← Chapters

အခန်း (၇၀၀)

Vol. 50 Ch. 700

အခန်း (၇၀၀)

Vol. 50 Ch. 700

" သခင်လေးလောထျန်း ၊ ဟိုလူက.... "

ပန်းလင်က မျက်နှာတည်ဖြင့် မေးခွန်းမေးရန် စကားစလိုက်သည်။

ထိုသူသည် မိစ္ဆာဝိဥာဥ်ဘုရင်ကြီး ဖြစ်ရာ .. စိုးရိမ်ရသည် မဟုတ်ပါလား ။

လောထျန်းက တည်ငြိမ်စွာ ပြန်ပြော၏။

" အဆင်ပြေပါတယ်ဗျာ ၊ ခုချိန် သူ ပြန်ကောင်းနေလောက်ပြီ "

သူ ထိုသို့ပြောကာ အစီအမံတစ်ခု ထပ်လုပ်လိုက်သည်။

ဝီ ...

ဝိဥာဥ်တစ်ရာကားချပ်လိပ်ပေါ်၌ အလင်းတန်းတစ်ခု လက်သွားပြီး ..

မိစ္ဆာဝိဥာဥ်ဘုရင်ကြီး ၊ ဝူရှန့် ပြန်ပေါ်လာ၏။

ထိုအချိန်တွင် သူ ယခင်လို ပြန်ကောင်းနေလေပြီ ။

ပန်းလင်နှင့် နတ်ဆိုးဧကရာဇ်လီတို့မှာ ၎င်းကိုမြင်ပြီး လန့်သွားကြသည်။

လောထျန်းက အပြုံးဖြင့် ပြော၏။

" မစိုးရိမ်ကြပါနဲ့ ၊ ကျုပ် သူ့ရဲ့ စိတ်စွမ်းအင်အသိဉာဏ်ကို ဖျက်ဆီးပြီးသားမို့ အခု ဒီကောင်က ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေပြီ "

ထို့နောက် သူ ဝူရှန့်ဘက်လှည့်၍ အမိန့်ပေးလိုက်သည်။

" ဒူးထောက်စမ်း "

ဘုတ် ...

အသက်မဲ့မျက်နှာထား ဖြစ်နေသော ရုပ်သေးရုပ်က ချက်ချင်းဒူးထောက်ချ၏။

" ဒါ .... "

၎င်းကို မြင်လိုက်ရသော ပန်းလင်တို့ နှစ်ယောက်လုံး တုန်လှုပ်သွားကုန်ကြသည်။

ဤမျှ ကြောက်စရာကောင်းသော ရန်သူကြီးတစ်ယောက်က လောထျန်းကြောင့် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းသွားသတဲ့လား ။

" ဒီကောင်ကြီးက တော်တော်အစွမ်းထက်တယ် ။ သူက မသေမျိုးဘုရင်အဆင့် မဟုတ်သေးပေမယ့် တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် သူ့အစွမ်းက မသေမျိုးဘုရင်ရဲ့ အောက်အဆင့်က လူတစ်ရာလောက်နဲ့ ညီမျှတယ် ။ ဒီတော့ ထျန်းမင်ကမ္ဘာနဲ့ တိုက်ခိုက်တဲ့အခါမှာ ဒီကောင်ကြီးက အသုံးဝင်နိုင်တယ်ဗျ ။ ကဲ ... အချိန်ဖြုန်းမနေပဲ ဆက်သွားကြစို့ဗျာ "

လောထျန်း ပြောလိုက်သည်။

ကျန်နှစ်ယောက်မှာကား ဆွံ့အလျက် ..

ထိုစဥ်မှလည်း လောထျန်းက သူတို့တွေးထားသည်ထက် များစွာပိုအစွမ်းထက်သည်ကို နားလည်လိုက်ရ

ခြင်းပင် ။

တဖက်ရှိ နန်းတော်ခန်းမထဲ၌ ...

