← Chapters

အခန်း (၆၉၂)

Vol. 50 Ch. 692

အခန်း (၆၉၂)

Vol. 50 Ch. 692

ပုလွေသံ ချက်ချင်းထွက်လာကာ မိစ္ဆာအစွမ်းပါဝင်သော ထွင်းစာများ လောထျန်းဆီ ရွေ့လျားသွားသည်။

သို့သော်...

ဝုန်း...

ထွင်းစာများက လောထျန်းအနား ရောက်သည်နှင့် ရုတ်ချည်းပြိုကွဲသွားပါ၏။

" ဘယ်လိုဖြစ်ပြီး ... "

ဤတစ်ကြိမ်တွင်မူ အစိမ်းရောင်ဝတ်လူကြီး မတည်ငြိမ်နိုင်တော့ပါ ။

" မဖြစ်နိုင်ဘူး ... ငါ့သခင်ကြီး ပေးထားတဲ့ ထွင်းစာတွေက အမြဲတမ်း အောင်မြင်ခဲ့တာချည်းပဲလေ ။ ဒီနေ့မှ ဘာလို့အဲ့လိုတွေ ဖြစ်လာရတာလဲ "

သူ့မျက်နှာလည်း ဆိုးရွားစွာ ပျက်နေလေပြီ ။

ယနေ့ ပေါ်လာသည့် လူသုံးယောက်မှာ တစ်ယောက်ထက် တစ်ယောက် ပိုထူးဆန်းကြပါ၏။

ထိုစဉ် ပန်းလင်က သူ့ကိုကြည့်ကာ အေးစက်စက် ပြောလာသည်။

" မင်း ဘယ်သူလဲ ။ မင်းပြောတဲ့ သခင်ကြီးဆိုတာကရော ဘယ်သူလဲ "

စိမ်းရောင်ဝတ်လူကြီး အေးစက်စက် နှာခေါင်းရှုံ့၏။

" ငါက ဘာလို့ ပြောပြရမှာလဲ ။ ငါ့ရဲ့ ထွင်းစာတွေကို ခုခံလိုက်နိုင်ရုံနဲ့ မင်းတို့ကို ဘာမှလုပ်မရတော့ဘူးလို့ မထင်နဲ့နော် ။ ထွင်းစာတွေက အလုပ်မဖြစ်ရင်တောင်... ဒီ တစ်မြို့လုံးမှာ ရှိနေတဲ့ မိစ္ဆာဝိဉာဉ်တွေကို မင်းတို့ ကိုင်တွယ်နိုင်မယ် ထင်လို့လား "

သူ ပြောပြောဆိုဆိုပင် အစိမ်းရောင်ပုလွေအား ထပ်မှုတ်လိုက်ပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ့ပစ်မှတ်က လောထျ

န်းတို့လူစု မဟုတ်တော့ပဲ ဘေးပတ်လည်မှ မိစ္ဆာဝိဉာဉ်များ ဖြစ်ပါ၏။

ဝုန်း ...

မရေမတွက်နိုင်သော မိစ္ဆာဝိဉာဉ်များက လောထျန်းတို့လူစုအနီး ချက်ချင်း ချဉ်းကပ်လာကြသည်။

၎င်းကိုကြည့်နေသော အစိမ်းရောင်ဝတ်လူကြီးက ပုလွေကိုချကာ အသံကျယ်ကြီးဖြင့် အော်ရယ်သည်။

" လုပ်လေ ... တစ်မြို့လုံး အပြည့်ရှိနေတဲ့ မိစ္ဆာဝိဉာဉ်တွေကိုတော့ မင်းတို့ သတ်နိုင်မှာမဟုတ်ပါဘူး ။ ပြီးတော့ ပြောလိုက်ဦးမယ်... ဒီ မိစ္ဆာဝိဉာဉ်တွေက အရင် လုံမိန်းမြို့က သာမာန်မြို့သူမြို့သားတွေနော် ။ မင်းတို့ သူတို့ကို သတ်လိုက်ရင် အားလုံး သေကုန်ကြမှာပဲ "

သူ ထိုသို့ပြောပြီး ပန်းလင်အား လှောင်ပြုံးဖြင့် ထပ်ကြည့်လိုက်သည်။

သူ အကြိုက်ဆုံးမှာလည်း စိတ်ကောင်းရှိသူများအား

ကျဉ်းထဲကျပ်ထဲ အခြေအနေရောက်အောင် လုပ်ရခြင်းပင် ...

