အသက်မဲ့ ခန္ဓာကိုယ်
Vol. 50 Ch. 698
ပန်းလင် စကားဆက်သည်။
" ဟိုးရှေးခတ်ကဆို.. ထျန်းယွမ်ကမ္ဘာမှာရှိတဲ့ သဘာဝစိတ်ဝိဥာဥ် အရေအတွက်က အင်မတန်ကိုများတာ ။ အဲ့ခေတ်ကို သဘာဝစိတ်ဝိဥာဥ်တွေရဲ့ ကမ္ဘာလို့တောင် ပြောလို့ရတယ် ။ အစွမ်းထက်တဲ့ သဘာဝစိတ်ဝိဥာဥ်တွေလဲ အများကြီး ရှိခဲ့တာပေါ့ "
" ဝူရှန့်ကလဲ အဲ့ဒီထဲက တစ်ယောက်ပဲ ။ အားလုံးထဲမှာ အစွမ်းအထက်ဆုံးလို့တောင် ပြောလို့ရရင်ရမှာ ။ ဒါပေမယ့် နောက်ပိုင်းမှာ အကြောင်းရင်းသေချာ မသိရဘဲ သူ ရူးသလိုဖြစ်သွားပြီးတော့ .. တခြားသက်ရှိတွေကို ဝါးမြိုခဲ့တယ်။ အဲ့အချိန်မှာ သူ့ကြောင့် သေခဲ့ရတဲ့ သဘာဝစိတ်ဝိဥာဥ်တွေ ရေတောင်မရေတွက်နိုင်ဘူး "
" အဲ့လိုနဲ့ နောက်ပိုင်းမှာ သူ့လုပ်ရပ်တွေ ဘူးပေါ်သလိုပေါ်ပြီးတော့ သဘာဝစိတ်ဝိဥာဥ် အကြီးအကဲတွေ အများကြီးပေါင်းပြီး သူ့ကိုသတ်ဖို့ လုပ်ခဲ့ကြတယ် ။ ဒါပေမယ့် အားလုံးက သူ့ကို ရှုံးပြီး ဒဏ်ရာတွေဆိုး
ဆိုးဝါးဝါး ရသွားခဲ့ကြတယ် "
" အဲ့ဒါကြောင့်ပဲ သဘာဝစိတ်ဝိဥာဥ် အကြီးအကဲတွေ ဘာမှမတတ်နိုင်တော့ပဲ လူသားမျိုးနွယ် ၊ နဂါးမျိုးနွယ် ၊ နောက်ဆုံး နတ်ဆိုးမျိုးနွယ်နဲ့ပါ ပူးပေါင်းပြီး အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးနဲ့ သူ့ကိုဝိုင်းပြီး ဖိနှိပ်ခဲ့တာပေါ့ "
" အဲ့တိုက်ပွဲက အင်မတန်ကြောက်စရာကောင်းသလို မျိုးနွယ်စု တစ်ခုစီတိုင်းကလဲ သူတို့ရဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးကို ဆုံးရှုံးခဲ့ရတယ် ။ ဒါပေမယ့် နောက်ဆုံးတော့ သူ့ကို နိုင်ခဲ့ပါတယ် "
" အဲ့တုန်းကတော့ အားလုံးက သူ့ကို သတ်နိုင်ပြီဆိုပြီးပဲ တွေးခဲ့တာပေါ့လေ ။ ဒါပေမယ့်.. နောက်ပိုင်းမှာတော့ သူက တမင်ကို အရှုံးခံပြီး အသတ်ခံခဲ့တာမှန်း သိလိုက်ရတယ် "
ထိုသို့ ပြောနေစဥ်အတွင်း ပန်းလင်၏ မျက်လုံးထဲ၌ ခံစားချက်ပေါင်းစုံ ရောထွေးနေဟန် တူပါ၏။
" တမင်ကို အသတ်ခံခဲ့တာ.. ဟုတ်လား "
နတ်ဆိုးဧကရာဇ်လီမှာလည်း နားမလည်နိုင် ဖြစ်သွားသည်။
ဤလောကကြီးတွင် တမင်ကို အသတ်ခံချင်သူ ရှိသတဲ့လား..
