← Chapters

အခန်း (၆၉၉)

Vol. 50 Ch. 699

အခန်း (၆၉၉)

Vol. 50 Ch. 699

ဝူရှန့်သည် ကြည်လင်ရှင်းတောက်နေသော သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ပြီးနောက် သူ့နောက်ကျောမှ ထွက်နေကြသည့် သူ့ကိုယ်ထက် အဆပေါင်းများစွာ ပိုကြီးသော အရိုးစုလက်များကိုကြည့်ကာ ပျော်သွားဟန်တူသည်။

" ငါ့ကိုယ်က သဘာဝစိတ်ဝိဉာဉ်ရဲ့ ခန္ဓာကိုယ်နဲ့ မိစ္ဆာဝိဉာဉ်ရဲ့ ခန္ဓာကိုယ်ကို သေချာပေါင်းစပ်ထားတာပဲ ။ လုံးဝ အပြည့်စုံဆုံးနဲ့ အစွမ်းထက်ဆုံး ခန္ဓာကိုယ်လို့တောင် ပြောလို့ရမယ် ။ သက်ရှိတွေအားလုံးထက် ပိုသာတဲ့ ခန္ဓာကိုယ်ပေါ့ "

သူ အရူးတစ်ယောက်သဖွယ် အော်လိုက်သည်။

ဘေးမှကြည့်နေသည့် နတ်ဆိုးဧကရာဇ်လီ မျက်နှာမဲ့သွား၏။

" ဒီကောင်က ရူးနေတာလား ။ မြေကြီးပေါ် ဆွဲထုတ်ခံ

လိုက်ရလို့ ရူးသွားတာလား မသိဘူး "

သူ ခေါင်းယမ်းလိုက်သည်။

တဖက်မှ ဝူရှန့်က အပြုံးဖြင့် ဆို၏။

" မင်း ဘာသိလို့လဲကွ ။ ငါက ငါ့ကိုယ်အစစ်ကို အပြင်မထုတ်ချင်ဘူး ထင်လို့လား ။ တကယ်တော့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က မြေအောက်မှာ ချုပ်နှောင်ခံထားရတာကွ ၊ အပျက်အစီးတွေက ငါ့အတွက် အချုပ်အနှောင်ပဲ "

" ငါ ဒီအချုပ်နှောင်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာ နှစ်တွေအများကြီး ကြာခဲ့ပြီ ။ ဒါပေမယ့် မင်းက ငါ့ကို ထွက်လာနိုင်အောင် လုပ်ခဲ့ပြီးတော့ အချုပ်အနှောင်ကနေ လုံးဝ လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ မင်း ငါ့ကို အကူညီကြီးကြီး ပေးလိုက်တာပဲ "

ထိုစဉ်မှာပင်..

ဝီ...

လောထျန်း ဆွဲမလိုက်သည့်အတွက် ကျိုးသွားခဲ့

သော အရိုးများ တစ်ခုပြီးတစ်ခု လေထဲပျံတက်ကာ ဧရာမအရိုးစုလက်သည်းချွန်ကြီး ပြန်ဖြစ်သွားသည်။

အရာအားလုံး ယခင်လို ပြန်ဖြစ်သွားပါ၏။

" ဒဏ်ရာတွေ ပြန်သက်သာတဲ့နှုန်းကလဲ ချုပ်နှောင်ခံထားရတုန်းကထက် အများကြီး ပိုမြန်သွားပြီ ။ အခုဆို ငါ့ကိုယ်က မသေမျိုးခန္ဓာကိုယ် ဖြစ်နေပြီထင်တယ် ။ တနည်းပြောရရင် ... ပြိုင်ဘက်ကင်းပေါ့ .. "

ထိုစဉ် တဖက်ခန်းမထဲရှိ လွေ့နန်မှာကား ရှေ့မှ မြင်ကွင်းကြောင့် အလွန်ပင် တုန်လှုပ်နေတော့သည်။

" ဒါ .... အစွမ်းထက်လိုက်တာ... "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ ပျော်လည်း ပျော်သွားပါ၏။ ယခုချိန်မှစ၍ လောထျန်းတစ်ယောက် ဒုက္ခရောက်တော့မည် မဟုတ်ပါလား ..

