← Chapters

အခန်း (၆၉၆)

Vol. 50 Ch. 696

အခန်း (၆၉၆)

Vol. 50 Ch. 696

တစ်ချိန်တည်းမှာပင် လောထျန်းတို့ ရှိသည့်နေရာ၌...

ဝုန်း... ဝုန်း... ဝုန်း..

ခပ်လှမ်းလှမ်း ကောင်းကင်ယံမှ လျှပ်စီးမိုးကြိုး သုံးခု လောထျန်းဆီသို့ ဆက်တိုက်တိုးဝင်လာသည်။

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး..

ဝုန်း.. ဝုန်း.. ဝုန်း..

လက်ဆန့်ထုတ်၍ မိုးကြိုးလျှပ်စီး သုံးခုလုံးကို ထပ်ဖမ်းဆုပ်လိုက်သည်။

" ဒါ.... "

တဖက်မှ နန်းတော်ခန်းမထဲ ရှိနေသော စိတ်ဝိဥာဥ်သံတမန် နှစ်ယောက်လုံး မျက်လုံးအပြူးသား ...

" ဒီလောထျန်းက ဘယ်ကလာတာလဲ ။ ဘာလို့ အဲ့

လောက်အစွမ်းထက်နေရတာလဲ "

" သူ့လက်ချက်ကြောင့် လက်ထောက်ဂိုဏ်းချုပ်ကြီး ဒုက္ခရောက်ခဲ့ရတာ မဆန်းတော့ဘူး "

သူတို့နှစ်ယောက် လေသံတိုးတိုးဖြင့် ပြောလိုက်ကြသည်။

ထိုစဥ် လွေ့နန်က အေးစက်စက် နှာခေါင်းရှုံ့၍ ပြော၏။

" ထင်ထားတဲ့အတိုင်း ဒီလောထျန်းက ငါ့လောက်ကို အစွမ်းထက်လာတာပဲ ။ ဘယ်လိုပဲဖြစ်ဖြစ်.. သူ သေရမှာပါကွာ ။ ဒီ မိုးကြိုးလှံက မိုးကြိုးအကျဥ်းထောင်ရဲ့ အားအနည်းဆုံး တိုက်ခိုက်မှုပဲလေ "

သူ ထိုသို့ပြောပြီး လက်ဖြင့် အစီအမံများ ထပ်လုပ်လိုက်သည်။

" အစကတော့ ဒီအကွက်က အစွမ်းအရမ်းကုန်လို့ မသုံးချင်ခဲ့ပေမယ့် အခုတော့ ရွေးချယ်စရာ မရှိတော့ဘူး ။ လောထျန်း ၊ ခုနက မိုးကြိုးထက် အဆတစ်ရာလောက် ပိုအစွမ်းထက်တဲ့ ဒီအစွမ်းကို ခံစားကြည့်လိုက်ဦးကွာ "

" ကမ္ဘာဖျက်ဆီး မိုးကြိုးခေါင်းလောင်း.. "

သူ့အော်သံ ဆုံးသည်နှင့် အလင်းတန်းလိုက်ကာ အပေါ်ဘက်ရှိ ကောင်းကင်ယံတွင် မိုးကြိုးများမှ စုစည်းထားသော ရှေးဟောင်းခေါင်းလောင်းကြီးတစ်ခု ပေါ်လာသည်။

ထို့နောက်တွင် ၎င်းခေါင်းလောင်းကြီးမှ မြည်သံကျယ်တစ်ခု ပေါ်လာ၏။

ထိုအသံမှာ ခေါင်းလောင်းသံနှင့်တူသလို မိုးကြိုးသံကြီးတစ်သံနှင့်လည်း ဆင်ပါသည်။

တစ်ဖက်တွင်လည်း... ခေါင်းလောင်းသံ ထွက်လာသည်နှင့် တစ်ပြိုင်နက်.. ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီ နှစ်ယောက်လုံး နောက်သို့ လွင့်ထွက်သွားကြသည်။