ထိုစဥ် ဝူရှန့်က ပြောလာသည်။
" ဟုတ်တယ် ။ ငါ့ရဲ့ သဘာဝစိတ်ဝိဥာဥ် ခန္ဓာကိုယ်က လုံးဝ ပြီးပြည့်စုံတဲ့ အခြေအနေ ဖြစ်နေပေမယ့် မိစ္ဆာဝိဥာဥ်တစ်ယောက် ဖြစ်လာဖို့ဆိုရင် ငါ့ရဲ့ သဘာဝစိတ်ဝိဥာဥ်ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးမှ မိစ္ဆာဝိဥာဥ်ရဲ့ အရောင်အဝါနဲ့ ပေါင်းစပ်မှ ဖြစ်မှာ "
" ဒါပေမယ့် ငါ့ရဲ့ခန္ဓာကိုယ်ကို ကိုယ်ပိုင်အစွမ်းနဲ့ ဖျက်ဆီးပစ်လို့ မရဘူးကွ ။ ဒါ့ကြောင့်မို့လဲ အဲ့လိုလုပ်ဖို့အတွက် တခြားသူတွေရဲ့ အကူအညီကို ယူခဲ့ရတာပေါ့ကွာ "
" အဲ့နောက်တော့ ငါသေချာချန်ထားခဲ့တဲ့ အစီစဥ်နဲ့ ငါ့ခန္ဓာကိုယ်ကို ပြန်စုစည်းခဲ့တယ် ။ အဲ့လိုနည်းနဲ့ဆို မိစ္ဆာဝိဥာဥ်ရဲ့ အစွမ်းမျိုးပိုင်ဆိုင်မယ့်အပြင် သဘာဝစိတ်ဝိဥာဥ်ရဲ့ စိတ်စွမ်းအင်အသိဉာဏ်ကိုလဲ မဆုံးရှုံး
တော့ဘူး ။ အဲ့လိုနဲ့... ငါက သဘာဝစိတ်ဝိဥာဥ်ရော ၊ မိစ္ဆာဝိဥာဥ်ရောရဲ့ ချုပ်နှောင်မှုတွေ မပါဘဲ ပြီးပြည့်စုံတဲ့ စိတ်ဝိဥာဥ်ခန္ဓာကိုယ်ကို ရခဲ့တာပဲ "
သူ့စကားကြောင့် နတ်ဆိုးဧကရာဇ်လီ အမှန်ပင် အံ့သြတုန်လှုပ်သွားရသည်။
" တော်တော် အကြံကြီးတာပဲ "
ဝူရှန့်က အေးစက်စက် နှာခေါင်းရှုံ့၍ ဆက်ပြော၏။
" ဒါပေမယ့် ငါ့ရဲ့ အစီစဥ်ကို လူသားတစ်ယောက် ထွင်းဖောက်ပြီး မြင်သွားတာတော့ ဒေါသထွက်စရာပေါ့ကွာ ။ အဲ့ကောင်က ငါ့ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက်ပိုင်းမှာ ငါချန်ထားခဲ့တဲ့ အစီစဥ်ကိုပါ လုံးဝ ဖျက်ဆီးပြီးတော့ ငါ ပြန်အသက်မသွင်းနိုင်အောင် လုပ်ချင်ခဲ့တာ "
" ဒါပေမယ့်.. အချိန်တစ်ခုအထိ ကြိုးစားပြီးတဲ့ အချိန်မှာတော့ သူ ငါ့ကို မတားနိုင်မှန်း သိသွားတဲ့ပုံပါပဲ ။ ဒါ့ကြောင့်မို့ အဲ့ကောင်က တခြားမျိုးနွယ်စုက အစွမ်းထက်ကျင့်ကြံသူတွေနဲ့ ပေါင်းပြီး ငါ့ကို တားမြစ်ချက်တစ်ခု ချထားခဲ့တယ် ။ တကယ်လို့ ငါ ပြန်အသက်သွင်းလာရင်တောင် ဒီ အသူရာချောက်
ကနေ ဘယ်တော့မှ ခွာလို့မရအောင် သူပဲ လုပ်ခဲ့တာ "