တဖက်၌မူ ...

ဝူရှန့်၏ မျက်လုံးများ အရောင်လက်နေ၏။

သို့သော်... ထိုစဉ်တွင် သူ့မျက်လုံးရှေ့၌ အမည်းရောင်လွှမ်းသွားပြီး ... လက်တစ်ဖက်က သူ့မျက်နှာအား ကာလိုက်သလို ခံစားလိုက်ရသည်။

ထို့နောက် .... အမှန်တကယ်လည်း သူ့မျက်နှာအား ဖိချလာသည့် လက်တစ်ဖက် ရှိနေသည်ကို တွေ့လိုက်ရ၏။

ထိုလက်ချောင်းများကြားမှတဆင့် သူ့အား တိုက်ခိုက်လိုက်သူမှာ လောထျန်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

" မင်း... "

သူ စကားစလိုက်ချိန်မှာပင် ...

ဝုန်း...

လောထျန်းက သူ့အား မြေပြင်သို့ ရိုက်ချလိုက်သည်။

ဖျောင်း...

အရိုးစုလက်များအားလုံး ပြိုကွဲသွားကာ ..

ဝူရှန့်၏ ခန္ဓာကိုယ်လည်း အမှုန့်အဖြစ် ရောက်သွားတော့သည်။

တဖက် အလင်းတန်းလိုက်ကာမှတဆင့် ထိုမြင်ကွင်းကို ကြည့်နေသော လွေ့နန်တစ်ယောက် ချက်ချင်း ကြက်သေသေသွား၏။

သူ့အတွက် အကြီးဆုံးနိုင်ဖဲကြီးဟု သတ်မှတ်ထားခဲ့သော ဝူရှန့်က သိုင်းကွက်တစ်ကွက်တည်းဖြင့် ပြိုကွဲသွားခဲ့ရသတဲ့လား ။

မည်သို့ ဖြစ်နိုင်ပါမည်နည်း ..

ဝူရှန့်က မည်မျှအစွမ်းထက်သည်ကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသဖြင့် သေချာသိပါ၏။

ထိုစဉ် တဖက်မှ ဝူရှန့်မှာကား ... စိတ်ဝိဉာဉ်ခန္ဓာကိုယ်တစ်ခု ဖြစ်သည့်အတွက် လုံးဝကြီး သေမသွားပဲ စိတ်စွမ်းအင်အသိဉာဏ် ကျန်နေဆဲပင် ။

" ငါ့ကိုယ်က မသေမျိုးဖြစ်သွားပြီလို့ မင်းကို ပြောသားပဲကွ ။ ဒီလောက်ဒဏ်ရာမျိုးကနေ ချက်ချင်းပြန်ကောင်းနိုင်တယ် "

ဝူရှန့် လှောင်ပြုံးဖြင့်ပြောပြီး သူ့ခန္ဓာကိုယ်အား မူလအခြေအနေသို့ ပြန်ရောက်ရန် ကြိုးစားလိုက်သည်။

သို့သော်.. သူ ထင်ထားသလို ဟုတ်မနေဘဲ ဒဏ်ရာများပြန်ကောင်းသည့်နှုန်းက အလွန်နှေးနေသည်ကို တွေ့လိုက်ရပါ၏။

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... တကယ်ဆို ငါ့ကိုယ်က ချက်ချင်းပြန်ကောင်းသင့်တာလေ "