အထူးသဖြင့် ပန်းလင်မှာ ခေါင်းလောင်းသံကြောင့် သေမလိုပင် ဖြစ်သွားခဲ့ရပါ၏။

နတ်ဆိုးဧကရာဇ်လီက သူမရှေ့ရပ်ပြီး ခေါင်းလောင်းသံ အများစုကို ခံလိုက်ခြင်းက ကံကောင်းသည်သု ဆိုရပေမည်။

လောထျန်းမှာလည်း ထိုစဥ်မှသာ သူတို့နှစ်ယောက် ဖြစ်နေပုံကို သတိထားမိကာ စိုးရိမ်တကြီး မေးလိုက်သည်။

" ခင်ဗျားတို့နှစ်ယောက် ဘာဖြစ်သွားကြတာလဲ "

နတ်ဆိုးဧကရာဇ်လီက သူ့အား တုန်တုန်ယင်ယင် ပြန်မေး၏။

" သခင်လေး ၊ အဆင်ပြေရဲ့လား "

လောထျန်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောသည်။

" ခုနက ခေါင်းလောင်းသံက .... တိုက်ခိုက်လိုက်တာလို့ ပြောချင်တာလား.. "

သူ့စကားကြောင့် ပန်းလင်တစ်ယောက် ဆွံ့အသွားရတော့သည်။

သူမမှာ ခေါင်းလောင်းသံကြောင့် သေမလို ဖြစ်နေ

ချိန်၌ လောထျန်းက ၎င်းမှာ တိုက်ခိုက်မှုတစ်ခုဟုပင် မသိဘူးတဲ့လား ။

ထိုစဥ်မှာပင် ကမ္ဘာဖျက်ဆီး မိုးကြိုးခေါင်းလောင်းကြီးက ထပ်တိုက်ခိုက်ရန် ပြင်နေသည့်အလား အရောင်လက်လာပြန်၏။

၎င်းကိုမြင်သည်နှင့် ပန်းလင်၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။

" သခင်လေးလောထျန်း ၊ နည်းတစ်ခုခု စဥ်းစားပါဦး ။ ကျွန်မ နောက်ထပ်တိုက်ခိုက်လာမှာကို ခံနိုင်မှာ မဟုတ်ဘူး "

ထိုစဥ်မှလည်း ပြဿနာ မည်မျှကြီးသည်ကို လောထျန်း အသိဝင်သွား၏။

ထို့နောက် သူ ခေါင်းလောင်းကြီးဘက် လှည့်ကြည့်လိုက်သည်။

" ဒါဆို .. ဒီကောင်ကြီးက အန္တရာယ်များတာပေါ့ ။ အဲ့လိုဆိုရင်.... "

သူ ခေါင်းငုံ့၍ လက်ထဲရှိ မိုးကြိုးလှံများကို ကြည့်

ကာ.... ၎င်းထဲမှ တစ်ခုကို ယူပြီး ကမ္ဘာဖျက်ဆီး မိုးကြိုးခေါင်းလောင်း ရှိရာဆီသို့ ပစ်လိုက်သည်။

ခန်းမထဲမှ ထိုမြင်ကွင်းကို ကြည့်နေသော လွေ့နန်တစ်ယောက် လှောင်ပြုံး ပြုံးလိုက်၏။

" မိုးကြိုးကို မိုးကြိုးနဲ့ ပြန်တိုက်ဖို့ စဥ်းစားမိတာ တကယ်လဲ ကောင်းတဲ့အကြံပဲ ။ ဒါပေမယ့်... မိုးကြိုးလှံနဲ့ ကမ္ဘာဖျက်ဆီးမိုးကြိုးခေါင်းလောင်းကို ဖျက်ဆီးနိုင်မယ်လို့ ထင်ရင်တော့ မင်းမှားသွားပြီ "

သူ့စကား ဆုံးချိန်မှာပင် ...

ဝုန်း...

မိုးကြိုးလှံက ကမ္ဘာဖျက်ဆီးမိုးကြိုးခေါင်းလောင်းကြီး၏ အရိပ်အား ထွင်းဖောက်ဝင်သွားသည်။

ထို့နောက်...

