← Chapters

လက်တုန့်ပြန်သူ လွေ့နန်

Vol. 50 Ch. 695

လက်တုန့်ပြန်သူ လွေ့နန်

Vol. 50 Ch. 695

" ဒါ... တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အဲ့လိုသုံးလို့ ရတယ်လား "

နတ်ဆိုးဧကရာဇ်လီ အံ့သြမှင်သက်သွားသည်။

ပန်းလင်က မျက်မှောင်ကြုံ့ကာ ပြော၏။

" ဒီအစီအမံကို လုပ်ထားတဲ့သူက တကယ်ထူးခြားတာပဲ ။ ဒါကို အကာအကွယ်အနေနဲ့ သုံးထားတော့ အားသုံးပြီး တိုက်ခိုက်လာတာမျိုးက အလုပ်ဖြစ်မှာ မဟုတ်ဘူး "

" ဒါဆို... ဒီအစီအမံကို ချိုးဖျက်နိုင်မယ့်နည်းက ဘာဖြစ်မလဲ "

နတ်ဆိုးဧကရာဇ်လီ ခေတ္တမျှစဉ်းစားကာ မေးလိုက်သည်။

ပန်းလင် သက်ပြင်းချ၏။

" လွယ်တော့လွယ်မှာ မဟုတ်ဘူး ။ ကြည့်ရတာ... ဒါ မသေမျိုးအဆင့် အစီအမံတစ်ခုဆိုတော့.. ဖျက်ဆီးဖို့ မဖြစ်နိုင်သလောက်နီးပါးပဲ "

သို့သော် ... သူမ စကားဆုံးချိန်မှာပင် ...

ဝုန်း ...

မသေမျိုးအလင်းတန်းတစ်ခု ပေါ်လာပြီး မြူမှုန်များ ပြိုကွဲသွားတော့သည်။

အကာအကွယ်အစီအမံ ကျိုးပျက်သွားလေပြီ ...

ပန်းလင် ခေါင်းလှည့်ကြည့်လိုက်ရာ.. လောထျန်းက ပြိုကွဲသွားသော အစီအမံရှေ့ ရောက်နေသည်ကို မြင်လိုက်ရသည်။

နတ်ဆိုးဧကရာဇ်လီက ပန်းလင်ဘက်လှည့်ကြည့်၍ မေး၏။

" မင်းပြောတော့ ဒါကို ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူးဆို ... "

ပန်းလင်၏နှုတ်ခမ်း အနည်းငယ် လှုပ်သွားသော်လည်း မည်သည့်စကားမှ မဆိုပါ ။

ထိုစဉ် လောထျန်းက သူတို့နှစ်ယောက်ဘက် လှည့်ကြည့်ကာ ပြောလာသည်။

" သွားကြစို့လေ "

" ကောင်းပါပြီ "

နတ်ဆိုးဧကရာဇ်လီ ချက်ချင်းခေါင်းညိတ်၍ နောက်မှ လိုက်သွားသည်။

ပန်းလင် ခေါင်းကုတ်ရင်း ရေရွတ်၏။

" ငါ အဲ့ကောင်လေးနဲ့ အတူတူခရီးမသွားတာကြာတော့.. သူက ဘီလူးကြီးတစ်ကောင် ဆိုတာကို မေ့နေတာ "

ထို့နောက် သူမလည်း သူတို့သွားသည့်အတိုင်း လိုက်သွားသည်။

ထိုစဉ် တောင်တန်းများကြားရှိ အမည်းရောင် နန်းတော်တစ်ခုအတွင်း၌...

ဝုန်း..

ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်တရက်

ပေါက်ကွဲထွက်လာ၏။

နန်းတော်ထဲရှိ လူများအားလုံး ထိုအရောင်အဝါ၏ ဖိနှိပ်ခြင်းကို ခံရကာ တစ်ကိုယ်လုံး တုန်သွားကြသည်။

နန်းတော်ထဲရှိ ခန်းမဆောင်ရှေ့တွင်ကား စိတ်ဝိဉာဉ်သံတမန်ဝတ်စုံ ဝတ်ဆင်ထားသော သူနှစ်ယောက်ရှိနေပြီး ခန်းမရှေ့၌ ချက်ချင်းဒူးထောက်လိုက်ကြသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့ ၊ ဘာဖြစ်လို့လဲဗျ "