ဝူရှန့် နားမလည်နိုင် ဖြစ်သွားသည်။

တခဏအကြာတွင်မူ.. သူ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွား၏။

" အဲ့ကောင်ရဲ့ လက်ဝါးချက်က ငါ့ရဲ့ ခန္ဓာကိုယ်ကိုတင် ပြိုကွဲအောင်လုပ်လိုက်တာ မဟုတ်ပဲ ၊ ငါ့ရဲ့ အသက်အစွမ်းကိုပါ ထိခိုက်သွားခဲ့တာလား ။ ဒါပေမယ့်.... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ထိုတခဏ၌ သူ့တစ်ကိုယ်လုံး အကြောက်တရားတို့ ဖုံးလွှမ်းလာတော့သည်။

မသေမျိုးခန္ဓာကိုယ်အား လက်ဝါးတစ်ချက်တည်းဖြင့် ဒဏ်ရာဆိုးရွားစွာရအောင် လုပ်ရန်ဆိုလျှင် ... အစွမ်းမည်မျှ လိုပါမည်နည်း ။

" မယုံဘူး ... မယုံဘူး ... "

ဝူရှန့် ဒေါသတကြီး အော်ကာ သူ့အစွမ်းများအားလုံး ထုတ်သုံးလိုက်တော့သည်။

ဤတစ်ကြိမ်တွင်မူ သူ၏ ဒဏ်ရာသက်သာနှုန်းလည်း များစွာပင် တိုးလာပါ၏။

ထို့နောက်.. စက္ကန့်အနည်းငယ် အကြာမှာပင် သူ ယခင်လို ပြန်ကောင်းသွားသည်။

သို့သော် ...... ထိုစဥ်တွင် သူ အလွန်ပင်ပန်းနေဟန် တူကာ အသက်ပြင်းပြင်းရှိုက်၍ လောထျန်းအား ကြည့်နေပါ၏။

" ခုနတုန်းက ငါ သတိလက်လွတ်ဖြစ်ပြီး သေချာဂရုမစိုက်မိလိုက်လို့ မင်း အလစ်တိုက်တာကို ခံခဲ့ရတာ ။ တကယ်လို့ မင်းသာ သတ္တိရှိတယ်ဆိုရင် ငါနဲ့ မျက်နှာချင်းဆိုင် လာတိုက်လေ "

သူ လောထျန်းအား လက်ညိုးထိုးကာ ပြောလိုက်သည်။

ထိုစဥ် နတ်ဆိုးဧကရာဇ်လီက ပန်းလင်အား ရုတ်တရက် လှမ်းပြော၏။

" သူ့ကိုကြည့်ရတာ တော်တော်မောနေတဲ့ပုံပဲ ။ မင်းတို့ သဘာဝစိတ်ဝိဥာဥ်တွေက အဲ့လိုပဲ မောတတ်တာလား "

ပန်းလင် ခေါင်းညိတ်ပြသည်။

" သဘာဝစိတ်ဝိဥာဥ်ဆိုတာ စိတ်ဝိဥာဥ်ခန္ဓာကိုယ်တစ်ခု ဆိုပေမယ့် ... အသက်လက္ခဏာတချို့ ရှိတယ် ။ ဆုံးရှုံးမှုကြီးရင် ... အမောဖောက်မှာပဲ "

" အိုး... အဲ့လိုလား "

နတ်ဆိုးဧကရာဇ်လီ ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်၏ ပြောစကားကို ကြားနေရသော ဝူရှန့်မှာကား ပိုပို၍ ဒေါသထွက်သွား၏။

" မင်းတို့နှစ်ယောက် ပါးစပ်ပိတ်ထားကြစမ်း "

ထို့နောက် သူ လောထျန်းဘက်လှည့်၍ ဆက်ပြောသည်။

" ကောင်လေး ၊ မင်း သတ္တိရှိရင် ငါနဲ့ မျက်နှာချင်းဆိုင်တိုက်ခိုက်လို့ ပြောနေတယ်လေ "