ဘုန်း...

ခေါင်းလောင်းကြီး တမဟုတ်ချင်း ပြိုကွဲသွားတော့၏။

၎င်းကို အလင်းတန်းလိုက်ကာမှတဆင့် ကြည့်နေသည့် လွေ့နန်မှာလည်း ရုတ်ချည်း ကြက်သေသေသွားသည်။

ကမ္ဘာဖျက်ဆီးမိုးကြိုးခေါင်းလောင်းကြီးက မိုးကြိုးလှံကြောင့် အမှန်တကယ် ပျက်စီးသွားခဲ့ပါသလား ။

လုံးဝ မဖြစ်သင့်ပါချေ ...

လောထျန်းက အဘယ့်ကြောင့် ထိုသို့ အဓိပ္ပါယ်မဲ့သည့် အရာမျိုးကို အမြဲလုပ်နေရပါသနည်း ။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဘာဆက်လုပ်ကြမလဲဗျ.. "

စိတ်ဝိဥာဥ်သံတမန် တစ်ယောက်က တီးတိုးမေးလိုက်သည်။

လွေ့နန်က မျက်နှာမာထန်စွာ ပြန်ပြော၏။

" ဘာလုပ်ရမလဲ ဟုတ်လား.. လောထျန်းကို ဒီနေ့ မရရအောင် သတ်မှာကွ ။ အခု ဒီနည်းနဲ့ အလုပ်မဖြစ်မှတော့ မိုးကြိုးအကျဥ်းထောင်ရဲ့ မူလအစွမ်းကို

တိုက်ရိုက်သုံးရမှာပေါ့ "

သူ့စကားကြောင့် စိတ်ဝိဥာဥ်သံတမန် နှစ်ယောက်လုံး တုန်လှုပ်ကုန်ကြသည်။

မူလ စိတ်ဝိဥာဥ်အစွမ်းကို သုံးမည်တဲ့လား...

စိတ်ဝိဥာဥ်သံတမန် တစ်ယောက်က အကြံပြုရှာ၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အဲ့လိုလုပ်လို့ မရဘူးနော် ။ မိုးကြိုးအကျဥ်းထောင်ရဲ့ မူလအစွမ်းက ကြောက်စရာကောင်းလွန်းတယ်လို့ ဂိုဏ်းချုပ်ကြီး ပြောထားသေးတယ်လေ။ ပြီးတော့ ကျုပ်တို့ အဲ့အစွမ်းကို လုံးဝပြီး မကျွမ်းကျင်သေးဘူးဗျ ။ ဒါကို အတင်းကြီးသုံးလိုက်ရင် လောထျန်းကို ဘာပြဿနာမှ မရှိဘဲ သတ်နိုင်မှာမှန်ပေမယ့်... အထိန်းအကွပ် လွတ်သွားပြီး ကျုပ်တို့ရဲ့ အစီစဥ်လဲ ပျက်စီးသွားနိုင်တယ်လေ "

လွေ့နန်တစ်ယောက် မျက်နှာကြီး ညိုသွားသည်။

" တကယ်လို့ လောထျန်းကို မသတ်ရင်လဲ ငါတို့ရဲ့ အစီစဥ် ပျက်စီးသွားနိုင်တယ် မဟုတ်ဘူးလားကွ။ ငါ ဆုံးဖြတ်ပြီးသွားပြီ... အဲ့တော့ ပါးစပ်ပိတ်ထားကြ "

သူ့စကားကြောင့် တဖက်လူနှစ်ယောက် မည်သို့မှ မတတ်နိုင်ဘဲ ပါးစပ်ပိတ်ပြီးသာ ဘေးဖယ်နေလိုက်ကြရ၏။

ထိုစဥ်မှာပင် လွေ့နန်က အံကြိတ်ကာ လက်နှစ်ဖက်ကို ထပ်စုလိုက်သည်။

ဝုန်း...

သူ့အရောင်အဝါ ရုတ်ချည်း တိုးလာ၏။

တဖက်ရှိ လောထျန်းရှိရာတွင်ကား ..