တစ်ယောက်က လေသံတိုးတိုးဖြင့် မေး၏။

သူ့အသွင်မှာ အလွန်ကြောက်ရွံ့နေပုံလည်း ပေါ်သည်။

အဘယ့်ကြောင့်ဆိုသော် ခန်းမလယ်ရှိ အဓိကထိုင်ခုံပေါ်တွင် ထိုင်နေသူ ၊ အမည်းရောင်နှင့်အနီရောင် ရောထားသည့် ဝတ်စုံကိုဝတ်ထားသော ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး၊ လွေ့နန်က

မျက်နှာကြီး ရှုံ့မဲ့နေသောကြောင့်ပင် ။

သူတို့၏ လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ ပုံမှန်ဆိုလျှင် အလွန်တည်ငြိမ်ပြီး သူ့ခေါင်းပေါ်သို့ တောင်တစ်လုံး ပြုတ်ကျလာလျှင်ပင် တုန်လှုပ်တတ်သူ မဟုတ်ပါချေ ။

ထိုသို့သော လူတစ်ယောက်က ယခု အဘယ့်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေရပါသနည်း ။

ဟုတ်ပါသည် ။ လက်ရှိ အဓိကထိုင်ခုံပေါ်၌ ထိုင်နေသူမှာ ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နန် ဖြစ်ကာ.. လောထျန်းနှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ဖူးသူပင် ။

သို့သော် ထိုသို့တိုက်ခိုက်တိုင်းလည်း သူ အမြဲတမ်း ရှုံးနိမ့်ခဲ့ရပြီး ဆုံးရှုံးမှု ကြီးခဲ့ပါ၏။

အကယ်၍သာ သူ ထူးခြားသောနည်းလမ်းများဖြင့် ကိုယ်ပွားပုံရိပ်ကို ဖုံးကွယ်မထားခဲ့ပါက.. ယခုလောက်ဆိုလျှင် သူ သေနေလောက်လေပြီ ။

လွေ့နန်၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတန်း ဖျတ်ခနဲလက်သွားကာ ပြောလိုက်သည်။

" အကာအကွယ်အစီအမံ ဖျက်ဆီးခံလိုက်ရပြီ "

" ဘယ်လို... "

တဖက်မှ စိတ်ဝိဉာဉ်သံတမန် နှစ်ယောက်လုံး တုန်လှုပ်သွားကြ၏။

" မဖြစ်နိုင်တာ ... အဲ့ အကာအကွယ်အစီအမံက တိုက်ခိုက်မှုတွေအားလုံးကို လျစ်လျူရှုနိုင်တယ်လေ ။ ဒါကို ထိုးဖောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး "

စိတ်ဝိဉာဉ်သံတမန်တစ်ယောက် ပြောလာသည်။

လွေ့နန် အံကြိတ်၍ ပြန်ပြောလိုက်၏။

" အစီအမံက နည်းနည်းလေးပဲ ပေါက်သွားတာမဟုတ်ဘူးကွ ၊ လုံးဝ ဖျက်ဆီးခံလိုက်ရတာ "

" ဟင် .... "

ဤတစ်ကြိမ်တွင်ကား စိတ်ဝိဉာဉ်သံတမန် နှစ်ယောက်လုံး မှင်သက်သွားရှာသည်။

" လုံးဝ ပျက်စီးသွားတာလား... ဒါက ပိုလို့တောင် မဖြစ်နိုင်ဘူးလေ ။ အဲ့လောက် ရှုပ်ထွေးတဲ့ အစီအမံကို ဖျက်ဆီးနိုင်တဲ့သူ ဘယ်သူရှိလို့လဲ "

အခြား စိတ်ဝိဉာဉ်သံတမန် တစ်ယောက်ကလည်း အခိုင်အမာ ဆိုသည်။

လွေ့နန် နှာခေါင်းရှုံ့လိုက်၏။

" ဟိုမိစ္ဆာတစ်ကောင်တော့ ရှိတယ် ။ အဲ့ကောင်ကို လူသားတစ်ယောက်လို့ သတ်မှတ်လို့ ရ၊မရ ဆိုတာတော့ ငါလဲ မပြောတတ်ဘူး ။ ဒါပေမယ့် သူ့မှာ အဲ့လိုအစွမ်းမျိုး တကယ်ရှိတယ် "

