အခန်း (၆၉၄)
Vol. 50 Ch. 694
" ဟင်... မင်းတို့က ဘာကြည့်နေတာလဲ ။ ပြန်ပုန်ကန်ဖို့ ကြိုးစားနေတာလား.. ငါက.... "
ဟွမ်ယင် ဒေါသတကြီးအော်ကာ စိတ်ဝိဥာဥ်အရိပ်များအား ဆဲဆိုရန် ကြိုးစားလိုက်သည်။
သို့သော် လက်ရှိတွင် သူ အားနည်းလွန်းနေ၍ စကားနည်းနည်း ပြောပြီးသည်နှင့် ချောင်းတဟွတ်ဟွတ် ဆိုးသွားပါ၏။
တစ်ချိန်တည်းမှာပင် လေထဲရှိ စိတ်ဝိဥာဥ်အရိပ်များက သူ့ထံသို့ တဖြည်းဖြည်း ချဥ်းကပ်လာကြသည်။
" မင်းတို့.. ဘာလုပ်မလို့လဲ "
၎င်းကို မြင်ကာ ဟွမ်ယင် အလွန်တုန်လှုပ်သွားသည်။
သို့သော် ထိုစဥ်မှာပင် စိတ်ဝိဥာဥ်အရိပ်တစ်ခု ပြေးဝင်လာကာ သူ့အား ကိုက်လိုက်တော့သည်။
" အား.... "
ဟွမ်ယင်ထံမှ နာကျင်နေသည့် အော်သံကြီး ထွက်လာ၏။
ထို့နောက်တွင်မူ... စိတ်ဝိဥာဥ်အရိပ်များက သားကောင်ကိုတွေ့သွားသည့် ဆာလောင်နေသော သားရဲကြီးများပမာ ပြေးဝင်လာပြီး ဟွမ်ယင်အား အသည်းအသန် ကိုက်ဖျက်လိုက်ကြတော့သည်။
၎င်းတို့သည် စိတ်ဝိဥာဥ်များသာဖြစ်သဖြင့် ဟွမ်ယင်၏ ခန္ဓာကိုယ်ကို မတိုက်ခိုက်နိုင်သည့်တိုင် သူ့ စိတ်ဝိဥာဥ်ကိုမူ ကိုက်ဖြတ်စားသောက်နိုင်ပါသည်။
ထိုနာကျင်မှုမှာလည်း ခန္ဓာကိုယ် နာကျင်မှုထက်ပင် ပိုဆိုးရွားပါသေး၏။
ထိုတခဏ၌ ဟွမ်ယင်ထံမှ စူးစူးဝါးဝါးအော်သံများ ဆက်တိုက်ထွက်လာတော့သည်။
ဤသို့ဖြင့် မကြာခင်မှာပင် အော်သံများ တဖြည်းဖြည်းတိုးသွားကာ....
နတ်ဆိုးဧကရာဇ်လီ လက်ထဲရှိ ဟွမ်ယင်မှာ နောက်ဆုံးထွက်သက်ကို ရှိုက်နေရလေပြီ ။
၎င်းကိုမြင်သော နတ်ဆိုးဧကရာဇ်လီက အော်ပြော၏။
" ထွက်သွားကြတော့ ... ဒီကောင့်ရဲ့ အသက်ကို ငါကိုယ်တိုင် ခြွေယူမှာ "
သူ ပြောပြောဆိုဆိုပင် လက်မြှောက်၍ မြေပြင်သို့ ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။
ဘုန်း...