သို့သော် ထင်မှတ်မထားစွာပင် ....

" အိုး... သနားစရာပါလား ။ ငါ မင်းတို့ကို လွတ်မြောက်အောင် လုပ်ပေးမယ်ကွာ "

လောထျန်း ပြောလာ၏။

" လွတ်မြောက်အောင် လုပ်ပေးမယ်... "

ကျန်နှစ်ယောက် အံ့သြတကြီး ဖြစ်ကုန်ကြသည်။

ထိုစဉ်မှာပင် လောထျန်းက လက်နှစ်ဖက်စုပြီး မန္တာန်တစ်ခု စတင်ရွတ်ဖတ်လိုက်၏။

ဝီ ...

မိစ္ဆာဝိဉာဉ်များပေါ်သို့ အလင်းတန်းများ ရုတ်ချည်းလွှမ်းခြုံလာကြသည်။

ထို့နောက်တွင်ကား .. မိစ္ဆာဝိဉာဉ်များ၏ မိစ္ဆာအစွမ်းများ ပျောက်ကွယ်သွားကာ သူတို့၏ စိတ်ဝိဉာဉ်များ

တစ်ခုပြီးတစ်ခု ကောင်းကင်ဘုံသို့ တက်သွားကြတော့သည်။

" ဘာတွေ ဖြစ်နေတာလဲ "

အစိမ်းရောင်ဝတ်လူကြီး မှင်သက်သွားရ၏။

အမှန်တွင် ထိုမိစ္ဆာဝိဥာဥ်များကို သတ်၍ မရသင့်ဘူး မဟုတ်ပါလား ...

ယခု တဖက်လူက မန္တာန်လေးနည်းနည်း ရွတ်ဖတ်ရုံဖြင့် အဘယ့်ကြောင့် အားလုံး ကောင်းကင်ဘုံသို့ တက်သွားရပါသနည်း ။

ထိုစဥ်မှာပင်...

ဝီ ... ဝီ ....

အလင်းတန်းနှစ်ခုက ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီတို့အား လွှမ်းခြုံလာကြသည်။

သူတို့နှစ်ယောက်လုံး မျက်နှာထား ချက်ချင်းပြောင်းသွား၏။

" လောထျန်း... "

ပန်းလင်ထံမှ တုန်လှုပ်စွာ ရေရွတ်သံ ထွက်လာသည်။

ထိုစဥ်မှ လောထျန်းတစ်ယောက် မျက်လုံးပြန်ဖွင့်လာကာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားရှာသည်။

" အိုး... စိတ်မရှိပါနဲ့ဗျာ ။ ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို မေ့သွားတာ "

ပန်းလင်မှာ သဘာဝစိတ်ဝိဥာဥ်တစ်ယောက် ဖြစ်ပြီး ၊ နတ်ဆိုးဧကရာဇ်လီမှာလည်း ဝမ်ဟွန်းကွေ့ယီဂိုဏ်းကြောင့် ထူးခြားသော ခန္ဓာကိုယ်အဖြစ် ပြောင်းထားရသူပင် ...

လောထျန်းရွတ်လိုက်သည့် မန္တာန်သည် တဖက်လူ၏ အကာအကွယ်ကို လျစ်လျူရှုပြီး စိတ်ဝိဥာဥ်များကို အတင်းလွတ်မြောက်အောင် လုပ်ပေးနိုင်သည့်အတွက် ...

သူတို့နှစ်ယောက်မှာ လောထျန်းကြောင့်

ကောင်းကင်ဘုံသို့ တက်ခါနီး ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။

ထို့နောက်တွင် လောထျန်း လက်ယမ်းလိုက်ရာ အလင်းတန်း ပြန်ပျောက်ကွယ်သွားပြီး သူတို့နှစ်ဦး ကောင်းကင်ဘုံသို့ တက်ရမည့်အရေးမှလည်း ကင်းလွတ်သွားတော့သည်။

သို့သော် အခြား မိစ္ဆာဝိဥာဥ်များကမူ လောထျန်း၏ ပြန်လည်မွေးဖွားခြင်း မန္တာန်ကြောင့် ကောင်းကင်ဘုံသို့ ရောက်ကုန်ကြပါ၏။

အားလုံး ပြီးသွားနောက် ....