ဝုန်း ..

ကမ္ဘာဖျက်ဆီးမိုးကြိုးခေါင်းလောင်းကြီး ပျက်စီးသွားသည့်တိုင် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။

" ဟင်... တိုက်ခိုက်တာက မပြီးသေးဘူးလား "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

တဖက်မှ တိုက်ခိုက်မှုများကို သူ မစိုးရိမ်လှသော်လည်း ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီတို့ မခံနိုင်မည်ကိုမူ စိတ်ပူရပါသည်။

သူ တွေးပြီး စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

" ဟင်.. တိုက်ခိုက်မှုက မြေကြီးအောက်ကနေ လာတာပါလား "

လောထျန်း စိတ်ဝိဥာဥ်အစွမ်းအား သုံးလိုက်ချိန်မှာပင် မြေပြင်အောက်မှ တစ်စုံတစ်ခု တိုးထွက်လာသည်ကို အာရုံခံမိလိုက်သည်။

သူ ထိုနေရာသို့ ရုတ်ချည်း တည်နေရာရွှေ့ပြောင်းသွား၏။

" ဒါက ဘာပဲဖြစ်ဖြစ် အန္တရာယ်များနိုင်တာ ဆိုတော့... အစောတည်းက ရှင်းပစ်လိုက်တာ ကောင်းတယ် "

လောထျန်း ထိုသို့တွေးကာ ခြေတစ်ဖက်မြှောက်၍ သူ့အစွမ်း၏ 30% ကို ထည့်လိုက်သည်။

ဘုန်း...

သူ မြေပြင်အား ခြေထောက်ဖြင့် ဆောင့်ချလိုက်၏။

ထိုကန်ချက်တွင် ပါနေသည့်အစွမ်းမှာ ကြောက်စရာကောင်းလွန်းလှ၍ မြေပြင်တစ်ခုလုံး ပြင်းထန်စွာပင် တုန်ခါသွားပါသည်။

ထို့နောက်တွင်ကား ... လောထျန်း၏ ဘေးပတ်လည် ပေပေါင်းထောင်ချီခန့် ရှိသည့် မြေပြင် ပြိုကျသွားတော့သည်။

သူ့ကြောင့် ယခင်ရှိနေခဲ့သော မြေပြင်က တွင်းနက်ကြီးအဖြစ် ပြောင်းသွားရလေပြီ ။

ထိုစဥ်မှာပင် မြေကြီးထဲမှ ထွက်နေသည့် ကြောက်မက်ဖွယ်အရောင်အဝါလည်း ရပ်သွားပါ၏။

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" ဒီလောက်ဆို ဘေးကင်းလောက်ပါပြီ "

ထို့နောက်.. သူ့လူနှစ်ယောက်ဘက် လှည့်ကြည့်၍ ပြော၏။

" ပြဿနာကို ရှင်းပြီးသွားပြီဆိုတော့ ဆက်သွားကြစို့ "

" ကောင်းပါပြီ.. "

ထိုနှစ်ယောက်မှာလည်း လောထျန်း၏ ကန်ချက်အစွမ်းကြောင့် အံ့သြတုန်လှုပ်နေကြသည်မှာ သိသာလှပါသည်။

ထို့နောက်တွင်ကား သုံးယောက်လုံး နေရာမှ လျှင်မြန်စွာ ပျောက်ကွယ်သွားကြ၏။

တဖက်ရှိ နန်းတော်ခန်းမထဲတွင်ကား... လွေ့နန်တစ်ယောက် နေရာတွင် ကြက်သေသေလျက်...