လက်ဝါးတစ်ချက်ဖြင့်ပင် ကမ္ဘာမြေပြင် တုန်ခါသွားပြီး .... ဟွမ်ယင်၏ ခန္ဓာကိုယ် အပိုင်းပိုင်း ပြိုကွဲသွားတော့၏။
သူ့ စိတ်ဝိဥာဥ် အကြွင်းအကျန်လေးပင် ကျန်မနေခဲ့တော့ပါ ။
အားလုံး ပြီးနောက်မှ... နတ်ဆိုးဧကရာဇ်လီ လက်ကို ဖြည်းညင်းစွာပြန်ရုတ်ကာ အစိမ်းရောင်ဝတ်
လူကြီးဆီသို့ လျှောက်သွားလိုက်သည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း.. အစိမ်းရောင်ဝတ်လူကြီး တစ်ကိုယ်လုံး တုန်သွားရှာ၏။
" ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ သခင်ကြီးရယ် "
သူ မြေပြင်၌ ပြားပြားဝပ် အရိုအသေ ပေးလိုက်တော့သည်။
နတ်ဆိုးဧကရာဇ်လီက သူ့အား အေးစက်စက်ကြည့်ဿ ပြန်ပြော၏။
" ခဏနေကျရင် မင်း ငါတို့မေးသမျှ မေးခွန်းတွေအားလုံးကို ဖြေရမယ်... နားလည်လား "
" ဟုတ်ကဲ့ ၊ နားလည်ပါတယ် "
အစိမ်းရောင်ဝတ်လူကြီး ချက်ချင်း ပြန်ပြောရှာသည်။
နတ်ဆိုးဧကရာဇ်လီ လောထျန်းဘက် လှည့်ကြည့်လိုက်၏။
လောထျန်းက မေးသည်။
" ငါမေးချင်တာ ခုနကမေးခွန်းပဲ ။ မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးက ဘယ်သူလဲ.. "
အစိမ်းရောင်ဝတ်လူကြီး မြန်မြန်ပြန်ဖြေ၏။
" ဒါ.... စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ရဲ့ ဥက္ကဌ ၊ သခင်ကြီး ယွမ် ပါ "
" မင်းပြောတာ တကယ်လား "
လောထျန်း မျက်မှောင်ကြုံ့သွားရသည်။
စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ နှင့် ဝမ်ဟွန်းကွေ့ယီဂိုဏ်းတို့ ပတ်သက်နေသည်ကို သိစဥ်ကတည်းက ထိုအဖွဲ့နှစ်ခု၏ မူလဇစ်မြစ်များ တူနိုင်ကြောင်းကို လောထျန်း သံသယဝင်ခဲ့ပြီးသားပင် ။
ကြည့်ရသည်မှာ သူ့အတွေး မှန်နေလေပြီ ။
" မင်းက ဘယ်သူလဲ ၊ ဘယ်လိုလုပ်ပြီး ဝမ်ဟွန်းကွေ့ယီဂိုဏ်းထဲ ရောက်သွားတာလဲ "
လောထျန်း ဆက်မေးလိုက်သည်။
" ကျုပ်.. ကျုပ်က အရင်ကတော့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ရဲ့ စိတ်ဝိဥာဥ်ပညာရှင် တစ်ယောက်ပါ ။ ဒီတစ်ခေါက်မှာတော့ ကျုပ် အထက်အမိန့်အရ သခင်ကြီးယွမ် အစီအမံပြင်ဆင်တဲ့နေရာမှာ ကူညီပေးဖို့ လာခဲ့တာပါ ။ ဒါပေမယ့်.. ဒီကိုရောက်ပြီးနောက်ပိုင်းမှာပဲ သခင်ကြီးယွမ်က ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဆိုတာ သိခဲ့ရတာပါ "
" ကျုပ်တို့သာ ဝမ်ဟွန်းကွေ့ယီဂိုဏ်းထဲ ဝင်ရင် အစွမ်းတွေအများကြီး တိုးလာမယ်လို့ သခင်ကြီးယွမ်က ကတိပေးခဲ့ပါတယ် ။ ဒါတင်မကသေးဘူး.. ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ အစီစဥ် အောင်မြင်ပြီးသွားရင်လဲ ကျုပ်က ထျန်းယွမ်ကမ္ဘာရဲ့ ကမ္ဘာသခင်ကြီး ဖြစ်လာနိုင်တယ်လို့ သူ ပြောခဲ့တာပါ... "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ရှေ့မှလူက သူ့အား လိမ်ပြောနေခြင်း မဟုတ်သည်ကို သူ သိပါ၏။