" ငါ့မှာ အကန့်အသတ်မဲ့ အစွမ်းမျိုး ရှိနေတာတောင် အသုံးချလို့မရတာ အဲ့ကောင်ကြောင့်ပေါ့ကွာ "
" ဒါပေမယ့် အခုတော့ ငါ့အတွက် မျှော်လင့်ချက်ကို ပြန်မြင်ရပါပြီ ။ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက သူတွေက လျှို့ဝှက်နည်းလမ်းတွေ သုံးပြီးတော့ ဒီနေရာက ကန့်သတ်ချက်အချုပ်အနှောင်တွေကို ဖျက်ဆီးပြီး ငါ့ကို ပြန်လွတ်လပ်အောင် လုပ်ပေးမှာကွ ။ ဒါပေမယ့်.. ဒီကြားထဲမှာတော့ သူတို့ ယဇ်ပူဇော်တာကို ပြီးမြောက်အောင် ငါ ကူညီရမှာပေါ့ "
စကားဆုံးချိန်မှာပင် ဧရာမ အရိုးစုလက်သည်းကြီးတစ်ခုက လောထျန်းတို့လူစုအား ရွယ်လာသည်။
" မင်းတို့တွေက ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ ရန်သူတွေဆိုတော့ ငါ့ရဲ့ ရန်သူတွေပဲ ။ မင်းတို့အားလုံး သေရမယ် "
ဝုန်း ...
အရိုးစုလက် တစ်ခုစီတိုင်းမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။
ထိုစဥ် လွေ့နန်မှာလည်း မြင်ကွင်းအစအဆုံးကို အလင်းတန်းလိုက်ကာမှတဆင့် ကြည့်နေသည်။
သူ့မျက်နှာမှာလည်း ပြံုးရွှင်လျက် ....
" ဒီ မိစ္ဆာဝိဥာဥ်ကြီး ဝူရှန့်မှာ အဲ့လိုအတိတ်မျိုး ရှိခဲ့တာလား ။ ပြီးတော့ ... သူက ငါ ထင်ထားတာထက်တောင် ပိုအစွမ်းထက်တာပဲ ။ ကောင်းတယ်ကွာ... လောထျန်း ၊ ဒီတစ်ကြိမ်တော့ မင်း အသက်ရှင်နိုင်ပါဦးမလား "
ထိုစဥ် တခြားတဖက် အပျက်အစီးများကြား၌ ...
ဘုန်း ...
အဖြူရောင် အရိုးစုလက်သည်းပေါင်း ရာကျော်က လောထျန်းတို့လူစုအား ဝန်းရံထားပါ၏။
" ကောင်မလေး ၊ မင်းက အရင်တုန်းက ငါနဲ့ မျိုးနွယ်
စုတစ်ခုတည်းမို့သာ ဒီနေ့ မင်းကိုငါ စကားအများကြီး ပြောခဲ့တာ ။ ဒါပေမယ့်.. အခုတော့ မင်း သေဖို့အချိန်တန်ပြီ "
ဝူရှန့်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
ထို့နောက်တွင်...
ဝုန်း...
မရေမတွက်နိုင်သော အရိုးစုလက်များက လောထျန်းတို့အား ရိုက်လာ၏။
ဝုန်း ... ဝုန်း ... ဝုန်း ...