လွေ့နန်မှာ သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေ၏။

ဝူရှန့်က ရှုံးနိမ့်သွားခဲ့ရုံမက ၊ ရုပ်သေးရုပ်အဖြစ်ပင် ပြောင်းသွားခဲ့သတဲ့လား ...

လောထျန်းက ဤမျှ အစွမ်းထက်ပါသလား...

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ တစ်ခုခုတော့ လွဲနေပြီနော် ။ ဂိုဏ်းချုပ်ကြီးကို ပြန်လာဖို့ သွားပြောလိုက်ရမလားဗျ "

စိတ်ဝိဥာဥ်သံတမန် တစ်ယောက်က တီးတိုးပြောလာသည်။

" ပါးစပ်ပိတ်ထားစမ်း "

လွေ့နန်က ဒေါသထွက်နေသည့် မျက်နှာကြီးဖြင့် မာထန်စွာ အော်လိုက်၏။

" ဒီ လောထျန်းဆိုတဲ့ကောင်ကို ငါကိုယ်တိုင် သတ်ရင်သတ် ၊ မဟုတ်ရင်လဲ သူ့ကို သတ်ဖို့ထောင်ချောက်ကို ငါကိုယ်တိုင်လုပ်မှာ... နားလည်လား "

သူ စိတ်ဝိဥာဥ်သံတမန်အား ဖမ်းဆွဲ၍ ထပ်အော်သည်။

လက်ရှိတွင် လောထျန်းသည် သူ့ကိုယ်ထဲမှ နတ်ဆိုးတစ်ကောင်လို ဖြစ်နေပြီး ..

အကယ်၍သာ လောထျန်းက သူ့ကြောင့်သေရခြင်း မဟုတ်လျှင်.. သူ့ရင်ထဲမှ ထိုနတ်ဆိုးက ဘယ်တော့မှ ပျောက်ကွယ်တော့မည် မဟုတ်ပါ ။

စိတ်ဝိဥာဥ်သံတမန်၏ မျက်နှာထား အနည်းငယ်ပြောင်းသွားကာ ပြော၏။

" ဒါပေမယ့် ... အဲ့ လောထျန်းရဲ့အစွမ်းက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သခင်ကြီးလဲ တွေ့လိုက်တာပဲလေ "

လွေ့နန် မျက်မှောင်ကြုံ့သွားသည်။

" အဲ့ဒါကို ငါ သိတယ်လေ ။ ဒါပေမယ့် ငါ့ဆီမှာ နောက်ဆုံးနည်းလမ်းတစ်ခု ကျန်သေးတယ် "

ထိုစကားကို ပြောနေစဥ်တွင် သူ့မျက်လုံးထဲ၌ ရူးသွပ်မှု အရိပ်ယောင်အချို့လည်း ရှိနေ၏။

စိတ်ဝိဥာဥ်သံတမန်က တစ်ခုကို တွေးမိသွားဟန်တူကာ တုန်လှုပ်စွာ ပြောသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အစီအမံရဲ့ အခြေခံအုတ်မြစ်ကို သုံးလိုက်မလို့လား ။ မဖြစ်ဘူးနော် ၊ ယဇ်ပူဇော်တာ မစမချင်း အဲ့လိုလုပ်လို့ မရဘူးလို့ ဂိုဏ်းချုပ်ကြီး ပြောထားတယ်လေ "

လွေ့နန် သူ့အား အေးစက်စက်ကြည့်လိုက်သည်။

" ဘုရင်ကြီးက အဝေးရောက်နေတဲ့အချိန်မှာ ဗိုလ်ချုပ်က ဘုရင်ရဲ့ အမိန့်ကို တသွေမတိမ်း လိုက်နာနေစရာ မလိုဘူး ။ ဒါက အစီအမံရဲ့ အခြေခံအုတ်မြစ်ကို ကာကွယ်ဖို့အတွက် လုပ်မှာ "

လွေ့နန်တစ်ယောက် စိတ်လွတ်သွားပြီကို သေချာနားလည်သော စိတ်ဝိဥာဥ်သံတမန် မျက်မှောင်ကြုံ့သွားသည်။