ဝီ...

အဖြူရောင် အလင်းတန်းများ လောထျန်းဆီ ရွေ့လျားလာကြသည်။

" ဒါ... ကံကောင်းခြင်းတွေလား.. "

၎င်းကိုကြည့်နေသော ပန်းလင်တစ်ယောက် မနေနိုင်ဘဲ တအံ့တသြ ရေရွတ်လိုက်၏။

တဖက်မှ အစိမ်းရောင်ဝတ်လူကြီးမှာကား ပါးစပ်အဟောင်းသား ...

သူ့ အစိမ်းရောင်ပုလွေက အသုံးမဝင်ခဲ့သလို ယခု မိစ္ဆာဝိဥာဥ်များအားလုံးလည်း ဖျက်ဆီးခံလိုက်ရလေပြီ ။

ဆက်တိုက်ခိုက်၍ ဘာထူးတော့မည်နည်း ။

သူ ထိုသို့တွေးကာ နောက်လှည့်ထွက်ရန် ပြင်လိုက်သည်။

" ထွက်ပြေးမလို့လား ၊ မင်းကို ငါက ပြေးခွင့်ပေးလို့လား "

နတ်ဆိုးဧကရာဇ်လီ ဒေါသတကြီးအော်ကာ တဖက်လူအား ဖမ်းဆုပ်လိုက်သည်။

" ချီး ... ငါ့ကို လွှတ်စမ်း "

အစိမ်းရောင်ဝတ်လူကြီး ပြန်အော်ကာ နတ်ဆိုးဧကရာဇ်လီအား နှစ်ခြမ်းခွဲရန် ရည်ရွယ်ချက်ဖြင့် လက်ဝါးသုံး ရိုက်လိုက်သည်။

သို့သော် သူ့အစွမ်းမှာ နတ်ဆိုးဧကရာဇ်လီထက် များစွာပိုနိမ့်ရာ...

ဝုန်း ...

နတ်ဆိုးဧကရာဇ်လီ၏ လက်ဝါးချက်အစွမ်းကြောင့် သူ ပေထောင်ပေါင်းများစွာ အကွာဝေးသို့ ချက်ချင်းလွင့်ထွက်သွားတော့သည်။

အနီးနားတဝိုက်မှ အဆောက်အဦးများလည်း ပြာမှုန့်အဖြစ် ရုတ်ချည်း ပြောင်းကုန်ကြကာ..

မြေပြင်၌ ဧရာမ တွင်းပေါက်ကြီးသာ ကျန်နေခဲ့သည်။

အစိမ်းရောင်ဝတ် လူမှာလည်း မြေပြင်သို့ ကျသည်နှင့် သွေးအန်သွားပြီး ပြန်ပင် မရပ်နိုင်တော့ချေ။

" ဘယ်လိုဖြစ်ပြီး အဲ့လောက် အစွမ်းထက်နေရတာလဲ ။ မင်း.. ဘယ်သူလဲ "

အစိမ်းရောင်ဝတ်လူကြီး သွေးအန်နေရင်း မေးလိုက်

သည်။

" မင်းသိစရာ မလိုပါဘူး ။ အခု ဒီမှာ ဘာတွေဖြစ်သွားခဲ့လဲ ဆိုတာကိုပဲ ပြောစမ်း ။ မြို့ထဲက လူတွေအားလုံးက မင်းကြောင့် မိစ္ဆာဝိဥာဥ် ဖြစ်သွားကြတာလား "

လောထျန်းက အေးစက်စက်အသံဖြင့် ပြန်မေး၏။

တစ်မြို့လုံးရှိ လူများအား မိစ္ဆာဝိဥာဥ်အဖြစ် ပြောင်းလိုက်ခြင်းမှာ တစ်မြို့လုံးကို သတ်လိုက်သည်နှင့် ဘာမှ မခြားပါချေ ။