လောထျန်း သူ့အား တစ်ချက်ကြည့်၍ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ ၊ ဒီတစ်ခေါက် မျက်နှာချင်းဆိုင် တိုက်ပေးမယ် ။ အရှိိန်ကိုလဲ လျှော့ပေးမှာမို့ သေချာကြည့်ထားနော် "

လောထျန်း ပြောပြောဆိုဆိုပင် တဖက်လူရှေ့ လေထဲသို့ ပျံတက်လိုက်ပြီးနောက် ... လက်မြှောက်ကာ

ရိုက်လိုက်သည်။

သို့သော်... လောထျန်း၏လက် ရွေ့လျားသွားသည့်နှုန်းမှာ နှေးလှသည့်အတွက် ရိုက်သည်နှင့်မတူဘဲ နူးနူးညံ့ညံ့ ပွတ်သပ်သည်နှင့်ပင် တူနေပါသေးတော့၏ ။

" ဟင် ... ဒီကောင် .... "

ဝူရှန့်မှာ စစချင်းတွင် သတိကြီးစွာထားပြီး အရိုးစုလက်များအားလုံးကို သူ့ရှေ့တွင် အကာအကွယ်အဖြစ် အစဥ်လိုက် နေရာချထားခဲ့ပါသည်။

သို့သော်... အစောက မြင်ကွင်းကို မြင်လိုက်ရချိန်တွင်ကား သူ ဒေါသူပုန် ထသွားတော့၏။

မည်သည့်ရှုထောင့်မှ ကြည့်ကြည့် ၊ လောထျန်း၏ လက်ဝါးရိုက်ချက်က သူ့အား တမင်အရှက်ခွဲနေသလိုပါပင် ။

သို့သော်... ထိုစဥ်မှာပင် လောထျန်း၏လက်က ဝူရှန့်၏ အရိုးစုလက်တစ်ခုကို ထိလာလေပြီ ။

ထိုအရိုးစုလက်ကြီး ချက်ချင်းပုံပြောင်းကာ ပြိုကွဲသွား၏။

" ဟင် ... "

ဝူရှန့်သည်လည်း တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သတိထားမိကာ မျက်လုံးပြူးသွားသည်။

သို့သော်... သူ နောက်ကျသွားခဲ့ဟန်ပင် ...

ဝုန်း...

ထိုတခဏ၌ သူ လောထျန်းကြောင့် လွင့်ထွက်သွားကာ မြေပြင်သို့ ကျသွားပြန်၏။

ဤတစ်ကြိမ် သူ့ခန္ဓာကိုယ် ပြိုကွဲသွားသည်မှာလည်း ယခင်ထက်ပင် ဆိုးပါသေးသည်။

" မင်း .... မင်း .... "

ဝူရှန့်၏ နတ်ဘုရားအသိစိတ်ထဲတွင် ကြောက်ရွံ့မှုတို့ အထင်းသား.. ။

ဤတစ်ကြိမ်တွင် လောထျန်းက သူ့အား မျက်နှာချင်းဆိုင် အနိုင်ယူခဲ့ခြင်းဖြစ်ပြီး သူ့အတွက် ဆင်ခြေပေးစရာ ဘာမှမရှိတော့ပါ ။

မျက်နှာချင်းဆိုင် တိုက်ပွဲတွင်ပင် သူ တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရဆဲ ဖြစ်ပါ၏။

၎င်းက ဘာအဓိပ္ပါယ်ပါနည်း ။

သူနှင့် တဖက်လူကြားမှ ကွာဟချက်က မှန်းဆ၍ပင် မရတော့ဘူးဆိုသည့် အဓိပ္ပါယ်လား ။

ထျန်းယွမ်ကမ္ဘာတွင် ထိုသို့သောဘီဘူးမျိုး ဘယ်အချိန်က ပေါ်လာခဲ့ပါသနည်း ။

ထိုသူက လူသားတစ်ယောက်ပင် ဟုတ်ပါ​သေးရဲ့လား ။

ထိုစဥ်မှာပင် လောထျန်းက ဝူရှန့်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာပြီး လက်ယမ်းလိုက်၏။

ဝှစ် ..