" ဒါ ..... ဘယ်သူလုပ်လိုက်တယ်ဆိုတာ လက်ထောက်ဂိုဏ်းချုပ်ကြီး သိနေတာလား "

စိတ်ဝိဉာဉ်သံတမန်က သိချင်စိတ်ဖြင့် ထပ်မေးသည်။

လွေ့နန် ခေါင်းညိတ်လိုက်၏။

" ငါ အဲ့ကောင်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး ။ အဲ့ကောင်နာမည်က... လောထျန်း "

ဝုန်း...

လောထျန်းအမည်ကို ရွတ်လိုက်သည်နှင့် သူ့ကိုယ်မှ အရောင်အဝါက ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာပြန်သည်။

စိတ်ဝိဉာဉ်သံတမန် နှစ်ဦး တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကာ ခေါင်းအသာ ညိတ်လိုက်ကြ၏။

သူတို့၏ သခင်ကြီးလွေ့နန် နှင့် လောထျန်းတို့ကြားမှ ရန်ငြိုးကို သူတို့လည်း ကောင်းကောင်းကြီး သိထားပြီးသားပင် ။

အကယ်၍ လွေ့နန်အား သူ့ဘဝ၌ အမုန်းဆုံးသူကို မေးလျှင်ပင် လောထျန်းဟု ဖြေမည်မလွဲပါ ။

" လောထျန်းက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ "

စိတ်ဝိဉာဉ်သံတမန်တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။

လက်ရှိတွင် သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ နှစ်ပေါင်း

သိန်းချီကြာ ပြင်ဆင်လာခဲ့သော အစီအစဉ်က နောက်ရက်အနည်းငယ်လေးအတွင်း ပြီးဆုံးတော့မည် ဖြစ်ပါသည်။

အကယ်၍ ဤနေရာသာ ဖျက်ဆီးခံလိုက်ရပါလျှင်... ထိုအစီအစဉ်များအားလုံး ပျက်စီးသွားမည် မလွဲပေ ။

လွေ့နန်က ခန်းမအမိုးသို့ မော့ကြည့်ကာ ကောက်ကျစ်သည့်အပြုံးဖြင့် ဆို၏။

" အဲ့ဒါ အရေးမကြီးဘူး ။ သူ ဒီကိုရောက်လာတော့ ပိုတောင်ကောင်းသွားသေးတယ် "

" အင်... "

စိတ်ဝိဥာဥ်သံတမန် နှစ်ယောက်လုံး သူ့အား တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။

လွေ့နန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ လှောင်ပြုံးဖြင့် ဆက်ပြော၏။

" တခြားနေရာမှာသာဆို ငါ သူ့ကိုသတ်ဖို့ အဲ့လောက်ယုံကြည်ချက်ရှိမှာ မဟုတ်ဘူးကွ ။ ဒါပေမယ့် ငါတို့

ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ နှစ်ပေါင်းသိန်းချီကြာ စုစည်းထားတဲ့ အမွေအနှစ်တွေ ရှိနေတဲ့ ဒီနေရာမှာတော့... လောထျန်း မပြောနဲ့ ၊ အပေါ်ကမ္ဘာက မသေမျိုးတစ်ယောက် ရောက်လာရင်တောင် သေသွားရမှာပဲ "

ထိုသို့ပြောပြီးနောက် သူ အရူးတစ်ယောက်သဖွယ် အော်ရယ်လိုက်သည်။

" ဒီတစ်ခေါက် ငါက သူ့ကို သွားမရှာရပဲနဲ့ သူကိုယ်တိုင်က ငါရှိတဲ့ဆီကို ရောက်လာတာဆိုတော့ ပိုတောင်ကောင်းသေးတယ် ။ ကြည့်ရတာ နတ်ဘုရားက ငါ့ရင်ထဲက ဒေါသတွေကို ဖြေလျော့ပေးချင်တဲ့ပုံပဲ ။ ဒီနေ့တော့ ဒီကောင် သေရတော့မယ် "

ထို့နောက် သူ ထပ်အော်ရယ်လိုက်ပြန်၏။

စိတ်ဝိဥာဥ်သံတမန် နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။

လွေ့နန်က လောထျန်းအပေါ် အစွဲအလမ်း ကြီးလွန်းနေသည်မှာ အသိသာပါပင် ။

သို့သော် လက်ရှိအချိန်တွင် သူတို့ များစွာလည်း

ပြန်ပြော၍ မရပါချေ ။

ပထမအကြောင်းရင်းမှာ လွေ့နန်၏ ရာထူးက သူတို့ထက်များစွာ ပိုမြင့်ပြီး ..