ထို့ကြောင့်လည်း လောထျန်းတစ်ယောက် အလွန်ဒေါသထွက်နေပါ၏။

အစိမ်းရောင်ဝတ်လူကြီး၏ မျက်နှာထားချက်ချင်းပြောင်းသွားကာ ပြန်ပြောသည်။

" မဟုတ်ပါဘူး ၊ ငါ့ကြောင့် မဟုတ်ပါဘူး ။ ငါ့မှာ အဲ့လိုအစွမ်းမျိုးလဲ မရှိပါဘူး ။ ဒါတွေအားလုံးကို သခင်ကြီးဟွမ်ယင် က လုပ်ခဲ့တာပါ "

" ဟွမ်ယင် ... ဒီနာမည်ကို ကြားဖူးနေသလိုပဲ ... "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

အစိမ်းရောင်ဝတ်လူကြီးက ချက်ချင်းပြော၏။

" မင်း မြေကမ္ဘာဌာနခွဲ ၁၂ ခုက တခြားအဖွဲ့ဝင်တွေနဲ့ တွေ့ဖူးထားတာများ ဖြစ်နိုင်မလား "

" မြေကမ္ဘာဌာနခွဲ ၁၂ ခု.. ဟုတ်လား "

လောထျန်း မျက်လုံးပြူးသွားသည်။

အစိမ်းရောင်ဝတ်လူကြီးက ခေါင်းညိတ်ပြကာ စကားဆက်၏။

" အမှန်ပဲ ၊ မြေကမ္ဘာဌာနခွဲ ၁၂ ခု ဆိုတာ ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ စိတ်ဝိဥာဥ်သံတမန်တွေပဲလေ ။ အဲ့စိတ်ဝိဥာဥ်သံတမန် တစ်ယောက်စီတိုင်းက ကြောက်စရာအစွမ်းမျိုး ပိုင်ဆိုင်ကြတယ် "

" ဒါပေမယ့်.. ဟိုတလောတုန်းကတော့ ဂိုဏ်းချုပ်သခင်ကြီး ကျင့်ကြံနေတဲ့အချိန်မှာ အဲ့ဒီ စိတ်ဝိဥာဥ်သံတမန်တွေ အားလုံး ပျောက်သွားခဲ့ကြတယ် ။ ဒါပေမယ့် သခင်ကြီး ကျင့်ကြံရာက ပြန်ထွက်လာတဲ့အချိန်မှာတော့ ပိုအစွမ်းထက်တဲ့ စိတ်ဝိဥာဥ်သံတမန် ၁၂ ယောက်ကို အသစ်ခန့်ခဲ့တယ် ။ အခု ဒီနေရာကို စောင့်ကြပ်ဖို့ တာဝန်ယူထားရတဲ့ စိတ်ဝိဥာဥ်သံတမန်

ကတော့ သခင်ကြီး ဟွမ်ယင် ပေါ့ "

လောထျန်း မျက်မှောင်ကြုံ့ကာ ထပ်မေးလိုက်သည်။

" မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးက ဘယ်သူလဲ "

ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ယခင်တည်းက လျှို့ဝှက်လှပြီး လောထျန်း သတင်းတချို့ရထားသည့်တိုင် ထိုသူ မည်သူဖြစ်သည်ကိုမူ အတိအကျ မသိပါချေ ။

ထို့ကြောင့် ယခု ဝမ်ဟွန်းကွေ့ယီဂိုဏ်းသား တစ်ယောက်နဲ့ တွေ့စဥ်တွင် ထိုမေးခွန်းအား မေးသင့်ပေသည်။

" ဒါ..... ပြောလို့မရဘူး "

အစိမ်းရောင်ဝတ်လူကြီးက တွန့်ဆုတ်စွာ ဆို၏။

လောထျန်း မျက်မှောင်ပိုကြုံ့သွားသည်။

" မပြောဘူးဆိုရင်တော့ မင်းရဲ့ စိတ်ဝိဥာဥ်ကို ရှာရလိမ့်မယ် "

သူ ပြောပြောဆိုဆိုပင် လက်ဆန့်ထုတ်၍ တဖက်လူ၏ စိတ်ဝိဥာဥ်အား ရှာဖွေရန် ပြင်လိုက်သည်။

" ခဏလေး နေပါဦးကွာ... ပြောပါ့မယ် ၊ ပြောပါ့မယ် "

အစိမ်းရောင်ဝတ်လူကြီးမှာ သူ့စိတ်ဝိဥာဥ်အား အတင်းအကျပ် ရှာဖွေခံရပါက ဖြစ်လာမည့်အကျိုးဆက်ကို သိသဖြင့် အလန့်တကြား အော်ပြောလာသည်။

လောထျန်းက အေးစက်စက်ပြော၏။

" ဒါဆို ပြော "

အစိမ်းရောင်ဝတ်လူကြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

" ငါတို့ရဲ့ ဂိုဏ်းချုပ်ကြီးက.... "

သို့သော်... သူ ထိုမျှသာ ပြောရသေးစဥ်မှာပင်..