ထို့ကြောင့် သူ ခေါင်းငုံ့၍ဆိုလိုက်၏။

" ဒါဆို ကျုပ်လဲ တစ်ခုလိုချင်တယ်ဗျာ ။ ကျုပ်

ဂိုဏ်းချုပ်ကြီးကို အရင်သွားမေးလိုက်ပါ့မယ် "

လွေ့နန်၏ မျက်လုံးများ ရုတ်ချည်းအေးစက်သွားကြသည်။

" ဂိုဏ်းချုပ်ကြီးကို မေးမယ် ... ဂိုဏ်းချုပ်ကြီးကို မေးမယ် နဲ့ ... မင်းက အားလုံးကို ဂိုဏချုပ်ကြီးဆီ လိုက်မေးတာလား ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက တစ်ယောက်တည်းပဲ ကျင့်ကြံနေခဲ့တာများတယ်ကွ ။ အခု ဝမ်ဟွန်းကွေ့ယီဂိုဏ်း အဖျက်ဆီးမခံရပဲ အကောင်းတိုင်း ရှိနေသေးတာ ငါ့ကျေးဇူးကြောင့်မို့ပဲ "

" ဒီလောက်လုပ်ပေးခဲ့တာတောင် အခု.. အစီအမံ အခြေခံအုတ်မြစ်လေးတစ်ခုကို သုံးလို့မရဘူးလား "

ထိုတခဏ၌ လွေ့နန်ထုတ်လွှတ်နေသည့် အရောင်အဝါကြောင့် ကြောက်ရွံ့နေသော စိတ်ဝိဥာဥ်သံတမန်မှာ မည်သို့မှ ပြန်မငြင်းနိုင်ပါချေ ။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ကိစ္စတစ်ခုခု လုပ်နေရင် ၊ ကျုပ်အနေနဲ့ ဝင်မနှောင့်ယှက်သင့်ပါဘူးဗျာ ။ ပြီးရင်... ခုချိန်ကစပြီးတော့ ဘာကိစ္စပဲဖြစ်ဖြစ် ကျုပ် လက်ထောက်ဂိုဏ်းချုပ်ကြီးကိုပဲ သတင်းပို့ပါ့

မယ် "

" ကောင်းပြီ ၊ ဒါဆို မင်း အခုသွားလို့ရပြီ "

လွေ့နန်က အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

စိတ်ဝိဥာဥ်သံတမန် ဦးညွှတ်၍ ထွက်ခွာရန် ပြင်လိုက်၏။

သို့သော် ထိုစဥ်တွင်...

ဇွပ် ...

အမည်းရောင် ဓားချွန်တစ်ခုက အနောက်ဘက်မှနေ၍ သူ့ရင်ဘတ်ထဲ စိုက်ဝင်လာသည်။

" ဒါ .... "

စိတ်ဝိဥာဥ်သံတမန်မှာ လွေ့နန်အား မယုံနိုင်စွာ လှည့်ကြည့်လိုက်သည်။

လွေ့နန်က ရေခဲတမျှ အေးစက်နေသည့် မျက်နှာဖြင့် ဆို၏။

" ငါ့ကို ဆန့်ကျင်တဲ့သူတွေအကုန် ... သေရမယ် "

စကားဆုံးချိန်မှာပင် သူ့အနောက်ဘက်၌ ဝိဥာဥ်အရိပ်တစ်ခုလည်း ပေါ်လာသည်။

ထိုဝိဥာဥ်အရိပ်ကြီးက ပါးစပ်ဟ၍ စိတ်ဝိဥာဥ်သံတမန်အား ဝါးမြိုလိုက်တော့သည်။

ဝီ ....

