ဉာဏ်တစ်ခုကို ဖမ်းဆုပ်မိသွားတော့သည်။

" အား .... "

တစ်ချိန်တည်းနီးပါးမှာပင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ အသိစိတ်ပင်လယ် ပြိုကွဲသွားပြီး...

သူ့ စိတ်ဝိဥာဥ် ပျောက်ကွယ်သွားသည်။

သူ၏ စိတ်ဝိဥာဥ်ခန္ဓာကိုယ်မှာလည်း ဆက်မထိန်းနိုင်တော့ဘဲ အကြိမ်အနည်းငယ် တွန့်လိမ်သွားပြီးနောက် သွေးအိုင်တစ်ခုအဖြစ် ပြိုကွဲသွားတော့၏။

သွေးနီစိတ်ဝိဥာဥ်သခင်ကြီး သေဆုံးသွားလေပြီ ။

၎င်းကို ကြည့်နေကြသော ချီရွှယ်နန်းတော်မှ လူများအားလုံး သက်ပြင်းကိုယ်စီ ချမိသွားကြသည်။

သူတို့ ချီရွှယ်နန်းတော်ကို နှစ်ပေါင်းများစွာကြာ ဒုက္ခပေးလာခဲ့သည့် အစွမ်းထက်ကျင့်ကြံသူကြီး တစ်ယောက်က ယခုလို အလွယ်တကူ သေဆုံးသွားသတဲ့တော် ... ။

တဖက်ရှိ စိတ်ဝိဥာဥ်စခန်းမှ လူများမှာကား အံ့သြနေကြပြီး .

အထူးသဖြင့် လောချင်းဆိုလျှင် အလွန်တုန်လှုပ်နေဟန် တူသည်။

" သခင်လေးလောထျန်းက ငါ ဘယ်လိုမှကြိုးစားလို့မရတဲ့ အသိစိတ်ပင်လယ်ကို လွယ်လွယ်လေး အနိုင်ရသွားခဲ့တာပဲ ။ အကြီးအကဲ ၉ ပြောတာ တကယ်မှန်တယ် .. သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းက ငါတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ။ ငါ လက်ရှိမှာ မသေမျိုးတစ်ယောက် ဖြစ်လာတာတောင် ငါတို့ကြားက ကွာဟချက်က ကြီးနေတုန်းပဲ "

သူ တွေးမိလိုက်၏။

ထိုစဥ် လောထျန်းက မှတ်ဉာဏ်များပါဝင်သည့် စိတ်ဝိဥာဥ်အလင်းတန်းအား ဖိခြေလိုက်သည်။

ဝီ ...

တခဏအတွင်းမှာပင် သူ့ရှေ့၌ များစွာသော မြင်ကွင်းပုံရိပ်များ ပေါ်လာသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်အရ သခင်ကြီးကိုပြန်ခေါ်တာပါ "

" ဂိုဏ်းချုပ်ကြီးက ပုံရိပ်လေးသွယ် စိတ်ဝိဥာဥ်ယဇ်ပူဇော်ခြင်း အစီအမံကို ပြင်ဆင်ပြီးသွားပြီ ။ အခု ထျန်းယွမ်ကမ္ဘာမှာရှိတဲ့ သက်ရှိ စိတ်ဝိဥာဥ်တွေရဲ့ 90% ကို စတေးလိုက်တာနဲ့ ကျွန်မတို့ဂိုဏ်းရဲ့ ရည်မှန်းချက် ပြည့်ဝပြီးတော့ ဟိုသခင်ကြီးကို ပြန်အသက်သွင်းနိုင်တော့မှာ "

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဂိုဏ်းချုပ်ကြီးက သခင်ကြီးကို အလွန်ဆုံး အချိန်တစ်လပဲ ပေးနိုင်မယ်လို့ မှာလိုက်ပါတယ် ။ အဲ့တစ်လအတွင်း ပြန်မလာရင် ပုံရိပ်လေးသွယ် စိတ်ဝိဥာဥ်ယဇ်ပူဇော်ခြင်း အစီအမံကို အတင်းအသက်သွင်းမယ်လို့လဲ ပြောလိုက်တယ်ရှင့် ။ အဲ့ကျရင် သခင်ကြီးကိုပါ ယဇ်ပူဇော်မယ်တဲ့ "

" သခင်ကြီး ၊ ကျွန်မတို့ အခု အသူရာချောက်ထဲမှာပါ .... "

ထိုမှတ်ဉာဏ်များမှာ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ လက်အောက်မှ အမျိုးသမီး ပြောထားသောအကြောင်းရာများ ဖြစ်ပြီး ..