အသံကျယ်များလည်း ဆက်တိုက်ပင် ထွက်လာသည်။
လေထုမှာလည်း ပြိုကွဲလိုက် ၊ ပြန်ကောင်းလိုက်ဖြင့် သံသရာ လည်နေပါ၏။
ဤသို့ဖြင့် အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ ဝူရှန့် ရပ်သွားသည်။
သူ တိုက်ခိုက်ခဲ့သည့် နေရာမှာကား မှတ်မိချင်စရာ မကောင်းတော့အောင်ပင် ပြောင်းလဲနေကာ... ဘာမှ မရှိတော့ချေ။
" ဟင်... ပြာဖြစ်သွားကြတာလား ။ ငါက အလောင်းလေးတွေတော့ ကျန်ဦးမယ်ထင်နေတာ ။ မဟုတ်မှလွဲရော ပြီးခဲ့တဲ့တလောမှာ ငါ ပိုအစွမ်းထက်လာလို့ ကိုယ့်အစွမ်းကိုယ် မထိန်းနိုင်တာများလား "
ဝူရှန့် တစ်ကိုယ်တည်း ရေရွတ်လိုက်ည်။
သို့သော်.. ထိုစဥ်တွင် မလှမ်းမကမ်းမှ အသံတစ်သံ ထွက်လာ၏။
" သူက တကယ်လဲ အစွမ်းထက်တာပဲ ။ သူ့လက်ဝါး တစ်ခုစီတိုင်းရဲ့ အစွမ်းက နတ်ဆိုးဧကရာဇ်လီနဲ့ ယှဥ်လို့ရတယ် ။ သူက မသေမျိုးဘုရင်တစ်ယောက် မဟုတ်ပေမယ့် မသေမျိုးဘုရင်ထက်တောင် ပိုကောင်းသေးတယ် "
ကြားလိုက်ရသည့် စကားသံကြောင့် ဝူရှန့် လန့်သွား
သလို.. ရာချီသော သူ၏ အရိုးစုလက်များလည်း တစ်ပြိုင်တည်း တုန်သွားကြသည်။
" ဘယ်သူလဲကွ "
ဝူရှန့် ဘေးဘီသို့ လှည့်ကြည့်လိုက်ချိန်တွင်ကား.. လောထျန်းနှင့် ကျန်နှစ်ယောက်က ခပ်လှမ်းလှမ်း၌ အကောင်းတိုင်းရပ်နေကြသည်ကို မြင်လိုက်ရသည်။
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ မင်းတို့.. ဘယ်လိုကြောင့် အသက်ရှင်နေသေးတာလဲ ။ မင်းတို့ထွက်ပြေးတာလဲ ငါ မတွေ့လိုက်ပါဘူး "
ဝူရှန့် တုန်လှုပ်စွာ ပြော၏။
လောထျန်းက အေးဆေးပင် ပြန်ပြောသည်။
" မင်းက နှေးလွန်းလို့ ဖြစ်မှာပေါ့ "
" မင်း.... "
ဝူရှန့်တစ်ယောက် ဒေါသူပုန်ထသွားတော့သည်။
လောထျန်းနှင့် ကျန်နှစ်ယောက်ကို သူ စတွေ့စဥ်က ထိုအထဲတွင် အစွမ်းအနိမ့်ဆုံးသူမှာ လောထျန်းဟု သူ ခံစားမိခဲ့ပါ၏။
ယခု ထိုကောင်က.. သူ့အား ထိုစကားမျိုး အမှန်တကယ် ပြောရဲနေသတဲ့လား ။
" ကောင်လေး ၊ ခုနက တိုက်ခိုက်မှုကို မင်း ဘယ်လိုထွက်ပြေးလာလဲဆိုတာ ငါ စိတ်မဝင်စားဘူး ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ မင်း သေချာပေါက် သေရမှာကွ "
ဝူရှန့်၏ ဒေါသတကြီး အော်သံနှင့်အတူ အရိုးစုလက်ကြီးတစ်ခုက လောထျန်းကို ဖမ်းဆုပ်ရန်အတွက် ရွေ့လျားသွားသည်။
ဤတစ်ကြိမ်၌ အရိုးစုလက် တစ်ခုတည်းကို သုံးလိုက်သည့်တိုင် ထိုလက်၏အစွမ်းအား လျှော့တွက်၍ မရပါချေ။
သို့သော် ...
ဝုန်း ...
လက်ကြီးက လောထျန်းရှေ့ ရောက်ချိန်မှာပင် လောထျန်းက လက်တစ်ဖက်ဖြင့် ၎င်းအား အသာအယာ
တားလိုက်၏။
" ဘယ်လိုဖြစ်ပြီး ..... "
ဝူရှန့်တစ်ယောက် တုန်လှုပ်သွားတော့သည်။
နတ်ဆိုးဧကရာဇ်လီသည်ပင် သူ့လက်တစ်ဖက်ကို တိုက်ခိုက်ရန် အစွမ်းကုန်သုံးခဲ့ရချိန်၌ ...