လွေ့နန်၏ အရောင်အဝါ ပိုအစွမ်းတိုးသွားသလို ပို၍လည်း ရှုပ်ထွေးလာသည်။

ထို့နောက်တွင် သူ ကျန်နေသေးသည့် စိတ်ဝိဥာဥ်သံတမန်ဘက် လှည့်ကြည့်ကာ ပြော၏။

" ဘယ်လိုလဲ ... မင်းကရော ငါနဲ့ တိုက်ခိုက်ချင်သေးလား "

စိတ်ဝိဥာဥ်သံတမန် ချက်ချင်း ခေါင်းငုံ့သွားသည်။

" ကျုပ် လက်ထောက်ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်ကို တသွေမတိမ်း နာခံမှာပါ "

လွေ့နန် ပြုံးလိုက်ပြီးနောက် လက်ဆန့်ထုတ်၍

တဖက်လူ၏ ​ခေါင်းကိုပုတ်ပေးလိုက်သည်။

" ကောင်းပြီ ၊ ဒါဆို ငါနဲ့လိုက်လာခဲ့ "

" ဟုတ်ကဲ့ပါ သခင်ကြီး "

စိတ်ဝိဥာဥ်သံတမန်မှာ အနည်းငယ်လေးပင် အချိန်မဆွဲရဲဘဲ လွေ့နန်နောက်မှနေ၍ ခန်းမအောက်ခြေသို့ လိုက်သွားရ၏။

ဤသို့ဖြင့် အချိန်အတန်ငယ်ကြာ လျှောက်နေပြီးနောက်တွင်မူ .. သူတို့နှစ်ယောက်သား မြေအောက်ခန်းတစ်ခုဆီ ရောက်သွားသည်။

ထိုနေရာတွင် လေအေးများက အဆက်မပြတ် တိုက်နေကာ စိတ်ဝိဥာဥ်အရိပ်များလည်း လှုပ်ရှားနေပြီး ဝိဥာဥ်များ၏ အော်ဟစ်ငိုကြွေးသံလည်း နေရာအနှံ့ ပြည့်နေပါ၏။

အကယ်၍ သာမာန်လူတစ်ယောက်ဆိုလျှင် ဤနေရာ၌ အချိန်ကြာကြာ နေနိုင်မည်မဟုတ်ပဲ အရောင်အဝါကြောင့် ရူးသွပ်သွားရမည် မလွဲပေ ။

အထူးသဖြင့် လွေ့နန် ထုတ်လွှတ်နေသည့် ဝိဥာဥ်အရောင်အဝါမှာ ကြောက်စရာကောင်းလှကာ.. အနီးနားဝန်းကျင်မှ စိတ်ဝိဥာဥ်များဆိုလျှင် သူ့အနီးသို့ ကပ်ပင်မကပ်ရဲကြပါ ။

ဤသို့ဖြင့် မကြာခင်မှာပင်.. လွေ့နန်တစ်ယောက် ရေခဲပန်းဆွဲတစ်ခုရှေ့ ရောက်လာ၏။

ထို ရေခဲပန်းဆွဲထဲတွင်ကား ... အေးခဲနေသည့် စိတ်ဝိဥာဥ်မျိုးစေ့တစ်ခု ရှိနေသည်။

စိတ်ဝိဥာဥ်သံတမန်မှာ ၎င်း စိတ်ဝိဥာဥ်မျိုးစေ့ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ၎င်းအထဲမှ ထောင်ပေါင်းများစွာသော လူသားအရိပ်များက အစွယ်တဝင့်ဝင့်ဖြင့် တိုးထွက်လာပြီး သူ့ဆီ တွယ်ကပ်လာနေကြသလို ခံစားလိုက်ရသည်။

သူ အလွန်ကြောက်ရွံ့သွားပြီး စိတ်ဝိဥာဥ်မျိုးစေ့အား ထပ်ကြည့်လိုက်ချိန်တွင်မူ .. ဘာကိုမှ မတွေ့ရပြန်တော့ချေ။