ဝုန်း...

စွမ်းအင်တစ်ခုက အစိမ်းရောင်ဝတ်လူကြီးအား

သတ်မည့်ဟန်ဖြင့် တိုးဝင်လာ၏။

သို့သော် ထိုစဥ်တွင်..

ဝုန်း..

လောထျန်းက လက်ယမ်း၍ စွမ်းအင်အား ချက်ချင်းဖြိုခွဲပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ စွမ်းအင်ထွက်လာသည့်ဘက်သို့ လက်ညိုးညွှန်ကာ အေးစက်စက် ဆိုသည်။

" ငါ မေးခွန်းမေးလို့ မပြီးသေးခင်မှာ မင်းက သူ့ကို သတ်ချင်တယ်ပေါ့လေ ။ မင်းက ငါ့ကို ဘာထင်လို့လဲ "

ထို့နောက် သူ အစိမ်းရောင်ဝတ်လူကြီးဘက် ပြန်ကြည့်ကာ မေး၏။

" မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးက ဘယ်သူလဲ "

အစိမ်းရောင်ဝတ်လူကြီးမှာကား မျက်နှာတစ်ပြင်လုံး ဖြူရော်နေပြီး မည်သည့်စကားမှ မဆိုရဲပဲ လောထျန်းနောက်မှ စွမ်းအင်ထွက်လာသည့်ဘက်သို့သာ

ကြောက်လန့်တကြား ကြည့်နေရှာသည်။

လောထျန်းလည်း နောက်သို့ ထပ်လှည့်ကြည့်လိုက်၏။

ထိုစဥ်မှာပင် မှောင်ရိပ်ထဲမှ အရိပ်တစ်ခု ထွက်လာသည် ။

မဟုတ်သေးပါ ... အရိပ်က တစ်ခုမကပါချေ။

ပထမထွက်လာသူ၏ နောက်ဘက်တွင် သားရဲအရိပ်ပေါင်း များစွာရှိနေပြီး ထိုအရိပ်များမှာ မြွေနှင့်တူသော်လည်း မြွေမဟုတ်သလို ၊ နဂါးနှင့်တူသောအရိပ်များလည်း နဂါးမဟုတ်ကြပေ ။ ၎င်းအရိပ်များမှာ အစစ်နှင့် ပုံရိပ်ယောင်ကြားအခြေအနေ ဖြစ်ပြီး အေးစက်စက် လူသတ်အရိပ်အငွေ့တစ်ခုကို ထုတ်လွှတ်နေ၏။

" သခင်ကြီး ဟွမ်ယင် ၊ ကျုပ်ကို အတင်းကြီး ဖိအားပေးလာလို့ လုပ်ရတာပါဗျာ ။ ကျုပ် ဂိုဏ်းချုပ်ကြီးကို သစ္စာဖောက်ချင်လို့ မဟုတ်ပါဘူး "

အစိမ်းရောင်ဝတ်လူကြီးက ထိုသူကို မြင်သည်နှင့်

ချက်ချင်း အော်ပြောသည်။

" ဟွမ်ယင် ... သူက ဟွမ်ယင်လား.. "

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

ထိုစဥ် တဖက်မှ ဟွမ်ယင်က အစိမ်းရောင်ဝတ်လူကြီးကို ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြော၏။

" သတင်းပေါက်ကြားအောင် လုပ်တဲ့ ဘယ်သူမဆို အသတ်ခံရမယ် "

ထို့နောက် သူ လောထျန်းတို့လူစုကို ကြည့်ကာ ဆက်ပြောသည်။

" ခုခံတဲ့သူတွေလဲ အသတ်ခံရမယ် "

(အသစ်ရောက်လာတဲ့ကောင်လည်း အမျှ အမျှ အမျှ)

All Chapters