လောထျန်းက အေးအေးဆေးဆေး အလွယ်တကူပင် လုပ်သွားနိုင်သတဲ့လား ။
ဤမျှနှင့် မပြီးသေးပါ ။
လောထျန်းက လက်ချောင်းများကို ဆုပ်လိုက်ရာ ..
ဖျောင်း...
အရိုးစုလက်ကြီးပေါ်၌ အက်ရာများစွာ ပေါ်လာတော့သည်။
လောထျန်း၏ လက်သည်းများကလည်း အရိုးစုလက်ထဲ စိုက်ဝင်လာ၏။
" မင်း.... "
ဝူရှန့် တုန်လှုပ်သွားရပြန်သည်။
လောထျန်းက ပြော၏။
" မြေအောက်မှာပဲ ပုန်းမနေနဲ့ ။ အပြင်ကို ထွက်လာခဲ့ "
သူ ပြောပြောဆိုဆိုပင် အရိုးစုလက်အား အပေါ်သို့ ဆွဲလိုက်သည်။
၎င်းကိုမြင်သောအခါ ဝူရှန့် လှောင်ပြုံးဖြင့် ပြော၏။
" ရယ်စရာ ကောင်းလိုက်တာကွာ ။ မင်းက ငါ့ခန္ဓာကိုယ်ကို မြေအောက်ကနေ ဆွဲထုတ်ချင်တယ်ပေါ့ ။ ဒီကမ္ဘာပေါ်မှာ အဲ့လိုအစွမ်းမျိုး ပိုင်ဆိုင်တဲ့သူ ဘယ်သူမှ မရှိ .... ဟင် .."
သူစကားမဆုံးခင်မှာပင်... ခုခံ၍မရသည့် အားကြီးတစ်ခုက သူ့အား ဆွဲထုတ်နေသည်ကို ဝူရှန့်တစ်ယောက် ခံစားလိုက်ရပါသည်။
" ဒါ ..... "
သူ ကြောက်လန့်တုန်လှုပ်သွားကာ အရိုးစုလက်များအားလုံးဖြင့် မြေကြီးကိုကုပ်၍ လောထျန်းနှင့်ယှဥ်ရန် ကြိုးစားလိုက်၏။
သို့သော်..
ဖျောင်း.... ဖျောင်း...
သူ လုံးဝ မခုခံနိုင်ဘဲ လက်များသာ ကျိုးလာပါတော့သည်။
ထို့နောက်တွင်ကား..
ဝုန်း...
သူ့ခန္ဓာကိုယ်က မြက်ပင်တစ်ပင်ပမာ မြေကြီးထဲမှ ဆွဲထုတ်ခံလိုက်ရ၏။
" အဲ့ဒါ သူ့ရဲ့ ပုံစံအမှန်လား "
လေထဲရောက်လာသည့် ဝူရှန့်အား ကြည့်နေကြသော ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီတို့ နှစ်ယောက်လုံးထံမှ တအံ့တသြရေရွတ်သံ တစ်ပြိုင်နက်တည်း ထွက်လာသည်။
လေထဲတွင်ကား ... မရေမတွက်နိုင်သော အရိုးစုလက်များ၏ အလယ်တွင် မှိန်ဖျော့ဖျော့ မသေမျိုးအလင်းတန်းတစ်ခု ထုတ်လွှတ်နေသည့် ရုပ်ရည်ချောမောသော လူငယ်လေးတစ်ယောက် ရှိနေ၏။
၎င်းက မိစ္ဆာဝိဥာဥ် ဘုရင်ကြီး၏ အသွင်အမှန်တဲ့လား ..
ထိုစဥ်တွင်... ဝူရှန့်မှာမူ ဝမ်းသာအံ့သြသည့် မျက်နှာထား ဖြစ်သွားသည်။
" ဟား ဟား... ကောင်လေး ၊ မင်းက ငါ့ကို တကယ်အံ့သြအောင် လုပ်လိုက်နိုင်တာပဲကွ "
ဝူရှန့် လောထျန်းကိုကြည့်ကာ အရူးတစ်ယောက်ပမာ အော်ရယ်လိုက်သည်။