ထိုစဥ် လွေ့နန်က ပြောလာသည်။

" ဒီ စိတ်ဝိဥာဥ်မျိုးစေ့ကို သန့်စင်ဖို့အတွက် ငါတို့ ဝမ်

ဟွန်းကွေ့ယီဂိုဏ်းက နှစ်တွေသိန်းချီပြီး အချိန်ယူခဲ့တာကွ ။ ပြီးရင် အဖွဲ့ပေါင်းစုံကို လျှို့ဝှက်စုံစမ်းပြီးတော့... အသက်ပေါင်း သန်းတစ်ထောင်လောက်ကို စတေးပြီးမှ အစီအမံရဲ့ အခြေခံအုတ်မြစ်အဖြစ် သုံးလို့ရတဲ့ စိတ်ဝိဥာဥ်မျိုးစေ့ လေးစေ့ ရခဲ့တာ "

" ဒီ စိတ်ဝိဥာဥ်မျိုးစေ့မှာ ဖြစ်နိုင်ချေတွေလည်း အများကြီးပဲ ။ တကယ်လို့ ဒါကို သန့်စင်လိုက်နိုင်မယ်ဆိုရင် ... နောက်ဆုံး ယဇ်ပူဇော်တာ မပါရင်တောင် အဆုံးမဲ့အစွမ်းကို ရနိုင်တယ် ။ ဒါပေမယ့် ဂိုဏ်းချုပ်ကြီးက ရှေးရိုးစွဲလွန်းတယ်ကွ "

လွေ့နန်၏ မျက်လုံးထဲတွင် ရူးသွပ်မှုအရိပ်ယောင်များ ပေါ်လာပြန်သည်။

စိတ်ဝိဥာဥ်သံတမန်မှာ မည်သို့မှ ပြန်မပြောရဲဘဲ ခေါင်းသာ ငုံ့ထားလိုက်ရ၏။

ထိုစဥ်မှာပင် လွေ့နန်က လက်ဆန့်ထုတ်၍ ရေခဲပန်းဆွဲအား ဆုပ်ကိုင်လိုက်သည်။

ဖျောင်း...

ရေခဲပန်းဆွဲက ရုတ်ချည်းပင် ကွဲကြေသွား၏။

" အား .... "

စိတ်ဝိဥာဥ်မျိုးစေ့ထဲမှ ဆိုးရွားလှသည့် အော်သံတစ်သံလည်း ထွက်လာသည်။

၎င်းမှာ လူများစွာ ငိုကြွေးနေသည့် အသံလို ....

" နားထောင်ကြည့်ပါဦး ... ဘယ်လောက် နားဝင်ချိုလိုက်တဲ့ အသံလဲ "

လွေ့နန်က ဆိုသည်။

စိတ်ဝိဥာဥ်သံတမန်မှာကား ရှေ့မှမြင်ကွင်းကိုကြည့်ရင်း လွေ့နန်တစ်ယောက် ရူးသွပ်သွားပြီမှန်း ရိပ်စားမိကာ နဖူးပြင်တစ်ခုလုံး ချွေးပြန်လာ၏။

ထိုစဥ်မှာပင် လွေ့နန်က စိတ်ဝိဥာဥ်မျိုးစေ့အား တစ်လုပ်တည်း မြိုချလိုက်သည်။

ဝုန်း ...

သူ့ထံမှ အစွမ်းထက် အရောင်အဝါတစ်ခု ရုတ်ချည်းထွက်လာ၏။

ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီး တစ်ခုကလည်း စိတ်ဝိဥာဥ်သံတမန်အား လွင့်ထွက်သွားအောင် တိုက်ထုတ်လိုက်သည်။

စိတ်ဝိဥာဥ်သံတမန်မှာ ကျောက်နံရံနှင့် ခပ်ပြင်းပြင်း ရိုက်မိသွားသဖြင့် ... သွေးအန်သွား၏။

တဖက်မှ လွေ့နန်မှာလည်း အ​ခြေအနေပိုဆိုးပုံရပြီး..