ဒုတိယအကြောင်းရင်းမှာ လွေ့နန်၏ အစီစဥ်က ပြဿနာရှိပုံမရခြင်းကြောင့် ဖြစ်သည်။

သူတို့၏ ဂိုဏ်းချုပ်ကြီးကိုယ်တိုင်ကလည်း အစီအမံ၏ အခြေခံအုတ်မြစ်အား ခြိမ်းခြောက်လာသူ မှန်သမျှကို အညှာတာမရှိ သတ်ပစ်ရမည်ဟု မှာထားခဲ့သေးသည် မဟုတ်ပါလား ။

သို့ဖြစ်ရာ .. လက်ရှိတွင် သူတို့အနေဖြင့် ဘာမှသိပ်ပြောစရာ မရှိပေ။

ထိုစဥ်မှာပင် လွေ့နန်က လက်တစ်ချက်ယမ်းလိုက်ရာ ရှေ့၌ အလင်းတန်းလိုက်ကာတစ်ခု ပေါ်လာ၏။

အလင်းတန်းလိုက်ကာပေါ်တွင်ကား.. လောထျန်းနှင့် ကျန်နှစ်ယောက်၏ ပုံရိပ်များ ရှိနေသည်။

ထိုစဥ် စိတ်ဝိဥာဥ်သံတမန် တစ်ယောက်က

ရုတ်တရက် မျက်မှောင်ကြုံ့ကာ မေးလာ၏။

" ဒီလူတွေက အကာအကွယ်အစီအမံကို တကယ်ကြီး ချိုးဖျက်ပြီး ဝင်လာနိုင်ကြတာလား "

ကျန်တစ်ယောက်ကလည်း မျက်မှောင်ကြုံ့၍ ဆိုသည်။

" ဒီနေရာက..... မိုးကြိုးအကျဥ်းထောင်လား... "

လွေ့နန်၏ မျက်နှာထက်၌ လှောင်ပြုံးပေါ်လာပြန်သည်။

" မင်းက လမ်းတွေအများကြီး ရှိတဲ့ထဲကမှ ငရဲကိုသွားတဲ့လမ်းကို ရွေးလိုက်တာပဲကွ ။ အဲ့ဒီ မိုးကြိုးအကျဥ်းထောင်ထဲမှာ ဂိုဏ်းချုပ်ကြီး ဖွက်ထားတဲ့ ရတနာတစ်ခုရှိတယ် ။ အဲ့ရတနာက ကမ္ဘာပေါ်ကမသေမျိုး တစ်ယောက်ကိုတောင် အသေသတ်နိုင်တယ်ကွ ။ အဲ့လိုဖြစ်အောင် မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာ.... သေလိုက်တော့ကွာ "

လွေ့နန် ထိုသို့ပြောပြီး လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။

တဖက်... လောထျန်းတို့ရှိရာ၌..

ဝုန်း...

ခပ်လှမ်းလှမ်းမှ မိုးကြိုးသံကျယ်ကြီးတစ်ခု ရုတ်တရက် မြည်လာ၏။

" ဟင်... ကောင်းကင်က ဒီလောက်ကြည်တောက်နေတာကို ဘာလို့ မိုးကြိုးသံ ထွက်လာရတာလဲ "

လောထျန်း တအံ့တသြ မေးလိုက်သည်။

ပန်းလင် ရုတ်တရက် တုန်သွားကာ ပြော၏။

" ဒါ... သခင်လေး လောထျန်း ၊ တစ်ခုခုတော့ လွဲနေပြီနော် "

သူမ စကားဆုံးချိန်မှာပင်..

ဝုန်း...