စကားသိပ်မရှည်လှသည့်တိုင် အရေးကြီး အကြောင်းအရာများစွာ ပါဝင်ပါသည်။

" ဝမ်ဟွန်းကွေ့ယီဂိုဏ်းက ဒီလောက်အကြာကြီး ပျောက်နေတာ ... လက်စသတ်တော့ သူတို့တွေက ယဇ်ပူဇော်ခြင်း အစီအမံကြီးတစ်ခုကို ပြင်ဆင်နေကြတာပဲ "

" ဒါတင်မကသေးဘူး ... ဒီကောင်တွေက ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးနီးပါးကိုပါ စတေးချင်နေကြတာ "

တွေ့လိုက်ရသည့် အကြောင်းအရာများကြောင့် လောထျန်းတစ်ယောက် မျက်မှောင်ကြီး ကြုံ့သွားသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် သူသည် ထျန်းမင်ကမ္ဘာကိစ္စ

ကို စိုးရိမ်နေရ၍ သူတို့ထျန်းယွမ်ကမ္ဘာအတွင်းမှ ပြဿနာများအပေါ် အာရုံမစိုက်မိခဲ့ပါ ။

ယခု မျှော်လင့်မထားစွာပင် တဖက်လူများက ထိုသို့လုပ်ရန် တိတ်တဆိတ် ကြံစည်နေခဲ့ကြသတဲ့ ။

" ငါ အချိန်မီသိလိုက်လို့ တော်သေးတာပေါ့ ။ မဟုတ်ရင် အကျိုးဆက်ကို ခန့်မှန်းနိုင်မှာတောင် မဟုတ်ဘူး "

လောထျန်း လေသံမာမာဖြင့် ပြောလိုက်သည်။

" သခင်လေး.... ဒါ... "

ဘေးတွင်ရပ်နေသော လောချင်းမှာလည်း ပြဿနာကို ရိပ်စားမိဟန်ဖြင့် စိုးရိမ်သွားပုံပေါ်၏။

လောထျန်း လက်ကာပြလိုက်သည်။

" ကိစ္စမရှိဘူး.... ဝမ်ဟွန်းကွေ့ယီဂိုဏ်းက သေချင်နေမှတော့လဲ ငါက သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ "

လောထျန်း ထိုသို့ပြောပြီးသည်နှင့် ရွှယ်လင်းလုံဘက် လှည့်ကြည့်လိုက်၏။

" မိန်းကလေး ရွှယ် ၊ မင်းလဲ တွေ့လိုက်ရမှာပါ ။ အခု

ဝမ်ဟွန်းကွေ့ယီဂိုဏ်းက ထျန်းယွမ်ကမ္ဘာကို စတေးဖို့ လုပ်နေတယ် ။ အဲ့တော့ ထျန်းယွမ်ကမ္ဘာတစ်ခုလုံး အန္တရာယ်မကင်းတော့ဘူး ။ ကျုပ် အကြံတစ်ခုပေးချင်တယ်ဗျာ .... လက်ရှိမှာ ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ အနိုင်ကျင့်တာကို ခံနေရတဲ့ ချီရွှယ်နန်းတော်အနေနဲ့ ကျုပ်တို့ပျောင်ပိုင်မြို့နဲ့ ယာယီပူးပေါင်းလိုက်ပါလား ။ ဒါ မင်းတို့ဂိုဏ်းကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ သဘောမဟုတ်ဘူးနော် ။ မင်းတို့ ဆန္ဒရှိရင် ပျောင်ပိုင်မြို့မှာ ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်နိုင်တယ် "