စိတ်ဝိဥာဥ်မျိုးစေ့ကို မြိုချပြီးနောက် သူ့ခန္ဓာကိုယ် ပြိုကွဲသွားတော့မည့်ဟန် တူကာ သွေးများ ပန်းထွက်လာကြသည်။

သို့သော်... ထိုပန်းထွက်လာသော သွေးများက မြေပြင်သို့ စီးကျမသွားပဲ တံခါးတစ်ခုအဖြစ် စုစည်းသွား၏။

ခပ်လှမ်းလှမ်းရှိ ဒဏ်ရာများ တည်ငြိမ်စ စိတ်ဝိဥာဥ်သံတမန်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ထူးဆန်းသည့်

ခံစားချက်မျိုးပင် ခံစားမိလိုက်သည်။

ထိုစဥ်မှာပင် ...

ကျွီ ...

အသံတစ်ခု ထွက်လာ၏။

စိတ်ဝိဥာဥ်သံတမန် လန့်သွားပြီး ကြည့်လိုက်ရာ ... သွေးများဖြင့်လုပ်ထားသော တံခါးက တဖြည်းဖြည်း ပွင့်လာသည်ကို မြင်လိုက်ရသည်။

ထို့နောက် ... တံခါးမှ လက်တစ်ဖက် ထွက်လာကာ လွေ့နန်၏ နဖူးအား ကိုင်လာသည်။

ထိုလက် အနားရောက်သည်နှင့်အမျှ လွေ့နန်၏ ခန္ဓာကိုယ် ပြောင်းလဲလာတော့၏။

သူ အခြားသူတစ်ယောက်အဖြစ် လုံးဝ ပြောင်းသွားတော့မလိုပါပင် ။

ဘေးမှကြည့်နေသော စိတ်ဝိဥာဥ်သံတမန်မှာ မျက်နှာ

ဆိုးရွားစွာ ပျက်နေရှာတော့သည်။

" ဒါ ..... ခန္ဓာကိုယ် အပိုင်သိမ်းတာလား ။ တစ်ယောက်က အစီအမံရဲ့ အခြေခံအုတ်မြစ်ကို သုံးပြီး တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြိုးစားနေတာထင်တယ် "

ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားမိသွားသော စိတ်ဝိဥာဥ်သံတမန်၏ မျက်နှာထား ရုတ်ချည်းပြောင်းသွား၏။

လွေ့နန်၏ ခန္ဓာကိုယ်အား သိမ်းချင်နေသူသည် မည်သူမှန်း မသိသည့်တိုင် ၊ ထိုသူ၏အစွမ်းက သူ့ခန့်မှန်းနိုင်စွမ်းထက် သာလွန်သည်မှာ သံသယဝင်စရာ မရှိပါ ။

ဤမျှ အစွမ်းထက်လှသည့် လွေ့နန်လိုလူသည်ပင် သတိမေ့နေပြီဖြစ်ပြီး မကြာခင်၌ .. တဖက်လူ၏ ခန္ဓာကိုယ်အပိုင်သိမ်းခြင်းကို ခံရတော့မည့်ဟန်ပင် ။

သို့သော်... ထိုစဥ်တွင် လွေ့နန်က တီးတိုးရေရွတ်၏။

" လောထျန်း .... လောထျန်း .... မင်းကိုငါ သတ်မယ် "

ထိုစကားသံနှင့်အတူ... လွေ့နန်ကိုယ်တွင် ဖြစ်နေသော အပြောင်းလဲများ ရုတ်ချည်းရပ်တန့်သွားကာ... သူ မူလအတိုင်း ပြန်ဖြစ်လာသည်။

ဝုန်း...

သူ့ရှေ့တွင် ရှိနေသည့် လက်ကြီးနှင့် သွေးတံခါးကြီးမှာလည်း လွေ့နန်၏ကိုယ်ထဲ ပြန်စုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွား၏။

စိတ်ဝိဥာဥ်သံတမန်မှာ ၎င်းကိုကြည့်ရင်း တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

" သူက လောထျန်းပေါ်ထားတဲ့ အမုန်းနဲ့ ဖိနှိပ်အစွမ်းကို ခုခံခဲ့တာလား ။ သူ့အမုန်းက ဘယ်လောက် ရှိတာပါလိမ့် "

စာစဉ်ပြီး၏

All Chapters