ခရမ်းရောင် မိုးကြိုးလှံတစ်ခု သူမရှေ့ တိုးဝင်လာသည်။

ပန်းလင်တစ်ယောက် မျက်လုံးပြူးသွားပြီး မည်သို့မှ

ပင် တုန့်ပြန်ချိန် မရလိုက်ပါ ။

သို့သော်.. ကံကောင်းစွာပင် နတ်ဆိုးဧကရာဇ်လီက ပန်းလင်ရှေ့ ဝင်ရပ်လိုက်၏။

ဝုန်း...

သူ့အပေါ်သို့ မိုးကြိုးကျလာကာ ..

နောက်သို့ လွင့်ထွက်သွားသည်။

မြေပြင်သို့ ပြန်ဆင်းသက်ချိန်တွင်မူ နတ်ဆိုးဧကရာဇ်လီ၏ ကိုယ်မှ အမည်းရောင်မီးခိုးများ ထွက်လာပြီး မီးကျွမ်းသည့်အနံ့ပါ ထွက်လာ၏။

" နင်.. အဆင်ပြေရဲ့လား "

ပန်းလင် စိုးရိမ်တကြီး မေးလိုက်သည်။

" ကျုပ်.. မသေသေးပါဘူး "

နတ်ဆိုးဧကရာဇ်လီက ဒယိမ်းဒယိုင် ရပ်ရင်း ပြန်ဖြေသည်။

လောထျန်းသည်လည်း ၎င်းကိုကြည့်ပြီး လန့်သွားကာ မေးလိုက်၏။

" အဲ့မိုးကြိုးက အဲ့လောက်ကို အစွမ်းထက်တာလား "

နတ်ဆိုးဧကရာဇ်လီ အံကြိတ်၍ ပြန်ပြောရှာသည်။

" အရမ်းကို အစွမ်းထက်တယ်ဗျ ။ အဲ့မိုးကြိုးမှာ မိစ္ဆာဝိဥာဥ်တွေကို လောင်ကျွမ်းစေနိုင်တဲ့ သဘာဝအစွမ်းတစ်ခု ပါနေတဲ့ပုံပဲ။ ဒါ့ကြောင့်မို့လဲ ကျုပ်အပေါ် ပိုပြီးထိခိုက်သွားတာ ။ အဲ့လိုမဟုတ်ရင်တော့ ကျုပ်အစွမ်းနဲ့ဆို အဲ့လောက်ကို ခံနိုင်မှာ "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

ဝုန်း ..

ထိုစဥ်မှာပင် ခပ်လှမ်းလှမ်း၌ မိုးကြိုးလျှပ်စီးတစ်ခု ထပ်ပေါ်လာပြီး လောထျန်းပေါ် ကျလာပြန်၏။

" သတိထားနော်... "

နတ်ဆိုးဧကရာဇ်လီ စိုးရိမ်တကြီး အော်လိုက်သည်။

သို့သော်..

ဝုန်း..

လောထျန်းက လက်ဆန့်ထုတ်၍ မိုးကြိုးအား ဖမ်းဆုပ်လိုက်ပါ၏။

ဝီ...

မိုးကြိုးလျှပ်စီးမှာ ထွက်ပြေးချင်ပုံ ရသည့်တိုင် လောထျန်းလက်မှ လွတ်နိုင်ဟန် မတူပါချေ ။

" ဘယ်လိုဖြစ်ပြီး... "

ထိုစဥ် ခပ်ဝေးဝေး ခန်းမထဲတွင် ရှိနေသော လွေ့နန်မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တုန်လှုပ်သွားတော့သည်။

" ဒီကောင်က မိုးကြိုးလှံကို တကယ်ကြီး ဖမ်းဆုပ်လိုက်နိုင်တာလား ။ အဲ့မိုးကြိုးတစ်ချက်မှာတင် မသေမျိုးတစ်ယောက်အတွက် ကောင်းကင်ဘုံပျက်စီးခြင်းနဲ့ ညီမျှတဲ့အစွမ်းတွေ ပါနေတယ်လေ "

လွေ့နန် မျက်လုံးပင်ပြူးသွားရသည်။

" မင်း နောက်ထပ်မိုးကြိုးတွေကိုတော့ ဖမ်းနိုင်မှာ မဟုတ်ပါဘူးကွာ "

သူ ပြောကာ လက်ဖြင့် အစီအမံများ ထပ်လုပ်လိုက်၏။

All Chapters