" နောက်တစ်ခုမေးမယ် ၊ အခု မင်းတို့ရဲ့ဂိုဏ်းချုပ်ကြီး က ဘယ်မှာလဲ "
လောထျန်း ထပ်မေးလိုက်သည်။
" ကျုပ်.. မသိဘူးဗျ "
အစိမ်းရောင်ဝတ်လူကြီး ပြန်ဖြေရှာ၏။
ထိုစကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ ချက်ချင်းအေးစက်သွားသည်။
အစိမ်းရောင်ဝတ်လူကြီးမှာလည်း ၎င်းကိုမြင်ကာ ကြောက်လွန်း၍ ချက်ချင်းငိုသွားသည်။
" ကျုပ် တကယ်ကိုမသိတာပါ သခင်ကြီးရယ် ။ ဂိုဏ်းချုပ်ကြီးက နောက်ဆုံး ယဇ်ပူဇော်ခြင်းအစီအမံကို ပြင်ဆင်နေတယ်ဆိုတာပဲ ကျုပ် သိထားတာပါ ။ ဟုတ်သားပဲ... အဲ့ဒီ ယဇ်ပူဇော်ခြင်းအစီအမံမှာ အခြေခံအုတ်မြစ် လေးခုရှိပါတယ်။ ဆိုတော့ ဂိုဏ်းချုပ်ကြီးက အဲ့ထဲက တစ်ခုမှာ ဖြစ်နိုင်ပါတယ် "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" အဲ့ဒါတွေက ဘယ်မှာရှိတာလဲ "
အစိမ်းရောင်ဝတ်လူကြီး ပြန်ပြောသည်။
" ကျုပ်က အဲ့ထဲက တစ်ခုကိုပဲ သိတာပါ သခင်ကြီး
။ ကျုပ်ရဲ့ လက်ရှိရာထူးအဆင့်နဲ့က ကျန်တဲ့သုံးခုရဲ့ နေရာတွေကိုသိဖို့ အရည်အချင်းမပြည့်ပါဘူး "
လောထျန်း ခဏတာမျှ စဥ်းစားကာ ပြော၏။
" တစ်ခုသိရင် ရတယ် ။ ဘယ်မှာလဲသာပြော "
အစိမ်းရောင်ဝတ်လူကြီးက ချက်ချင်းပင် သူ့အကျ်ီလက်ထဲမှ မြေပုံတစ်ခုကို ထုတ်သည်။
" ကျုပ်သိတဲ့ အစီအမံရဲ့ အခြေခံအုတ်မြစ်က ဒီမှာပါ "
သူ့လက်ကလည်း နေရာတစ်ခုကို ညွှန်ပြရှာ၏။
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းတယ် ၊ ငါမေးချင်တာတွေ အားလုံးတော့ မေးပြီးသွားပြီ "
" ဒါဆို... ကျုပ် သွားလို့ရပြီလားဗျာ "
အစိမ်းရောင်ဝတ်လူကြီးက မျက်နှာငယ်လေးဖြင့် မော့ကြည့်၍ မေး၏။
သို့သော် ထိုစဥ်မှာပင် လောထျန်းက သူ့နဖူးပေါ်သို့ လက်ညိုးညွှန်လိုက်သည်။
ဝုန်း...
အစိမ်းရောင်ဝတ်လူကြီး၏ ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ပါ တမဟုတ်ချင်း ပြိုကွဲသွားတော့သည်။
လောထျန်းက သူ့အလောင်းကိုကြည့်ကာ အေးစက်စက်ဆို၏။
" မင်းက ဝမ်ဟွန်းကွေ့ယီဂိုဏ်းထဲ ဝင်ခဲ့ရုံတင်မကဘူး ၊ အစောပိုင်းကလဲ ငါတို့သုံးယောက်ကို မိစ္ဆာဝိဥာဥ်တွေအဖြစ် ပြောင်းဖို့ကြိုးစားခဲ့သေးတယ်လေ ။ ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် မင်းကို ဘယ်လိုလုပ်ခွင့်လွှတ်ပေးလို့ ရမှာလဲ "
ထိုစဥ် နတ်ဆိုးဧကရာဇ်လီက ရုတ်တရက် ဝင်ပြောသည်။