သူသည် လောထျန်း၏ ကန်ချက်ကြောင့် မြေပြင်ပြိုသွားခြင်းကို အံ့သြနေသည်မဟုတ်ပါ ။

၎င်းကန်ချက်က အစွမ်းထက်သည် မှန်သည့်တိုင် သူ့ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူသည်လည်း လုပ်နိုင်ပါသည်။

လက်ရှိ သူ့အား တုန်လှုပ်စေသည့် အကြောင်းရင်းမှာ မူလမသေမျိုးလက်နက်နဲ့ ယှဥ်၍ရသော မိုးကြိုးအကျဥ်းထောင်၏ မူလအစွမ်းနှင့် သူ့ကြားမှ ဆက်နွယ်မှု ပြတ်တောက်သွားသောကြောင့်ပင် ။

သူ ထိုအရာအား လုံးဝပင် အာရုံခံ၍ မရတော့ပါ ။

၎င်းမှာ သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းအနေဖြင့် အခက်ခဲများစွာ ဖြတ်ကျော်ပြီးမှ ရခဲ့သည့်အရာ ဖြစ်ပါသည်။

၎င်း၏ အစွမ်းမှာလည်း ကြောက်စရာကောင်းလွန်းလှ၍ သူတို့သည်ပင် အစွမ်းပြည့်ကို မထိန်းချုပ်နိုင်ဘဲ အစွမ်းအနည်းငယ်မျှကိုသာ အသုံးချနိုင်ပါ၏ ။

ဤမျှ ကြောက်စရာကောင်းလှသော လက်နက်တစ်ခုက မြေပြင်ပေါ်သို့ တက်မလာနိုင်ခင်မှာပင် လောထျန်းကြောင့် အပိုင်းပိုင်း ဖိခြေခံလိုက်ရပါသလား...

သူ ဤကိစ္စကို ဂိုဏ်းချုပ်ကြီးအား မည်သို့ ရှင်းပြရပါမည်နည်း ။

အု...

ရင်ထဲလှိုက်တက်လာသော ဒေါသကြောင့် လွေ့နန် သွေးပင်အန်သွားသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး.. "

၎င်းကိုမြင်သော စိတ်ဝိဥာဥ်သံတမန် နှစ်ယောက်လုံး ချက်ချင်းပင် အပြေးလာကူကြသည်။

လွေ့နန်က လက်ယမ်းပြီး နှစ်ယောက်လုံးအား တွန်းထုတ်ကာ မတ်တပ်ရပ်လိုက်၏။ သူ့မျက်လုံးထဲတွင်ကား မုန်းတီးမှု အရိပ်ယောင်တို့အပြည့် ...

" လောထျန်း... လောထျန်း... မျိုးမစစ်ကောင် မင်းကို မသတ်ရရင် ငါ လူဆက်မလုပ်တော့ဘူးကွ "

ထိုစဥ် လွေ့နန် အော်လိုက်သည့်အသံမှာ လူသံနှင့်ပင် မတူတော့ပါချေ။

စိတ်ဝိဥာဥ်သံတမန် နှစ်ယောက်လုံးမှာလည်း လန့်သွားပြီး ခြေလှမ်းကိုယ်စီ ဆုတ်ကာ မည်သည့်စကားမှ မဆိုရဲကြပါ ။

ထိုစဥ် လွေ့နန်က လက်ထပ်ယမ်းလိုက်ရာ အလင်းတန်းလိုက်ကာပေါ်၌ လောထျန်းနှင့် ကျန်နှစ်ယောက်၏ ပုံရိပ်များ ပေါ်လာပြန်သည်။

လောထျန်းတို့ သုံးယောက်သားမှာ အပျက်စီးများ ပြည့်နေသည့် နေရာတစ်ခုဆီ ရောက်နေပါ၏။

၎င်းကိုကြည့်နေသော လွေ့နန်၏ မျက်လုံးများ အရောင်လက်သွားကာ သူ့နှုတ်ခမ်းထက်တွင်လည်း လှောင်ပြုံးတစ်ခု ပေါ်လာသည်။

" လောထျန်း... မင်းကံက တော်တော်ဆိုးပါလားကွ ။ ဒီ အသူရာချောက်မှာ နေရာတွေအများကြီး ရှိတာကိုမှ မင်းက အဲ့နေရာကို သွားလိုက်ရတယ်လို့ ။ ကြည့်ရတာ ဒီနေ့ မင်း သေချာပေါက် သေရတော့မှာပဲ "

All Chapters