လောထျန်းခေါင်းပေါ်၌ ကားချပ်လိပ်တစ်ခု ပေါ်လာသည်။

" ဟင်... အဲ့ဒါ ဘာလဲ "

ဝူရှန့်မှာ ထိုကားချပ်လိပ်ကို ​ကြည့်ရင်း မသိစိတ်ထဲ၌ ကြောက်ရွံ့မှုတို့ ပြည့်လာ၏။

ထိုကားချပ်လိပ်မှ အရောင်အဝါက သူ့အား ချုပ်နှောင်နေသည်ကို ခံစားနေရသည် မဟုတ်ပါလား ။

၎င်း ကားချပ်လိပ်မှာ ... ဝိဥာဥ်တစ်ရာ ကားချပ်လိပ်ပါပင် ။

လောထျန်းက မြေပြင်တွင် လဲကျနေသည့် ဝူရှန့်ကိုကြည့်ရင်း အေးဆေးပြောသည်။

" ခုလို အစွမ်းမျိုးနဲ့ မိစ္ဆာဝိဥာဥ်တစ်ကောင်ကို ငါ တစ်ခါမှ မဖမ်းခဲ့ဖူးဘူးကွ ။ ဒါပေမယ့်.. ပုံမှန်ဆိုရင်တော့ တဖက်လူက အားနည်းနေရင် ဖမ်းလို့ရနိုင်ပါတယ်... ဟုတ်တယ်မလား ။ ကဲ.. စမ်းကြည့်လိုက်မယ် "

သူ ပြောကာ ကားချပ်လိပ်ကို ဖွင့်လိုက်၏။

ဝုန်း...

ဝိဥာဥ်တစ်ရာကားချပ်လိပ်မှ မရေမတွက်နိုင်သော သံချိိန်းကြိုးများ ထွက်လာကာ ပြိုကွဲနေပြီးသားဖြစ်သည့် ဝူရှန့်၏ ခန္ဓာကိုယ်ပေါ် ကျလာကြသည်။

" ဟင် ... မင်း ဘာလုပ်မလို့လဲ ... "

ဝူရှန့်တစ်ယောက် လုံးဝ တုန်လှုပ်နေလေပြီ ။

သူ့ စိတ်ဝိဥာဥ်မှာလည်း ချုပ်နှောင်ခံထားရပြီး လှုပ်ရှားရန် မလွယ်သည်ကို ခံစားလိုက်ရ၏။

တဖက်မှ လောထျန်းက လက်ဖြင့် အစီအမံတစ်ခုလုပ်၍ အေးစက်စက်ဆိုသည်။

" စုဆောင်းစေ ... "

ဝုန်း ...

ချိန်းကြိုးသံများ ထွက်လာကာ ဝူရှန့် မည်သို့မှ မခုခံနိုင်ဘဲ ဝိဥာဥ်တစ်ရာကားချပ်လိပ်ထဲ ဆွဲခေါ်ခံလိုက်ရတော့သည်။

အားးးးးးးး

ဝှီးးးးးးးးး

ထိုတခဏ၌ ပန်းလင်တစ်ယောက် အံ့သြမှင်သက်မိနေသလို ..

နတ်ဆိုးဧကရာဇ်လီမှာလည်း သူမ နည်းတူပင် ။

တဖက်... ခန်းမထဲရှိ အလင်းတန်းလိုက်ကာရှေ့မှ လွေ့နန်သည်ပင် မှင်သက်နေရှာ၏။

မိစ္ဆာဝိဥာဥ် ဘုရင်ကြီးက ထိုသို့အလွယ်တကူ ပျောက်သွားပြီတဲ့လား ။

All Chapters