" သခင်လေး လောထျန်း ၊ ကျုပ် တစ်ခုလောက် အကူညီတောင်းချင်လို့ပါ ။ သခင်လေးရဲ့ ပြန်လည်မွေးဖွားခြင်းမန္တာန်က သေသွားတဲ့ စိတ်ဝိဥာဥ်တွေကို ပြန်လွတ်မြောက်အောင် လုပ်ပေးနိုင်တယ်မဟုတ်
လား "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်ဗျ ၊ အဲ့မန္တာန်က သေပြီးသား စိတ်ဝိဥာဥ်တွေကို ဘဝသစ်ရောက်အောင် လုပ်ပေးနိုင်တယ် "
ကောင်းကင်ဘုံသိုင်းကျမ်းထဲတွင် ထိုအတိုင်း ပြောထားပါ၏။
နတ်ဆိုးဧကရာဇ်လီ သက်ပြင်းချလိုက်သည်။
" ဒါဆိုရင်... ဒီ သေပြီးသား စိတ်ဝိဥာဥ်တွေအတွက် မန္တာန်ရွတ်ဖတ်ပေးလို့ ရမလားဗျာ "
သူ ပြောပြောဆိုဆိုပင် ဟွမ်ယင်ကိုယ်ထဲမှ လွတ်မြောက်လာခဲ့ကြသည့် စိတ်ဝိဥာဥ်များအား ညွှန်ပြလိုက်သည်။ ထိုအထဲ၌ သူ့အပေါင်းအသင်းတစ်ယောက်လည်း ပါပါ၏။
" ရတာပေါ့ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
ထိုစိတ်ဝိဥာဥ်များ ဘဝကူးနိုင်ရန်အတွက် သူ့အနေဖြ
င့် မန္တာန်များသာ ရွတ်ဖတ်ပေးရန်လိုပြီး ထိုသို့ ရွတ်ဖတ်ပြီးလျှင်လည်း သူ့အတွက် ကံကောင်းခြင်းများ ရလာဦးမည်ဖြစ်ရာ မလုပ်ချင်စရာ အကြောင်းမရှိပါချေ ။
ထို့နောက်တွင် လောထျန်း လက်နှစ်ဖက်ကိုစုကာ မန္တာန်စတင်ရွတ်ဖတ်လိုက်၏။
ဤတစ်ကြိမ်တွင်ကား ပန်းလင်တို့နှစ်ယောက် ကောင်းကင်ဘုံသို့ တက်မသွားစေရန်အတွက် သူကြိုတင်ပြီး ကာကွယ်ပေးထားလိုက်ပါသည်။
ဤသို့ဖြင့် မကြာခင်မှာပင် စိတ်စွမ်းအင်အလင်းတန်းများ လင်းလာပြီး လေထဲပြည့်နေသော စိတ်ဝိဥာဥ်များ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ဘုံသို့ တက်သွားကြတော့၏။
ကောင်းကင်ယံတစ်ခုလုံးလည်း ပြန်လည်ကြည်လင်သွားသည်။
အချိန်အတန်ငယ်ကြာ တိတ်နေပြီးနောက် ပန်းလင်က ရုတ်တရက် ပြောလာ၏။
" သခင်လေးလောထျန်း ၊ ခုနက ဟွမ်ယင်ရဲ့ကိစ္စက
ရိုးတော့မရိုးရှင်းဘူးနော် ။ သူ့ရဲ့ မူလအသွင်က အဲ့လောက်အားနည်းနေတာတောင် စိတ်ဝိဥာဥ်တွေအများကြီးကို ကိုယ်ကျိုးအစွမ်းအတွက် ဝါးမြိုပြီး ကမ္ဘာပေါ်ကမသေမျိုးတစ်ယောက်ရဲ့ အစွမ်းနဲ့ ညီမျှအောင် လုပ်နိုင်ခဲ့တာ ။ ဒါတောင် သူက စိတ်ဝိဥာဥ်သံတမန် ၁၂ ယောက်ထဲက တစ်ယောက်ပဲ ရှိသေးတာနော် ။ ဒီ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက ထူးခြားတာထက်ကို ပိုတယ်ဆိုတာ သံသယဝင်စရာ မလိုဘူး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကျုပ်လဲ အဲ့လိုပဲထင်တယ် ။ ဒီလူတွေကို အမြန်ဆုံးတားမှဖြစ်မှာ "
ထို့နောက် သူ ပန်းလင်တို့နှစ်ယောက်ကို ကြည့်ကာ ဆက်ပြော၏။
" ကျုပ် အရင်ဆုံး အစီအမံ အခြေခံအုတ်မြစ်ကို သွားဖျက်ဆီးလိုက်မယ်။ ဒါပေမယ့် ဒီခရီးက အန္တရာယ်များနိုင်တာမို့ ခင်ဗျားတို့နှစ်ယောက် ပျောင်ပိုင်မြို့ကိုပဲ ပြန်ပြီးတော့ ကျုပ်ကို စောင့်နေလိုက်ပါ "