" ဒါပေမယ့်.. ပျောင်ပိုင်မြို့အတွက် တာဝန်ထမ်းဆောင်ပေးဖို့ .. မင်းတို့ရဲ့ ထိပ်တန်းဂိုဏ်းဝင်တချို့ကိုတော့ ပျောင်ပိုင်မြို့အကာအကွယ်တပ်ဖွဲ့ထဲ လွှတ်ပေးရမယ် ။ ကျုပ်တို့ဘက်က မင်းတို့ကို ကာကွယ်ပေးမယ့်အပြင် သိုင်းပညာ ကျင့်စဥ်တွေနဲ့ တခြားလေ့ကျင့်ရေး အရင်းအမြစ်တချို့ကိုလဲ ခွဲဝေပေးပါမယ် "

ရွှယ်လင်းလုံမှာ လောထျန်းစကားကို နားထောင်ပြီးနောက် ချက်ချင်းသဘောတူချင်စိတ် ဖြစ်သွားသည်။

သို့သော် လက်ရှိတွင် သူမသည် ချီရွှယ်နန်းတော်၏ အုပ်ချုပ်သူမဟုတ်သဖြင့် ဘေးမှ အကြီးအကဲကိုသာ လှမ်းကြည့်လိုက်ရ၏။

ချီရွှယ်နန်းတော် အကြီးအကဲမှာ လောထျန်း စပြောပြောချင်းတွင် ... သူမလက်ထက်၌ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းတည်ရှိလာခဲ့သော ချီရွှယ်နန်းတော် ပျောက်ကွယ်သွားရတော့မည်ကို စိုးရိမ်ကာ ကြောက်နေခဲ့သေးပါသည်။

သို့သော် လောထျန်း၏ စကားဆုံးအောင် နားထောင်ပြီးနောက်တွင်မူ သူမ စိတ်သက်သာရာ ရသွား၏။

လောထျန်းပြောသည့် အချက်များက ကျိုးကြောင်းသင့်လျော်ရုံမက အလွန်ကောင်းသည်ဟုပင် ပြော၍ရပါသည်။

ထို့အပြင် ပျောင်ပိုင်မြို့၏ အခြေအနေ မည်သို့ရှိသည်ကိုလည်း သူမ မြင်ဖူးထားပါ၏။

ပျောင်ပိုင်မြို့၏ စိတ်စွမ်းအင် တစ်ခုတည်းသည်ပင် ချီရွှယ်နန်းတော်လို နေရာမျိုးထက် အဆပေါင်းများ

စွာ ပိုအစွမ်းထက်လှပါသည်။

အကယ်၍ သူမတို့ဂိုဏ်းကိုသာ ထိုနေရာသို့ ရွှေ့လိုက်ပါက ဘာမှလုပ်စရာမလိုပါပဲ များစွာပိုအစွမ်းထက်သွားပေမည် ။

ထို့အပြင် လောထျန်းက သိုင်းပညာကျင့်စဥ်များနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များကိုပါ ပေးမည်ဟု ပြောနေပါသေး၏။

ပျောင်ပိုင်မြို့၌ ကျင့်ကြံခြင်းအရင်းမြစ် ပေါမည် ၊ မပေါမည်မှာ မေးခွန်းထုတ်စရာပင် မလိုပါ ။

ခန်းမတစ်ခုလုံး ပြည့်သွားခဲ့သော မသေမျိုးအလင်းတန်းများကို ကြည့်ခြင်းဖြင့်ပင် သိနိုင်ပါသည်။

အကြီးအကဲ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှိုက်၍ ပြောလိုက်သည်။

" သခင်လေးလောထျန်း ၊ ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်ကြီးက ဒဏ်ရာဆိုးဆိုးဝါးဝါး ရထားတာကြောင့် ဒီမှာ မရှိပေမယ့် ... ကျွန်မ သူ့ကိုယ်စား သခင်လေးပြောတာ

ကို လက်ခံသဘောတူပါတယ် "

All Chapters