သို့သော်.. သူ့စကား ဆုံးသည်နှင့် တဖက်လူနှစ်
ယောက်လုံး ခေါင်းခါပြလာကြသည်။
" ကျုပ်က ဒီကို လက်တုန့်ပြန်ဖို့အတွက် လာခဲ့တာမို့ ဘာအန္တရာယ်ကိုမှ မကြောက်ဘူး ။ ကျုပ် ဒီနေ့ သေရမယ်ဆိုရင်တောင် လက်တုန့်ပြန်ရင်းနဲ့ပဲ သေမယ်ဗျာ "
နတ်ဆိုးဧကရာဇ်လီ အံကြိတ်၍ ပြောလိုက်သည်။
ပန်းလင်ကလည်း မျက်နှာကြီး သုန်မှုန်နေကာ ပြော၏။
" ကျွန်မလဲ အတူတူပဲ "
လောထျန်းက ထိုနှစ်ယောက်၏ ဆုံးဖြတ်ချက်ပြတ်သားပုံကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
" အဲ့လိုဆိုတော့လဲ အချိန်ဆွဲမနေပဲ သွားကြတာပေါ့ဗျာ "
" ကောင်းပါပြီ "
ကျန်နှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက်တွင်မူ သူတို့သုံးယောက်သား လုံမိန်းမြို့မှ
ခွာကာ အစိမ်းရောင်ဝတ်လူကြီး မှတ်သားပေးထားသည့် မြေပုံအတိုင်း ပျံသန်းသွားလိုက်ကြသည်။
သို့သော်... သူတို့ အစီအမံ၏ အခြေခံအုတ်မြစ်နှင့် မိုင်ရာချီအကွာမှာပင် တစ်စုံတစ်ခု လွဲချော်နေကြောင်း သတိထားမိသွားပါ၏။
" ဘာတွေဖြစ်နေတာလဲ... ဒါ.. အကာအကွယ်အစီအမံ လား.. "
ပန်းလင်က ရှေ့တွင်ဖုံးလွှမ်းနေသည့် အဖြူရောင်မြူမှုန်များကိုကြည့်ရင်း မျက်မှောင်ကြုံ့၍ ဆိုသည်။
" ဟုတ်တယ်ဗျ ၊ ကြည့်ရတာ ကျုပ်တို့ နေရာမှန်ရောက်လာတဲ့ပုံပဲ ။ သူတို့က ယဇ်ပူဇော်ခြင်းအစီအမံရဲ့ အခြေခံအုတ်မြစ်ကို ကာကွယ်ဖို့ အကာအကွယ်အစီအမံတစ်ခု သီးသန့်လုပ်ထားတာနဲ့တူတယ် "
လောထျန်း ခေါင်းညိတ်၏။
သူ့စကားကို ကြားသည်နှင့် နတ်ဆိုးဧကရာဇ်လီက လက်နှစ်ဖက်ကို ပွတ်၍ ပြောသည်။
" ဒီဘာမဟုတ်တဲ့ အကာအကွယ်အစီအမံကို ကျုပ်
ဖျက်ဆီးပြမယ် "
သူ ပြောပြောဆိုဆိုပင် ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။
ကြောက်မက်ဖွယ် လက်သီးအစွမ်း ချက်ချင်း ထွက်လာသော်လည်း... ၎င်းက မြူမှုန်များကြားထဲ တမဟုတ်ချင်း ပျောက်ကွယ်သွားပါ၏။
" ဟင် ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဘာမှ ဖြစ်မသွားဘူးလား "
နတ်ဆိုးဧကရာဇ်လီ တုန်လှုပ်သွားရတော့သည်။
ဤ အကာအကွယ်အစီအမံက မည်မျှ အစွမ်းထက်ပါသနည်း ။
သူ့လက်သီးချက်အစွမ်းက အစီအမံအား အနည်းငယ်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားအောင်ပင် မလုပ်နိုင်ဘူးတဲ့လား ။
ထိုစဥ် ပန်းလင်က တစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ပြောသည်။
" ဒါ... ဟင်းလင်းပြင် အကာအကွယ်အစီအမံပဲ ။ ဒီအစီအမံက နင့်ရဲ့ လက်သီးအစွမ်းကို အဝေးကို ပို့လိုက်တာ "